< တရားသူကြီးမှတ်စာ 13 >

1 တဖန် ဣသရေလ အမျိုးသားတို့သည်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ ထာဝရဘုရား သည် သူ တို့ကို ဖိလိတ္တိ လူတို့လက် သို့ အနှစ် လေးဆယ် ပတ်လုံးအပ် တော်မူ၏။
Abako-Israyeli benza okubi njalo emehlweni kaThixo, ngakho uThixo wabanikela ezandleni zamaFilistiya okweminyaka engamatshumi amane.
2 ဒန် အမျိုး ၊ ဇောရာ မြို့သား မာနော် အမည် ရှိသောသူတယောက် ရှိ ၏။ သူ ၏မယား သည် မြုံ သောကြောင့် သား မ ဘွား။
Umuntu othile waseZora, owayethiwa nguManowa, owosendo lwakoDani, wayelomfazi owayeyinyumba engelamntwana.
3 ထာဝရဘုရား ၏ကောင်းကင်တမန် သည် ထိုမိန်းမ အား ကိုယ်ထင်ရှား ၍ ၊ သင်သည် မြုံ သောကြောင့် သား မ ဘွားသော်လည်း ၊ ယခု ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။
Ingilosi kaThixo yabonakala kuye yathi, “Uyinyumba kawulamntwana, kodwa uzathatha isisu ube lendodana.
4 သို့ဖြစ်၍ သတိပြု လော့။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။
Ngakho nanzelela ukuthi kawunathi wayini loba okunye okunathwayo okulemvubelo kanye lokuthi ungadli ukudla okungcolileyo,
5 အကြောင်းမူကား ၊ ပဋိသန္ဓေ ယူ၍ ဘွားမြင် လတံ့သော သား ယောက်ျားသည် ဆံပင် ရိတ်ခြင်းကို မ ခံဘဲ၊ အမိဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်။ သူ သည်လည်း ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ကယ်နှုတ် စ ပြုလိမ့်မည်ဟု ဆို ၏။
ngoba uzathatha isisu uzale indodana. Akungabi lempuco ezasetshenziswa ekhanda layo, ngoba umfana uzakuba ngumNaziri, owahlukaniselwe uNkulunkulu kusukela ekuzalweni, njalo uzakukhulula abako-Israyeli ezandleni zamaFilistiya.”
6 ထိုမိန်းမသည်လည်း မိမိ ခင်ပွန်း ထံ သို့သွား ၍ ဘုရား သခင်၏ ကောင်းကင် တမန်မျက်နှာ ကဲ့သို့ ကြောက်မက် ဘွယ်သော မျက်နှာ ရှိသော ဘုရား သခင်၏ လူ တယောက်သည် အကျွန်ုပ် ဆီသို့ လာ ၏။ အဘယ် က လာသနည်းဟု အကျွန်ုပ်လည်း မ မေး။ သူသည်လည်း မိမိ အမည် ကို မ ပြော။
Emva kwalokho owesifazane lowo waya kumkakhe wamtshela wathi, “Kufike umuntu kaNkulunkulu kimi. Ubefana lengilosi kaNkulunkulu, esesabeka kakhulu. Angimbuzanga ukuthi ubevela ngaphi, njalo laye kangitshelanga ibizo lakhe.
7 သူကလည်း၊ သင် သည် ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။ အကြောင်းမူကား ၊ ထိုသူငယ် သည် အမိဝမ်း ထဲမှ စ၍ သေ သောနေ့ တိုင်အောင် ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်ဟု အကျွန်ုပ် အား မိန့် မြွက်ကြောင်းကို ပြောဆို လေ၏။
Kodwa uthe kimi, ‘Uzathatha isisu uzale indodana. Ngakho-ke unganathi iwayini loba okunye okunathwayo okulemvubelo, njalo ungadli lutho olungcolileyo, ngoba umfana uzakuba ngumNaziri kaNkulunkulu kusukela ekuzalweni kuze kube lusuku lokufa kwakhe.’”
8 ထိုအခါ မာနော် က၊ အို ဘုရားရှင် ၊ အကျွန်ုပ် တို့သည် ဘွားမြင် လတံ့သော သူငယ် ၌ အဘယ်သို့ ပြု ရမည်ကို ဘုရား သခင်၏ တမန်တော် သည် တဖန် လာ ၍ သွန်သင် စေတော်မူပါဟု ထာဝရဘုရား အား တောင်း လျှောက်သော်၊
UManowa wasekhuleka kuThixo esithi, “Awu Nkosi, ngiyakucela, umuntu kaNkulunkulu omthumileyo kabuye futhi azesifundisa ukuthi umfana ozazalwa wondliwa njani.”
9 ထာဝရဘုရား သည် မာနော် စကား ကို နားထောင် တော်မူ၍ ၊ ဘုရား သခင်၏ ကောင်းကင်တမန် သည် လယ် လုပ်ရာအရပ်၌ ထိုင်လျက်ရှိသောထိုမိန်းမ ဆီသို့ လာ ပြန် ၏။ ထိုအခါ ခင်ပွန်း မာနော် မ ရှိ။
UNkulunkulu wamuzwa uManowa, ingilosi kaNkulunkulu yafika njalo kowesifazane lowo esegangeni; kodwa umkakhe uManowa wayengekho.
10 ၁၀ မိန်းမ သည် မိမိ ခင်ပွန်း ထံ သို့အလျင်အမြန် ပြေး ၍ ၊ တနေ့ ကလာ သောသူ သည် ယခုလာ ရောက်ပြီဟု ကြား ပြောလျှင်၊
Owesifazane lowo wagijima wayatshela umkakhe wathi, “Ukhona lapha! Umuntu engimbone mhlalokhuyana!”
11 ၁၁ မာနော် သည် ထ ၍ မယား နှင့်အတူ ထိုသူ ထံ သို့ သွား ပြီးလျှင် ၊ သင် သည် ဤမိန်းမ အား ပြော သော သူ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ဆို ၏။
UManowa wasuka walandela umkakhe. Esefikile kulowomuntu, wathi, “Unguwe yini lowo owakhuluma lomkami?” Yena wathi, “Nginguye.”
12 ၁၂ မာနော် ကလည်း ၊ ကိုယ်တော် ၏စကား ပြည့်စုံ ပါစေသော။ သူငယ် သည် အဘယ်သို့ သောသူဖြစ် ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ပြုရပါမည်နည်းဟုမေး သော်၊
Ngakho uManowa wambuza wathi, “Lapho amazwi akho esegcwalisekile, umfana kuzamele aphile njani njalo lomsebenzi wakhe uzakuba ngowani?”
13 ၁၃ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါပြော သမျှ ကို မိန်းမ ရှောင် ရမည်။
Ingilosi kaThixo yaphendula yathi, “Umkakho kumele enze konke engimtshele khona.
14 ၁၄ စပျစ် ပင် မှ ဖြစ် သမျှ ကို မ စား ရ။ စပျစ်ရည် မှစ၍ သေရည် သေရက်ကို မ သောက် ရ။ မစင်ကြယ်သောအရာ ကို မ စား ရ။ ငါမှာ ထားသမျှ အတိုင်း စောင့်ရှောက် ရမည်ဟု မာနော် အား ပြောဆို ၏။
Kangadli lutho oluvela evinini, loba anathe iwayini loba okunye okunathwayo okulemvubelo loba adle ukudla okungcolileyo. Kumele enze konke engimlaye khona.”
15 ၁၅ မာနော် ကလည်း ၊ ကိုယ်တော် အဘို့ ဆိတ် သငယ် ကို မပြင်ဆင် မှီတိုင်အောင်ကိုယ်တော် ကို ဆီးတား ပါရစေဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား ဆို လျှင်၊
UManowa wathi engilosini kaThixo, “Sifuna ukuba uhlale size sikuhlabele izinyane lembuzi.”
16 ၁၆ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါ့ ကို ဆီးတား သော်လည်း သင် ၏စားစရာ ကို ငါမ စား။ မီးရှို့ ရာယဇ်ကို ပူဇော် လိုလျှင် ထာဝရဘုရား အား ပူဇော် ရမည်ဟု မာနော် အား ဆို ပြန်၏။ သူ သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို မာနော် မ သိ သေး။
Ingilosi kaThixo yaphendula yathi, “Loba lingangibamba ngamandla ukuba ngihlale, angiyikukudla ukudla kwenu. Kodwa nxa lilungisa umnikelo wokutshiswa, unikeleni kuThixo.” (UManowa kananzelelanga ukuthi kwakuyingilosi kaThixo.)
17 ၁၇ မာနော် ကလည်း ကိုယ်တော် စကား ပြည့်စုံ သောအခါ ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်း ရမည်အကြောင်း ၊ ကိုယ်တော် ၏အမည် ကား အဘယ်သို့ နည်းဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား မေး သော်၊
UManowa waseyibuza ingilosi kaThixo esithi, “Ungubani ibizo lakho, ukuze sikubonge lapho ilizwi lakho seligcwalisekile?”
18 ၁၈ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။
Yaphendula yathi, “Kungani ungibuza ibizo lami? Kaliqedisiseki.”
19 ၁၉ မာနော် သည် ဆိတ် သငယ် နှင့် ဘောဇဉ် ပူဇော်သက္ကာကို ယူ ၍ ကျောက် ပေါ် မှာ ထာဝရဘုရား အား ပူဇော် လေ၏။ ထိုအခါ မာနော် လင်မယားတို့သည် ကြည့် ၍ မြင်ရသောအံ့ဩ ဘွယ်ဟူမူကား၊
Lapho-ke uManowa wathatha izinyane lembuzi, ndawonye lomnikelo wamabele wakunikela kuThixo phezu kwedwala. Njalo uThixo wenza into emangalisayo uManowa lomkakhe bekhangele:
20 ၂၀ မီးလျှံ သည် ယဇ် ပလ္လင်ပေါ် က မိုဃ်းကောင်းကင် သို့ တက် စဉ် တွင်၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ် ပလ္လင်မီးလျှံ ၌ တက် လေ၏။ မာနော် လင်မယား တို့သည် ကြည့် ၍မြင်လျှင် မြေ ပေါ် မှာ ပြပ်ဝပ် လျက်နေကြ၏။
Kwathi ilangabi libhebha lisuka e-alithareni lisiya ezulwini, ingilosi kaThixo yenyukela phezulu iphakathi kwelangabi. Bebona lokhu uManowa lomkakhe bathi mbo phansi ngobuso.
21 ၂၁ ထာဝရဘုရား ၏ကောင်းကင်တမန် သည်၊ မာနော် လင်မယား တို့အား တဖန် မ ပေါ် လာ။ ထိုအခါ မာနော် သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို သိ ၏။
Kwathi ingilosi kaThixo ingasazibonakalisanga futhi kuManowa lomkakhe, uManowa wananzelela ukuthi kwakuyingilosi kaThixo.
22 ၂၂ မာနော် ကလည်း ၊ ငါတို့သည် ဘုရား သခင်ကို မြင် သောကြောင့် ၊ ဆက်ဆက်သေ တော့မည်ဟု မယား အား ပြော သော်၊
Wasesithi kumkakhe, “Silahliwe, sizakufa. Sibone uNkulunkulu!”
23 ၂၃ မယား က၊ ထာဝရဘုရား သည် ငါ တို့ကို သတ် ခြင်းငှါ အလို တော်ရှိလျှင် ၊ မီးရှို့ ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ငါ တို့လက် မှ ခံယူ တော်မ မူ။ ဤ အခြင်းအရာအလုံးစုံ တို့ကိုလည်း ပြ တော်မ မူ။ ယခုအခါ ၌ ဤ သို့ သော စကားကိုလည်း မိန့် တော်မ မူဟု ပြန်ပြော ၏။
Kodwa umkakhe waphendula wathi, “Aluba uThixo ubeqonde ukusibulala, ubengasoze amukele umnikelo wokutshiswa lomnikelo wamabele ezandleni zethu, loba asitshengise zonke lezizinto kumbe asitshele lokhu asitshele khona.”
24 ၂၄ ထိုမိန်းမ သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ရှံဆုန် အမည် ဖြင့် မှည့် ၏။ သူငယ် သည် ကြီးပွား ၍ ထာဝရဘုရား ကောင်းကြီး ပေးတော်မူ၏။
Owesifazane wazala umfana wamuthi nguSamsoni. Wakhula loThixo wambusisa,
25 ၂၅ ထာဝရဘုရား ၏ဝိညာဉ် တော်သည်၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား ၊ ဒန် အမျိုးတပ်၌ တခါတလေနှိုးဆော် စ ပြုတော်မူ၏။
loMoya kaThixo waqala ukuqubuka phakathi kwakhe eseseMahane Dani, phakathi kweZora le-Eshithawoli.

< တရားသူကြီးမှတ်စာ 13 >