< ယောရှု 9 >
1 ၁ ယော်ဒန် မြစ် အနောက် ဘက်၊ တောင် ပေါ်၌ ၎င်း ၊ ချိုင့် ထဲ ၌၎င်း ၊ လေဗနုန် တောင်တဘက် ၊ မဟာ ပင်လယ် ကမ်း တရှောက်လုံး ၌၎င်း နေသော ဟိတ္တိ ၊ အာမောရိ ၊ ခါနနိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြား သောအခါ၊
It happened, when all the kings who were beyond the Jordan, in the hill country, and in the lowland, and on all the shore of the Great Sea in front of Lebanon, the Hethite, the Amorite, the Canaanite, the Perizzite, the Hivite, and the Jebusite, heard of it
2 ၂ ယောရှု နှင့် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ တညီတညွတ် တည်းစည်းဝေး ကြ၏။
that they gathered themselves together to fight with Joshua and with Israel, with one accord.
3 ၃ ဂိဗောင် မြို့သား တို့သည် ယေရိခေါ မြို့၊ အာဣ မြို့ ၌ ယောရှု ပြု သောအမှု ကို ကြား သောအခါ၊
But when the inhabitants of Gibeon heard what Joshua had done to Jericho and to Ai,
4 ၄ ပရိယာယ် ပြု ၍ သံတမန် လုပ်လျက် ၊ မြည်း ပေါ် မှာ ဟောင်းနွမ်း သောအိတ် တို့ကို တင်၍ ၊ ဟောင်းနွမ်း စုတ် ကွဲဖာ ပြင်သော စပျစ်ရည် သားရေ ဘူးတို့ကို ယူ ကြ၏။
they also resorted to a ruse, and went and made as if they had been ambassadors, and took old sacks on their donkeys, and wineskins, old and torn and bound up,
5 ၅ ဟောင်းနွမ်း ဖာ ပြင်သော ခြေနင်း ကို စီး၍၊ ဟောင်းနွမ်း သောအဝတ် ကိုလည်း ဝတ်ကြ၏။ အောက်၍ မှို တက်လျက်ရှိ သောရိက္ခါ ကိုသာ ဆောင်ခဲ့လျက်၊
and old and patched shoes on their feet, and wore old garments. All the bread of their provision was dry and moldy.
6 ၆ ယောရှု ရှိရာ ဂိလဂါလ တပ် သို့ ရောက် လာလျှင် ၊ အကျွန်ုပ် တို့သည် မိဿဟာယ ဖွဲ့ ခြင်းငှါ၊ ဝေး သောပြည် က လာ ကြပါသည်ဟု ယောရှု နှင့် ဣသရေလ လူ တို့အား ပြော ဆို ကြ၏။
They went to Joshua to the camp at Gilgal, and said to him, and to the men of Israel, "We have come from a far country. Now therefore make a covenant with us."
7 ၇ ဣသရေလ အမျိုးသား တို့ကလည်း ၊ သင် တို့သည် ငါ တို့အနား မှာ နေသည် မနေ သည်ကို မသိနိုင်။ အဘယ်သို့ မိဿဟာယ ဖွဲ့ နိုင်သနည်းဟု ဟိဝိ လူတို့အား ဆို ကြလျှင်၊
The men of Israel said to the Hivites, "What if you live among us. How could we make a covenant with you?"
8 ၈ သူတို့က အကျွန်ုပ် တို့သည် ကိုယ်တော် ကျွန် ဖြစ် ပါ၏ဟု ယောရှု အား လျှောက်ဆို ကြ၏။ ယောရှု ကလည်း ၊ သင် တို့သည် အဘယ် သို့သောသူနည်း။ အဘယ် အရပ်က လာ ကြသနည်းဟုမေး လျှင်၊
They said to Joshua, "We are your servants." Joshua said to them, "Who are you? Where do you come from?"
9 ၉ သူတို့က၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကြောင့် ကိုယ်တော် ကျွန် တို့သည် အလွန် ဝေး သောပြည် က လာ ပါပြီ။ ထာဝရ ဘုရား၏ သိတင်း တော်ကို၎င်း၊ အဲဂုတ္တု ပြည်၌ ပြု တော်မူသမျှ ကို၎င်း၊
They said to him, "Your servants have come from a very far country because of the name of the LORD your God; for we have heard of his fame, all that he did in Egypt,
10 ၁၀ ယော်ဒန် မြစ်အရှေ့ ဘက်၌ နေသော အာမောရိ မင်းကြီး ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ အာရှတရုတ် မြို့မှာ နေသော ဗာရှန် ရှင်ဘုရင် ဩဃ တို့၌ ပြု တော်မူသမျှ ကို ၎င်း ကြား ပါပြီ။
and all that he did to the two kings of the Amorites who were beyond the Jordan, to Sihon king of Heshbon and to Og king of Bashan, who was at Ashtaroth.
11 ၁၁ ထိုကြောင့် အကျွန်ုပ် တို့၌ အသက်ကြီး သောသူတို့ နှင့် ပြည်သူ ပြည်သားအပေါင်း တို့က၊ လမ်းခရီး ရိက္ခါ ကို ယူ ၍ သူ တို့ကို ခရီးဦးကြို ပြုခြင်းငှါ သွား ကြလော့။ ငါ တို့ သည် သူ တို့၏ကျွန် ဖြစ်ကြောင်းနှင့် မိဿဟာယ ဖွဲ့ ရပါမည်အကြောင်းကို လျှောက် ထားကြလော့ဟု မှာ လိုက်ပါပြီ။
Our elders and all the inhabitants of our country spoke to us, saying, 'Take provision in your hand for the journey, and go to meet them, and tell them, "We are your servants. Now make a covenant with us."'
12 ၁၂ ကိုယ်တော် ထံ သို့ရောက် အံ့သောငှါ ထွက် လာ သောနေ့ ၌ ခရီးရိက္ခါဘို့ ကိုယ် အိမ် မှ ဆောင် ယူခဲ့သော ဤ မုန့် သည် ပူနွေး လျက်ရှိပါ၏။ ယခု ကြည့် ပါ။ အောက် လျက် မှို တက်လျက်ရှိ ပါ၏။
This our bread we took hot for our provision out of our houses on the day we went out to go to you; but now, look, it is dry, and has become moldy.
13 ၁၃ စပျစ်ရည် ပြည့် သော ဤ သားရေ ဘူးတို့သည် အသစ် ဖြစ်သော်လည်း ၊ ယခုကြည့် ပါ စုတ် ကွဲလျက်ရှိပါ၏။ ဤ အဝတ် ဤခြေနင်း တို့သည်လည်း အလွန် ခရီး ဝေး သောကြောင့် ဟောင်းနွမ်း ပါပြီဟု ပြန်လျှောက် ကြ၏။
These wineskins, which we filled, were new; and look, they are torn. These our garments and our shoes have become old because of the very long journey."
14 ၁၄ ဣသရေလလူတို့သည် ထာဝရဘုရား ထံတော်၌ အခွင့် မ ပန် ဘဲ ထိုသူ တို့၏ရိက္ခါ ကို စား ကြ၏။
The men sampled their provisions, and did not ask counsel from the mouth of the LORD.
15 ၁၅ ယောရှု သည်လည်း သူ တို့ကို စစ်မှုနှင့်လွတ် စေ ၍၊ အသက် ချမ်းသာစေမည်အကြောင်းမိဿဟာယ ဖွဲ့ ၏။ ပရိသတ် မင်း တို့သည်လည်း ကျိန်ဆို ခြင်းကို ပြုကြ၏။
Joshua made peace with them, and made a covenant with them, to let them live. The leaders of the congregation swore to them.
16 ၁၆ မိဿဟာယ ဖွဲ့ ၍ သုံး ရက် လွန် သောအခါ ၊ ထိုသူ တို့ သည် အိမ်နီးချင်း ဖြစ်၍ ၊ အနား မှာ နေ ကြောင်း ကို ဣသရေလအမျိုးသားတို့သည် ကြား သိလျှင်၊
It happened at the end of three days after they had made a covenant with them, that they heard that they were their neighbors, and that they lived among them.
17 ၁၇ ခရီး သွား၍ သုံး ရက်မြောက်သောနေ့ ၌ သူ တို့မြို့ရွာ သို့ ရောက် ကြ၏။ သူ တို့မြို့ ကား ဂိဗောင် မြို့၊ ခေဖိရာ မြို့၊ ဗေရုတ် မြို့၊ ကိရယတ်ယာရိမ် မြို့တည်း။
The children of Israel traveled and came to their cities on the third day. Now their cities were Gibeon, Chephirah, Beeroth, and Kiriath Jearim.
18 ၁၈ ပရိသတ် အကဲအမှူး တို့သည် ဣသရေလ အမျိုး ၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့် ၊ ဣသရေလ အမျိုးသားတို့သည် သူ တို့ကို မ လုပ်ကြံ ကြ။ ပရိသတ် အပေါင်း တို့သည် အကဲအမှူး တို့ကို အပြစ် တင်ကြ၏။
The children of Israel did not strike them, because the leaders of the congregation had sworn to them by the LORD, the God of Israel. And the whole congregation murmured against the leaders.
19 ၁၉ အကဲအမှူး တို့ကလည်း ၊ ငါတို့သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်သူ တို့ကို မ ထိ မခိုက်ရ။
But all the leaders said to all the congregation, "We have sworn to them by the LORD, the God of Israel; and now therefore we may not touch them.
20 ၂၀ သူ တို့အား ကျိန်ဆို မိသောကြောင့်အပြစ် ဒဏ်ရောက် မည်ကို စိုးရိမ်၍၊ အသက် ချမ်းသာပေးသဖြင့် အဘယ်သို့ပြု ရမည်နည်းဟူမူကား၊
This we will do to them, and let them live; lest wrath be on us, because of the oath which we swore to them."
21 ၂၁ အကဲအမှူး များ ဂတိ ရှိသည်အတိုင်း အသက် ချမ်းသာပေး၍၊ ပရိသတ် အပေါင်း တို့အဘို့ ထင်း ခုတ် သောသူ၊ ရေ ခပ် သောသူဖြစ် စေရမည်ဟု ပရိသတ် အပေါင်းတို့ အား ပြန်ပြော ကြ၏။
And the leaders said to them, "Let them live." So they became wood cutters and drawers of water for all the congregation, and all the congregation did as the leaders had spoken to them.
22 ၂၂ ယောရှု သည်လည်း သူ တို့ကို ခေါ် ၍ ၊ သင် တို့သည် ငါ တို့အနား မှာ နေ လျက်ပင်၊ ဝေး သောအရပ်က လာပါပြီဟုဆို ၍ ငါ တို့ကို အဘယ်ကြောင့် လှည့်စား ကြသနည်း။
Joshua called for them, and he spoke to them, saying, "Why have you deceived us, saying, 'We are very far from you,' when you live among us?
23 ၂၃ ယခု မှာ သင် တို့သည် ကျိန် အပ်သောသူဖြစ် သဖြင့် ၊ ကျွန် ခံ၍ ငါ ၏ဘုရား သခင်အိမ် တော်အဘို့ ထင်း ခုတ် ခြင်း၊ ရေ ခပ် ခြင်းအမှုနှင့် တယောက်မျှမ လွတ် ရဟု ဆို ၏။
Now therefore you are cursed, and some of you will never fail to be bondservants, both wood cutters and drawers of water for the house of my God."
24 ၂၄ သူတို့ကလည်း၊ ဤပြည် တရှောက်လုံး ကို သင် တို့အား ပေး ၍ ၊ ပြည်သူပြည်သား အပေါင်း တို့ကို သင် တို့ရှေ့ မှ ပယ်ရှင်း ခြင်းငှါ ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် မိမိ ကျွန် မောရှေ အား မှာ ထားတော်မူကြောင်းကို ကိုယ်တော် ကျွန် တို့သည် ဆက်ဆက်ကြားသိ၍၊ သင် တို့လက်၌ အသက် ဆုံးမည်ကို အလွန် ကြောက် သောကြောင့် ၊ ဤ အမှု ကို ပြု ပါပြီ။
They answered Joshua, and said, "Because your servants were certainly told how the LORD your God commanded his servant Moses to give you all the land, and to destroy all the inhabitants of the land from before you. Therefore we were very afraid for our lives because of you, and have done this thing.
25 ၂၅ ယခု မှာ ကျွန်တော် တို့သည် ကိုယ်တော် လက် တွင် ရှိပါ၏။ ကျွန်တော် တို့၌ ပြုကောင်း ပြုသင့် သည်ဟုစိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှု အား ပြန် လျှောက် ကြ၏။
Now, look, we are in your hand. Do to us as it seems good and right to you to do."
26 ၂၆ ထိုသို့ နှင့်အညီယောရှုသည် ပြု ၍ ၊ သူ တို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလ လူတို့လက် မှ ကယ်နှုတ် သဖြင့်၊
He did so to them, and delivered them out of the hand of the children of Israel, so that they did not kill them.
27 ၂၇ ထာဝရဘုရား ရွေးကောက် တော်မူသောအရပ် ၌ တည်သော ယဇ်ပုလ္လင် တော်အဘို့ နှင့် ပရိသတ် တော်တို့ အဘို့ ထိုသူတို့သည် ယနေ့ တိုင်အောင် ထင်း ခုတ် ၍ ရေ ခပ် ရမည်အကြောင်း ၊ ထိုနေ့ ၌ စီရင် လေ၏။
That day Joshua made them wood cutters and drawers of water for the congregation and for the altar of the LORD, to this day, in the place which he should choose.