< ယောရှု 8 >
1 ၁ တဖန် ထာဝရဘုရား ကလည်း၊ သင်သည် မ ကြောက် နှင့်၊ စိတ် မ ပျက်နှင့်။ သင် ၌ ပါသောစစ်သူရဲ အပေါင်း တို့ကို ခေါ် ၍ အာဣ မြို့သို့ ထ သွားလော့။ အာဣ မင်းကြီး နှင့် သူ့ လူ များ၊ သူ့ မြို့ ၊ သူ့ မြေ ကို သင့် လက် ၌ ငါအပ် မည်။
L'Éternel dit ensuite à Josué: Ne crains point et ne t'effraie point; prends avec toi tous les gens de guerre, et lève-toi, monte à Aï. Regarde, j'ai livré entre tes mains le roi d'Aï, son peuple, sa ville et son pays.
2 ၂ ယေရိခေါ မြို့နှင့် မင်းကြီး အား ပြု သကဲ့သို့ အာဣ မြို့နှင့် မင်းကြီး အား ပြု ရမည်။ သို့ရာတွင် လုယူ သော ဥစ္စာ၊ တိရစ္ဆာန် များကို ကိုယ် အဘို့ သိမ်း ရမည်။ မြို့ နောက် မှာ ကင်းတပ်ကို ထား ရမည်ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း၊
Tu feras à Aï et à son roi, comme tu as fait à Jérico et à son roi; seulement vous en pillerez pour vous le butin et le bétail. Dresse une embuscade à la ville, par derrière.
3 ၃ ယောရှု နှင့် စစ်သူရဲ အပေါင်း တို့သည် အာဣ မြို့ ကို တိုက် ခြင်းငှါ ထ ကြ၏။ ယောရှု သည် ခွန်အားကြီးသော စစ်သူရဲ သုံးသောင်း တို့ကို ရွေးချယ် ၍ ညဉ့် အခါစေလွှတ် လျက်၊
Josué se leva donc, avec tout le peuple propre à la guerre, pour monter à Aï; et Josué choisit trente mille hommes forts et vaillants, et il les envoya de nuit.
4 ၄ သင် တို့သည် ထိုမြို့ ကို တိုက်ခြင်းငှါမြို့နောက် မှာ ကင်း ထိုးလျက်နေကြလော့။ မြို့ နှင့် ဝေးဝေး ခွာ၍ မ သွား ကြနှင့်။ တညီတညွတ်တည်း အသင့် နေ ကြလော့။
Et il leur commanda, en disant: Voyez, vous serez en embuscade derrière la ville; ne vous éloignez pas beaucoup de la ville, et soyez tous prêts.
5 ၅ ငါ နှင့်တကွ ငါ ၌ ပါသော သူ အပေါင်း တို့သည် မြို့ အနီးသို့ ချဉ်းကပ် မည်။ သူတို့သည် ယမန် ကဲ့သို့ တိုက် ခြင်းငှါ ထွက် လာကြသောအခါ ၊ ငါတို့သည် သူ တို့ရှေ့ မှာ ပြေး ရကြမည်။
Et moi, et tout le peuple qui est avec moi, nous nous approcherons de la ville. Et quand ils sortiront à notre rencontre, comme la première fois, nous fuirons devant eux,
6 ၆ သူတို့လည်း လိုက်ခြင်းငှါမြို့ထဲကထွက်၍၊ မြို့ နှင့် ကွာမှန်းကိုမသိဘဲ ခွါ ၍ လိုက် ကြလိမ့်မည်။ အကြောင်းမူကား ၊ သူ တို့ရှေ့ မှာ ငါတို့သည် ပြေး သောအခါ ၊ ယမန် ကဲ့သို့ ငါ တို့ရှေ့ မှာ ပြေး ကြပြီဟု သူတို့ဆို ကြလိမ့်မည်။
Et ils sortiront après nous, jusqu'à ce que nous les ayons attirés hors de la ville; car ils diront: Ils fuient devant nous comme la première fois. Et nous fuirons devant eux;
7 ၇ ထိုအခါ သင် တို့သည် ကင်းထိုး လျက် နေရာအရပ်မှ ထ ၍ မြို့ ကိုတိုက် လျှင်၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့လက် ၌ အပ် တော်မူမည်။
Alors vous vous lèverez de l'embuscade, et vous vous emparerez de la ville; et l'Éternel votre Dieu la livrera entre vos mains.
8 ၈ တိုက် ၍ အောင်သောအခါ မြို့ ကို မီး ရှို့ရကြမည်။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ရကြမည်။ ထိုသို့ ငါဆင့်ဆို သည်ဟု ထိုသူ တို့အား မှာ ထားလေ၏။
Or, quand vous aurez pris la ville, vous y mettrez le feu; vous ferez selon la parole de l'Éternel; voyez, je vous l'ai commandé.
9 ၉ ယောရှု စေလွှတ် သည်အတိုင်း ၊ ထိုသူတို့သည် ကင်း ထိုးခြင်းငှါ သွား ၍ ၊ ဗေသလ မြို့နှင့် အာဣ မြို့ စပ်ကြား တွင် အာဣ မြို့ အနောက် ဘက်မှာ နေ ကြ၏။ ယောရှု သည် ထို ညဉ့် တွင် လူ များထဲ မှာ နေသေး၏။
Josué les envoya donc, et ils allèrent se mettre en embuscade; et ils s'établirent entre Béthel et Aï, à l'occident d'Aï; mais Josué demeura cette nuit-là au milieu du peuple.
10 ၁၀ နံနက် စောစောထ ၍ လူ များတို့ကို ရေတွက် ပြီးမှ ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့်အတူ အာဣ မြို့ သို့ အဦး ချီ သွားလေ၏။
Puis Josué se leva de bon matin et fit la revue du peuple; et il monta, lui et les anciens d'Israël, devant le peuple, vers Aï.
11 ၁၁ ယောရှု ၌ ပါသော စစ်သူရဲ အပေါင်း တို့သည် လိုက် ၍ မြို့ အနီး သို့ ရောက် ပြီးလျှင် ၊ မြို့ မြောက် ဘက်၌ တပ်ချ ကြ၏။ သူ တို့နှင့် မြို့ စပ်ကြား မှာ ချိုင့် တခုရှိ၏။
Tout le peuple propre à la guerre, qui était avec lui, monta et s'approcha; et ils vinrent vis-à-vis de la ville, et ils campèrent au nord d'Aï. La vallée était entre lui et Aï.
12 ၁၂ တဖန် အာဣ မြို့အနောက် ၊ ထိုမြို့ နှင့် ဗေသလ မြို့စပ်ကြား မှာ ကင်းထိုး စေခြင်းငှါလူ ငါး ထောင် ခန့် မျှ ထား လေ၏။
Il prit alors environ cinq mille hommes, et les mit en embuscade entre Béthel et Aï, à l'occident de la ville.
13 ၁၃ ထိုသို့လျှင်၊ မြို့ မြောက် ဘက်မှာ ဗိုလ်ခြေ အပေါင်း ခင်းကျင်းလျက်၊ အနောက် ဘက်မှာ လည်း ကင်း ထိုးလျက်၊ အသီးသီးနေရာ ကျကြသောအခါ ၊ ယောရှု သည် ထို ညဉ့် တွင် ချိုင့် အလယ်သို့ သွား လေ၏။
Ils disposèrent ainsi le peuple, tout le camp qui était au nord de la ville, et son arrière-garde à l'occident de la ville; puis Josué s'avança cette nuit-là au milieu de la vallée.
14 ၁၄ ထိုအခြင်းအရာတို့ကို အာဣ မင်းကြီး သည် မြင် လျှင် ၊ မြို့ သား ယောက်ျားတို့သည် စောစော ထ၍ အလျင်အမြန် ပြင်ဆင်ပြီးမှ ၊ မင်းကြီး သည် လူ အပေါင်း တို့နှင့်တကွ ဣသရေလ အမျိုးသားတို့ကို တိုက် ခြင်းငှါ ၊ ချိန်းချက် သော အချိန်၌ လွင်ပြင် သို့ ချီ သွားလေ၏။ သို့ရာတွင် မြို့ နောက် မှာ ကင်း တပ်ရှိမှန်းကို မ သိ။
Or, dès que le roi d'Aï vit cela, les hommes de la ville se hâtèrent, et se levèrent de bon matin. Le roi et tout son peuple sortirent pour la bataille, à la rencontre d'Israël, au lieu indiqué, du côté de la plaine; et il ne savait pas qu'il y avait une embuscade contre lui derrière la ville.
15 ၁၅ ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည် ရှုံး ဟန်ပြုလျက် တော လမ်း ဖြင့် ပြေး ကြ၏။
Alors Josué et tout Israël, feignant d'être battus devant eux, s'enfuirent dans la direction du désert.
16 ၁၆ သူ တို့ကို လိုက် ခြင်းငှါ ၊ အာဣ မင်းကြီးသည် မြို့၌ ရှိသမျှ သော ယောက်ျား တို့ကို နှိုးဆော် ပြီးလျှင် ၊ မြို့သားတို့ သည် ယောရှု ကိုလိုက် ၍ ၊ မြို့ နှင့် ကွာမှန်းမသိ ခွါ သွားကြ၏။
Et tout le peuple qui était dans la ville fut assemblé à grands cris pour les poursuivre. Ils poursuivirent Josué, et furent attirés hors de la ville;
17 ၁၇ ဣသရေလ အမျိုးသားတို့ကို မ လိုက် ဘဲ၊ အာဣ မြို့နှင့် ဗေသလ မြို့၌ ယောက်ျား တယောက်မျှ မ နေ ၊ မြို့ ကို လှပ် ထားလျက် ဣသရေလ အမျိုးသားတို့ကို လိုက် ကြ၏။
Et il ne resta pas un homme dans Aï ni dans Béthel, qui ne sortît à la poursuite d'Israël; et ils laissèrent la ville ouverte, et poursuivirent Israël.
18 ၁၈ ထာဝရဘုရား ကလည်း ၊ သင် ကိုင် သောလှံ ကို အာဣ မြို့သို့ ရွယ် လော့။ ထိုမြို့ ကို သင့် လက် သို့ ငါအပ် မည်ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း ၊ ယောရှု သည် မိမိကိုင် သောလှံ ကို ထိုမြို့ သို့ ရွယ် လေ၏။
Alors l'Éternel dit à Josué: Étends le javelot, qui est en ta main, vers Aï; car je la livrerai entre tes mains. Et Josué étendit vers la ville le javelot qui était en sa main.
19 ၁၉ ရွယ်သောအခါ ၊ ကင်း တပ်သားတို့သည် ချက်ခြင်း ထ ၍ အလျင်အမြန် ပြေး လျက် မြို့ ထဲသို့ဝင် မိလျှင် ၊ ကြိုးစား ၍ သိမ်းယူ ပြီးမှ မီး ရှို့ကြ၏။
Et ceux qui étaient en embuscade se levèrent promptement du lieu où ils étaient, et ils se mirent à courir, dès qu'il eut étendu sa main; et ils entrèrent dans la ville, s'en emparèrent, et se hâtèrent d'y mettre le feu.
20 ၂၀ အာဣ မြို့သား တို့သည် ပြန် ကြည့် ၍ ၊ မြို့ ကို လောင်သော မီး၏အခိုး သည် မိုဃ်းကောင်းကင် သို့ တက် လျက်ရှိသည်ကို မြင် သောအခါ ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မ တတ်စွမ်းနိုင်ကြ။ တော သို့ပြေး သောသူ တို့သည် လည်း လိုက် သောသူတို့ကို ပြန် လှန်၍ တိုက် ကြ၏။
Et les gens d'Aï, se tournant derrière eux, regardèrent, et voici, la fumée de la ville montait vers le ciel; et il n'y eut en eux aucune force pour fuir ici ou là. Et le peuple qui fuyait vers le désert, se retourna contre ceux qui le poursuivaient.
21 ၂၁ ကင်း တပ်သားတို့သည် မြို့ ကိုရ ၍ မြို့ ၌ မီးခိုး တက် လျက် ရှိသည်ကို ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့သည် မြင် လျှင် ၊ တဖန် ပြန် လှည့်၍ အာဣ မြို့သား တို့ကို တိုက် သတ်ကြ၏။
Car Josué et tout Israël, voyant que ceux qui étaient en embuscade avaient pris la ville et que la fumée de la ville montait, retournèrent, et frappèrent les gens d'Aï.
22 ၂၂ အခြားသောသူတို့သည်လည်း မြို့ ထဲက ထွက် ၍ တိုက် သောကြောင့် ဣသရေလ အမျိုးသားတို့သည် အာဣ လူတို့ကို ညှပ်၍ တိုက်သဖြင့် တယောက်ကိုမျှမ လွှတ် မကျန် ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။
Les autres sortirent aussi de la ville à leur rencontre; ainsi ils furent enveloppés par les Israélites, ayant les uns d'un côté et les autres de l'autre. Et on les battit au point qu'il n'en resta aucun en vie ou qui s'échappât.
23 ၂၃ အာဣ မင်းကြီး ကို အရှင် ဘမ်း ၍ ယောရှု ထံ သို့ ဆောင် ခဲ့ကြ၏။
Et ils prirent vivant le roi d'Aï, et l'amenèrent à Josué.
24 ၂၄ ဣသရေလ အမျိုးသားတို့သည် လွင်ပြင် ၌ ၎င်း၊ လိုက်ရှာ ရာ တော ၌ ၎င်း၊ အာဣ မြို့သား အပေါင်း တို့ကို လုပ်ကြံ ၍ ထား ဖြင့် အကုန်အစင် သုတ်သင် ပြီးမှ ၊ တဖန် မြို့သို့ပြန် လာ၍ ထား ဖြင့် လုပ်ကြံ ကြ၏။
Et quand Israël eut achevé de tuer tous les habitants d'Aï dans les champs, dans le désert, où ils l'avaient poursuivi, et qu'ils furent tous tombés sous le tranchant de l'épée jusqu'au dernier, tous les Israélites retournèrent à Aï, et la firent passer au fil de l'épée.
25 ၂၅ ထို နေ့ ၌ တသောင်း နှစ်ထောင်ခန့်မျှ ရှိသောအာဣ မြို့သား ယောက်ျား မိန်းမ အပေါင်း တို့သည် သေ ကြ ၏။
Et tous ceux qui tombèrent, en ce jour-là, hommes et femmes, furent au nombre de douze mille, tous gens d'Aï.
26 ၂၆ အာဣ မြို့သူ မြို့သားအပေါင်း တို့ကို အကုန်အစင်မဖျက်ဆီး မှီတိုင်အောင် ယောရှု သည်လှံ ကိုင် သော လက် ကို မ သိမ်း မရုပ်။
Et Josué ne retira point sa main, qu'il avait étendue avec le javelot, jusqu'à ce qu'on eût voué à l'interdit tous les habitants d'Aï.
27 ၂၇ သို့ရာတွင် ထာဝရဘုရား သည် ယောရှု အား မှာ ထား တော်မူသော စကား အတိုင်း ၊ တိရစ္ဆာန် များနှင့် လက်ရ ဥစ္စာများကို၊ ဣသရေလ အမျိုးသားတို့သည် ကိုယ် အဘို့ သိမ်းယူ ကြ၏။
Seulement les Israélites pillèrent pour eux le bétail et le butin de cette ville-là, selon ce que l'Éternel avait commandé à Josué.
28 ၂၈ ယောရှု သည်လည်း အာဣ မြို့ကို မီး ရှို့၍ ၊ ယနေ့ တိုင်အောင် ထာဝရ ဖျက်ဆီး ရာ အမှိုက်ပုံ ဖြစ် စေ၏။
Josué brûla donc Aï, et la réduisit en un monceau perpétuel de ruines, jusqu'à ce jour.
29 ၂၉ အာဣ မင်းကြီး ကို ညဦး တိုင်အောင် သစ်ပင် တွင် ဆွဲ ထား၍ ၊ မိုဃ်းချုပ် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း၊ အသေကောင် ကို သစ်ပင် က ချ ပြီးလျှင် မြို့ တံခါးဝ ၌ ပစ် ထား၍ ၊ အသေကောင် အပေါ် ၌ များစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။
Il pendit au bois le roi d'Aï, jusqu'au soir; mais, au coucher du soleil, Josué commanda qu'on descendît son cadavre du bois; et on le jeta à l'entrée de la porte de la ville, et on éleva sur lui un grand monceau de pierres, qui est demeuré jusqu'à ce jour.
30 ၃၀ ထိုအခါ ယောရှု သည်၊ ဧဗလ တောင် ပေါ် မှာ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ၊ ယဇ်ပလ္လင် ကို တည် လေ၏။
Alors Josué bâtit un autel à l'Éternel, le Dieu d'Israël, sur le mont Ébal,
31 ၃၁ ထာဝရဘုရား ၏ ကျွန် မောရှေ သည်၊ ဣသရေလ အမျိုးသားတို့ကို မှာ ထား၍ မောရှေ ၏ ပညတ္တိ ကျမ်း ၌ ရေး မှတ်လျက်ရှိသည်အတိုင်း ၊ သံ တန်ဆာမ ပါမသုံး ဘဲ မ ကွဲမပြတ်သော ကျောက် တို့ဖြင့် ယဇ်ပလ္လင် ကို တည်၍၊ ထာဝရဘုရား အဘို့ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
Comme Moïse, serviteur de l'Éternel, l'avait commandé aux enfants d'Israël, ainsi qu'il est écrit dans le livre de la loi de Moïse; un autel de pierres brutes, sur lesquelles on n'avait point levé le fer. Ils y offrirent des holocaustes à l'Éternel, et ils présentèrent des sacrifices de prospérités.
32 ၃၂ ယောရှုသည်လည်း ၊ ထို ကျောက် ပေါ် ၌ မောရှေ ၏ ပညတ် တရားကို ဣသရေလ အမျိုးသားတို့ရှေ့ မှာ ရေး ကူးလေ၏။
Il écrivit aussi là, sur les pierres, une copie de la loi de Moïse, que celui-ci avait écrite devant les enfants d'Israël.
33 ၃၃ ဣသရေလ အမျိုးသား တို့ကို ကောင်းကြီး ပေး ခြင်း အလိုငှါ ၊ ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားခဲ့ သည်အတိုင်း ၊ ဣသရေလ အမျိုး အသက်ကြီး ၊ ဗိုလ် မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိ သားထမ်း သော ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ နှစ်ဘက်၌ ရပ် ၍၊ အမျိုးသား စစ်နှင့် တကျွန်း နိုင်ငံသားပါလျက်၊ ဂေရဇိမ် တောင် ပေါ် မှာ လူတဝက် ၊ ဧဗလ တောင် ပေါ် မှာ တဝက် တို့သည် နေကြလျှင်၊
Et tout Israël, et ses anciens, et ses officiers, et ses juges, se tenaient des deux côtés de l'arche, devant les sacrificateurs, les Lévites, qui portaient l'arche de l'alliance de l'Éternel; les étrangers y étaient aussi bien que les Israélites, une moitié du côté du mont de Garizim, et l'autre moitié du côté du mont Ébal, comme Moïse, serviteur de l'Éternel, l'avait précédemment commandé, pour bénir le peuple d'Israël.
34 ၃၄ ပညတ္တိ ကျမ်း ၌ ရေး ထားသမျှ သောကောင်းကြီး မင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာ စကား တည်းဟူသော တရား စကား အလုံးစုံ တို့ကို ဘတ်ရွတ် လေ၏။
Après cela, Josué lut toutes les paroles de la loi, la bénédiction et la malédiction, selon tout ce qui est écrit dans le livre de la loi.
35 ၃၅ ယောရှု သည် မောရှေ မှာ ထားသော စကား တခွန်းကိုမျှ မ ချန်မထား ၊ မိန်းမ ၊ သူငယ် ၊ တကျွန်း နိုင်ငံသားပါသောဣသရေလ အမျိုးသားပရိတ်သတ် အပေါင်း တို့ ရှေ့ မှာ အကုန်အစင်ဘတ်ရွတ် လေ၏။
Il n'y eut rien de tout ce que Moïse avait commandé, que Josué ne lût en présence de toute l'assemblée d'Israël, des femmes, des petits enfants, et des étrangers qui marchaient au milieu d'eux.