< တရားသူကြီးမှတ်စာ 11 >

1 ဂိလဒ် အမျိုးသားယေဖသ သည် ခွန်အားကြီး သော သူရဲ ဖြစ် ၏။ သူ့ အဘ ကား ဂိလဒ် ၊ သူ့အမိကား ပြည်တန်ဆာ ဖြစ်၏။
Njalo uJefitha umGileyadi wayeliqhawe elilamandla, wayeyindodana yewule; uGileyadi wasezala uJefitha.
2 ဂိလဒ် ၏မယား ဘွားမြင် သော သား တို့သည် ကြီး သောအခါ ၊ သင် သည် အခြား တပါးသော မိန်းမ ၏ သား ဖြစ်သောကြောင့် ၊ ငါ တို့ အဆွေအမျိုး နှင့်အတူအမွေ မ ခံရဟု ယေဖသ ကို ဆို ၍ နှင်ထုတ် လေ၏။
UmkaGileyadi wasemzalela amadodana; kwathi amadodana omkakhe esekhulile amxotsha uJefitha, athi kuye: Kawuyikudla ilifa endlini kababa, ngoba uyindodana yomunye umfazi.
3 ထိုအခါ ယေဖသ သည် ညီ တို့ဆီမှ ထွက်သွား ၍ တောဘ ပြည် ၌ နေ သဖြင့် ၊ လျှပ်ပေါ် သောသူ တို့သည် သူ့ ထံမှာ စည်းဝေး ၍ သူ့ နောက် ၌ လိုက် ကြ၏။
UJefitha wasebalekela abafowabo, wahlala elizweni leTobi. Amadoda ayize asebuthana kuJefitha, aphuma laye.
4 နောက်တဖန် အမ္မုန် အမျိုးသား တို့သည် ဣသရေလ အမျိုးကို စစ်တိုက် ကြ၏။
Kwasekusithi emva kwezinsuku abantwana bakoAmoni balwa loIsrayeli.
5 ထိုသို့ အမ္မုန် အမျိုးသား တို့သည် ဣသရေလ အမျိုးကို စစ်တိုက် သောအခါ ၊ ဂိလဒ် ပြည်သားအသက်ကြီး သူတို့သည် ယေဖသ ကို တောဘ ပြည် မှ ခေါ် ခြင်းငှါ သွား ၍၊
Kwasekusithi lapho abantwana bakoAmoni besilwa loIsrayeli, abadala beGileyadi bahamba ukuyathatha uJefitha elizweni leTobi,
6 ငါတို့သည် အမ္မုန် လူတို့ကို စစ်တိုက် ရမည်အကြောင်း၊ လာ ၍ ငါ တို့၏ ဗိုလ်ချုပ် မင်း လုပ် ပါဟု မှာ လိုက်သော်၊
bathi kuJefitha: Woza ube ngumkhokheli wethu ukuze silwe labantwana bakoAmoni.
7 ယေဖသ က၊ သင် တို့သည် ငါ့ ကို မုန်း ၍ ငါ့ အဘ အိမ် မှ နှင်ထုတ် သည်မဟုတ် လော။ ယခု ဆင်းရဲ ခြင်းသို့ ရောက်သောအခါ ၊ အဘယ်ကြောင့် ငါ့ ထံ သို့လာ ကြသနည်းဟု ဂိလဒ် ပြည်သားအသက်ကြီး သူတို့အား ပြောဆို ၏။
Kodwa uJefitha wathi kubadala beGileyadi: Lina kalingizondanga yini, langixotsha endlini kababa? Pho, lizelani kimi khathesi nxa selisenhluphekweni?
8 ဂိလဒ် ပြည်သားအသက်ကြီး သူတို့ကလည်း ၊ ထိုကြောင့် ငါတို့သည် ယခု သင့် ထံ သို့ပြန် လာပါ၏။ ငါ တို့နှင့်အတူ ကြွ ၍ အမ္မုန် လူတို့ကို စစ်တိုက် ပြီးလျှင် ၊ ဂိလဒ် ပြည်သား အပေါင်း တို့၏ အထွဋ် လုပ် ပါဟု ယေဖသ အား တောင်းပန် ပြန်သော်၊
Abadala beGileyadi basebesithi kuJefitha: Ngakho khathesi siyabuyela kuwe ukuze uhambe lathi uyekulwa umelene labantwana bakoAmoni, ube yinhloko yethu phezu kwabo bonke abakhi beGileyadi.
9 ယေဖသ က၊ အမ္မုန် လူတို့ကို စစ်တိုက် စေခြင်းငှါ သင် တို့သည် ငါ့ ကို ပြန် ပို့၍ ထာဝရဘုရား သည် သူ တို့ကို ငါ့ ရှေ့ မှာ အပ် တော်မူလျှင် ၊ ငါ သည် သင် တို့အထွဋ် ဖြစ် ရသောအခွင့်ကိုပေးမည်လောဟု ဂိလဒ် ပြည်သားအသက်ကြီး သူတို့အား မေး လေသော်၊
UJefitha wasesithi kubadala beGileyadi: Uba lingibuyisa ukulwa ngimelene labantwana bakoAmoni, iNkosi ibanikele phambi kwami, mina ngizakuba yinhloko yenu yini?
10 ၁၀ ဂိလဒ် ပြည်သားအသက်ကြီး သူတို့က၊ သင်ပြောသော စကား အတိုင်း ငါ တို့ မ ပြု လျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား ၌ သက်သေ ဖြစ် တော်မူပါစေသောဟု ယေဖသ အား ပြန်ပြော ကြ၏။
Abadala beGileyadi basebesithi kuJefitha: INkosi iyezwa phakathi kwethu, uba singenzi njalo njengokwamazwi akho.
11 ၁၁ ထိုအခါ ယေဖသ သည် ဂိလဒ် ပြည်သားအသက်ကြီး သူတို့နှင့် သွား ၍ သူ့ ကို လူ များတို့၏ အထွဋ် ဗိုလ်ချုပ် မင်းအရာ၌ ခန့် ထားကြ၏။ ယေဖသ သည်လည်း ထိုစကား အလုံးစုံ တို့ကို မိဇပါ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ ပြန်ကြား လျှောက်ထား၏။
UJefitha wasehamba labadala beGileyadi, abantu basebemenza waba yinhloko lomkhokheli phezu kwabo. UJefitha wasekhuluma wonke amazwi akhe phambi kweNkosi eMizipa.
12 ၁၂ ထိုနောက်မှ ယေဖသ သည်၊ အမ္မုန် ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် ၍၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နိုင်ငံ ၌ စစ်တိုက် ခြင်းငှါ အဘယ်ကြောင့်ငါ့ ကို ရန်ပြု သနည်းဟုမေး သော်၊
UJefitha wasethuma izithunywa enkosini yabantwana bakoAmoni esithi: Ngilani lawe ukuthi uze kimi ukulwa elizweni lami?
13 ၁၃ အမ္မုန် ရှင်ဘုရင် က၊ ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ သောအခါ ၊ ငါ့ မြေ ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်း၊ ယော်ဒန် မြစ်တိုင်အောင် လု ၍ယူသောကြောင့် ငါပြု၏။ ထို မြေကို ယခု အသင့်အတင့် ပြန် ပေးပါဟု ယေဖသ ၏သံတမန် အား ပြန်ပြော ၏။
Inkosi yabantwana bakoAmoni yasisithi kuzithunywa zikaJefitha: Ngoba uIsrayeli wathatha ilizwe lami ekwenyukeni kwakhe eGibhithe kusukela eArinoni kuze kube seJaboki kuze kube seJordani; ngakho-ke libuyiseni ngokuthula.
14 ၁၄ တဖန် ယေဖသ သည် သံတမန် ကို အမ္မုန် ရှင်ဘုရင် ထံ သို့စေလွှတ် ၍၊
UJefitha wasephinda ethuma izithunywa futhi enkosini yabantwana bakoAmoni,
15 ၁၅ ယေဖသ မှာ လိုက်သည်ကား၊ ဣသရေလ အမျိုးသည် မောဘ မြေ ၊ အမ္မုန် မြေ ကို လု ယူသည်မဟုတ်။
wathi kuye: Utsho njalo uJefitha: UIsrayeli kalithathanga ilizwe lakoMowabi lelizwe labantwana bakoAmoni,
16 ၁၆ ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ ၍ ဧဒုံ ပင်လယ် အနား ၊ တော ၌ လှည့်လည် သဖြင့် ကာဒေရှ ရွာသို့ ရောက် သောအခါ၊
kodwa ekwenyukeni kwabo besuka eGibhithe uIsrayeli wahamba edabula enkangala waya eLwandle oluBomvu, wafika eKadeshi.
17 ၁၇ ဧဒုံ ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် ၍ ၊ မင်းကြီး ပြည် ကို ရှောက်သွား ပါရစေဟု အခွင့်တောင်းသော်လည်း ၊ ဧဒုံ ရှင်ဘုရင် သည် နား မ ထောင်။ ထိုနည်းတူ မောဘ ရှင် ဘုရင်ထံ သို့စေလွှတ် ၍၊ သူသည်လည်း အခွင့် မ ပေးသောကြောင့် ၊ ဣသရေလ အမျိုးသည် ကာဒေရှရွာ၌ နေ ရကြ၏။
UIsrayeli wasethuma izithunywa enkosini yeEdoma esithi: Ake sedlule sidabule elizweni lakho; kodwa inkosi yeEdoma kayilalelanga. Wathumela njalo enkosini yakoMowabi, kodwa kayivumanga. Ngakho uIsrayeli wahlala eKadeshi.
18 ၁၈ နောက်တဖန်တော ကို ရှောက် လျက် ၊ ဧဒုံ ပြည် နှင့် မောဘ ပြည် ကို ဝိုင်း ၍ မောဘ ပြည် အရှေ့ ဘက်သို့ ရောက် ပြီးမှ အာနုန် မြစ်တဘက် ၌ တပ်ချ ကြ၏။ ထိုအခါ မောဘ ပြည်နယ် အတွင်းသို့ မ ဝင် ကြ။ အာနုန် မြစ်သည် မောဘ ပြည်အပိုင်းအခြား ဖြစ်သတည်း။
Basebedabula enkangala, balibhoda ilizwe leEdoma lelizwe lakoMowabi, bafika lapho eliphuma khona ilanga kwelizwe lakoMowabi. Bamisa inkamba ngaphetsheya kweArinoni, kodwa kabangenanga emngceleni wakoMowabi, ngoba iArinoni yayingumngcele wakoMowabi.
19 ၁၉ တဖန် ဣသရေလ အမျိုးသည် အာမောရိ အမျိုး ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ထံ သို့သံတမန် ကို စေလွှတ် ၍ ၊ ငါ တို့နေရာ သို့ ရောက်အံ့သောငှါမင်းကြီး ပြည် ကို ရှောက်သွား ပါရစေဟု အခွင့်တောင်း သော်လည်း၊
UIsrayeli wasethuma izithunywa kuSihoni inkosi yamaAmori, inkosi yeHeshiboni; uIsrayeli wathi kuye: Ake sedlule elizweni lakho siye endaweni yami.
20 ၂၀ ရှိဟုန် သည် ဣသရေလ အမျိုးကို မ ယုံ ၊ မိမိ ပြည် ကို ရှောက်သွား စေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိ လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ ယာဟတ် မြို့၌ တပ်ချ ပြီးလျှင် ဣသရေလ အမျိုးကို စစ်တိုက် လေ၏။
Kodwa uSihoni kamthembanga uIsrayeli ukuthi adlule emngceleni wakhe; kodwa uSihoni wabutha bonke abantu bakhe, wamisa inkamba eJahazi, walwa loIsrayeli.
21 ၂၁ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ရှိဟုန် မင်းနှင့်တကွ သူ ၏လူ အပေါင်း တို့ကို ဣသရေလ အမျိုးလက် ၌ အပ် တော်မူ၍ ၊ သူ တို့ကို လုပ်ကြံ သဖြင့် ထို ပြည် ၌နေ သောအာမောရိ လူတို့၏ မြေ တရှောက်လုံး ကို သိမ်းယူ ကြ၏။
Kodwa iNkosi, uNkulunkulu kaIsrayeli, yanikela uSihoni labo bonke abantu bakhe esandleni sikaIsrayeli, babatshaya. Ngakho uIsrayeli wadla ilifa lelizwe lonke lamaAmori, abahlali balelolizwe.
22 ၂၂ အာမောရိ ပြည် နယ်မြေ တရှောက်လုံး ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်းတိုင်အောင် ၎င်း ၊ တော မှစ၍ ယော်ဒန် မြစ်တိုင်အောင် ၎င်း သိမ်းယူ ကြ၏။
Badla ilifa layo yonke imingcele yamaAmori kusukela eArinoni kuze kube seJaboki, njalo kusukela enkangala kuze kube seJordani.
23 ၂၃ ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ အာမောရိ လူတို့ကို ဣသရေလ အမျိုး ရှေ့ မှာ သူတို့ပြည်ကို နှုတ် တော်မူသည်ဖြစ်၍ ၊ သင် သည် သိမ်းယူ ရမည်လော။
Khathesi-ke iNkosi, uNkulunkulu kaIsrayeli, yawaxotsha elifeni amaAmori phambi kwabantu bayo uIsrayeli; kanti wena uzakudla ilifa lalo yini?
24 ၂၄ သင် ၏ဘုရား ခေမုရှ အပိုင်ပေး သော မြေကို သင်သိမ်းယူ ရသည်မဟုတ် လော။ ထိုအတူ ငါ တို့ ဘုရား သခင်ထာဝရဘုရား နှင်ထုတ် တော်မူသောသူတို့၏မြေကို ငါ တို့သည် သိမ်းယူ ရ၏။
Kawuyikudla yini ilifa lalokhu uKemoshi unkulunkulu wakho akunika ukudla ilifa lakho? Ngakho loba ngubani iNkosi uNkulunkulu wethu ezamxotsha elifeni phambi kwethu, lokhu sizakudla ilifa lakho.
25 ၂၅ သင် သည် မောဘ ရှင်ဘုရင် ဇိဖော် မင်း၏သား ဗာလက် ထက် သာ၍ မြတ်သလော။ သူသည် ဣသရေလ အမျိုးနှင့် ရန်တွေ့ ဘူးသလော။ စစ်တိုက် ဘူးသလော။
Pho-ke wena ungcono yini okwedlula uBalaki indodana kaZipori inkosi yakoMowabi? Wake waxabana loIsrayeli; kumbe wake walwa labo yini;
26 ၂၆ ဣသရေလ အမျိုးသည် ဟေရှဘုန် မြို့ ရွာတို့၌ ၎င်း ၊ အာရော် မြို့ ရွာတို့၌ ၎င်း ၊ အာနုန် မြစ် နားမှာ ရှိသော မြို့ ရွာအလုံးစုံ တို့၌၎င်း အနှစ် သုံး ရာ ပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မ ရ ပြန်သနည်း။
lapho uIsrayeli esehlala eHeshiboni lemizaneni yayo, leAroweri lemizaneni yayo, lakuyo yonke imizi esekhunjini lweArinoni, iminyaka engamakhulu amathathu? Kungani-ke ungayophulanga ngalesosikhathi?
27 ၂၇ သင့် ကို ငါမ ပြစ်မှား။ သင် သည် စစ်တိုက် ၍ ငါ့ ကို ညှဉ်းဆဲ ၏။ ထာဝရဘုရား သည် တရားသူကြီးလုပ်၍ ဣသရေလ အမျိုးသား၊ အမ္မုန် အမျိုးသားတို့ စပ်ကြား မှာ ယနေ့ တရားစီရင် ဆုံးဖြတ် တော်မူပါစေသောဟု မှာလိုက် လေ၏။
Ngakho mina kangonanga kuwe, kodwa wena wenza okubi kimi ngokulwa lami; iNkosi uMahluleli kahlulele lamuhla phakathi kwabantwana bakoIsrayeli labantwana bakoAmoni.
28 ၂၈ သို့သော်လည်း ယေဖသ မှာ လိုက်သော စကား ကို အမ္မုန် ရှင်ဘုရင် သည် နား မ ထောင်ဘဲနေ၏။
Kodwa inkosi yabantwana bakoAmoni kayilalelanga amazwi kaJefitha awathumela kuyo.
29 ၂၉ ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ယေဖသ အပေါ် မှာ သက်ရောက် ၍ ၊ သူသည် ဂိလဒ် ပြည်၊ မနာရှေ ပြည်ကို ရှောက် လျက် ဂိလဒ် ပြည် မိဇပါ မြို့ကို လွန် ၍ အမ္မုန် လူတို့ရှိရာသို့ ချီ သွားလေ၏။
UMoya weNkosi wasesiza phezu kukaJefitha, wedlula eGileyadi leManase, wedlula eMizipa yeGileyadi; esuka eMizipa wedlulela kubantwana bakoAmoni.
30 ၃၀ ယေဖသ သည် ထာဝရဘုရား အား သစ္စာ ဂတိထားလျက် ၊ အကယ်၍ ကိုယ်တော်သည် အမ္မုန် အမျိုးသားတို့ကို အကျွန်ုပ် လက် ၌ အပ် တော်မူလျှင်၊
UJefitha wafunga isifungo eNkosini wathi: Uba uzanikela lokunikela abantwana bakoAmoni esandleni sami,
31 ၃၁ အကျွန်ုပ်သည် အမ္မုန် အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ် စွာ ပြန်လာ သောအခါ ၊ အကျွန်ုပ် ကို ခရီး ဦးကြိုပြုအံ့သောငှါ အကျွန်ုပ် အိမ် တံခါးဝ မှ ထွက် လာသောသူ မည်သည်ကို ထာဝရဘုရား အား အမှန်ဆက်သ၍ မီးရှို့ ရာယဇ်ပူဇော် ပါမည်ဟု သစ္စာဂတိထားပြီးမှ၊
kuzakuthi loba yikuphi okuphuma eminyango yendlu yami ukungihlangabeza ekubuyeni kwami ngokuthula ngivela kubantwana bakoAmoni, kuzakuba ngokweNkosi, ngizakunikela kube ngumnikelo wokutshiswa.
32 ၃၂ အမ္မုန် အမျိုးသားတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ၊ ထာဝရဘုရား သည် သူ တို့ကို ယေဖသ လက် ၌ အပ် တော်မူသဖြင့်၊
Ngakho uJefitha wasesedlulela ebantwaneni bakoAmoni ukulwa emelene labo; iNkosi yasibanikela esandleni sakhe.
33 ၃၃ အာရော် မြို့မှစ၍ မိန္နိတ် မြို့တိုင်အောင် ၎င်း ၊ အာဗေလ ခေရမိမ်မြို့တိုင်အောင် ၎င်း ၊ မြို့ နှစ်ဆယ် တို့ကို ကြီးစွာ သောလုပ်ကြံ ခြင်းအားဖြင့် သူ တို့ကို တိုက်သတ် လေ၏။ ထိုသို့ အမ္မုန် အမျိုးသားတို့သည် ဣသရေလ အမျိုးသားတို့ ရှေ့ မှာ ရှုံး ရကြ၏။
Wasebatshaya kusukela eAroweri uze ufike eMinithi, imizi engamatshumi amabili, kuze kube seAbeli-Keramimi, ukutshaya okukhulukazi. Ngokunjalo abantwana bakoAmoni behliselwa phansi phambi kwabantwana bakoIsrayeli.
34 ၃၄ ယေဖသ သည် မိဇပါ မြို့ မိမိ အိမ် သို့ ရောက် လာသောအခါ ၊ မိမိ သမီး သည် ပတ်သာ တီးလျက် ၊ က လျက် ခရီး ဦးကြိုပြုအံ့သောငှါ ထွက် လာ၏။ သူ သည် တယောက် တည်းသော သမီးဖြစ်၍၊ သူ မှတပါး သား သမီး မ ရှိ။
UJefitha wasefika eMizipa endlini yakhe. Khangela-ke, indodakazi yakhe yaphuma ukumhlangabeza, ilezigujana, lemigido; yayiyiyo yodwa eyakhe; ngaphandle kwayo wayengelandodana lendodakazi.
35 ၃၅ ယေဖသသည် သူ့ ကို မြင် လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ အို ငါ့ သမီး ၊ သင် သည် ငါ့ ကို အလွန်နှိမ့်ချ ပြီ တကား။ ငါ့ ကို နှောင့်ရှက် သော သူတယောက်ဖြစ် ပါသည်တကား။ ထာဝရဘုရား အား ငါ လျှောက် ထားပြီ။ နှုတ် ရသောအခွင့်မ ရှိ ဟု ဆို သော်၊
Kwasekusithi lapho eyibona wadabula izigqoko zakhe wathi: Maye ndodakazi yami! Ungithobisile kakhulu, njalo wena uphakathi kwabangihluphayo, ngoba mina ngivule umlomo wami eNkosini, ngingeke ngibuyele emuva.
36 ၃၆ သမီးက၊ ခမည်းတော် သည် ထာဝရဘုရား အား လျှောက် ထားလျှင်၊ လျှောက် ထားသည်အတိုင်း ကျွန်မ ၌ ပြု ပါ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ခမည်းတော် ၏ရန်သူ အမ္မုန် အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါအပြစ် ပေး တော်မူပြီ။
Yasisithi kuye: Baba, uvulile umlomo wakho eNkosini, yenza kimi njengalokho okuphume emlonyeni wakho, lokhu iNkosi ikuphindisele ezitheni zakho, ebantwaneni bakoAmoni.
37 ၃၇ သို့ရာတွင်ကျွန်မ သည် အပေါင်းအဘော် တို့နှင့်တကွ တောင်ရိုး ပေါ် မှာ လှည့်လည် ၍ ၊ ကျွန်မ ၏ အပျို ကညာဖြစ်ခြင်းကို ငိုကြွေး မြည်တမ်းရမည်အကြောင်း၊ နှစ် လ ပတ်လုံးအလွတ် နေပါရစေဟု အဘ အား အခွင့်တောင်း သည်အတိုင်း၊
Yasisithi kuyise: Akungenzele linto: Ngiyekela inyanga ezimbili, ngiye ngehle ezintabeni, ngililele ubuntombi bami, mina labangane bami.
38 ၃၈ အဘက၊ သွား လေတော့ဟုဆို လျက် နှစ် လ ကို ချိန်းချက်၍ လွှတ် လိုက်လျှင် ၊ အပေါင်းအဘော် တို့နှင့်တကွ သွား ၍ တောင်ရိုး ပေါ် မှာ မိမိ အပျို ကညာဖြစ်ခြင်းကို ငိုကြွေး မြည်တမ်းလေ၏။
Wasesithi: Hamba. Waseyiyekela ihamba inyanga ezimbili. Yasihamba, yona labangane bayo, yalilela ubuntombi bayo ezintabeni.
39 ၃၉ နှစ် လ စေ့ သောအခါ အဘ ထံ သို့ ပြန်လာ ၍ ၊ အဘသည် သစ္စာ ဂတိရှိသည်အတိုင်း ပြု လေ၏။ ထို မိန်းမသည် ယောက်ျား နှင့် မ ဆက်ဆံ သောသူဖြစ်၏။
Kwasekusithi ekupheleni kwenyanga ezimbili yabuyela kuyise, owenza kuyo isifungo sakhe asifungayo; yona kayiyazanga indoda. Kwasekusiba ngumkhuba koIsrayeli:
40 ၄၀ ထိုနောက်မှ ဣသရေလ အမျိုးသမီး တို့သည်၊ ဂိလဒ် အမျိုးသားယေဖသ ၏သမီး ကြောင့် တနှစ် တနှစ်လျှင် လေး ရက် ပတ်လုံးငိုကြွေး မြည်တမ်းခြင်းငှါ သွား ရသော ဣသရေလ ထုံးစံ ဓလေ့ဖြစ် လေ၏။
Iminyaka ngeminyaka amadodakazi akoIsrayeli ayehamba ukuyakhumbula indodakazi kaJefitha umGileyadi insuku ezine ngomnyaka.

< တရားသူကြီးမှတ်စာ 11 >