< တရားသူကြီးမှတ်စာ 15 >

1 နောက်တဖန်ဂျုံ စပါးရိတ် ရာ ကာလ ၌ ရှံဆုန် သည် ဆိတ် သငယ် ပါ လျက်၊ မိမိ မယား ကို ကြည့်ရှု ခြင်းငှါသွား၍၊ သူ့အခန်း ထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား ၍၊
But after a while, in the time of wheat harvest, that Samson visited his wife with a young goat; and he said, "I will go in to my wife into the room." But her father wouldn't allow him to go in.
2 သင်သည် ငါ့သမီးကို ဆက်ဆက်မုန်း သည်ဟု ငါအထင်ရောက်သောကြောင့် ၊ သင့် အပေါင်းအဘော် အား ငါပေးစား ပြီ။ သူ့ ညီမ သည် သူ့ ထက် သာ၍လှ သည် မဟုတ် လော။ အစ်မ ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို ၏။
Her father said, "I most certainly thought that you had utterly hated her; therefore I gave her to your companion. Isn't her younger sister more beautiful than she is? Please take her, instead."
3 ထိုအမှုကို ထောက်၍ ရှံဆုန် က၊ ငါ သည် ဖိလိတ္တိ လူတို့၌ အပြစ် ပြု သော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင် စရာမရှိဟု ဆို သည်နှင့်အညီ၊
Samson said to him, "This time I will be blameless in regard of the Philistines, when I harm them."
4 သွား ၍ မြေခွေး သုံး ရာ တို့ကို ဘမ်း ပြီးမှ ၊ မြေခွေးအမြီး တခုနှင့် တခုကို ပေါင်း လျက် ၊ အမြီး နှစ် ခုကြား ၌ မီးရှူး ကို စည်း ၍၊
Samson went and caught three hundred foxes, and took torches, and turned tail to tail, and put a torch in the midst between every two tails.
5 မီးရှူး တို့ကို မီး ညှိ သဖြင့် ဖိလိတ္တိ လူတို့ စပါး လယ်ထဲ သို့ လွှတ် လိုက်၍ စပါး ပင်ကို၎င်း၊ ကောက်လှိုင်း ကို၎င်း၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို၎င်း မီးလောင် လေ၏။
And when he had set fire to the torches, he let them go into the standing grain of the Philistines, and burnt up both the shocks and the standing grain, as well as the vineyards and olive groves.
6 ဖိလိတ္တိ လူတို့ကလည်း၊ ဤ အမှုကို အဘယ်သူ ပြု သနည်းဟု မေးမြန်း သော် ၊ တိမနတ် မြို့သား၏ သားမက် ရှံဆုန် ပြုပြီ။ သူ ၏မယား ကို သူ ၏အပေါင်းအဘော် အား ပေးစား ပြီတကားဟု ပြန် ပြောလျှင်၊ ဖိလိတ္တိ လူတို့သည် လာ ၍ ထိုမိန်းမ နှင့် သူ ၏အဘ ကို မီးရှို့ ကြ၏။
Then the Philistines said, "Who has done this?" They said, "Samson, the son-in-law of the Timnite, because he has taken his wife, and given her to his companion." The Philistines came up, and burnt her and her father's house with fire.
7 ရှံဆုန် ကလည်း ၊ ထိုသို့ ပြု သောကြောင့် ငါသည် စိတ်ပြေ အောင်ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက် စွာနေမည်ဟု ဆို လျက်၊
Samson said to them, "Because you did this, I will surely take revenge on you, and after that I will cease."
8 သူတို့ကို ကြီးစွာ သော လုပ်ကြံခြင်းအားဖြင့်တပြိုင်နက်ရိုက်သတ်ပြီးလျှင်ဧတံ ကျောက်ထိပ်သို့ သွား၍ နေ ၏။
He struck them hip and thigh with a great slaughter: and he went down and lived in the cleft of the rock of Etam.
9 တဖန် ဖိလိတ္တိ လူတို့သည် ယုဒ ပြည်သို့ ချီ သွား၍ တပ်ချ သဖြင့် ၊ လေဟိ အရပ်၌ အနှံ့အပြား နေကြ၏။
Then the Philistines went up, and camped in Judah, and spread out in Lehi.
10 ၁၀ ယုဒ လူ တို့ကလည်း ၊ အဘယ်ကြောင့် ချီ လာကြသနည်းဟုမေး သော် ၊ ငါ တို့၌ ရှံဆုန်ပြု သကဲ့သို့ သူ့ ကို ချည်နှောင် ၍ ပြု ခြင်းငှါ ချီ လာသည်ဟု ပြန်ပြော ကြ၏။
The men of Judah said, "Why have you come up against us?" They said, "We have come up to bind Samson, to do to him as he has done to us."
11 ၁၁ ထိုအခါ ယုဒ လူ သုံး ထောင် တို့သည် ဧတံ ကျောက် ထိပ် သို့ သွား ၍ ၊ ဖိလိတ္တိ လူတို့သည် ငါ တို့သခင် ဖြစ်ကြောင်း ကို သင်မ သိ သလော။ သင်သည် ငါ တို့၌ အဘယ်သို့ ပြု သနည်းဟုမေး သော် ၊ ငါ ၌ သူတို့ပြု သကဲ့သို့ သူ တို့၌ ငါပြု ပြီဟု ပြန် ပြော၏။
Then three thousand men of Judah went down to the cleft of the rock of Etam, and said to Samson, "Do you not know that the Philistines are rulers over us? What then is this that you have done to us?" He said to them, "As they did to me, so have I done to them."
12 ၁၂ သူတို့ကလည်း ၊ သင့် ကို ချည်နှောင် ၍ ဖိလိတ္တိ လူတို့လက် သို့ အပ် ခြင်းငှါ ယခု ငါတို့ လာ ကြပြီဟုဆို သော် ၊ ရှံဆုန် က၊ သင်တို့သည် ကိုယ်တိုင် ငါ့ ကို မလုပ်ကြံ ပါဟု ကျိန်ဆို ကြလော့ဟု ဆို လျှင်၊
They said to him, "We have come down to bind you, that we may deliver you into the hand of the Philistines." Samson said to them, "Swear to me that you will not fall on me yourselves."
13 ၁၃ သူတို့က၊ ငါတို့သည် မ လုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင် ၍ သူ တို့လက် ၌ အပ် မည်။ အကယ်စင်စစ်ကိုယ်တိုင်သင့် ကို မ သတ် ပါဟုဆို လျက် ကြိုး သစ် နှစ် စင်းဖြင့် ချည်နှောင် ၍ ကျောက် ပေါ်က ဆောင် ခဲ့ကြ၏။
They spoke to him, saying, "No; but we will bind you fast, and deliver you into their hand; but surely we will not kill you." They bound him with two new ropes, and brought him up from the rock.
14 ၁၄ လေဟိ အရပ်သို့ ရောက် သောအခါ၊ ဖိလိတ္တိ လူတို့သည် ကြွေးကြော် ကြ၏။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ သူ့ လက် ၌ ချည်သော ကြိုး တို့သည် မီး ထိ သော ပိုက်ဆန် ကဲ့သို့ ဖြစ်၍ အချည် အနှောင် ကျွတ် လေ၏။
When he came to Lehi, the Philistines shouted as they met him: and the Spirit of the LORD rushed upon him, and the ropes that were on his arms became like flax that was burnt with fire, and his bands dropped from off his hands.
15 ၁၅ သူသည်လည်း မြည်း မေးရိုး လတ်လတ် ကို တွေ့ ၍ ကိုင် ယူပြီးလျှင် လူ တထောင် တို့ကိုသတ် လေ၏။
And he found a fresh jawbone of a donkey, and reached down and took it, and struck a thousand men with it.
16 ၁၆ သတ်ပြီးလျှင် မြည်း မေးရိုး ဖြင့် အပုံ ပုံ၊ မြည်း မေးရိုး ဖြင့် လူ တထောင် ကို ငါသတ် လေပြီဟု ဆို သောနောက်၊
Samson said, "With the jawbone of a donkey, heaps on heaps; with the jawbone of a donkey I have struck a thousand men."
17 ၁၇ မြည်းမေးရိုး ကို ပစ် လိုက်၍ ၊ ထို အရပ် ကို ရာမတ်လေဟိ အမည် ဖြင့် တွင်လေ၏။
It happened, when he had finished speaking, that he cast away the jawbone out of his hand; and that place was called Ramath Lehi.
18 ၁၈ အလွန် ရေငတ် ၍ ထာဝရဘုရား ကို ဆုတောင်း လျက် ၊ ကိုယ်တော်သည် ဤ ကြီးစွာ သော ကယ်တင် ခြင်းကို ကိုယ်တော် ၏ကျွန် လက် ၌ ပေး တော်မူပြီးမှ ၊ ယခု အကျွန်ုပ်သည် ရေငတ် သဖြင့် သေ ၍ အရေဖျားလှီးခြင်းကိုမခံ သော လူတို့လက် သို့ ရောက် ရပါမည်လောဟု လျှောက် သော်၊
He was very thirsty, and called on the LORD, and said, "You have given this great deliverance by the hand of your servant; and now shall I die for thirst, and fall into the hand of the uncircumcised?"
19 ၁၉ လေဟိ အရပ်၌ ချိုင့်ဝှမ်း ရာကို ဘုရား သခင် ဖောက် တော်မူ၍ ရေ ထွက် လေ၏။ သူသည် ရေကို သောက် သဖြင့် အသက် ရှူပြန်၍ အား ဖြည့် လေ၏။ သို့ဖြစ်၍ ထို ချိုင့်ဝှမ်းရာကို အဟက္ကောရ အမည် ဖြင့် တွင်၍ ယနေ့ တိုင်အောင် လေဟိ အရပ်၌ ရှိသတည်း။
And God split the hollow place that is at Lehi, and water came out of it. When he had drunk, his spirit came again, and he revived: therefore its name was called En Hakkore, which is in Lehi, to this day.
20 ၂၀ ရှံဆုန်သည်လည်း ဖိလိတ္တိ လူတို့လက်ထက် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး လေ၏။
He judged Israel in the days of the Philistines twenty years.

< တရားသူကြီးမှတ်စာ 15 >