< ယောရှု 1 >
1 ၁ ထာဝရဘုရား ၏ ကျွန် မောရှေ သည် အနိစ္စ ရောက်သောနောက် ၊ မောရှေ လက်ထောက် ၊ နုန် ၏သား ယောရှု အား ထာဝရဘုရား က၊
Now after the death of Moses, the servant of the Lord, the word of the Lord came to Joshua, the son of Nun, Moses' helper, saying,
2 ၂ ငါ ၏ကျွန် မောရှေ သည် အနိစ္စ ရောက်လေပြီ။ သို့ဖြစ်၍ ၊ သင် နှင့် သင်၌ပါသောဤ လူ အပေါင်း တို့သည် ယခု ထ ၍ ယော်ဒန် မြစ်တဘက်သို့ ကူး ကြလော့။ ဣသရေလ အမျိုးသား တို့အား ငါ ပေး သောပြည် ကို ဝင်စားကြလော့။
Moses my servant is dead; so now get up! Go over Jordan, you and all this people, into the land which I am giving to them, to the children of Israel.
3 ၃ မောရှေ အား ငါဂတိ ရှိသည်အတိုင်း သင် တို့နင်း သမျှ သောမြေ ကို သင်တို့ အား ငါပေး မည်။
Every place on which you put your foot I have given to you, as I said to Moses.
4 ၄ တော ကြီးမှစ၍ လေဗနုန် တောင်တိုင်အောင် ၎င်း၊ ဥဖရတ် မြစ် ကြီး မှစ၍ဟိတ္တိ ပြည် တရှောက်လုံး ပါလျက်၊ နေဝင် ရာဘက် ပင်လယ် ကြီး တိုင်အောင် ၎င်း၊ သင် တို့နယ် အပိုင်းအခြားဖြစ် ရမည်။
From the waste land and this mountain Lebanon, as far as the great river, the river Euphrates, and all the land of the Hittites to the Great Sea, in the west, will be your country.
5 ၅ သင့် အသက် တည်သည် ကာလ ပတ်လုံး သင့် ရှေ့ မှာ အဘယ်သူမျှမ ခံ မရပ်နိုင်ရာ။ မောရှေ နှင့်အတူ ငါရှိ သကဲ့သို့ သင် နှင့်အတူ ငါရှိ လိမ့်မည်။ ငါသည် သင့် ကို မ စွန့် ၊ သင့် ကိုပစ် ၍မ ထား။
While you are living, all will give way before you: as I was with Moses, so I will be with you; I will not take away my help from you or give you up.
6 ၆ အား ယူ၍ ရဲရင့် ခြင်းရှိလော့။ ဘိုးဘေး တို့အား ပေး မည်ဟု ငါကျိန်ဆို သောပြည် ကို သင်သည် ဤ လူ တို့ အားဝေ၍ အမွေ ပေးရမည်။
Take heart and be strong; for you will give to this people for their heritage the land which I gave by an oath to their fathers.
7 ၇ သို့ဖြစ်၍ငါ ၏ကျွန် မောရှေ မှာ ထားသော တရား အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းငှါ အား ယူ ၍ အလွန် ရဲရင့် ခြင်းရှိလော့။ ကြံစည်လေသမျှ တို့၌ အောင် မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ နှင့်။
Only take heart and be very strong; take care to do all the law which Moses my servant gave you, not turning from it to the right hand or to the left, so that you may do well in all your undertakings.
8 ၈ ထိုပညတ္တိ ကျမ်းစာ ၌ ရေး ထားသမျှ အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ ညဉ့် မပြတ် ကြည့်ရှုဘတ်ရွတ် ရမည်။ သို့ပြုလျှင်သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။
Let this book of the law be ever on your lips and in your thoughts day and night, so that you may keep with care everything in it; then a blessing will be on all your way, and you will do well.
9 ၉ သင့် ကို ငါမှာ ထားသည်မ ဟုတ်လော။ အား ယူ၍ ရဲရင့် ခြင်းရှိလော့။ မ ကြောက် နှင့်၊ စိတ် မ ပျက်နှင့်။ သွား လေရာရာ၌ သင် ၏ဘုရား သခင်ထာဝရဘုရား ရှိသည်ဟု မိန့်တော်မူ၏။
Have I not given you your orders? Take heart and be strong; have no fear and do not be troubled; for the Lord your God is with you wherever you go,
10 ၁၀ ထိုအခါ ယောရှု သည် ဗိုလ် မင်းများတို့ကို ခေါ်၍၊
Then Joshua gave their orders to those who were in authority over the people, saying,
11 ၁၁ တပ် တရှောက် လုံးသို့ သွား ကြလော့။ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ၊ သုံး ရက် အတွင်းတွင် ဤယော်ဒန် မြစ် တဘက်သို့ ကူးရသောကြောင့်ရိက္ခါ ကို ပြင်ဆင် ရကြမည် အကြောင်း၊ လူ များတို့အား ဆင့်ဆို ကြလော့ဟု မှာ ထား လေ၏။
Go through the tents and give orders to the people, saying, Get ready a store of food; for in three days you are to go over this river Jordan and take for your heritage the land which the Lord your God is giving you.
12 ၁၂ တဖန် ယောရှု သည် ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား၊ မနာရှေ အမျိုးသားတဝက် တို့ကို ခေါ်၍၊
And to the Reubenites and the Gadites and the half-tribe of Manasseh, Joshua said,
13 ၁၃ ထာဝရဘုရား ၏ ကျွန် မောရှေ သည်၊ သင် တို့အား မှာ ထားသော စကားဟူမူကား ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို ဤ ပြည် ၌ နေရာ ချတော်မူပြီ။
Keep in mind what Moses, the servant of the Lord, said to you, The Lord your God is sending you rest and will give you this land.
14 ၁၄ သင် တို့သား မယား ၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန် မြစ်အရှေ့ ဘက် မောရှေ ပေး သော ပြည် ၌ နေရစ် ရကြမည်။
Your wives, your little ones, and your cattle will be kept here in the land which Moses gave you on this side of Jordan; but you, the fighting-men, are to go over before your brothers, armed, to give them help;
15 ၁၅ ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကို တို့အား နေရာချတော်မမူမှီ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောပြည် ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင် ၊ သင်တို့တွင် ခွန်အားကြီး သော စစ်သူရဲ အပေါင်း တို့သည် လက်နက် ကိုင်လျက်၊ သင်တို့ညီအစ်ကို များရှေ့ မှာ ကူး၍ မစရကြမည်ဟူသောစကားကို အောက်မေ့ကြလော့။ ထိုနောက်မှထာဝရဘုရား ၏ကျွန် မောရှေ သည် ယော်ဒန် မြစ် နေ ထွက်ရာ ဘက်၌ပေး ၍၊ သင် တို့ပိုင် သောပြည် သို့ ပြန် ၍ ဝင်စားရကြမည် ဟု ပြောဆို၏။
Till the Lord has given your brothers rest, as he has given it to you, and they have taken their heritage in the land which the Lord your God is giving them: then you will go back to the land of your heritage which Moses, the servant of the Lord, gave you on the east side of Jordan.
16 ၁၆ ထိုသူတို့ကလည်း၊ ကိုယ်တော်မှာ ထားတော်မူသမျှ ကို ကျွန်တော်တို့ပြု ပါမည်။ စေလွှတ် တော်မူသမျှ သော အရပ်သို့ သွား ပါမည်။
Then they said to Joshua in answer, Whatever you say to us we will do, and wherever you send us we will go.
17 ၁၇ အရာရာ တို့၌ မောရှေ ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော် စကားကိုလည်း နားထောင် ပါမည်။ သို့ဖြစ်၍ကိုယ်တော်၏ ဘုရား သခင်ထာဝရဘုရား သည် မောရှေ နှင့်အတူ ရှိ သကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။
As we gave attention to Moses in all things, so we will give attention to you: and may the Lord your God be with you as he was with Moses.
18 ၁၈ အာဏာ တော်ကို ဆန် ၍၊ မှာထားတော်မူသမျှ သောစကား ကို နား မ ထောင်သောသူ မည်သည်ကား၊ အသေ သတ်ခြင်းကိုခံ စေရမည်။ သို့ဖြစ်၍အား ယူတော်မူ ပါ။ ရဲရင့် ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။
Whoever goes against your orders, and does not give attention to all your words, will be put to death: only take heart and be strong.