< ယောရှု 8 >

1 တဖန် ထာဝရဘုရား ကလည်း၊ သင်သည် မ ကြောက် နှင့်၊ စိတ် မ ပျက်နှင့်။ သင် ၌ ပါသောစစ်သူရဲ အပေါင်း တို့ကို ခေါ် ၍ အာဣ မြို့သို့ ထ သွားလော့။ အာဣ မင်းကြီး နှင့် သူ့ လူ များ၊ သူ့ မြို့ ၊ သူ့ မြေ ကို သင့် လက် ၌ ငါအပ် မည်။
ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``သင်​သည် စစ်​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​အ​တူ​အာ​ဣ​မြို့ သို့​ချီ​တက်​လော့။ မ​ကြောက်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ​သည်​သင့်​လက်​တွင်း​သို့​အာ​ဣ​မင်း​နှင့် တ​ကွ​ပြည်​သူ​ပြည်​သား​များ၊ သူ​၏​မြို့၊ သူ​၏​နယ်​မြေ​တို့​ကို​ပေး​အပ်​မည်။-
2 ယေရိခေါ မြို့နှင့် မင်းကြီး အား ပြု သကဲ့သို့ အာဣ မြို့နှင့် မင်းကြီး အား ပြု ရမည်။ သို့ရာတွင် လုယူ သော ဥစ္စာ၊ တိရစ္ဆာန် များကို ကိုယ် အဘို့ သိမ်း ရမည်။ မြို့ နောက် မှာ ကင်းတပ်ကို ထား ရမည်ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း၊
သင်​သည်​ယေ​ရိ​ခေါ​မြို့​နှင့်​၎င်း​၏​မင်း​ကို သုတ်​သင်​ဖျက်​ဆီး​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့် ၎င်း​၏​မင်း​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ သို့​ရာ​တွင်​၎င်း​၏​ပစ္စည်း​များ​နှင့်​တိ​ရစ္ဆာန် များ​ကို​သင်​တို့​သိမ်း​ယူ​နိုင်​သည်။ မြို့​ကို အ​နောက်​ဘက်​မှ​ဝင်​စီး​ရန်​တပ်​ပုန်း​ချ ထား​လော့'' ဟု​မိန့်​တော်​မူ​၏။
3 ယောရှု နှင့် စစ်သူရဲ အပေါင်း တို့သည် အာဣ မြို့ ကို တိုက် ခြင်းငှါ ထ ကြ၏။ ယောရှု သည် ခွန်အားကြီးသော စစ်သူရဲ သုံးသောင်း တို့ကို ရွေးချယ် ၍ ညဉ့် အခါစေလွှတ် လျက်၊
သို့​ဖြစ်​၍​ယော​ရှု​သည်​စစ်​သူရဲ​အ​ပေါင်း​တို့​နှင့် အာ​ဣ​မြို့​သို့​ချီ​တက်​ရန်​အ​သင့်​ပြင်​လေ​သည်။ သူ​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ​သုံး​သောင်း​ကို ည​အ​ချိန်​၌​စေ​လွှတ်​၍၊-
4 သင် တို့သည် ထိုမြို့ ကို တိုက်ခြင်းငှါမြို့နောက် မှာ ကင်း ထိုးလျက်နေကြလော့။ မြို့ နှင့် ဝေးဝေး ခွာ၍ မ သွား ကြနှင့်။ တညီတညွတ်တည်း အသင့် နေ ကြလော့။
``သင်​တို့​သည်​မြို့​၏​အ​နောက်​ဘက်​မ​လှမ်း မ​ကမ်း​တွင်​ပုန်း​အောင်း​နေ​လော့။ မြို့​ကို​တိုက် ခိုက်​ရန်​အ​သင့်​ရှိ​နေ​ကြ​လော့။-
5 ငါ နှင့်တကွ ငါ ၌ ပါသော သူ အပေါင်း တို့သည် မြို့ အနီးသို့ ချဉ်းကပ် မည်။ သူတို့သည် ယမန် ကဲ့သို့ တိုက် ခြင်းငှါ ထွက် လာကြသောအခါ ၊ ငါတို့သည် သူ တို့ရှေ့ မှာ ပြေး ရကြမည်။
ငါ​နှင့်​ငါ​၏​တပ်​သား​တို့​သည်​မြို့​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​မည်။ အာ​ဣ​မြို့​သား​တို့​သည် ငါ​တို့​အား​ထွက်​၍​တိုက်​ခိုက်​ကြ​သော​အ​ခါ ငါ​တို့​သည် ယ​ခင်​တစ်​ကြိမ်​က​ကဲ့​သို့​ဆုတ်​ခွာ ထွက်​ပြေး​ကြ​မည်။-
6 သူတို့လည်း လိုက်ခြင်းငှါမြို့ထဲကထွက်၍၊ မြို့ နှင့် ကွာမှန်းကိုမသိဘဲ ခွါ ၍ လိုက် ကြလိမ့်မည်။ အကြောင်းမူကား ၊ သူ တို့ရှေ့ မှာ ငါတို့သည် ပြေး သောအခါ ၊ ယမန် ကဲ့သို့ ငါ တို့ရှေ့ မှာ ပြေး ကြပြီဟု သူတို့ဆို ကြလိမ့်မည်။
ထို​အ​ခါ​သူ​တို့​သည်​မြို့​မှ​ဝေး​ကွာ​သည့်​အ​ရပ် သို့​ရောက်​သည့်​တိုင်​အောင် ငါ​တို့​နောက်​သို့​လိုက်​လံ တိုက်​ခိုက်​ကြ​လိမ့်​မည်။ ငါ​တို့​ယ​ခင်​အ​တိုင်း ထွက်​ပြေး​ကြ​ပြီ​ဟု​သူ​တို့​ထင်​မှတ်​လိမ့်​မည်။-
7 ထိုအခါ သင် တို့သည် ကင်းထိုး လျက် နေရာအရပ်မှ ထ ၍ မြို့ ကိုတိုက် လျှင်၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့လက် ၌ အပ် တော်မူမည်။
ထို​အ​ခါ​သင်​တို့​ပုန်း​ကွယ်​ရာ​မှ​ထွက်​၍​မြို့ ကို​သိမ်း​ယူ​ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​သင်​တို့​လက် သို့​အပ်​တော်​မူ​မည်။-
8 တိုက် ၍ အောင်သောအခါ မြို့ ကို မီး ရှို့ရကြမည်။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ရကြမည်။ ထိုသို့ ငါဆင့်ဆို သည်ဟု ထိုသူ တို့အား မှာ ထားလေ၏။
သင်​တို့​သည်​မြို့​ကို​သိမ်း​ယူ​ပြီး​နောက်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မြို့​ကို​မီး ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​အ​မိန့်​အ​တိုင်း ဆောင်​ရွက်​ကြ​လော့'' ဟု​အ​မိန့်​ပေး​လေ​၏။-
9 ယောရှု စေလွှတ် သည်အတိုင်း ၊ ထိုသူတို့သည် ကင်း ထိုးခြင်းငှါ သွား ၍ ၊ ဗေသလ မြို့နှင့် အာဣ မြို့ စပ်ကြား တွင် အာဣ မြို့ အနောက် ဘက်မှာ နေ ကြ၏။ ယောရှု သည် ထို ညဉ့် တွင် လူ များထဲ မှာ နေသေး၏။
ယော​ရှု​သည်​လက်​ရွေး​စင်​သူရဲ​တို့​ကို​စေ​လွှတ် သ​ဖြင့် သူ​တို့​သည်​ချီ​တက်​၍​အာ​ဣ​မြို့​အ​နောက် ဘက်​နှင့်​ဗေ​သ​လ​မြို့​စပ်​ကြား​တွင်​ပုန်း​အောင်း စောင့်​ဆိုင်း​နေ​ကြ​လေ​သည်။ ယော​ရှု​သည်​ထို ည​၌​စ​ခန်း​တွင်​နေ​၏။
10 ၁၀ နံနက် စောစောထ ၍ လူ များတို့ကို ရေတွက် ပြီးမှ ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့်အတူ အာဣ မြို့ သို့ အဦး ချီ သွားလေ၏။
၁၀နံ​နက်​စော​စော​၌​ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ စစ်​သူ​ရဲ​တို့ ကို​ဦး​ဆောင်​၍​အာ​ဣ​မြို့​သို့​ချီ​တက်​လေ​သည်။-
11 ၁၁ ယောရှု ၌ ပါသော စစ်သူရဲ အပေါင်း တို့သည် လိုက် ၍ မြို့ အနီး သို့ ရောက် ပြီးလျှင် ၊ မြို့ မြောက် ဘက်၌ တပ်ချ ကြ၏။ သူ တို့နှင့် မြို့ စပ်ကြား မှာ ချိုင့် တခုရှိ၏။
၁၁သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သော​စစ်​သူ​ရဲ​တို့ သည် မြို့​တံ​ခါး​မ​ဘက်​သို့​ချီ​တက်​၍​မြောက် ဘက်​တွင်​စ​ခန်း​ချ​ကြ​သည်။ သူ​တို့​၏​စ​ခန်း နှင့်​မြို့​အ​ကြား​တွင်​ချိုင့်​ဝှမ်း​ရှိ​၏။-
12 ၁၂ တဖန် အာဣ မြို့အနောက် ၊ ထိုမြို့ နှင့် ဗေသလ မြို့စပ်ကြား မှာ ကင်းထိုး စေခြင်းငှါလူ ငါး ထောင် ခန့် မျှ ထား လေ၏။
၁၂သူ​သည်​စစ်​သူ​ရဲ​ငါး​ထောင်​ခန့်​ကို​မြို့​အ​နောက် ဘက် အာ​ဣ​မြို့​နှင့်​ဗေ​သ​လ​မြို့​အ​ကြား​တွင် ပုန်း​အောင်း​နေ​စေ​၏။-
13 ၁၃ ထိုသို့လျှင်၊ မြို့ မြောက် ဘက်မှာ ဗိုလ်ခြေ အပေါင်း ခင်းကျင်းလျက်၊ အနောက် ဘက်မှာ လည်း ကင်း ထိုးလျက်၊ အသီးသီးနေရာ ကျကြသောအခါ ၊ ယောရှု သည် ထို ညဉ့် တွင် ချိုင့် အလယ်သို့ သွား လေ၏။
၁၃တပ်မ​ကို​မြို့​၏​အ​နောက်​ဘက်​တွင်​လည်း​ကောင်း တပ်​စွဲ​စေ​၏။ ထို​ည​၌​ယော​ရှု​သည်​ချိုင့်​ဝှမ်း ထဲ​သို့​ဆင်း​သွား​လေ​၏။-
14 ၁၄ ထိုအခြင်းအရာတို့ကို အာဣ မင်းကြီး သည် မြင် လျှင် ၊ မြို့ သား ယောက်ျားတို့သည် စောစော ထ၍ အလျင်အမြန် ပြင်ဆင်ပြီးမှ ၊ မင်းကြီး သည် လူ အပေါင်း တို့နှင့်တကွ ဣသရေလ အမျိုးသားတို့ကို တိုက် ခြင်းငှါ ၊ ချိန်းချက် သော အချိန်၌ လွင်ပြင် သို့ ချီ သွားလေ၏။ သို့ရာတွင် မြို့ နောက် မှာ ကင်း တပ်ရှိမှန်းကို မ သိ။
၁၄အာ​ဣ​မင်း​သည်​ယော​ရှု​၏​စစ်​သူရဲ​များ​တပ်​ချ လျက်​ရှိ​သည်​ကို​မြင်​လျှင် မိ​မိ​၏​စစ်​သူရဲ​အ​ပေါင်း တို့​ကို​အ​လျင်​အ​မြန်​စု​ရုံး​၍ ဣ​သ​ရေ​လ​တပ် ကို​တိုက်​ခိုက်​ရန်​ယော်​ဒန်​မြစ်​ချိုင့်​ဝှမ်း​ဘက် ယ​ခင် တိုက်​ခိုက်​ခဲ့​သော​အ​ရပ်​သို့​ချီ​တက်​လေ​သည်။ သို့​ရာ​တွင်​သူ​သည်​မြို့​၏​အ​နောက်​ဘက်​၌ ဣ​သ​ရေ​လ​တပ်​ပုန်း​များ​ချ​ထား​ကြောင်း ကို​မ​ရိပ်​မိ​ချေ။-
15 ၁၅ ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည် ရှုံး ဟန်ပြုလျက် တော လမ်း ဖြင့် ပြေး ကြ၏။
၁၅ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​စစ်​ရှုံး ဟန်​ဆောင်​လျက် မြို့​ပြင်​ကွင်း​ထဲ​သို့​ထွက်​ပြေး လေ​၏။-
16 ၁၆ သူ တို့ကို လိုက် ခြင်းငှါ ၊ အာဣ မင်းကြီးသည် မြို့၌ ရှိသမျှ သော ယောက်ျား တို့ကို နှိုးဆော် ပြီးလျှင် ၊ မြို့သားတို့ သည် ယောရှု ကိုလိုက် ၍ ၊ မြို့ နှင့် ကွာမှန်းမသိ ခွါ သွားကြ၏။
၁၆အာ​ဣ​မင်း​သည်​မြို့​တွင်း​ရှိ​ယောကျာ်း​အား​လုံး ကို​ဆင့်​ခေါ်​၍ ယော​ရှု​၏​တပ်​နောက်​သို့​လိုက်​စေ သ​ဖြင့်​သူ​တို့​သည်​မြို့​နှင့်​အ​လှမ်း​ကွာ​သော အ​ရပ်​သို့​ရောက်​လာ​ကြ​လေ​သည်။-
17 ၁၇ ဣသရေလ အမျိုးသားတို့ကို မ လိုက် ဘဲ၊ အာဣ မြို့နှင့် ဗေသလ မြို့၌ ယောက်ျား တယောက်မျှ မ နေ ၊ မြို့ ကို လှပ် ထားလျက် ဣသရေလ အမျိုးသားတို့ကို လိုက် ကြ၏။
၁၇အာ​ဣ​မြို့​သား​အား​လုံး​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နောက်​သို့ ထွက်​လိုက်​ကြ​ရာ​မြို့ ကို​ကာ​ကွယ်​မည့်​သူ​တစ်​ယောက်​မျှ​မ​ကျန် ရစ်​ချေ။
18 ၁၈ ထာဝရဘုရား ကလည်း ၊ သင် ကိုင် သောလှံ ကို အာဣ မြို့သို့ ရွယ် လော့။ ထိုမြို့ ကို သင့် လက် သို့ ငါအပ် မည်ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း ၊ ယောရှု သည် မိမိကိုင် သောလှံ ကို ထိုမြို့ သို့ ရွယ် လေ၏။
၁၈ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု အား``သင်​၏​လှံ​ကို​အာ​ဣ​မြို့​ဘက်​သို့​ချိန် ရွယ်​လော့။ မြို့​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​အ​တိုင်း၊-
19 ၁၉ ရွယ်သောအခါ ၊ ကင်း တပ်သားတို့သည် ချက်ခြင်း ထ ၍ အလျင်အမြန် ပြေး လျက် မြို့ ထဲသို့ဝင် မိလျှင် ၊ ကြိုးစား ၍ သိမ်းယူ ပြီးမှ မီး ရှို့ကြ၏။
၁၉ယော​ရှု​သည်​လှံ​ကို​ကိုင်​၍​မြို့​ဘက်​သို့​ချိန်​ရွယ် လိုက်​ရာ​စစ်​သူ​ရဲ​တို့​သည် ပုန်း​အောင်း​ရာ​မှ အ​လျင်​အ​မြန်​ထွက်​လာ​၍ မြို့​တွင်း​သို့​ပြေး ဝင်​ကြ​ပြီး​လျှင်​မြို့​ကို​သိမ်း​၍​ချက်​ချင်း မီး​ရှို့​ဖျက်​ဆီး​ကြ​၏။-
20 ၂၀ အာဣ မြို့သား တို့သည် ပြန် ကြည့် ၍ ၊ မြို့ ကို လောင်သော မီး၏အခိုး သည် မိုဃ်းကောင်းကင် သို့ တက် လျက်ရှိသည်ကို မြင် သောအခါ ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မ တတ်စွမ်းနိုင်ကြ။ တော သို့ပြေး သောသူ တို့သည် လည်း လိုက် သောသူတို့ကို ပြန် လှန်၍ တိုက် ကြ၏။
၂၀အာ​ဣ​မြို့​သား​တို့​သည်​နောက်​သို့​လှည့်​ကြည့် သော​အ​ခါ မြို့​မှ​မီး​ခိုး​လုံး​ကြီး​များ​အ​ထက် သို့​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။ ထို အ​ခါ​မြို့​ပြင်​ဘက်​သို့​ထွက်​ပြေး​ခဲ့​ကြ​သော ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​တို့​ကို​တိုက်​ခိုက်​ကြ​သ​ဖြင့် သူ​တို့​ထွက်​ပေါက်​မ​ရှိ​ဘဲ​ပိတ်​မိ​နေ​ကြ​၏။-
21 ၂၁ ကင်း တပ်သားတို့သည် မြို့ ကိုရ ၍ မြို့ ၌ မီးခိုး တက် လျက် ရှိသည်ကို ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့သည် မြင် လျှင် ၊ တဖန် ပြန် လှည့်၍ အာဣ မြို့သား တို့ကို တိုက် သတ်ကြ၏။
၂၁ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​မိ​မိ​တို့ တပ်​ပုန်း​များ​က မြို့​ကို​သိမ်း​လိုက်​ကြောင်း​ကို လည်း​ကောင်း၊ မြို့​မီး​လောင်​လျက်​ရှိ​သည်​ကို လည်း​ကောင်း​တွေ့​မြင်​ရ​လျှင်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​များ​ကို​တိုက်​ခိုက်​သတ်​ဖြတ် ကြ​သည်။-
22 ၂၂ အခြားသောသူတို့သည်လည်း မြို့ ထဲက ထွက် ၍ တိုက် သောကြောင့် ဣသရေလ အမျိုးသားတို့သည် အာဣ လူတို့ကို ညှပ်၍ တိုက်သဖြင့် တယောက်ကိုမျှမ လွှတ် မကျန် ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။
၂၂မြို့​တွင်း​၌​ရှိ​သော​ဣ​သ​ရေ​လ​တပ်​သား​တို့ က​လည်း​ထွက်​၍​တိုက်​ခိုက်​ကြ​ရာ အာ​ဣ​မြို့ သား​တို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ကျ​ဆုံး​ကြ​ကုန်​၏။ အာဣ မင်း​က​လွဲ​၍​မည်​သူ​မျှ​အသက်​ရှင်​၍​မ​ကျန် ရစ်​ခဲ့​ချေ။ ဣ​သ​ရေ​လ​တပ်​သား​တို့​သည် အာ​ဣ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​၍​ယော​ရှု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​လေ​သည်။
23 ၂၃ အာဣ မင်းကြီး ကို အရှင် ဘမ်း ၍ ယောရှု ထံ သို့ ဆောင် ခဲ့ကြ၏။
၂၃
24 ၂၄ ဣသရေလ အမျိုးသားတို့သည် လွင်ပြင် ၌ ၎င်း၊ လိုက်ရှာ ရာ တော ၌ ၎င်း၊ အာဣ မြို့သား အပေါင်း တို့ကို လုပ်ကြံ ၍ ထား ဖြင့် အကုန်အစင် သုတ်သင် ပြီးမှ ၊ တဖန် မြို့သို့ပြန် လာ၍ ထား ဖြင့် လုပ်ကြံ ကြ၏။
၂၄ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ကွင်း​ပြင်​ဒေ​သ ၌ ရန်​သူ​များ​ကို​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​နောက် အာ​ဣ​မြို့​ထဲ​သို့​ပြန်​ဝင်​လာ​၍​ကျန် ရှိ​သူ​ရှိ​သ​မျှ​ကို​သုတ်​သင်​လိုက်​ကြ​လေ​သည်။-
25 ၂၅ ထို နေ့ ၌ တသောင်း နှစ်ထောင်ခန့်မျှ ရှိသောအာဣ မြို့သား ယောက်ျား မိန်းမ အပေါင်း တို့သည် သေ ကြ ၏။
၂၅မြို့​သူ​မြို့​သား​များ​တစ်​ယောက်​မ​ကျန်​သေ​ဆုံး ကုန်​သည်​အ​ထိ ယော​ရှု​သည်​မိ​မိ​လှံ​ကို​မ​ချ ဘဲ​အာ​ဣ​မြို့​ဘက်​သို့​ချိန်​ရွယ်​ထား​လေ​သည်။ ထို​နေ့​၌​တစ်​သောင်း​နှစ်​ထောင်​မျှ​ရှိ​သော​မြို့ သူ​မြို့​သား​အား​လုံး​သေ​ဆုံး​ကုန်​ကြ​၏။-
26 ၂၆ အာဣ မြို့သူ မြို့သားအပေါင်း တို့ကို အကုန်အစင်မဖျက်ဆီး မှီတိုင်အောင် ယောရှု သည်လှံ ကိုင် သော လက် ကို မ သိမ်း မရုပ်။
၂၆
27 ၂၇ သို့ရာတွင် ထာဝရဘုရား သည် ယောရှု အား မှာ ထား တော်မူသော စကား အတိုင်း ၊ တိရစ္ဆာန် များနှင့် လက်ရ ဥစ္စာများကို၊ ဣသရေလ အမျိုးသားတို့သည် ကိုယ် အဘို့ သိမ်းယူ ကြ၏။
၂၇ယော​ရှု​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​သိုး​နွား​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း များ​ကို​မိ​မိ​တို့​အ​တွက်​သိမ်း​ယူ​ကြ​၏။-
28 ၂၈ ယောရှု သည်လည်း အာဣ မြို့ကို မီး ရှို့၍ ၊ ယနေ့ တိုင်အောင် ထာဝရ ဖျက်ဆီး ရာ အမှိုက်ပုံ ဖြစ် စေ၏။
၂၈ယော​ရှု​သည်​အာ​ဣ​မြို့​ကို​မီး​ရှို့​ဖျက်​ဆီး လိုက်​သ​ဖြင့် ယ​နေ့​တိုင်​မြို့​ပျက်​အ​ဖြစ် ကျန်​ရစ်​လေ​သည်။-
29 ၂၉ အာဣ မင်းကြီး ကို ညဦး တိုင်အောင် သစ်ပင် တွင် ဆွဲ ထား၍ ၊ မိုဃ်းချုပ် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း၊ အသေကောင် ကို သစ်ပင် က ချ ပြီးလျှင် မြို့ တံခါးဝ ၌ ပစ် ထား၍ ၊ အသေကောင် အပေါ် ၌ များစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။
၂၉အာ​ဣ​မင်း​ကို​လည်း​သစ်​ပင်​တွင်​လည်​ဆွဲ​ချ​၍ သတ်​ပြီး​လျှင် နေ​ဝင်​ချိန်​တိုင်​အောင်​အ​လောင်း ကို​ဆွဲ​ထား​လေ​၏။ နေ​ဝင်​ချိန်​၌​အ​လောင်း​ကို ဖြုတ်​ချ​၍​မြို့​တံ​ခါး​ဝ​တွင်​ပစ်​ထား​ရန် ယော​ရှု​အ​မိန့်​ပေး​၏။ ထို​နောက်​သူ​တို့​သည် အ​လောင်း​ပေါ်​တွင်​ကျောက်​တုံး​များ​ကို​ပုံ ထား​ကြ​သ​ဖြင့် ယ​နေ့​တိုင်​ထို​ကျောက်​ပုံ ကြီး​ကို​တွေ့​မြင်​နိုင်​လေ​သည်။
30 ၃၀ ထိုအခါ ယောရှု သည်၊ ဧဗလ တောင် ပေါ် မှာ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ၊ ယဇ်ပလ္လင် ကို တည် လေ၏။
၃၀ထို​နောက်​ယော​ရှု​သည်​ဧ​ဗ​လ​တောင်​ပေါ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို တည်​လေ​၏။-
31 ၃၁ ထာဝရဘုရား ၏ ကျွန် မောရှေ သည်၊ ဣသရေလ အမျိုးသားတို့ကို မှာ ထား၍ မောရှေ ၏ ပညတ္တိ ကျမ်း ၌ ရေး မှတ်လျက်ရှိသည်အတိုင်း ၊ သံ တန်ဆာမ ပါမသုံး ဘဲ မ ကွဲမပြတ်သော ကျောက် တို့ဖြင့် ယဇ်ပလ္လင် ကို တည်၍၊ ထာဝရဘုရား အဘို့ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
၃၁ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ် တ​ရား​တွင်``သံ​လက်​နက်​ကိ​ရိ​ယာ​ဖြင့်​မ​ဆစ် သော​ကျောက်​များ​ဖြင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​မည်'' ဟူ​၍​ညွှန်​ကြား​သည့်​အ​တိုင်း​ထို​ယဇ်​ပလ္လင်​ကို တည်​လေ​သည်။ သူ​တို့​သည်​မီး​ရှို့​သော​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ယဇ်​ပလ္လင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။-
32 ၃၂ ယောရှုသည်လည်း ၊ ထို ကျောက် ပေါ် ၌ မောရှေ ၏ ပညတ် တရားကို ဣသရေလ အမျိုးသားတို့ရှေ့ မှာ ရေး ကူးလေ၏။
၃၂ယော​ရှု​သည်​ကျောက်​များ​ပေါ်​တွင်​မော​ရှေ​ရေး ခဲ့​သော ပ​ညတ်​တ​ရား​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​မျက်​မှောက်​၌​ကူး​ရေး​လေ​သည်။-
33 ၃၃ ဣသရေလ အမျိုးသား တို့ကို ကောင်းကြီး ပေး ခြင်း အလိုငှါ ၊ ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားခဲ့ သည်အတိုင်း ၊ ဣသရေလ အမျိုး အသက်ကြီး ၊ ဗိုလ် မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိ သားထမ်း သော ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ နှစ်ဘက်၌ ရပ် ၍၊ အမျိုးသား စစ်နှင့် တကျွန်း နိုင်ငံသားပါလျက်၊ ဂေရဇိမ် တောင် ပေါ် မှာ လူတဝက် ၊ ဧဗလ တောင် ပေါ် မှာ တဝက် တို့သည် နေကြလျှင်၊
၃၃ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ တ​ရား​သူ​ကြီး များ​မှ​စ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ယင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​တို့​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​၏​တစ်​ဘက် တစ်​ချက်၊ သေတ္တာ​တော်​၏​ဝဲ​ယာ​၌​လူ​စု​ခွဲ​၍ ရပ်​နေ​ကြ​၏။ လူ​ဦး​ရေ​တစ်​ဝက်​တို့​သည် ဂေ​ရ​ဇိန်​တောင်​ကို​ကျော​ပေး​၍​ကျန်​တစ် ဝက်​တို့​သည်​ဧ​ဗ​လ​တောင်​ကို​ကျော​ပေး လျက်​ရပ်​နေ​ကြ​သည်။ သူ​တို့​သည်​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​ယူ​သော​အ​ခါ​ထို​သို့​လိုက်​နာ ဆောင်​ရွက်​ရ​မည်​ဟူ​၍​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်။-
34 ၃၄ ပညတ္တိ ကျမ်း ၌ ရေး ထားသမျှ သောကောင်းကြီး မင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာ စကား တည်းဟူသော တရား စကား အလုံးစုံ တို့ကို ဘတ်ရွတ် လေ၏။
၃၄ထို့​နောက်​ယော​ရှု​သည်​ပ​ညတ်​တ​ရား​ကျမ်း စာ​အုပ်​တွင်​ရေး​သား​ဖော်​ပြ​သည့်​ကောင်း​ချီး မင်္ဂ​လာ​နှင့် ကျိန်​စာ​များ​အ​ပါ​အ​ဝင်​တရား အ​လုံး​စုံ​တို့​ကို​အ​သံ​ကျယ်​စွာ​ဖြင့်​ဖတ် ရှု​လေ​၏။-
35 ၃၅ ယောရှု သည် မောရှေ မှာ ထားသော စကား တခွန်းကိုမျှ မ ချန်မထား ၊ မိန်းမ ၊ သူငယ် ၊ တကျွန်း နိုင်ငံသားပါသောဣသရေလ အမျိုးသားပရိတ်သတ် အပေါင်း တို့ ရှေ့ မှာ အကုန်အစင်ဘတ်ရွတ် လေ၏။
၃၅ယော​ရှု​သည်​အ​မျိုး​သ​မီး​နှင့်​က​လေး​များ၊ သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား များ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အမျိုး​သား အ​ပေါင်း​တို့​ရှေ့​၌​မော​ရှေ​ပေး​သော​ပညတ် ရှိ​သ​မျှ​ကို​ဖတ်​ရွတ်​လေ​သည်။

< ယောရှု 8 >