< ယောရှု 9 >

1 ယော်ဒန် မြစ် အနောက် ဘက်၊ တောင် ပေါ်၌ ၎င်း ၊ ချိုင့် ထဲ ၌၎င်း ၊ လေဗနုန် တောင်တဘက် ၊ မဟာ ပင်လယ် ကမ်း တရှောက်လုံး ၌၎င်း နေသော ဟိတ္တိ ၊ အာမောရိ ၊ ခါနနိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြား သောအခါ၊
Basi ikawa wafalme wote waliokuwa magharibi mwa Yordani waliposikia juu ya haya yote, wale waliokuwa katika nchi ya vilima, upande wa magharibi mwa vilima na katika pwani yote ya hiyo Bahari Kuu, hadi kufikia Lebanoni (wafalme wa Wahiti, Waamori, Wakanaani, Waperizi, Wahivi na Wayebusi),
2 ယောရှု နှင့် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ တညီတညွတ် တည်းစည်းဝေး ကြ၏။
wakajiunga pamoja ili kupigana vita dhidi ya Yoshua na Israeli.
3 ဂိဗောင် မြို့သား တို့သည် ယေရိခေါ မြို့၊ အာဣ မြို့ ၌ ယောရှု ပြု သောအမှု ကို ကြား သောအခါ၊
Hata hivyo, watu wa Gibeoni waliposikia juu ya hayo yote Yoshua aliyowatendea watu wa Yeriko na Ai,
4 ပရိယာယ် ပြု ၍ သံတမန် လုပ်လျက် ၊ မြည်း ပေါ် မှာ ဟောင်းနွမ်း သောအိတ် တို့ကို တင်၍ ၊ ဟောင်းနွမ်း စုတ် ကွဲဖာ ပြင်သော စပျစ်ရည် သားရေ ဘူးတို့ကို ယူ ကြ၏။
nao wakaamua kufanya hila: Wakajifanya kama wajumbe wakiwa na punda waliobebeshwa mizigo wakiwa na magunia yaliyochakaa na viriba vya mvinyo vikuukuu vyenye nyufa zilizozibwa.
5 ဟောင်းနွမ်း ဖာ ပြင်သော ခြေနင်း ကို စီး၍၊ ဟောင်းနွမ်း သောအဝတ် ကိုလည်း ဝတ်ကြ၏။ အောက်၍ မှို တက်လျက်ရှိ သောရိက္ခါ ကိုသာ ဆောင်ခဲ့လျက်၊
Walivaa miguuni mwao viatu vilivyoraruka na kushonwa kisha wakavaa nguo kuukuu. Chakula chao kilikuwa mkate uliokauka na kuingia koga.
6 ယောရှု ရှိရာ ဂိလဂါလ တပ် သို့ ရောက် လာလျှင် ၊ အကျွန်ုပ် တို့သည် မိဿဟာယ ဖွဲ့ ခြင်းငှါ၊ ဝေး သောပြည် က လာ ကြပါသည်ဟု ယောရှု နှင့် ဣသရေလ လူ တို့အား ပြော ဆို ကြ၏။
Ndipo wakamwendea Yoshua kambini huko Gilgali wakamwambia yeye pamoja na watu wa Israeli, “Tumetoka katika nchi ya mbali, fanyeni mkataba nasi.”
7 ဣသရေလ အမျိုးသား တို့ကလည်း ၊ သင် တို့သည် ငါ တို့အနား မှာ နေသည် မနေ သည်ကို မသိနိုင်။ အဘယ်သို့ မိဿဟာယ ဖွဲ့ နိုင်သနည်းဟု ဟိဝိ လူတို့အား ဆို ကြလျှင်၊
Basi watu wa Israeli wakawaambia hao Wahivi, “Lakini huenda mnakaa karibu nasi, twawezaje basi kufanya mapatano nanyi?”
8 သူတို့က အကျွန်ုပ် တို့သည် ကိုယ်တော် ကျွန် ဖြစ် ပါ၏ဟု ယောရှု အား လျှောက်ဆို ကြ၏။ ယောရှု ကလည်း ၊ သင် တို့သည် အဘယ် သို့သောသူနည်း။ အဘယ် အရပ်က လာ ကြသနည်းဟုမေး လျှင်၊
Wakamwambia Yoshua, “Sisi ni watumishi wako.” Yoshua akawauliza, “Ninyi ni nani, nanyi mnatoka wapi?”
9 သူတို့က၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကြောင့် ကိုယ်တော် ကျွန် တို့သည် အလွန် ဝေး သောပြည် က လာ ပါပြီ။ ထာဝရ ဘုရား၏ သိတင်း တော်ကို၎င်း၊ အဲဂုတ္တု ပြည်၌ ပြု တော်မူသမျှ ကို၎င်း၊
Nao wakamjibu: “Watumishi wako wametoka nchi ya mbali sana kwa ajili ya umaarufu wa Bwana Mungu wenu. Kwa kuwa tumesikia taarifa zake: hayo yote aliyofanya huko Misri,
10 ၁၀ ယော်ဒန် မြစ်အရှေ့ ဘက်၌ နေသော အာမောရိ မင်းကြီး ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ အာရှတရုတ် မြို့မှာ နေသော ဗာရှန် ရှင်ဘုရင် ဩဃ တို့၌ ပြု တော်မူသမျှ ကို ၎င်း ကြား ပါပြီ။
pia yale yote aliyowatendea wafalme wawili wa Waamori mashariki ya Yordani; huyo Sihoni mfalme wa Heshboni na Ogu mfalme wa Bashani, aliyetawala huko Ashtarothi.
11 ၁၁ ထိုကြောင့် အကျွန်ုပ် တို့၌ အသက်ကြီး သောသူတို့ နှင့် ပြည်သူ ပြည်သားအပေါင်း တို့က၊ လမ်းခရီး ရိက္ခါ ကို ယူ ၍ သူ တို့ကို ခရီးဦးကြို ပြုခြင်းငှါ သွား ကြလော့။ ငါ တို့ သည် သူ တို့၏ကျွန် ဖြစ်ကြောင်းနှင့် မိဿဟာယ ဖွဲ့ ရပါမည်အကြောင်းကို လျှောက် ထားကြလော့ဟု မှာ လိုက်ပါပြီ။
Basi wazee wetu na wale wote wanaoishi katika nchi yetu walituambia, ‘Chukueni chakula cha safari; nendeni mkakutane na watu hao na kuwaambia, “Sisi tu watumishi wenu, fanyeni mapatano nasi.”’
12 ၁၂ ကိုယ်တော် ထံ သို့ရောက် အံ့သောငှါ ထွက် လာ သောနေ့ ၌ ခရီးရိက္ခါဘို့ ကိုယ် အိမ် မှ ဆောင် ယူခဲ့သော ဤ မုန့် သည် ပူနွေး လျက်ရှိပါ၏။ ယခု ကြည့် ပါ။ အောက် လျက် မှို တက်လျက်ရှိ ပါ၏။
Mkate huu wetu ulikuwa wa moto tulipoufunga siku tulipoanza safari kuja kwenu, lakini sasa angalia jinsi ulivyokauka na kuota ukungu.
13 ၁၃ စပျစ်ရည် ပြည့် သော ဤ သားရေ ဘူးတို့သည် အသစ် ဖြစ်သော်လည်း ၊ ယခုကြည့် ပါ စုတ် ကွဲလျက်ရှိပါ၏။ ဤ အဝတ် ဤခြေနင်း တို့သည်လည်း အလွန် ခရီး ဝေး သောကြောင့် ဟောင်းနွမ်း ပါပြီဟု ပြန်လျှောက် ကြ၏။
Viriba hivi vya mvinyo vilikuwa vipya tulipovijaza, lakini ona jinsi vilivyo na nyufa. Nguo zetu na viatu vimechakaa kwa ajili ya safari ndefu.”
14 ၁၄ ဣသရေလလူတို့သည် ထာဝရဘုရား ထံတော်၌ အခွင့် မ ပန် ဘဲ ထိုသူ တို့၏ရိက္ခါ ကို စား ကြ၏။
Basi watu wa Israeli wakavikagua vyakula vyao bila kupata shauri kutoka kwa Bwana.
15 ၁၅ ယောရှု သည်လည်း သူ တို့ကို စစ်မှုနှင့်လွတ် စေ ၍၊ အသက် ချမ်းသာစေမည်အကြောင်းမိဿဟာယ ဖွဲ့ ၏။ ပရိသတ် မင်း တို့သည်လည်း ကျိန်ဆို ခြင်းကို ပြုကြ၏။
Ndipo Yoshua akafanya mapatano ya amani pamoja nao kuwaacha waishi, nao viongozi wa kusanyiko wakathibitisha kwa kiapo.
16 ၁၆ မိဿဟာယ ဖွဲ့ ၍ သုံး ရက် လွန် သောအခါ ၊ ထိုသူ တို့ သည် အိမ်နီးချင်း ဖြစ်၍ ၊ အနား မှာ နေ ကြောင်း ကို ဣသရေလအမျိုးသားတို့သည် ကြား သိလျှင်၊
Siku ya tatu baada ya hao kufanya mapatano na Wagibeoni, Waisraeli wakapata habari kuwa hao watu ni jirani zao waliokuwa wanaishi karibu nao.
17 ၁၇ ခရီး သွား၍ သုံး ရက်မြောက်သောနေ့ ၌ သူ တို့မြို့ရွာ သို့ ရောက် ကြ၏။ သူ တို့မြို့ ကား ဂိဗောင် မြို့၊ ခေဖိရာ မြို့၊ ဗေရုတ် မြို့၊ ကိရယတ်ယာရိမ် မြို့တည်း။
Ndipo wana wa Israeli wakasafiri na siku ya tatu wakafika kwenye miji yao ya Gibeoni, Kefira, Beerothi na Kiriath-Yearimu.
18 ၁၈ ပရိသတ် အကဲအမှူး တို့သည် ဣသရေလ အမျိုး ၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့် ၊ ဣသရေလ အမျိုးသားတို့သည် သူ တို့ကို မ လုပ်ကြံ ကြ။ ပရိသတ် အပေါင်း တို့သည် အကဲအမှူး တို့ကို အပြစ် တင်ကြ၏။
Lakini Waisraeli hawakuwashambulia kwa kuwa viongozi wa kusanyiko walikuwa wamewaapia kwa Bwana, Mungu wa Israeli. Kusanyiko lote likanungʼunika dhidi ya hao viongozi,
19 ၁၉ အကဲအမှူး တို့ကလည်း ၊ ငါတို့သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်သူ တို့ကို မ ထိ မခိုက်ရ။
lakini viongozi wote wakawajibu, “Tumeshawaapia kwa Bwana, Mungu wa Israeli, kwa hiyo hatuwezi kuwagusa sasa.
20 ၂၀ သူ တို့အား ကျိန်ဆို မိသောကြောင့်အပြစ် ဒဏ်ရောက် မည်ကို စိုးရိမ်၍၊ အသက် ချမ်းသာပေးသဖြင့် အဘယ်သို့ပြု ရမည်နည်းဟူမူကား၊
Hivi ndivyo tutakavyowafanyia: Tutawaacha waishi, ili ghadhabu isije juu yetu kwa kuvunja kiapo tulichowaapia.”
21 ၂၁ အကဲအမှူး များ ဂတိ ရှိသည်အတိုင်း အသက် ချမ်းသာပေး၍၊ ပရိသတ် အပေါင်း တို့အဘို့ ထင်း ခုတ် သောသူ၊ ရေ ခပ် သောသူဖြစ် စေရမည်ဟု ပရိသတ် အပေါင်းတို့ အား ပြန်ပြော ကြ၏။
Wakaendelea kusema, “Waacheni waishi, lakini wawe wapasua kuni na wachota maji kwa ajili ya jamii yote.” Hivyo ahadi waliyoweka viongozi kwao ikawa hivyo.
22 ၂၂ ယောရှု သည်လည်း သူ တို့ကို ခေါ် ၍ ၊ သင် တို့သည် ငါ တို့အနား မှာ နေ လျက်ပင်၊ ဝေး သောအရပ်က လာပါပြီဟုဆို ၍ ငါ တို့ကို အဘယ်ကြောင့် လှည့်စား ကြသနည်း။
Kisha Yoshua akawaita Wagibeoni na kuwaambia, “Kwa nini mmetudanganya kwa kutuambia, ‘Tunaishi mbali nanyi,’ wakati ambapo ninyi mnaishi karibu nasi?
23 ၂၃ ယခု မှာ သင် တို့သည် ကျိန် အပ်သောသူဖြစ် သဖြင့် ၊ ကျွန် ခံ၍ ငါ ၏ဘုရား သခင်အိမ် တော်အဘို့ ထင်း ခုတ် ခြင်း၊ ရေ ခပ် ခြင်းအမှုနှင့် တယောက်မျှမ လွတ် ရဟု ဆို ၏။
Sasa mko chini ya laana: Daima mtakuwa wapasua kuni na wachota maji kwa ajili ya nyumba ya Mungu wangu.”
24 ၂၄ သူတို့ကလည်း၊ ဤပြည် တရှောက်လုံး ကို သင် တို့အား ပေး ၍ ၊ ပြည်သူပြည်သား အပေါင်း တို့ကို သင် တို့ရှေ့ မှ ပယ်ရှင်း ခြင်းငှါ ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် မိမိ ကျွန် မောရှေ အား မှာ ထားတော်မူကြောင်းကို ကိုယ်တော် ကျွန် တို့သည် ဆက်ဆက်ကြားသိ၍၊ သင် တို့လက်၌ အသက် ဆုံးမည်ကို အလွန် ကြောက် သောကြောင့် ၊ ဤ အမှု ကို ပြု ပါပြီ။
Wakamjibu Yoshua, “Watumwa wako waliambiwa waziwazi jinsi Bwana Mungu wenu alivyomwamuru mtumishi wake Mose kuwapa ninyi nchi hii yote na kuwaangamiza wakazi wake wote toka mbele zenu. Kwa hiyo tuliogopa mno kwa ajili ya uhai wetu kwa sababu yenu, ndiyo maana tukafanya neno hili.
25 ၂၅ ယခု မှာ ကျွန်တော် တို့သည် ကိုယ်တော် လက် တွင် ရှိပါ၏။ ကျွန်တော် တို့၌ ပြုကောင်း ပြုသင့် သည်ဟုစိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှု အား ပြန် လျှောက် ကြ၏။
Sasa tupo mikononi mwako. Tufanyieni lolote mnaloona kuwa jema na haki kwako.”
26 ၂၆ ထိုသို့ နှင့်အညီယောရှုသည် ပြု ၍ ၊ သူ တို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလ လူတို့လက် မှ ကယ်နှုတ် သဖြင့်၊
Kwa hiyo Yoshua akawaokoa mikononi mwa Waisraeli, nao hawakuuawa.
27 ၂၇ ထာဝရဘုရား ရွေးကောက် တော်မူသောအရပ် ၌ တည်သော ယဇ်ပုလ္လင် တော်အဘို့ နှင့် ပရိသတ် တော်တို့ အဘို့ ထိုသူတို့သည် ယနေ့ တိုင်အောင် ထင်း ခုတ် ၍ ရေ ခပ် ရမည်အကြောင်း ၊ ထိုနေ့ ၌ စီရင် လေ၏။
Siku hiyo Yoshua akawafanya Wagibeoni wapasua kuni na wachota maji kwa ajili ya jamii na kwa ajili ya madhabahu ya Bwana mahali pale ambapo Bwana angepachagua. Hivyo ndivyo walivyo hadi hivi leo.

< ယောရှု 9 >