< ယောရှု 7 >

1 သို့ရာတွင် ယုဒ အမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိ တို့မှ ဆင်းသက်သော အာခန် သည်၊ ကျိန် အပ်သောအရာကို သိမ်းယူ ၍ ထိုအရာအားဖြင့်ဣသရေလ အမျိုးသားတို့ သည် ပြစ်မှား သောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူ တို့၌ အမျက်ထွက် တော်မူ၏။
But the children of Israel did wrong about the cursed thing: for Achan, the son of Carmi, the son of Zabdi, the son of Zerah, of the family of Judah, took of the cursed thing, moving the Lord to wrath against the children of Israel.
2 ယောရှု သည်လည်း ၊ ယေရိခေါ မြို့မှ လူ တို့ကို စေလွှတ် ၍၊ သင်တို့သည် ဗေသလ မြို့အရှေ့ ၊ ဗေသဝင် မြို့ အနား မှာရှိသော အာဣ မြို့သို့ သွား ၍ ထိုပြည် ကို ကြည့်ရှု ကြလော့ဟု မှာ ထားသည်အတိုင်း သူတို့သည် သွား ၍ ၊ အာဣ မြို့ကို ကြည့်ရှု ပြီးလျှင်၊
Now Joshua sent men from Jericho to Ai, which is by the side of Beth-aven, on the east side of Beth-el, and said to them, Go up and make a search through the land. And the men went up and saw how Ai was placed.
3 ယောရှု ထံ သို့ ပြန် လာ၍ ၊ ဤလူ တို့ကို အကုန်အစင် မ သွား ပါစေနှင့်။ လူ နှစ် ထောင်သုံး ထောင် လောက် သွား ၍ အာဣ မြို့ကို လုပ်ကြံ ပါစေ။ ထို မြို့သို့ သွားရာတွင် ဤလူ အပေါင်း တို့ကို မ ပင်ပန်း ပါစေနှင့်။ မြို့ သားတို့သည် မများ ပါဟု လျှောက် သည်နှင့်အညီ၊
Then they came back to Joshua and said to him, Do not send all the people up, but let about two or three thousand men go up and make an attack on Ai; there is no need for all the people to be tired with the journey there, for it is only a small town.
4 လူ သုံး ထောင် ခန့် မျှ ချီ သွား၍ အာဣ မြို့သား တို့ ရှေ့ မှာ ပြေး ရကြ၏။
So about three thousand of the people went up, and were sent in flight by the men of Ai.
5 အာဣ မြို့သား တို့သည် လူ သုံးဆယ် ခြောက် ယောက်တို့ကိုသတ် ကြ၏။ မြို့တံခါး မှ သည် ရှေဗရိမ် အရပ် တိုင်အောင် လိုက် ၍ ၊ ထိုအရပ်၌ ဆင်း ရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူ များတို့၏ စိတ်နှလုံး သည် အရည်ကျို ၍ ရေ ကဲ့သို့ ဖြစ် လေ၏။
The men of Ai put to death about thirty-six of them, driving them from before the town as far as the stoneworks, and overcoming them on the way down: and the hearts of the people became like water.
6 ထိုအခါ ယောရှု သည် မိမိ အဝတ် ကို ဆုတ် ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့်တကွ ၊ မိမိ တို့ခေါင်း ပေါ် ၌ မြေမှုန့် ကိုတင် ၍ ထာဝရဘုရား ၏ သေတ္တာ တော် ရှေ့ မှာ ည ဦးတိုင်အောင် ဝပ် လျက်နေကြ၏။
Then Joshua, in great grief, went down on the earth before the ark of the Lord till the evening, and all the chiefs of Israel with him, and they put dust on their heads.
7 ယောရှု ကလည်း ၊ အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဤ လူ အပေါင်းတို့ကို အာမောရိ လူတို့လက် သို့ အပ် ၍ ဖျက်ဆီး စေခြင်းငှါ ယော်ဒန် မြစ်တဘက် သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ ကြပါစေသော။
And Joshua said, O Lord God, why have you taken us over Jordan only to give us up into the hands of the Amorites for our destruction? If only it had been enough for us to keep on the other side of Jordan!
8 အို ဘုရား ရှင်၊ ဣသရေလ အမျိုးသားတို့သည် ရန်သူ တို့ရှေ့ မှာ ကျော ကိုလှည့် ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြော ရပါမည်နည်း။
O Lord, what am I to say now that Israel have given way before their attackers?
9 ခါနနိ လူ အစရှိသော ဤပြည်သူပြည်သား အပေါင်း တို့သည် ထိုသိတင်းကို ကြား လျှင်၊ အကျွန်ုပ် တို့ကို ဝိုင်း ၍ အကျွန်ုပ် တို့၏နာမည် ကို မြေကြီး မှ ပယ်ရှင်း ကြပါ လိမ့်မည်။ ကိုယ်တော် သည် ကြီးမြတ် သောနာမ တော်အဘို့ အလိုငှါ အဘယ်သို့ ပြု တော်မူမည်နည်းဟု လျှောက်ဆို ၏။
For when the news comes to the Canaanites and all the people of the land, they will come up, shutting us in and cutting off our name from the earth: and what will you do for the honour of your great name?
10 ၁၀ ထာဝရဘုရား ကလည်း ၊ ထ လော့။ အဘယ်ကြောင့် ဝပ် ၍နေသနည်း။
Then the Lord said to Joshua, Get up; what are you doing with your face to the earth?
11 ၁၁ ဣသရေလ အမျိုးသည် ပြစ်မှား ပြီ။ ငါမှာ ထား သော ပဋိညာဉ် တရားကို ဖျက် လေပြီ။ ကျိန် အပ်သောအရာကို ခိုး ယူ၍ ပရိယာယ် ပြုသဖြင့် မိမိ ဥစ္စာ ထဲ မှာ ထား လေပြီ။
Israel has done wrong, sinning against the agreement which I made with them: they have even taken of the cursed thing; acting falsely like thieves they have put it among their goods.
12 ၁၂ ထိုသို့ ဣသရေလ အမျိုးသားတို့သည် ကျိန် အပ် သောသူဖြစ် သောကြောင့် ၊ ရန်သူ တို့ရှေ့ မှာ မခံ မ ရပ်နိုင် ၊ ကျော ကို လှည့် ရကြ၏။ ကျိန် အပ်သောသူကို သင် တို့အထဲ က မ ပယ် မရှင်းလျှင် သင် တို့နှင့်အတူ ငါမ နေ။
For this reason the children of Israel have given way, turning their backs in flight before their attackers, because they are cursed: I will no longer be with you, if you do not put the cursed thing away from among you.
13 ၁၃ ထ ၍ လူ များတို့ကို သန့်ရှင်း စေလော့။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ်သန့်ရှင်း စေကြဟု ဆင့်ဆို လော့။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ အိုဣသရေလ အမျိုး၊ ကျိန် အပ်သောအရာ သည် သင် တို့အထဲ ၌ ရှိ၏။ ထိုအရာကို သင် တို့အထဲ က မပယ် မရှင်းမှီတိုင်အောင် ရန်သူ တို့ရှေ့ မှာ မ ခံ မရပ်နိုင် ကြ။
Up! make the people holy; say to them, Make yourselves holy before tomorrow, for the Lord, the God of Israel, has said, There is a cursed thing among you, O Israel, and you will give way before your attackers in the fight till the cursed thing has been taken away from among you.
14 ၁၄ နက်ဖြန်နံနက် ၌ သင် တို့သည် အမျိုးအနွယ် အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသော အမျိုး သည်၊ အဆွေအမျိုး အလိုက် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအမျိုး သည်၊ အိမ်ထောင် စုံနှင့် ချဉ်းကပ် ရကြမည်။ ထာဝရဘုရား မှတ် တော်မူသောအိမ်ထောင် သည် လူ အသီးသီးချဉ်းကပ် ရကြမည်။
So in the morning you are to come near, tribe by tribe; and the tribe marked out by the Lord is to come near, family by family; and the family marked out by the Lord is to come near, house by house; and the house marked out by the Lord is to come near, man by man.
15 ၁၅ ကျိန် အပ်သော အရာပါ လျက် မှတ် တော်မူသောသူမှစ၍၊ သူ ၌ ရှိသမျှ တို့ကို မီး ရှို့ရကြမည်။ အကြောင်းမူကား ၊ သူသည် ထာဝရဘုရား ၏ ပဋိညာဉ် တရားကို ဖျက် ၍ ဣသရေလ အမျိုး၌ အဓမ္မ အမှုကို ပြု လေပြီဟု ယောရှု အား မိန့် တော်မူ၏။
Then the man who is taken with the cursed thing is to be burned, with everything which is his; because he has gone against the agreement of the Lord and has done an act of shame in Israel.
16 ၁၆ နံနက် စောစောယောရှု သည် ထ ၍ ဣသရေလ လူတို့ကို အမျိုးအနွယ် အလိုက် ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ကို မှတ် တော်မူ၏။
So Joshua got up early in the morning, and made Israel come before him by their tribes; and the tribe of Judah was taken;
17 ၁၇ ယုဒ အမျိုး ကို ဆောင် ခဲ့သဖြင့် ၊ ဇေရိ အဆွေအမျိုး ကို မှတ် တော်မူ၏။ ဇေရိ အဆွေအမျိုး အိမ်ထောင် စုံ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ဇာဗဒိ အိမ်ထောင်ကို မှတ် တော်မူ၏။
Then he made Judah come forward, and the family of the Zerahites was taken; and he made the family of the Zerahites come forward man by man; and Zabdi was taken;
18 ၁၈ ထိုအိမ်ထောင် လူ အသီးအသီးတို့ကို ဆောင် ခဲ့သဖြင့် ယုဒ အမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိ တို့မှ ဆင်းသက်သော အာခန် ကို မှတ် တော်မူ၏။
Then the house of Zabdi came forward man by man, and Achan, the son of Carmi, the son of Zabdi, the son of Zerah, of the tribe of Judah, was taken.
19 ၁၉ ယောရှု ကလည်း၊ ငါ့ သား ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ချီးမွမ်း ၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြု မိသောအမှု ကိုငါ့ အား ပြော ပါလော့။ ဝှက် ၍မ ထား ပါနှင့်ဟု အာခန် အား ဆို လျှင်၊
And Joshua said to Achan, My son, give glory and praise to the Lord, the God of Israel; give me word now of what you have done, and keep nothing back from me.
20 ၂၀ အာခန် က၊ ဟုတ် ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ကျွန်တော် ပြစ်မှား ပါပြီ။ ကျွန်တော်ပြု မိသောအမှု ဟူမူကား၊
And Achan, answering, said to Joshua, Truly I have done wrong against the Lord, the God of Israel, and this is what I have done:
21 ၂၁ လုယူ သော ဥစ္စာတို့တွင် မြတ် သောဗာဗုလုန် ဝတ်လုံ ၊ ငွေ နှစ် ပိဿာ၊ ရွှေ တုံးအကျပ် ငါးဆယ် ကို ကျွန်တော် မြင် သဖြင့် ၊ တပ်မက် ၍ သိမ်းယူ မိပါပြီ။ ကျွန်တော် တဲ အတွင်း မြေ ၌ မြှုပ် လျက် ငွေ သည် အောက် ဆုံးရှိပါ သည်ဟု ယောရှု အား ပြန် လျှောက်လေ၏။
When I saw among their goods a fair robe of Babylon and two hundred shekels of silver, and a mass of gold, fifty shekels in weight, I was overcome by desire and took them; and they are put away in the earth in my tent, and the silver is under it.
22 ၂၂ ထိုအခါ ယောရှု စေလွှတ် သောသူ တို့သည် တဲ သို့ ပြေး ၍ ထိုဥစ္စာသည် တဲ အတွင်း မြေ၌မြှုပ် လျက်၊ ငွေ သည် အောက် ဆုံးရှိသည်ကို တွေ့ သော်၊
So Joshua sent men quickly, and looking in his tent, they saw where the robe had been put away secretly with the silver under it.
23 ၂၃ တဲ ထဲ က ထုတ် ၍ ယောရှု ထံ ဣသရေလ အမျိုးသားများရှေ့ သို့ ဆောင် သွားသဖြင့် ၊ ထာဝရဘုရား ရှေ့ တော်၌ ထား ကြ၏။
And they took them from the tent and came back with them to Joshua and the children of Israel, and put them before the Lord.
24 ၂၄ ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည်၊ ဇေရ သား အာခန် မှစ၍ ထိုငွေ ၊ ဝတ်လုံ ၊ ရွှေ တုံး၊ သားသမီး ၊ သိုး နွား မြည်း ၊ တဲ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို အာခေါ် ချိုင့် သို့ ဆောင် သွားပြီးမှ၊
Then Joshua and all Israel took Achan, the son of Zerah, and the silver and the robe and the mass of gold, and his sons and his daughters and his oxen and his asses and his sheep and his tent and everything he had; and they took them up into the valley of Achor.
25 ၂၅ ယောရှု က၊ ငါ တို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း။ ယနေ့ ထာဝရဘုရား သည် သင့် ကို နှောင့်ရှက် တော်မူမည်ဟု ဆို သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြ၏။ ကျောက်ခဲ နှင့် ပစ်ကြ ပြီးမှ ၊ မီး ရှို့ကြ၏။
And Joshua said, Why have you been a cause of trouble to us? Today the Lord will send trouble on you. And all Israel took part in stoning him; they had him stoned to death and then burned with fire.
26 ၂၆ သူ့ အပေါ် ၌ များစွာ သော ကျောက် တို့ကို ပုံ ထား ကြ၍ ယနေ့ တိုင်အောင် ရှိ၏။ ထာဝရဘုရား သည်လည်း အမျက် တော်အရှိန် ကို ငြိမ်း စေတော်မူ၏။ ထို အမှုကို အစွဲပြု ၍ ထို ချိုင့် ကို ယနေ့ တိုင်အောင် အာခေါ် ချိုင့် ဟု ခေါ်ဝေါ် ကြသတည်း။
And over him they put a great mass of stones, which is there to this day; then the heat of the Lord's wrath was turned away. So that place was named, The Valley of Achor, to this day.

< ယောရှု 7 >