< တရားသူကြီးမှတ်စာ 13 >

1 တဖန် ဣသရေလ အမျိုးသားတို့သည်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ ထာဝရဘုရား သည် သူ တို့ကို ဖိလိတ္တိ လူတို့လက် သို့ အနှစ် လေးဆယ် ပတ်လုံးအပ် တော်မူ၏။
וַיֹּסִיפוּ בְּנֵי יִשְׂרָאֵל לַעֲשׂוֹת הָרַע בְּעֵינֵי יְהֹוָה וַיִּתְּנֵם יְהֹוָה בְּיַד־פְּלִשְׁתִּים אַרְבָּעִים שָׁנָֽה׃
2 ဒန် အမျိုး ၊ ဇောရာ မြို့သား မာနော် အမည် ရှိသောသူတယောက် ရှိ ၏။ သူ ၏မယား သည် မြုံ သောကြောင့် သား မ ဘွား။
וַיְהִי אִישׁ אֶחָד מִצׇּרְעָה מִמִּשְׁפַּחַת הַדָּנִי וּשְׁמוֹ מָנוֹחַ וְאִשְׁתּוֹ עֲקָרָה וְלֹא יָלָֽדָה׃
3 ထာဝရဘုရား ၏ကောင်းကင်တမန် သည် ထိုမိန်းမ အား ကိုယ်ထင်ရှား ၍ ၊ သင်သည် မြုံ သောကြောင့် သား မ ဘွားသော်လည်း ၊ ယခု ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။
וַיֵּרָא מַלְאַךְ־יְהֹוָה אֶל־הָאִשָּׁה וַיֹּאמֶר אֵלֶיהָ הִנֵּה־נָא אַתְּ־עֲקָרָה וְלֹא יָלַדְתְּ וְהָרִית וְיָלַדְתְּ בֵּֽן׃
4 သို့ဖြစ်၍ သတိပြု လော့။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။
וְעַתָּה הִשָּׁמְרִי נָא וְאַל־תִּשְׁתִּי יַיִן וְשֵׁכָר וְאַל־תֹּאכְלִי כׇּל־טָמֵֽא׃
5 အကြောင်းမူကား ၊ ပဋိသန္ဓေ ယူ၍ ဘွားမြင် လတံ့သော သား ယောက်ျားသည် ဆံပင် ရိတ်ခြင်းကို မ ခံဘဲ၊ အမိဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်။ သူ သည်လည်း ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ကယ်နှုတ် စ ပြုလိမ့်မည်ဟု ဆို ၏။
כִּי הִנָּךְ הָרָה וְיֹלַדְתְּ בֵּן וּמוֹרָה לֹא־יַעֲלֶה עַל־רֹאשׁוֹ כִּֽי־נְזִיר אֱלֹהִים יִֽהְיֶה הַנַּעַר מִן־הַבָּטֶן וְהוּא יָחֵל לְהוֹשִׁיעַ אֶת־יִשְׂרָאֵל מִיַּד פְּלִשְׁתִּֽים׃
6 ထိုမိန်းမသည်လည်း မိမိ ခင်ပွန်း ထံ သို့သွား ၍ ဘုရား သခင်၏ ကောင်းကင် တမန်မျက်နှာ ကဲ့သို့ ကြောက်မက် ဘွယ်သော မျက်နှာ ရှိသော ဘုရား သခင်၏ လူ တယောက်သည် အကျွန်ုပ် ဆီသို့ လာ ၏။ အဘယ် က လာသနည်းဟု အကျွန်ုပ်လည်း မ မေး။ သူသည်လည်း မိမိ အမည် ကို မ ပြော။
וַתָּבֹא הָאִשָּׁה וַתֹּאמֶר לְאִישָׁהּ לֵאמֹר אִישׁ הָֽאֱלֹהִים בָּא אֵלַי וּמַרְאֵהוּ כְּמַרְאֵה מַלְאַךְ הָאֱלֹהִים נוֹרָא מְאֹד וְלֹא שְׁאִלְתִּיהוּ אֵֽי־מִזֶּה הוּא וְאֶת־שְׁמוֹ לֹא־הִגִּיד לִֽי׃
7 သူကလည်း၊ သင် သည် ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။ အကြောင်းမူကား ၊ ထိုသူငယ် သည် အမိဝမ်း ထဲမှ စ၍ သေ သောနေ့ တိုင်အောင် ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်ဟု အကျွန်ုပ် အား မိန့် မြွက်ကြောင်းကို ပြောဆို လေ၏။
וַיֹּאמֶר לִי הִנָּךְ הָרָה וְיֹלַדְתְּ בֵּן וְעַתָּה אַל־תִּשְׁתִּי ׀ יַיִן וְשֵׁכָר וְאַל־תֹּֽאכְלִי כׇּל־טֻמְאָה כִּֽי־נְזִיר אֱלֹהִים יִֽהְיֶה הַנַּעַר מִן־הַבֶּטֶן עַד־יוֹם מוֹתֽוֹ׃
8 ထိုအခါ မာနော် က၊ အို ဘုရားရှင် ၊ အကျွန်ုပ် တို့သည် ဘွားမြင် လတံ့သော သူငယ် ၌ အဘယ်သို့ ပြု ရမည်ကို ဘုရား သခင်၏ တမန်တော် သည် တဖန် လာ ၍ သွန်သင် စေတော်မူပါဟု ထာဝရဘုရား အား တောင်း လျှောက်သော်၊
וַיֶּעְתַּר מָנוֹחַ אֶל־יְהֹוָה וַיֹּאמַר בִּי אֲדוֹנָי אִישׁ הָאֱלֹהִים אֲשֶׁר שָׁלַחְתָּ יָבוֹא־נָא עוֹד אֵלֵינוּ וְיוֹרֵנוּ מַֽה־נַּעֲשֶׂה לַנַּעַר הַיּוּלָּֽד׃
9 ထာဝရဘုရား သည် မာနော် စကား ကို နားထောင် တော်မူ၍ ၊ ဘုရား သခင်၏ ကောင်းကင်တမန် သည် လယ် လုပ်ရာအရပ်၌ ထိုင်လျက်ရှိသောထိုမိန်းမ ဆီသို့ လာ ပြန် ၏။ ထိုအခါ ခင်ပွန်း မာနော် မ ရှိ။
וַיִּשְׁמַע הָאֱלֹהִים בְּקוֹל מָנוֹחַ וַיָּבֹא מַלְאַךְ הָאֱלֹהִים עוֹד אֶל־הָאִשָּׁה וְהִיא יוֹשֶׁבֶת בַּשָּׂדֶה וּמָנוֹחַ אִישָׁהּ אֵין עִמָּֽהּ׃
10 ၁၀ မိန်းမ သည် မိမိ ခင်ပွန်း ထံ သို့အလျင်အမြန် ပြေး ၍ ၊ တနေ့ ကလာ သောသူ သည် ယခုလာ ရောက်ပြီဟု ကြား ပြောလျှင်၊
וַתְּמַהֵר הָֽאִשָּׁה וַתָּרׇץ וַתַּגֵּד לְאִישָׁהּ וַתֹּאמֶר אֵלָיו הִנֵּה נִרְאָה אֵלַי הָאִישׁ אֲשֶׁר־בָּא בַיּוֹם אֵלָֽי׃
11 ၁၁ မာနော် သည် ထ ၍ မယား နှင့်အတူ ထိုသူ ထံ သို့ သွား ပြီးလျှင် ၊ သင် သည် ဤမိန်းမ အား ပြော သော သူ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ဆို ၏။
וַיָּקׇם וַיֵּלֶךְ מָנוֹחַ אַחֲרֵי אִשְׁתּוֹ וַיָּבֹא אֶל־הָאִישׁ וַיֹּאמֶר לוֹ הַאַתָּה הָאִישׁ אֲשֶׁר־דִּבַּרְתָּ אֶל־הָאִשָּׁה וַיֹּאמֶר אָֽנִי׃
12 ၁၂ မာနော် ကလည်း ၊ ကိုယ်တော် ၏စကား ပြည့်စုံ ပါစေသော။ သူငယ် သည် အဘယ်သို့ သောသူဖြစ် ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ပြုရပါမည်နည်းဟုမေး သော်၊
וַיֹּאמֶר מָנוֹחַ עַתָּה יָבֹא דְבָרֶיךָ מַה־יִּהְיֶה מִשְׁפַּט־הַנַּעַר וּמַעֲשֵֽׂהוּ׃
13 ၁၃ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါပြော သမျှ ကို မိန်းမ ရှောင် ရမည်။
וַיֹּאמֶר מַלְאַךְ יְהֹוָה אֶל־מָנוֹחַ מִכֹּל אֲשֶׁר־אָמַרְתִּי אֶל־הָאִשָּׁה תִּשָּׁמֵֽר׃
14 ၁၄ စပျစ် ပင် မှ ဖြစ် သမျှ ကို မ စား ရ။ စပျစ်ရည် မှစ၍ သေရည် သေရက်ကို မ သောက် ရ။ မစင်ကြယ်သောအရာ ကို မ စား ရ။ ငါမှာ ထားသမျှ အတိုင်း စောင့်ရှောက် ရမည်ဟု မာနော် အား ပြောဆို ၏။
מִכֹּל אֲשֶׁר־יֵצֵא מִגֶּפֶן הַיַּיִן לֹא תֹאכַל וְיַיִן וְשֵׁכָר אַל־תֵּשְׁתְּ וְכׇל־טֻמְאָה אַל־תֹּאכַל כֹּל אֲשֶׁר־צִוִּיתִיהָ תִּשְׁמֹֽר׃
15 ၁၅ မာနော် ကလည်း ၊ ကိုယ်တော် အဘို့ ဆိတ် သငယ် ကို မပြင်ဆင် မှီတိုင်အောင်ကိုယ်တော် ကို ဆီးတား ပါရစေဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား ဆို လျှင်၊
וַיֹּאמֶר מָנוֹחַ אֶל־מַלְאַךְ יְהֹוָה נַעְצְרָה־נָּא אוֹתָךְ וְנַעֲשֶׂה לְפָנֶיךָ גְּדִי עִזִּֽים׃
16 ၁၆ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါ့ ကို ဆီးတား သော်လည်း သင် ၏စားစရာ ကို ငါမ စား။ မီးရှို့ ရာယဇ်ကို ပူဇော် လိုလျှင် ထာဝရဘုရား အား ပူဇော် ရမည်ဟု မာနော် အား ဆို ပြန်၏။ သူ သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို မာနော် မ သိ သေး။
וַיֹּאמֶר מַלְאַךְ יְהֹוָה אֶל־מָנוֹחַ אִם־תַּעְצְרֵנִי לֹא־אֹכַל בְּלַחְמֶךָ וְאִם־תַּעֲשֶׂה עֹלָה לַיהֹוָה תַּעֲלֶנָּה כִּי לֹא־יָדַע מָנוֹחַ כִּֽי־מַלְאַךְ יְהֹוָה הֽוּא׃
17 ၁၇ မာနော် ကလည်း ကိုယ်တော် စကား ပြည့်စုံ သောအခါ ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်း ရမည်အကြောင်း ၊ ကိုယ်တော် ၏အမည် ကား အဘယ်သို့ နည်းဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား မေး သော်၊
וַיֹּאמֶר מָנוֹחַ אֶל־מַלְאַךְ יְהֹוָה מִי שְׁמֶךָ כִּֽי־יָבֹא (דבריך) [דְבָרְךָ] וְכִבַּדְנֽוּךָ׃
18 ၁၈ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။
וַיֹּאמֶר לוֹ מַלְאַךְ יְהֹוָה לָמָּה זֶּה תִּשְׁאַל לִשְׁמִי וְהוּא־פֶֽלִאי׃
19 ၁၉ မာနော် သည် ဆိတ် သငယ် နှင့် ဘောဇဉ် ပူဇော်သက္ကာကို ယူ ၍ ကျောက် ပေါ် မှာ ထာဝရဘုရား အား ပူဇော် လေ၏။ ထိုအခါ မာနော် လင်မယားတို့သည် ကြည့် ၍ မြင်ရသောအံ့ဩ ဘွယ်ဟူမူကား၊
וַיִּקַּח מָנוֹחַ אֶת־גְּדִי הָֽעִזִּים וְאֶת־הַמִּנְחָה וַיַּעַל עַל־הַצּוּר לַֽיהֹוָה וּמַפְלִא לַעֲשׂוֹת וּמָנוֹחַ וְאִשְׁתּוֹ רֹאִֽים׃
20 ၂၀ မီးလျှံ သည် ယဇ် ပလ္လင်ပေါ် က မိုဃ်းကောင်းကင် သို့ တက် စဉ် တွင်၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ် ပလ္လင်မီးလျှံ ၌ တက် လေ၏။ မာနော် လင်မယား တို့သည် ကြည့် ၍မြင်လျှင် မြေ ပေါ် မှာ ပြပ်ဝပ် လျက်နေကြ၏။
וַיְהִי בַעֲלוֹת הַלַּהַב מֵעַל הַמִּזְבֵּחַ הַשָּׁמַיְמָה וַיַּעַל מַלְאַךְ־יְהֹוָה בְּלַהַב הַמִּזְבֵּחַ וּמָנוֹחַ וְאִשְׁתּוֹ רֹאִים וַיִּפְּלוּ עַל־פְּנֵיהֶם אָֽרְצָה׃
21 ၂၁ ထာဝရဘုရား ၏ကောင်းကင်တမန် သည်၊ မာနော် လင်မယား တို့အား တဖန် မ ပေါ် လာ။ ထိုအခါ မာနော် သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို သိ ၏။
וְלֹא־יָסַף עוֹד מַלְאַךְ יְהֹוָה לְהֵרָאֹה אֶל־מָנוֹחַ וְאֶל־אִשְׁתּוֹ אָז יָדַע מָנוֹחַ כִּֽי־מַלְאַךְ יְהֹוָה הֽוּא׃
22 ၂၂ မာနော် ကလည်း ၊ ငါတို့သည် ဘုရား သခင်ကို မြင် သောကြောင့် ၊ ဆက်ဆက်သေ တော့မည်ဟု မယား အား ပြော သော်၊
וַיֹּאמֶר מָנוֹחַ אֶל־אִשְׁתּוֹ מוֹת נָמוּת כִּי אֱלֹהִים רָאִֽינוּ׃
23 ၂၃ မယား က၊ ထာဝရဘုရား သည် ငါ တို့ကို သတ် ခြင်းငှါ အလို တော်ရှိလျှင် ၊ မီးရှို့ ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ငါ တို့လက် မှ ခံယူ တော်မ မူ။ ဤ အခြင်းအရာအလုံးစုံ တို့ကိုလည်း ပြ တော်မ မူ။ ယခုအခါ ၌ ဤ သို့ သော စကားကိုလည်း မိန့် တော်မ မူဟု ပြန်ပြော ၏။
וַתֹּאמֶר לוֹ אִשְׁתּוֹ לוּ חָפֵץ יְהֹוָה לַהֲמִיתֵנוּ לֹֽא־לָקַח מִיָּדֵנוּ עֹלָה וּמִנְחָה וְלֹא הֶרְאָנוּ אֶת־כׇּל־אֵלֶּה וְכָעֵת לֹא הִשְׁמִיעָנוּ כָּזֹֽאת׃
24 ၂၄ ထိုမိန်းမ သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ရှံဆုန် အမည် ဖြင့် မှည့် ၏။ သူငယ် သည် ကြီးပွား ၍ ထာဝရဘုရား ကောင်းကြီး ပေးတော်မူ၏။
וַתֵּלֶד הָֽאִשָּׁה בֵּן וַתִּקְרָא אֶת־שְׁמוֹ שִׁמְשׁוֹן וַיִּגְדַּל הַנַּעַר וַֽיְבָרְכֵהוּ יְהֹוָֽה׃
25 ၂၅ ထာဝရဘုရား ၏ဝိညာဉ် တော်သည်၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား ၊ ဒန် အမျိုးတပ်၌ တခါတလေနှိုးဆော် စ ပြုတော်မူ၏။
וַתָּחֶל רוּחַ יְהֹוָה לְפַעֲמוֹ בְּמַחֲנֵה־דָן בֵּין צׇרְעָה וּבֵין אֶשְׁתָּאֹֽל׃

< တရားသူကြီးမှတ်စာ 13 >