< တရားသူကြီးမှတ်စာ 10 >
1 ၁ အဘိမလက် လက်ထက်နောက် မှ၊ ဣသရေလ အမျိုးကို ကယ်တင် သောသူ ဣသခါ အမျိုး ၊ ဒေါဒေါ သား ဖုဝါ ၏သား တောလ သည် ပေါ်ထွန်း ၍ ၊ ဧဖရိမ် တောင် ပေါ်၊ ရှမိရ မြို့မှာ နေ လေ၏။
아비멜렉의 후에 잇사갈 사람 도도의 손자 부아의 아들 돌라가 일어나서 이스라엘을 구원하니라 그가 에브라임 산지 사밀에 거하여
2 ၂ ထိုသူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် သုံး နှစ်ပတ်လုံးအုပ်စိုး ပြီးမှ သေ ၍ ၊ ရှမိရ မြို့မှာ သင်္ဂြိုဟ် လေ၏။
이스라엘의 사사가 된지 이십삼 년만에 죽으매 사밀에 장사되었더라
3 ၃ ထိုသူ လက်ထက်နောက် မှ၊ ဂိလဒ် ပြည်သားယာဣရ သည် ပေါ်ထွန်း ၍ ၊ ဣသရေလ အမျိုးကို အနှစ်နှစ်ဆယ် နှစ် နှစ် ပတ်လုံးအုပ်စိုး ၏။
그 후에 길르앗 사람 야일이 일어나서 이십이 년 동안 이스라엘의 사사가 되니라
4 ၄ ထိုမင်း ၌ ကား သား သုံးဆယ် ရှိ ၍ ၊ သူ တို့သည် မြည်း သငယ်သုံးဆယ် တို့ကို စီး လျက် ဂိလဒ် ပြည် ၌ ယာဝုတ် ယာဣရ အမည်ဖြင့် ယနေ့ တိုင်အောင် ခေါ်ဝေါ် သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။
그에게 아들 삼십이 있어 어린 나귀 삼십을 탔고 성읍 삼십을 두었었는데 그 성들은 길르앗 땅에 있고 오늘까지 하봇야일이라 칭하더라
5 ၅ ယာဣရ သေ ၍ ကာမုန် မြို့မှာ သင်္ဂြိုဟ် လေ၏။
야일이 죽으매 가몬에 장사되었더라
6 ၆ တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ ဗာလ ဘုရား၊ အာရှတရက် ဘုရား၊ ရှုရိ ဘုရား ၊ ဇိဒုန် ဘုရား ၊ မောဘ ဘုရား ၊ အမ္မုန် ဘုရား ၊ ဖိလိတ္တိ ဘုရား တို့ကို ဝတ်ပြု ၍ ထာဝရဘုရား ကို ဝတ် မ ပြုစွန့် ထားကြ၏။
이스라엘 자손이 다시 여호와의 목전에 악을 행하여 바알들과 아스다롯과 아람의 신들과 시돈의 신들과 모압의 신들과 암몬 자손의 신들과 블레셋 사람의 신들을 섬기고 여호와를 버려 그를 섬기지 아니하므로
7 ၇ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ၍ ဖိလိတ္တိ လူတို့၌ ၎င်း၊ အမ္မုန် အမျိုးသားတို့၌ ၎င်း၊ ရောင်း တော်မူသဖြင့်၊
여호와께서 이스라엘에게 진노하사 블레셋 사람의 손과 암몬 자손의 손에 파시매
8 ၈ ယော်ဒန် မြစ်တစ်ဘက် အာမောရိ လူနေရာ ဂိလဒ် ပြည်၌ နေသောဣသရေလ အမျိုးသားအပေါင်း တို့ကို ထို နှစ် မှစ၍တဆယ် ရှစ် နှစ် ပတ်လုံးညှဉ်းဆဲ ကြ၏။
그들이 그 해부터 이스라엘 자손을 학대하니 요단 저편 길르앗 아모리 사람의 땅에 거한 이스라엘 자손이 십팔 년 동안 학대를 당하였고
9 ၉ အမ္မုန် အမျိုးသားတို့သည်လည်း ၊ ယော်ဒန် မြစ်ကို ကူး ၍ ယုဒ အမျိုး၊ ဗင်္ယာမိန် အမျိုး၊ ဧဖရိမ် အမျိုးသား တို့ကို တိုက် သဖြင့် ၊ ဣသရေလ အမျိုးသားတို့သည် ကြီးစွာ သော ဆင်းရဲ ခြင်းသို့ ရောက်ကြ၏။
암몬 자손이 또 요단을 건너서 유다와 베냐민과 에브라임 족속을 치므로 이스라엘의 곤고가 심하였더라
10 ၁၀ ထိုအခါ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပြစ်မှား ပါပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ကို စွန့် ၍ ၊ ဗာလ ဘုရားတို့ကို ဝတ်ပြု မိပါပြီဟု ထာဝရဘုရား အား ဟစ်ကြော် ကြ၏။
이스라엘 자손이 여호와께 부르짖어 가로되 우리가 우리 하나님을 버리고 바알들을 섬김으로 주께 범죄하였나이다
11 ၁၁ ထာဝရဘုရား ကလည်း ၊ ငါသည် သင်တို့ကို အဲဂုတ္တု လူ၊ အာမောရိ လူ၊ အမ္မုန် လူ ၊ ဖိလိတ္တိ လူတို့လက်မှ ကယ်နှုတ်သည် မဟုတ် လော။
여호와께서 이스라엘 자손에게 이르시되 내가 애굽 사람과 아모리 사람과 암몬 자손과 블레셋 사람에게서 너희를 구원하지 아니하였느냐
12 ၁၂ ဇိဒုန် လူ၊ အာမလက် လူ၊ မောနိ လူတို့ ညှဉ်းဆဲ သောအခါ၌လည်း ၊ သင်တို့သည် ငါ့ ကို ဟစ်ကြော် ၍ ၊ သူ တို့လက် မှ ငါကယ်နှုတ် ၏။
또 시돈 사람과 아말렉 사람과 마온 사람이 너희를 압제할 때에 너희가 내게 부르짖으므로 내가 너희를 그들의 손에서 구원하였거늘
13 ၁၃ သို့သော်လည်း သင် တို့သည် ငါ့ ကို စွန့် ၍ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု သောကြောင့် ၊ နောက်တဖန် ငါမ ကယ်နှုတ်။
너희가 나를 버리고 다른 신들을 섬기니 그러므로 내가 다시는 너희를 구원치 아니하리라
14 ၁၄ သင်တို့ ရွေးယူသော ဘုရား တို့ကို သွား ၍ ဟစ်ကြော် ကြလော့။ အမှု ရောက်သော ယခု ကာလ ၌ သူ တို့သည် ကယ်နှုတ် ကြစေဟု ဣသရေလ အမျိုးသားတို့အား မိန့် တော်မူ၏။
가서 너희가 택한 신들에게 부르짖어서 환난 때에 그들로 너희를 구원하게 하라
15 ၁၅ ဣသရေလ အမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြု တော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ် တော်မူမည်အကြောင်းအကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရား အား တောင်း လျှောက်လျက်၊
이스라엘 자손이 여호와께 여짜오되 우리가 범죄하였사오니 주의 보시기에 좋은 대로 우리에게 행하시려니와 오직 주께 구하옵나니 오늘날 우리를 건져 내옵소서 하고
16 ၁၆ တပါး အမျိုးသားကိုးကွယ်သော ဘုရား တို့ကို ပယ် ၍ ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလ အမျိုး ခံရသောဒုက္ခ ဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံး ရှိတော်မူ၏။
자기 가운데서 이방 신들을 제하여 버리고 여호와를 섬기매 여호와께서 이스라엘의 곤고를 인하여 마음에 근심하시니라
17 ၁၇ အမ္မုန် အမျိုးသားတို့သည် စည်းဝေး ၍ ဂိလဒ် ပြည်၌ တပ်ချ ကြ၏။ ဣသရေလ အမျိုးသားတို့သည် စည်းဝေး ၍ မိဇပါ မြို့မှာ တပ်ချ ကြ၏။
그 때에 암몬 자손이 모여서 길르앗에 진 쳤으므로 이스라엘 자손도 모여서 미스바에 진 치고
18 ၁၈ ဂိလဒ် ပြည်သားမင်း များတို့က၊ အကြင်သူ သည် အမ္မုန် အမျိုးသားတို့ကို အဦး တိုက် ၏၊ ထိုသူသည် ဂိလဒ် ပြည်သား အပေါင်း တို့၏ အထွဋ် ဖြစ် စေဟု တိုင်ပင် စီရင်ကြ၏။
길르앗 백성과 방백들이 서로 이르되 누가 먼저 나가서 암몬 자손과 싸움을 시작할꼬 그가 길르앗 모든 거민의 머리가 되리라 하니라