< တရားသူကြီးမှတ်စာ 14 >
1 ၁ တရံရောအခါ၊ ရှံဆုန် သည် တိမနတ် မြို့သို့ သွား ၍ ၊ ထိုမြို့၌ ဖိလိတ္တိ အမျိုးဖြစ်သော မိန်းမ တယောက်ကို မြင် လျှင်၊
One day Samson went down to Timnah, where he saw a young Philistine woman.
2 ၂ မိဘ ထံ သို့ ပြန်လာ ၍ ၊ တိမနတ် မြို့၌ ဖိလိတ္တိ အမျိုးဖြစ်သော မိန်းမ တယောက်ကို မြင် ခဲ့ပြီ။ ကျွန်ုပ် ကြင်ဘက် ဖြစ်ဘို့ ရာတောင်း ၍ ပေးပါဟုဆို သော်၊
So he returned and told his father and mother, “I have seen a daughter of the Philistines in Timnah. Now get her for me as a wife.”
3 ၃ မိဘ တို့က၊ သင် သည် အရေဖျားလှီးခြင်းကိုမခံ သော ဖိလိတ္တိ လူတို့တွင် မယား ကို သွား ၍ ယူ ရမည်အကြောင်း ၊ သင် ၏ညီအစ်ကို သမီး ငါ တို့အမျိုးသား ချင်းသမီးတို့တွင် မိန်းမတယောက်မျှ မ ရှိလောဟု ဆို သော်လည်း ၊ ရှံဆုန် က၊ ထို မိန်းမကို တောင်း ၍ ပေးပါ။ အလွန်နှစ်သိမ့် ပါသည်ဟု အဘ အား ပြောဆို ၏။
But his father and mother replied, “Can’t you find a young woman among your relatives or among any of our people? Must you go to the uncircumcised Philistines to get a wife?” But Samson told his father, “Get her for me, for she is pleasing to my eyes.”
4 ၄ ထာဝရဘုရား စီရင်တော်မူသောအားဖြင့် ၊ ရှံဆုန်သည် ဖိလိတ္တိ လူတို့၌ အမှု ရှာ ကြောင်း ကို မိဘ တို့သည် မ ရိပ်မိ ကြ။ ထို ကာလ ၌ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို အုပ်စိုး သတည်း။
(Now his father and mother did not know this was from the LORD, who was seeking an occasion to move against the Philistines; for at that time the Philistines were ruling over Israel.)
5 ၅ ထိုအခါ ရှံဆုန် သည် မိဘ နှင့်တကွ တိမနတ် မြို့သို့ သွား ၍ ၊ တိမနတ် စပျစ် ဥယျာဉ်များသို့ ရောက် လျှင် ၊ ခြင်္သေ့ ပျို တကောင်သည် သူ့ ကိုတွေ့ ၍ ဟောက် လေ၏။
Then Samson went down to Timnah with his father and mother and came to the vineyards of Timnah. Suddenly a young lion came roaring at him,
6 ၆ ထိုအခါ ရှံဆုန် လက် ၌ တစုံတခု မျှ မ ပါသော်လည်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ သူသည် ဆိတ် သငယ်ကို ဆွဲဖြတ် သကဲ့သို့ ထိုခြင်္သေ့ ကို ဆွဲဖြတ် ၏။ သို့ရာတွင် မိမိပြု သော အမှုကို မိဘ တို့အား မ ကြားမပြော ဘဲနေ၏။
and the Spirit of the LORD came powerfully upon him, and he tore the lion apart with his bare hands as one would tear a young goat. But he did not tell his father or mother what he had done.
7 ၇ မြို့သို့ ရောက် ၍ မိန်းမ နှင့် နှုတ်ဆက် သဖြင့် ရှံဆုန် သည် နှစ်သိမ့် ၏။
Then Samson continued on his way down and spoke to the woman, because she was pleasing to his eyes.
8 ၈ အချိန် စေ့၍ ထိုမိန်းမကို သိမ်း ယူခြင်းငှါ သွား စဉ်အခါ ၊ ခြင်္သေ့ အကောင် ကို ကြည့်ရှု အံ့သောငှါ ၊ လမ်းမှ လွှဲ သွား၍ ခြင်္သေ့ အကောင် ထဲမှာ ပျား အုံ နှင့် ပျားရည် ရှိသည်ကို တွေ့မြင် လျှင်၊
When Samson returned later to take her, he left the road to see the lion’s carcass, and in it was a swarm of bees, along with their honey.
9 ၉ နှိုက် ယူ၍ စား လျက် ခရီးသွား လေ၏။ မိဘ ထံ သို့ ရောက် သော် ပေး ၍ သူတို့သည်လည်း စား ကြ၏။ သို့ရာတွင် ထိုပျားရည် ကို ခြင်္သေ့ အကောင် ထဲက နှိုက် ယူကြောင်း ကို မ ကြားမပြော ဘဲ နေ၏။
So he scooped some honey into his hands and ate it as he went along. And when he returned to his father and mother, he gave some to them and they ate it. But he did not tell them that he had taken the honey from the lion’s carcass.
10 ၁၀ အဘ သည်လည်း ၊ မိန်းမ နေရာအရပ်သို့ သွား ပြန်၍ ရှံဆုန် သည် လူပျို ထုံးစံအတိုင်း ပွဲ လုပ် လေ၏။
Then his father went to visit the woman, and Samson prepared a feast there, as was customary for the bridegroom.
11 ၁၁ ထိုအရပ်သား တို့သည် ရှံဆုန် ကို မြင် သောအခါ ၊ သူ နှင့်အတူ ပွဲခံခြင်းငှါအပေါင်းအဘော် သုံးဆယ် တို့ကို ခေါ် ခဲ့ကြ၏။
And when the Philistines saw him, they selected thirty men to accompany him.
12 ၁၂ ရှံဆုန် ကလည်း ၊ သင် တို့အား စကားဝှက် ကို ငါပြော မည်။ ပွဲ ခံရာခုနစ် ရက် တွင် ဘော်ပြ နိုင်လျှင် ခြုံထည် သုံးဆယ် ၊ အင်္ကျီ သုံးဆယ် ကို ငါပေး မည်။
“Let me tell you a riddle,” Samson said to them. “If you can solve it for me within the seven days of the feast, I will give you thirty linen garments and thirty sets of clothes.
13 ၁၃ မ ဘော် မပြနိုင် လျှင် သင် တို့သည် ခြုံထည် သုံးဆယ် ၊ အင်္ကျီ သုံးဆယ် ကို ငါ့ အား ပေး ရမည်ဟုဆို သော်သူတို့က၊ သင့် စကားဝှက် ကို ငါတို့အား ကြား ပြော ပါဟု ဝန်ခံ ကြ၏။
But if you cannot solve it, you must give me thirty linen garments and thirty sets of clothes.” “Tell us your riddle,” they replied. “Let us hear it.”
14 ၁၄ ရှံဆုန်ကလည်း၊ စား တတ်သောသူ၏အထဲ က အစာ ၊ သန်စွမ်း သောသူ၏အထဲ က အချို ထွက် လေစွဟု ဆို ၏။ ထိုစကားဝှက် အနက်ကို သူတို့သည် သုံး ရက် ပတ်လုံးရှာ ၍ မ တွေ့နိုင် ကြ။
So he said to them: “Out of the eater came something to eat, and out of the strong came something sweet.” For three days they were unable to explain the riddle.
15 ၁၅ စတုတ္ထ နေ့ ရောက် မှ၊ သူတို့က၊ သင် ၏လင် သည် စကားဝှက် အနက်ကို ဘော်ပြ စေခြင်းငှါသူ့ကို ချော့မော့ ရမည်။ သို့မဟုတ် သင် နှင့်တကွ သင့် အဆွေအမျိုး ကို မီးရှို့ မည်။ ငါ တို့ဥစ္စာကို လုယူ ခြင်းငှါ ငါ တို့ကို ခေါ်ဘိတ် သလောဟုရှံဆုန် ၏ မယား ကို ဆို သောကြောင့်၊
So on the fourth day they said to Samson’s wife, “Entice your husband to explain the riddle to us, or we will burn you and your father’s household to death. Did you invite us here to rob us?”
16 ၁၆ သူသည် လင်ရှေ့မှာ ငိုကြွေး ၍ သင်သည် ငါ့ ကို မ ချစ် မုန်း ပါ၏။ ငါ့ အမျိုးသား ချင်းတို့အား စကားဝှက် ကို ပြော သော်လည်း ၊ အနက် ကို ငါ့ အား မ ပြပါတကားဟု ဆို ၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ် မိဘ ကိုမျှ မ ပြ ဘဲ သင့် အား ပြ ရမည်လောဟုဆို သော်လည်း၊
Then Samson’s wife came to him, weeping, and said, “You hate me! You do not really love me! You have posed to my people a riddle, but have not explained it to me.” “Look,” he said, “I have not even explained it to my father or mother, so why should I explain it to you?”
17 ၁၇ ပွဲ ခံရာခုနစ် ရက် စေ့အောင် လင် ရှေ့ မှာ ငိုကြွေး ၍ ခုနစ် ရက်မြောက်သောနေ့ ၌ အလွန်ပူဆာ သောကြောင့် အနက်ကို ဘော်ပြ ၏။ မိန်းမသည်လည်း အမျိုးသား ချင်းတို့အား ပြန်ပြော လေ၏။
She wept the whole seven days of the feast, and finally on the seventh day, because she had pressed him so much, he told her the answer. And in turn she explained the riddle to her people.
18 ၁၈ မြို့ သား တို့သည် ခုနစ် ရက်မြောက်သောနေ့ နေ မ ဝင် မှီလာ၍ ပျားရည် ထက် အဘယ် အရာ ချို သနည်း။ ခြင်္သေ့ ထက် အဘယ် အရာ သန်စွမ်း သနည်းဟု ဘော်ပြ ကြ၏။ ရှံဆုန်ကလည်း ၊ သင်တို့သည် ငါ့ နွားမပျို နှင့် မ ထွန် လျှင် ငါ့ စကားဝှက် အနက်ကို ရှာ ၍ မ တွေ့ဟုဆို ၏။
Before sunset on the seventh day, the men of the city said to Samson: “What is sweeter than honey? And what is stronger than a lion?” So he said to them: “If you had not plowed with my heifer, you would not have solved my riddle!”
19 ၁၉ ထာဝရဘုရား ၏ဝိညာဉ် တော်သည် ရှံဆုန် အပေါ် မှာ သက်ရောက် သဖြင့် ၊ သူသည် အာရှကေလုန် မြို့သို့သွား ၍ မြို့သား သုံးဆယ် ကိုသတ် ပြီးမှ သူ တို့ဥစ္စာ ကို လုယူ ၍ စကားဝှက် အနက်ကို ဘော်ပြ သောသူတို့အား အဝတ် စုံတို့ကိုပေး ပြီးမှ ၊ အမျက် ထွက် ၍ မိမိ အဘ အိမ် သို့ ပြန် သွားလေ၏။
Then the Spirit of the LORD came mightily upon him, and he went down to Ashkelon, killed thirty of their men, took their apparel, and gave their clothes to those who had solved the riddle. And burning with anger, Samson returned to his father’s house,
20 ၂၀ မယား ကိုကား ရှံဆုန် ပေါင်းဘော် သော အဆွေ ခင်ပွန်းအား ပေးစားသတည်း။
and his wife was given to one of the men who had accompanied him.