< တရားသူကြီးမှတ်စာ 1 >
1 ၁ ယောရှု အနိစ္စ ရောက်သောနောက် ၊ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ် တို့တွင် အဘယ်သူ သည် ခါနနိ လူတို့ရှိရာသို့ ရှေ့ဦးစွာ ချီ သွားရပါမည်နည်းဟု ထာဝရဘုရား အား မေး လျှောက်ကြလျှင်၊
post mortem Iosue consuluerunt filii Israhel Dominum dicentes quis ascendet ante nos contra Chananeum et erit dux belli
2 ၂ ထာဝရဘုရား က၊ ယုဒ သည် ချီ သွားရမည်။ ထိုပြည် ကို သူ ၏လက် ၌ ငါအပ် မည်ဟု မိန့် တော်မူ၏။
dixitque Dominus Iudas ascendet ecce tradidi terram in manus eius
3 ၃ ယုဒ သည် မိမိ အစ်ကို ရှိမောင် အား ၊ ခါနနိ လူတို့ကို တိုက် ခြင်းငှါ ငါ့ အမွေမြေ သို့ ငါ နှင့်အတူ လိုက် ပါ။ သင့် အမွေမြေ သို့ လည်း သင် နှင့်အတူ ငါ လိုက် သွားမည်ဟုဆို သည်အတိုင်း ရှိမောင် သည် လိုက် သွားလေ၏။
et ait Iudas Symeoni fratri suo ascende mecum in sorte mea et pugna contra Chananeum ut et ego pergam tecum in sorte tua et abiit cum eo Symeon
4 ၄ ယုဒ ချီ သွား၍ ထာဝရဘုရား သည် ခါနနိ လူ၊ ဖေရဇိ လူတို့ကို အပ် တော်မူသဖြင့် ၊ ဗေဇက် မြို့၌ လူ တထောင် ကိုသတ် လေ၏။
ascenditque Iudas et tradidit Dominus Chananeum ac Ferezeum in manus eorum et percusserunt in Bezec decem milia virorum
5 ၅ အဒေါနိဗေဇက် မင်းကို ဗေဇက် မြို့၌ တွေ့ ၍ ၊ ခါနနိ လူ၊ ဖေရဇိ လူတို့ကိုသတ် သောအခါ၊
inveneruntque Adonibezec in Bezec et pugnaverunt contra eum ac percusserunt Chananeum et Ferezeum
6 ၆ အဒေါနိဗေဇက် သည် ပြေး လေ၏။ ယုဒလူတို့သည် လိုက် ၍ ဘမ်း မိပြီးလျှင် လက်မ ၊ ခြေမတို့ကို ဖြတ် ကြ၏။
fugit autem Adonibezec quem secuti conprehenderunt caesis summitatibus manuum eius ac pedum
7 ၇ အဒေါနိဗေဇက် ကလည်း ၊ လက်မ နှင့် ခြေမဖြတ် သော မင်းကြီး ခုနစ်ဆယ် တို့သည်၊ အထက်က ငါ့ စားပွဲ အောက် ၌ စားနုပ်စားပေါက်ကို ကောက် ၍ စားရကြ၏။ ငါပြု ဘူးသည်အတိုင်း ၊ ဘုရား သခင်သည် ငါ ၌ အပြစ် ပေးတော်မူပြီဟု ဆို ၏။ ထိုမင်း ကို ယေရုရှလင် မြို့သို့ ပို့ ၍ သူသည် ထို မြို့မှာ သေ လေ၏။
dixitque Adonibezec septuaginta reges amputatis manuum ac pedum summitatibus colligebant sub mensa mea ciborum reliquias sicut feci ita reddidit mihi Deus adduxeruntque eum in Hierusalem et ibi mortuus est
8 ၈ ယုဒ အမျိုးသားတို့သည် ယေရုရှလင် မြို့ကို တိုက် ယူ ၍ ထား နှင့် လုပ်ကြံ ပြီးမှ မီး ရှို့ ကြ၏။
obpugnantes ergo filii Iuda Hierusalem ceperunt eam et percusserunt in ore gladii tradentes cunctam incendio civitatem
9 ၉ ထိုနောက် တောင် ပေါ်၌၎င်း ၊ တောင် မျက်နှာ၌၎င်း ၊ ချိုင့် ထဲ၌၎င်း နေ သောခါနနိ လူတို့ကို အတိုက် သွား ကြ၏။
et postea descendentes pugnaverunt contra Chananeum qui habitabat in montanis et ad meridiem et in campestribus
10 ၁၀ တဖန် ယုဒ အမျိုးသည်၊ ကိရယသာဘ အမည် ဟောင်း ရှိသောဟေဗြုန် မြို့၌ နေ သောခါနနိ လူတို့ ရှိရာသို့ ချီ သွား၍၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲ တို့ကို လုပ်ကြံ ကြ၏။
pergensque Iudas contra Chananeum qui habitabat in Hebron cui nomen fuit antiquitus Cariatharbe percussit Sisai et Ahiman et Tholmai
11 ၁၁ တဖန် ကိရယဿေဖာ အမည်ဟောင်း ရှိ သောဒေဗိရ မြို့သားတို့ရှိရာသို့ ချီ ပြန်၍၊
atque inde profectus abiit ad habitatores Dabir cuius nomen vetus erat Cariathsepher id est civitas Litterarum
12 ၁၂ ကာလက် က၊ ကိရယဿောဖာ မြို့ကို တိုက်ယူ လုပ်ကြံ သောသူ အား ၊ ငါ သည် သမီး အာခသ ကို ပေးစား မည်ဟု ဆို လျှင်၊
dixitque Chaleb qui percusserit Cariathsepher et vastaverit eam dabo ei Axam filiam meam uxorem
13 ၁၃ ကာလက် ညီ ကေနတ် ၏ သား ဩသံယေလ သည် ထိုမြို့ ကို တိုက် ယူ၍၊ ကာလက်သည် သမီး အာခသ ကို သူ့ အား ပေးစား လေ၏။
cumque cepisset eam Othonihel filius Cenez frater Chaleb minor dedit ei filiam suam coniugem
14 ၁၄ ထိုမိန်းမ သည် ခရီးသွား စဉ် အခါ၊ လယ် တကွက်ကို အဘ ၌ တောင်း ခြင်းငှါ လင် နှင့် တိုင်ပင် ပြီးမှ မြည်း ပေါ် က ဆင်း လေ၏။ အဘကာလက် က၊ အဘယ် အလိုရှိသနည်းဟုမေး လျှင်၊
quam pergentem in itinere monuit vir suus ut peteret a patre suo agrum quae cum suspirasset sedens asino dixit ei Chaleb quid habes
15 ၁၅ သမီးက၊ ကောင်းကြီး ပေး စေချင်ပါ၏။ ကိုယ်တော်သည် တောင် မျက်နှာအရပ် ကိုပေး ပါပြီ။ စမ်း ရေတွင်း တို့ကိုလည်း ပေး တော်မူပါဦးဟု တောင်း သည်အတိုင်း အဘသည် အထက် စမ်း ရေတွင်း၊ အောက် စမ်း ရေတွင်းတို့ကိုပေး လေ၏။
at illa respondit da mihi benedictionem quia terram arentem dedisti mihi da et inriguam aquis dedit ergo ei Chaleb inriguum superius et inriguum inferius
16 ၁၆ မောရှေ ယောက္ခမ ၏သား မြေးဖြစ်သော ကေနိ အမျိုးသားတို့သည်၊ ယုဒ အမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ် မြို့ တောင် ဘက်၊ ယုဒ တော သို့ လိုက် သွား၍ နေရာကျ ကြ၏။
filii autem Cinei cognati Mosi ascenderunt de civitate Palmarum cum filiis Iuda in desertum sortis eius quod est ad meridiem Arad et habitaverunt cum eo
17 ၁၇ တဖန် ယုဒ သည် အစ်ကို ရှိမောင် နှင့်အတူ သွား ၍ ဇေဖတ် မြို့၌နေ သောခါနနိ လူတို့ကို လုပ်ကြံ ၍ မြို့ ကို ရှင်းရှင်းဖျက်ဆီး ပြီးလျှင် ၊ ထိုမြို့ ကို ဟော်မာ အမည် ဖြင့် သမုတ် ကြ၏။
abiit autem Iudas cum Symeone fratre suo et percusserunt simul Chananeum qui habitabat in Sephath et interfecerunt eum vocatumque est nomen urbis Horma id est anathema
18 ၁၈ ယုဒ သည် ဂါဇ မြို့နှင့် မြို့နယ် ၊ အာရှကေလုန် မြို့နှင့် မြို့နယ် ၊ ဧကြုန် မြို့နှင့် မြို့နယ် တို့ကိုလည်း တိုက် ယူလေ၏။
cepitque Iudas Gazam cum finibus suis et Ascalonem atque Accaron cum terminis suis
19 ၁၉ ထာဝရဘုရား သည် ယုဒ နှင့်အတူ ရှိ တော်မူ၍ ၊ သူသည် တောင် ပေါ်မှာ နေသောသူတို့ ကို နှင်ထုတ် လေ၏။ ချိုင့် သားတို့ကို မ နှင်ထုတ် နိုင်။ အကြောင်းမူကား ၊ သူ တို့သည် သံ ရထား ရှိကြ၏။
fuitque Dominus cum Iuda et montana possedit nec potuit delere habitatores vallis quia falcatis curribus abundabant
20 ၂၀ မောရှေ မှာ ထားသည်အတိုင်း ဟေဗြုန် မြို့ကို ကာလက် အား ပေး ကြ၍ ၊ သူသည် အာနက သား သုံး ယောက်တို့ကို ထို မြို့မှ နှင်ထုတ် လေ၏။
dederuntque Chaleb Hebron sicut dixerat Moses qui delevit ex ea tres filios Enach
21 ၂၁ ဗင်္ယာမိန် အမျိုးသားတို့သည်၊ ယေရုရှလင် မြို့၌နေ သောယေဗုသိ လူတို့ကို မ နှင်ထုတ် ဘဲ၊ သူ တို့သည် ယနေ့ တိုင်အောင် ဗင်္ယာမိန် အမျိုးသားတို့နှင့်အတူ ယေရုရှလင် မြို့၌ နေ ကြသတည်း။
Iebuseum autem habitatorem Hierusalem non deleverunt filii Beniamin habitavitque Iebuseus cum filiis Beniamin in Hierusalem usque in praesentem diem
22 ၂၂ ယောသပ် အမျိုးသားတို့သည်လည်း ၊ ဗေသလ မြို့သို့ ချီ သွား၍ ၊ ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။
domus quoque Ioseph ascendit in Bethel fuitque Dominus cum eis
23 ၂၃ လုဇ အမည် ဟောင်း ရှိသောထိုမြို့ ကို စူးစမ်းစေခြင်းငှါ စေလွှတ် သော သူလျှိုတို့သည်၊
nam cum obsiderent urbem quae prius Luza vocabatur
24 ၂၄ မြို့ ထဲက ထွက် လာသောလူ တယောက်ကို တွေ့မြင် ၍၊ မြို့ ထဲသို့ ဝင် သောလမ်းကို ပြ ပါတော့။ သို့ပြလျှင် သင့် ကို ချမ်းသာ ပေးမည်ဟု ဆို သော်၊
viderunt hominem egredientem de civitate dixeruntque ad eum ostende nobis introitum civitatis et faciemus tecum misericordiam
25 ၂၅ ထိုသူသည် မြို့ ထဲသို့ ဝင် သောလမ်းကို ပြ သဖြင့် ၊ သူတို့သည် မြို့ သားတို့ကို ထား နှင့် လုပ်ကြံ ၍ ၊ ထိုလူ နှင့် သူ ၏အိမ်သား အပေါင်း တို့ကို လွှတ် ကြ၏။
qui cum ostendisset eis percusserunt urbem in ore gladii hominem autem illum et omnem cognationem eius dimiserunt
26 ၂၆ ထိုသူ သည် ဟိတ္တိ ပြည် သို့ သွား ပြီးလျှင် ၊ မြို့ ကို တည်ထောင် ၍ လုဇ အမည် ဖြင့် သမုတ် လေ၏။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
qui dimissus abiit in terram Etthim et aedificavit ibi civitatem vocavitque eam Luzam quae ita appellatur usque in praesentem diem
27 ၂၇ မနာရှေအမျိုးသည်၊ ဗက်ရှန် မြို့ ရွာများ၊ တာနက် မြို့ ရွာများ၊ ဒေါရ မြို့ ရွာများ၊ ဣဗလံ မြို့ ရွာများ၊ မေဂိဒ္ဒေါ မြို့ ရွာများ၌ နေ သောသူတို့ကို မ နှင်ထုတ် ဘဲ၊ ခါနနိ လူတို့သည် အနိုင်နေ ကြ၏။
Manasses quoque non delevit Bethsan et Thanach cum viculis suis et habitatores Dor et Ieblaam et Mageddo cum viculis suis coepitque Chananeus habitare cum eis
28 ၂၈ တဖန် ဣသရေလ အမျိုးသားတို့သည် အား ကြီးသောအခါ ၊ ခါနနိ လူတို့ကို မ နှင်ထုတ် သော်လည်း အခွန် ကို ဆက်သွင်းစေကြ၏။
postquam autem confortatus est Israhel fecit eos tributarios et delere noluit
29 ၂၉ ထိုအတူ ဧဖရိမ် အမျိုးသည် ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ဂေဇာ မြို့၌ ရောနှောလျက် နေ ကြ၏။
Ephraim etiam non interfecit Chananeum qui habitabat in Gazer sed habitavit cum eo
30 ၃၀ ထိုအတူ ဇာဗုလုန် အမျိုးသည် ကိတရုန် မြို့ သား၊ နဟာလောလ မြို့ သားတို့ကို မ နှင်ထုတ် ဘဲ၊ ခါနနိ လူတို့ သည် ရောနှော လျက်နေ ၍ ၊ အခွန် ပေးကြ၏။
Zabulon non delevit habitatores Cetron et Naalon sed habitavit Chananeus in medio eius factusque est ei tributarius
31 ၃၁ ထိုအတူ အာရှာ အမျိုးသည် အက္ခော မြို့ သား၊ ဇိဒုန် မြို့ သား၊ အာလပ် မြို့သား၊ အာခဇိပ် မြို့သား၊ ဟေလဗ မြို့သား၊ အာဖိတ် မြို့သား၊ ရဟောဘ မြို့သားတို့ကို မ နှင်ထုတ် ဘဲ၊
Aser quoque non delevit habitatores Achcho et Sidonis Alab et Achazib et Alba et Afec et Roob
32 ၃၂ အာရှာ အမျိုးသားတို့သည် ပြည် သားခါနနိ လူတို့နှင့် ရောနှော ၍ နေ ကြ၏။
habitavitque in medio Chananei habitatoris illius terrae nec interfecit eum
33 ၃၃ ထိုအတူ နဿလိ အမျိုးသည် ဗက်ရှေမက် မြို့ သား၊ ဗေသနတ် မြို့ သားတို့ကို မ နှင်ထုတ် ဘဲ၊ ပြည် သားခါနနိ လူတို့နှင့် ရောနှော ၍ နေ ကြ၏။ သို့ရာတွင် ဗက်ရှေမက် မြို့ သား၊ ဗေသနတ် မြို့သားတို့ သည် အခွန် ပေးလျက် နေကြ၏။
Nepthali non delevit habitatores Bethsemes et Bethanath et habitavit inter Chananeum habitatorem terrae fueruntque ei Bethsemitae et Bethanitae tributarii
34 ၃၄ အာမောရိ လူတို့သည်လည်း ဒန် အမျိုးသားတို့ကို တောင် ပေါ်သို့ နှင် သဖြင့်၊ ချိုင့် ထဲမှာ နေ ရသောအခွင့် ကို မ ပေးကြ။
artavitque Amorreus filios Dan in monte nec dedit eis locum ut ad planiora descenderent
35 ၃၅ အာမောရိ လူတို့သည် ဟေရက် တောင် ပေါ်မြို့၊ အာဇလုန် မြို့၊ ရှာလဗိမ် မြို့၌ အနိုင်နေ ကြ၏။ သို့ရာတွင် ယောသပ် အမျိုးသားတို့သည် အား ကြီး သဖြင့် အာမောရိလူတို့သည် အခွန် ပေးရကြ၏။
habitavitque in monte Hares quod interpretatur testaceo in Ahilon et Salabim et adgravata est manus domus Ioseph factusque est ei tributarius
36 ၃၆ အာမောရိ လူနေရသောအရပ် သည် အကရဗ္ဗိမ် ကုန်း နား၊ သေလ မြို့မှစ၍ အထက် အရပ်ပေတည်း။
fuit autem terminus Amorrei ab ascensu Scorpionis Petra et superiora loca