< ယုဒ 1 >

1 ယေရှု ခရစ် ၏ ကျွန် ဖြစ်သောယာကုပ် ညီ ငါယုဒ သည် ခမည်းတော် ဘုရားသခင် သန့်ရှင်း စေတော်မူ၍၊ ယေရှု ခရစ် ခေါ် ထားစောင့်မ တော်မူသောသူတို့ကို ကြားလိုက်ပါ၏။
JUDE a servant of Jesus Christ, and brother of James, to those who are sanctified in God the Father, and preserved by Jesus Christ, the called:
2 သင် တို့၌ကရုဏာ ရှိပါစေသော။ ငြိမ်သက် ခြင်းနှင့် ချစ် ခြင်းများပြား ပါစေသော။
mercy unto you, and peace and love be multiplied.
3 ချစ်သူ တို့၊ အညီအမျှဆက်ဆံသော ကယ်တင် ခြင်းအကြောင်း အရာကို သင် တို့ထံသို့ရေး ၍ ပေးလိုက် ခြင်းငှာငါ သည်အလွန် ကြိုးစား သည်တွင်၊ သန့်ရှင်း သူတို့၌ အထက် ကအပ်ပေး ခဲ့ပြီးသော ယုံကြည် ခြင်းတရား ဘက်မှာ သင် တို့သည် ကြိုးစား ၍တိုက်လှန်စေခြင်းငှာနှိုးဆော် သွေးဆောင်၍ ရေး လိုက်ရသောအကြောင်း ရှိ ၏။
Beloved, when I gave all diligence to write unto you concerning the common salvation, I held it necessary to write unto you, exhorting you to contend earnestly for the faith once delivered unto the saints.
4 အဘယ်ကြောင့် နည်းဟူမူကား၊ ငါ တို့ဘုရားသခင် ၏ ကျေးဇူး တော်ကို ကိလေသာ ၏ ညစ်ညူး ခြင်းအလိုငှာမှောက်လှန် လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင် ၊ ငါ တို့သခင် ယေရှု ခရစ် ကို ငြင်းပယ် လျက်၊ အပြစ် ခံစေခြင်းငှာ ရှေး ကစီရင် မှတ်သားနှင့်သောအဓမ္မလူ အချို့ တို့သည် ပရိယာယ် နှင့် အမှတ်တမဲ့ဝင်ကြပြီ။
For certain men have craftily introduced themselves, who were from of old proscribed for this condemnation, ungodly men, changing the grace of God into impurity, and denying our only sovereign God and Lord, Jesus Christ.
5 ထို့ကြောင့်သင် တို့သည်သိ နှင့်သော်လည်း ငါသည် သတိပေး ၍ ပြောချင် သော အကြောင်း အရာ ဟူမူကား ၊ ထာဝရ ဘုရားသည် ဣသရေလ လူ တို့ကို အဲဂုတ္တု ပြည် မှ ကယ်လွှတ် တော်မူပြီးလျှင်၊ မ ယုံကြည် သော သူ တို့ကိုတဖန် ဖျက်ဆီး တော်မူ၏။
But I would remind you, though ye once knew this, that the Lord, though he delivered the people out of the land of Egypt, afterwards destroyed those who believed not.
6 ထိုမှတပါး၊ မိမိ တို့အခွင့် အရာကိုမ စောင့် ၊ မိမိ တို့ နေရာ အရပ်ကို စွန့်ပစ် သော ကောင်းကင်တမန် တို့ကို၊ ကြီးစွာ သောနေ့ ၌ စစ်ကြော စီရင်ခြင်းအလိုငှာ ၊ ထာဝရ ချည်နှောင် ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော်မူ၏။ (aïdios g126)
And the angels who preserved not their own primitive state, but deserted their proper abode, hath he reserved in everlasting chains under darkness, unto the judgment of the great day. (aïdios g126)
7 ထိုနည်းတူ ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍ ပတ်ဝန်းကျင် ၌ ရှိသောမြို့ တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရား သော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည် သောကြောင့်၊ ထာဝရ မီး နှင့်ကျွမ်းလောင် ခြင်း ဒဏ်ကိုခံရ ၍ ပုံ သက်သေထင်ရှား လျက်ရှိကြ၏။ (aiōnios g166)
As Sodom and Gomorrha and the surrounding cities, in like manner with them abandoned to whoredom, and going after other flesh, are set forth an example, suffering the judicial punishment of eternal fire. (aiōnios g166)
8 ယခု ယောင်ယမ်း သောအဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ ကိုယ် ကိုညစ်ညူး စေ၍၊ အာဏာစက် ကိုပယ် လျက် ၊ ဘုန်း တန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ တတ်ကြ၏။
In like manner also do these men, even when they dream, defile indeed the flesh, despise sovereignty, and revile dignities.
9 ကောင်းကင် တမန် မင်းမိက္ခေလ မူကား ၊ မောရှေ ၏ ကိုယ် ကို အကြောင်း ပြု၍ မာရ်နတ် နှင့် ငြင်းခုံ သောအခါ ၊ ကဲ့ရဲ့ စွာသော ပြစ်တင် ခြင်းကိုမ ပြု ဝံ့ဘဲ၊ ထာဝရ ဘုရားသည် သင့် ကိုဆုံးမ တော်မူစေသတည်းဟူ၍သာ ပြောဆို ၏။
Though Michael the archangel, when contending with the devil, he disputed about the body of Moses, dared not to produce a railing accusation, but said, The Lord rebuke thee.
10 ၁၀ ထိုသူ တို့မူကား ၊ မိမိတို့နား မ လည်သောအရာ များကို ကဲ့ရဲ့ တတ်ကြ၏။ တိရစ္ဆာန် ကဲ့သို့ ပကတိ အတိုင်းမိမိတို့နားလည် သော အရာ များဖြင့် မိမိတို့ကိုပုပ်ပျက် စေတတ်ကြ၏။
But these men speak evil even of the things of which they have no knowledge: but such things as they know naturally, as the brute beasts, in these they corrupt themselves.
11 ၁၁ သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကာဣန နောက် သို့လိုက်ကြ၏။ အခ ကိုရခြင်းငှာဗာလမ် မှားယွင်း သကဲ့သို့အလွန်မှားယွင်းခြင်းရှိကြ၏။ ကောရ ၏ငြင်းခုံ ခြင်းအပြစ်နှင့် ဖျက်ဆီး ခြင်းသို့ရောက် ကြ၏။
Wo unto them! for they have walked in the way of Cain, and have eagerly run in Balaam’s erroneous path of hire, and have perished in opposition, like Corah.
12 ၁၂ မေတ္တာ ပွဲလုပ် ၍ သင် တို့နှင့်အတူစား သောက်သောအခါ အားမနာ ဘဲ၊ မိမိ တို့ကိုဝ စွာကျွေး၍ ပွဲ၌ အစွန်းအကွက် ဖြစ်ကြ၏။ ရေ မရှိ၊ လေ တိုက်၍လွင့် သော မိုဃ်းတိမ် ကဲ့သို့၎င်း၊ ညှိုးနွမ်း ၍ အသီး မတင်၊ နှစ် ကြိမ် သေ ၍ နှုတ် ပစ်သော သစ်ပင် ကဲ့သို့၎င်း၊
These are in your feasts of love, as sunken rocks; though joining in your banquet, they feed themselves fearlessly; clouds without water carried about by the winds; trees untimely withering, fruitless, twice dead, rooted up;
13 ၁၃ မိမိ ရှက် ခြင်းအကြောင်းကို ပွက် စေတတ်သော လှိုင်း တံပိုးရိုင်း ကဲ့သို့၎င်း၊ ကြယ် ပျံ ကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက် သော ထာဝရ မှောင်မိုက် ကို သိုထား လျက်ရှိ၏။ (aiōn g165)
raging billows of the sea foaming out their own infamies; stars wandering from their courses, for whom the blackness of darkness for ever is reserved. (aiōn g165)
14 ၁၄ အာဒံ မှ ဆင်းသက်၍ ခုနှစ် ဆက်မြောက်သောသူ ဧနောက် က၊ ထာဝရ ဘုရားသည် ခပ်သိမ်း သော သူ တို့ကို တရား စီရင်တော်မူ၍ ၊ မတရား သောသူတို့သည် မတရား သဖြင့် ပြုသောအဓမ္မအမှု ရှိသမျှ တို့၏ အပြစ်ကို၎င်း၊ မတရား သောလူဆိုး တို့သည် ဘုရားသခင် ကို ပြစ်မှား ၍ ပြော သောကြမ်းတမ်း သော စကား ရှိသမျှ တို့၏ အပြစ် ကိုဖော်ပြ ခြင်းငှာ၊
Now Enoch, the seventh from Adam, prophesied also of these men, saying, Behold, the Lord cometh with myriads of his saints,
15 ၁၅ အတိုင်းမသိများစွာသော မိမိ သန့်ရှင်း သူတို့နှင့်တကွ ကြွလာ တော်မူလိမ့်မည်ဟု ပရောဖက် ပြု၍ ဟောပြော လေ၏။
to execute judgment against all men, and to convict all the ungodly of all their deeds of ungodliness which they have impiously committed, and of all the bitter words which impious offenders have spoken against him.
16 ၁၆ ထိုသူ တို့သည် မြည်တမ်း ၏ အပြစ်တင် တတ်သောသူ၊ ကိုယ် တပ်မက် ခြင်းအတိုင်း ကျင့် တတ်သောသူ၊ ထောင်လွှား သော စကား ကိုပြော တတ်သောသူ ၊ ကိုယ် အကျိုးစီးပွားကြောင့် သူ့မျက်နှာ ကို ထောက်ထား ခန့်ညားတတ်သော သူဖြစ် ကြ၏။
These men are murmurers, complainers at their lot in life, walking after their own corrupt passions; and their mouth utters hyperbolically pompous expressions, pretending high personal admiration, in order to make their advantage.
17 ၁၇ ချစ်သူ တို့၊ နောက်ဆုံး သောကာလ ၌ ၊ မိမိ တို့မတရား သော တပ်မက် ခြင်းအတိုင်း ကျင့် နေ၍၊ ပြက်ယယ်ပြု တတ်သော သူတို့သည် ပေါ် ကြလိမ့်မည်ဟု
But ye, beloved, remember the words which have been spoken before by the apostles of our Lord Jesus Christ,
18 ၁၈ ငါ တို့သခင် ယေရှု ခရစ် ၏ တမန်တော် တို့သည် ဟောပြော နှင့်သော စကား များကိုအောက်မေ့ ကြလော့။
how they told you that in the last time there will be scoffers, walking after their own ungodly passions.
19 ၁၉ ထို သူတို့သည်သင်းခွဲ သောသူ ၊ ဝိညာဉ် တော်နှင့် ကင်း သော ဇာတိ ပကတိလူဖြစ် ကြ၏။
These are the men who separate themselves, sensual, destitute of the Spirit.
20 ၂၀ ချစ်သူ တို့၊ သင် တို့သည် မိမိ တို့အလွန် သန့်ရှင်းသော ယုံကြည် ခြင်းအပေါ်မှာမိမိ တို့ကို တည်ဆောက် လျက်၊ သန့်ရှင်း သောဝိညာဉ် တော်အားဖြင့် ဆုတောင်း ပဌနာပြုလျက်၊
But ye, beloved, building yourselves up on your most holy faith, praying by the Holy Ghost,
21 ၂၁ ဘုရားသခင် ကို ချစ် ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ် စောင့်ရှောက် ၍ ထာဝရ အသက် အလိုငှာ ၊ ငါ တို့သခင် ယေရှု ခရစ် ၏ ကရုဏာ တော်ကို မြော်လင့် ၍ နေကြလော့။ (aiōnios g166)
preserve yourselves in the love of God, waiting for the mercy of our Lord Jesus Christ unto eternal life. (aiōnios g166)
22 ၂၂ ပိုင်းခြား ၍သိတတ်သော ဥာဏ်ရှိ၍ အချို့ တို့ကို သနား ကြလော့။
And of some have compassion, distinguishing their case;
23 ၂၃ ကိုယ် ကာယနှင့် ညစ်ညူး စွန်းကွက်သော အဝတ် ကိုပင် စက်ဆုပ် ရွံရှာ၍ ကြောက်ရွံ့ ခြင်းနှင့်တကွ ၊ အချို့ တို့ကို မီး ထဲမှ ဆယ် နှုတ်ကယ်တင် ကြလော့။
and others save with trembling, snatching them out of the fire; though hating even the garment spotted by the flesh.
24 ၂၄ ထိမိ ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင် တို့ကို စောင့်ရှောက် ခြင်းငှာ၎င်း၊ အပြစ် မရှိဘဲဝမ်းမြောက် ခြင်းနှင့် ပြည့်စုံလျက်ရှိသောသင်တို့ကို ဘုန်း အသရေတော်ရှေ့ ၌ ဆက်သ ခြင်းငှာ၎င်း တတ်နိုင် တော်မူသော သူ တည်းဟူသော။
Now to him who is able to guard you from stumbling, and to present you blameless before the presence of his glory with exultation,
25 ၂၅ ငါ တို့ကို ကယ်တင် တော်မူသောအရှင်၊ တဆူတည်း သောဘုရားသခင် သည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ၊ ယခု မှစ၍ကမ္ဘာ အဆက်ဆက်ဘုန်း တန်ခိုး အာနုဘော် နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း အာမင် (aiōn g165)
to the only wise God our Saviour, be glory and majesty, might and dominion, both now and unto all eternity. Amen. (aiōn g165)

< ယုဒ 1 >