< တရားသူကြီးမှတ်စာ 10 >

1 အဘိမလက် လက်ထက်နောက် မှ၊ ဣသရေလ အမျိုးကို ကယ်တင် သောသူ ဣသခါ အမျိုး ၊ ဒေါဒေါ သား ဖုဝါ ၏သား တောလ သည် ပေါ်ထွန်း ၍ ၊ ဧဖရိမ် တောင် ပေါ်၊ ရှမိရ မြို့မှာ နေ လေ၏။
After Abimelech there arose a ruler in Israel, Thola son of Phua the uncle of Abimelech, a man of Issachar, who dwelt in Samir of mount Ephraim:
2 ထိုသူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် သုံး နှစ်ပတ်လုံးအုပ်စိုး ပြီးမှ သေ ၍ ၊ ရှမိရ မြို့မှာ သင်္ဂြိုဟ် လေ၏။
And he judged Israel three and twenty years, and he died and was buried in Samir.
3 ထိုသူ လက်ထက်နောက် မှ၊ ဂိလဒ် ပြည်သားယာဣရ သည် ပေါ်ထွန်း ၍ ၊ ဣသရေလ အမျိုးကို အနှစ်နှစ်ဆယ် နှစ် နှစ် ပတ်လုံးအုပ်စိုး ၏။
To him succeeded Jair the Galaadite, who judged Israel for two and twenty years.
4 ထိုမင်း ၌ ကား သား သုံးဆယ် ရှိ ၍ ၊ သူ တို့သည် မြည်း သငယ်သုံးဆယ် တို့ကို စီး လျက် ဂိလဒ် ပြည် ၌ ယာဝုတ် ယာဣရ အမည်ဖြင့် ယနေ့ တိုင်အောင် ခေါ်ဝေါ် သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။
Having thirty sons that rode on thirty ass colts, and were princes of thirty cities, which from his name were called Havoth Jair, that is, the towns of Jair, until this present day in the land of Galaad.
5 ယာဣရ သေ ၍ ကာမုန် မြို့မှာ သင်္ဂြိုဟ် လေ၏။
And Jair died: and was buried in the place which was called Camon.
6 တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ ဗာလ ဘုရား၊ အာရှတရက် ဘုရား၊ ရှုရိ ဘုရား ၊ ဇိဒုန် ဘုရား ၊ မောဘ ဘုရား ၊ အမ္မုန် ဘုရား ၊ ဖိလိတ္တိ ဘုရား တို့ကို ဝတ်ပြု ၍ ထာဝရဘုရား ကို ဝတ် မ ပြုစွန့် ထားကြ၏။
But the children of Israel, adding new sins to their old ones, did evil in the sight of the Lord, and served idols, Baalim and Astaroth, and the gods of Syria and of Sidon and of Moab and of the children of Ammon and of the Philistines: and they left the Lord, and did not serve him.
7 ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ၍ ဖိလိတ္တိ လူတို့၌ ၎င်း၊ အမ္မုန် အမျိုးသားတို့၌ ၎င်း၊ ရောင်း တော်မူသဖြင့်၊
And the Lord being angry with them, delivered them into the hands of the Philistines and of the children of Ammon.
8 ယော်ဒန် မြစ်တစ်ဘက် အာမောရိ လူနေရာ ဂိလဒ် ပြည်၌ နေသောဣသရေလ အမျိုးသားအပေါင်း တို့ကို ထို နှစ် မှစ၍တဆယ် ရှစ် နှစ် ပတ်လုံးညှဉ်းဆဲ ကြ၏။
And they were afflicted, and grievously oppressed for eighteen years, all they that dwelt beyond the Jordan in the land of the Amorrhite, who is in Galaad:
9 အမ္မုန် အမျိုးသားတို့သည်လည်း ၊ ယော်ဒန် မြစ်ကို ကူး ၍ ယုဒ အမျိုး၊ ဗင်္ယာမိန် အမျိုး၊ ဧဖရိမ် အမျိုးသား တို့ကို တိုက် သဖြင့် ၊ ဣသရေလ အမျိုးသားတို့သည် ကြီးစွာ သော ဆင်းရဲ ခြင်းသို့ ရောက်ကြ၏။
Insomuch that the children of Ammon passing over the Jordan, wasted Juda and Benjamin and Ephraim: and Israel was distressed exceedingly.
10 ၁၀ ထိုအခါ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပြစ်မှား ပါပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ကို စွန့် ၍ ၊ ဗာလ ဘုရားတို့ကို ဝတ်ပြု မိပါပြီဟု ထာဝရဘုရား အား ဟစ်ကြော် ကြ၏။
And they cried to the Lord, and said: We have sinned against thee, because we have forsaken the Lord our God, and have served Baalim.
11 ၁၁ ထာဝရဘုရား ကလည်း ၊ ငါသည် သင်တို့ကို အဲဂုတ္တု လူ၊ အာမောရိ လူ၊ အမ္မုန် လူ ၊ ဖိလိတ္တိ လူတို့လက်မှ ကယ်နှုတ်သည် မဟုတ် လော။
And the Lord said to them: Did not the Egyptians and the Amorrhites, and the children of Ammon and the Philistines,
12 ၁၂ ဇိဒုန် လူ၊ အာမလက် လူ၊ မောနိ လူတို့ ညှဉ်းဆဲ သောအခါ၌လည်း ၊ သင်တို့သည် ငါ့ ကို ဟစ်ကြော် ၍ ၊ သူ တို့လက် မှ ငါကယ်နှုတ် ၏။
The Sidonians also and Amalec and Chanaan oppress you, and you cried to me, and I delivered you out of their hand?
13 ၁၃ သို့သော်လည်း သင် တို့သည် ငါ့ ကို စွန့် ၍ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု သောကြောင့် ၊ နောက်တဖန် ငါမ ကယ်နှုတ်။
And yet you have forsaken me, and have worshipped strange gods: therefore I will deliver you no more:
14 ၁၄ သင်တို့ ရွေးယူသော ဘုရား တို့ကို သွား ၍ ဟစ်ကြော် ကြလော့။ အမှု ရောက်သော ယခု ကာလ ၌ သူ တို့သည် ကယ်နှုတ် ကြစေဟု ဣသရေလ အမျိုးသားတို့အား မိန့် တော်မူ၏။
Go and call upon the gods which you have chosen: let them deliver you in the time of distress.
15 ၁၅ ဣသရေလ အမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြု တော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ် တော်မူမည်အကြောင်းအကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရား အား တောင်း လျှောက်လျက်၊
And the children of Israel said to the Lord: We have sinned, do thou unto us whatsoever pleaseth thee: only deliver us this time.
16 ၁၆ တပါး အမျိုးသားကိုးကွယ်သော ဘုရား တို့ကို ပယ် ၍ ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလ အမျိုး ခံရသောဒုက္ခ ဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံး ရှိတော်မူ၏။
And saying these things, they cast away out of their coasts all the idols of strange gods and served the Lord their God: and he was touched with their miseries.
17 ၁၇ အမ္မုန် အမျိုးသားတို့သည် စည်းဝေး ၍ ဂိလဒ် ပြည်၌ တပ်ချ ကြ၏။ ဣသရေလ အမျိုးသားတို့သည် စည်းဝေး ၍ မိဇပါ မြို့မှာ တပ်ချ ကြ၏။
And the children of Ammon shouting together, pitched their tents in Galaad: against whom the children of Israel assembled themselves together and camped in Maspha.
18 ၁၈ ဂိလဒ် ပြည်သားမင်း များတို့က၊ အကြင်သူ သည် အမ္မုန် အမျိုးသားတို့ကို အဦး တိုက် ၏၊ ထိုသူသည် ဂိလဒ် ပြည်သား အပေါင်း တို့၏ အထွဋ် ဖြစ် စေဟု တိုင်ပင် စီရင်ကြ၏။
And the princes of Galaad said one to another: Whosoever of us shall first begin to fight against the children of Ammon, he shall be the leader of the people of Galaad.

< တရားသူကြီးမှတ်စာ 10 >