< ယောရှု 6 >
1 ၁ ထိုအခါ ဣသရေလ အမျိုးသားတို့ကြောင့် ၊ ယေရိခေါ မြို့သည် ကျပ်တည်းစွာ ပိတ် ထားလျက် ရှိ၍ ၊ ထွက် သောသူ၊ ဝင် သောသူ တစုံတယောက်မျှမ ရှိသည်နှင့်အညီ၊
Now Jericho was closely shut up and besieged, and none went out of it, and none came in.
2 ၂ ထာဝရဘုရား က၊ ကြည့်ရှု လော့။ ယေရိခေါ မြို့၊ ယေရိခေါ မင်းကြီး နှင့်တကွ ခွန်အားကြီးသော စစ်သူရဲ တို့ ကို သင့် လက် ၌ ငါအပ် လေပြီ။
And the Lord said to Joshua, Behold, I deliver Jericho into your power, and its king in it, [and its] mighty men.
3 ၃ သို့ဖြစ်၍ မြို့ ကိုလှည့်ပတ် ရကြမည်။ ဣသရေလစစ်သူရဲ အပေါင်း တို့သည် ခြောက် ရက် ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြု ရကြမည်။
And do you set the men of war round about it.
4 ၄ ယဇ် ပုရောဟိတ်ခုနစ် ယောက်တို့သည် သေတ္တာ တော်ရှေ့ မှာ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် ရကြမည်။ သတ္တမ နေ့ ရက်၌ ခုနစ် ကြိမ် တိုင်အောင်မြို့ ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ် တို့သည် တံပိုးကိုမှုတ် ရကြမည်။
And it shall be [that] when you shall sound with the trumpet, all the people shall shout together.
5 ၅ ယုဘိလ တံပိုး တို့ကို ရှည်သောအသံနှင့် မှုတ် ၍ ၊ တံပိုး သံ ကိုကြား လျှင် လူ အပေါင်း တို့သည် ကျယ် သောအသံနှင့် ကြွေးကြော် ၍ ၊ မြို့ရိုး သည် အကုန်အစင်ပြိုလဲ ရလိမ့်မည်။ ထိုအခါ လူ များတို့သည် တည့်တည့် တက် ရကြမည် ဟု ယောရှု အား မိန့် တော်မူ၏။
And when they have shouted, the walls of the city shall fall of themselves; and all the people shall enter, each one rushing direct into the city.
6 ၆ နုန် ၏သား ယောရှု သည် ယဇ်ပုရောဟိတ် တို့ကို ခေါ် ၍ ၊ သင်တို့သည် ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ ခုနစ် ယောက်တို့သည် ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သွားကြလော့ဟူ၍၎င်း၊
And Joshua the [son] of Naue went in to the priests, and spoke to them, saying,
7 ၇ လူ များတို့အား လည်း ၊ သင်တို့သွား ၍ မြို့ ကိုလှည့်ပတ် ကြလော့။ လက်နက်ကိုင် တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ သွား ကြလော့ဟူ၍၎င်း မှာ ထားလေ ၏။
And let seven priests having seven sacred trumpets proceed thus before the Lord, and let them sound loudly; and let the ark of the covenant of the Lord follow.
8 ၈ ယောရှု သည် လူ များတို့အား မှာ ထားပြီးမှ ၊ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သော ယဇ်ပုရောဟိတ် ခုနစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ တံပိုး မှုတ် လျက် သွား ကြ၏။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် သူ တို့နောက် သို့ လိုက်လေ၏။
Charge the people to go round, and encompass the city; and let your men of war pass on armed before the Lord.
9 ၉ တံပိုး မှုတ် သော ယဇ်ပုရောဟိတ် တို့ရှေ့ မှာ လက်နက်ကိုင် တို့သည် သွား ၍ ၊ ယဇ်ပုရောဟိတ်များ တံပိုး မှုတ် လျက်သွား ကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက် သို့ လိုက် ကြ၏။
And let the men of war proceed before, and the priests bringing up the rear behind the ark of the covenant of the Lord [proceed] sounding the trumpets.
10 ၁၀ ယောရှု ကလည်း၊ သင် တို့သည် ကြွေးကြော် စေခြင်းငှါ ငါ မှာ ထားသောနေ့ မ ရောက်မှီတွင် မ ကြွေးကြော် ရ၊ အသံ တစုံတခုကိုမျှ မ ပြုရ၊ စကား တခွန်းကိုမျှ မ ပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော် ရကြမည်ဟု လူ များတို့အား မှာ နှင့်လေပြီ။
And Joshua commanded the people, saying, Cry not out, nor let any one hear your voice, until he himself declare to you the time to cry out, and then you shall cry out.
11 ၁၁ ထိုသို့ ထာဝရဘုရား ၏ သေတ္တာ တော်သည် မြို့ ကိုတ ကြိမ် လှည့်ပတ် ဝိုင်း သွားပြီးလျှင် ၊ တပ် ထဲသို့ ဝင် ပြန်၍ ညဉ့် ကိုလွန်စေကြ၏။
And the ark of the covenant of God having gone round immediately returned into the camp, and lodged there.
12 ၁၂ နံနက် စောစော ယောရှု သည်ထ၍ ယဇ်ပုရောဟိတ် တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း ယူ ကြ၏။
And on the second day Joshua rose up in the morning, and the priests took up the ark of the covenant of the Lord.
13 ၁၃ ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ မှာ ယုဘိလ တံပိုး ခုနစ် လုံးကို ဆောင် သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွား မြဲသွား ၍ တံပိုး မှုတ် ကြ၏။ လက်နက်ကိုင် တို့သည် သူ တို့ရှေ့ မှာသွား ၍ ယဇ်ပုရောဟိတ်များ တံပိုး မှုတ် လျက် သွား ကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား ၏ သေတ္တာ တော်နောက် သို့ လိုက် ကြ ၏။
And the seven priests bearing the seven trumpets went on before the Lord; and afterwards the men of war went on, and the remainder of the multitude went after the ark of the covenant of the Lord, and the priests sounded with the trumpets.
14 ၁၄ ဒုတိယ နေ့ ၌ မြို့ ကိုတ ကြိမ် လှည့်ပတ် ပြီးမှတပ် ထဲသို့ ပြန် လာကြ၏။ ထိုသို့ ခြောက် ရက် ပတ်လုံးပြု ကြ၏။
And all the rest of the multitude compassed the city six times from within a short distance, and went back again into the camp; this they did six days.
15 ၁၅ သတ္တမ နေ့ နံနက် စောစောမိုဃ်းလင်းစက ထ ၍ အရင်နည်းတူ၊ ခုနစ် ကြိမ် တိုင်အောင်မြို့ ကို လှည့်ပတ် ကြ ၏။ ထို နေ့ ၌ သာ ခုနစ် ကြိမ် တိုင်အောင်မြို့ ကို လှည့်ပတ် ရကြ ၏။
And on the seventh day they rose up early, and compassed the city on that day seven times.
16 ၁၆ သတ္တမ အကြိမ် တွင် ယဇ်ပုရောဟိတ် တို့သည် တံပိုး မှုတ် သောအခါ ၊ ယောရှု က၊ ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် သင် တို့အား မြို့ ကိုပေး တော်မူမည်။
And it came to pass at the seventh circuit the priests blew the trumpets; and Joshua said to the children of Israel, Shout, for the Lord has given you the city.
17 ၁၇ မြို့ နှင့်တကွ မြို့ ၌ ရှိသမျှ တို့ကို ကျိန် ၍ ထာဝရဘုရား ၌ အပ်ရမည်။ သို့ရာတွင်ပြည်တန်ဆာ ရာခပ် သည် ငါတို့စေလွှတ် သော တမန် တို့ကို ဝှက် ထားသောကြောင့် ၊ သူ နှင့်တကွ သူ ၏အိမ် ၌ ရှိသမျှ တို့အား အသက် ချမ်းသာပေးရမည်။
And the city shall be devoted, it and all things that are in it, to the Lord of Hosts: only do you save Raab the harlot, and all things in her house.
18 ၁၈ သင် တို့သည် ကျိန် အပ်သောအရာကို သတိ နှင့် ရှောင်ကြလော့။ သို့မဟုတ်ထိုအရာကို သိမ်းယူ လျှင် မိမိတို့ ကို၎င်း၊ ဣသရေလ တပ် ကို၎င်းအကျိန် ခံစေ၍ ၊ နှောင့်ရှက် မည်ကို စိုးရိမ်စရာရှိ၏။
But keep yourselves strictly from the accursed thing, lest you set your mind upon and take of the accursed thing, and you make the camp of the children of Israel and accursed thing, and destroy us.
19 ၁၉ ရွှေ ငွေ ကို၎င်း၊ ကြေးဝါ တန်ဆာ ၊ သံ တန်ဆာရှိသမျှ တို့ကို၎င်း၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေ၍၊ ဘဏ္ဍာ တော်ထဲသို့ သွင်း ထားရကြမည်ဟု လူ များတို့အား ယောရှုသည် မှာ ထားလေ၏။
And all the silver, or gold, or brass, or iron, shall be holy to the Lord; it shall be carried into the treasury of the Lord.
20 ၂၀ ထိုသို့ နှင့်အညီတံပိုး ကို မှုတ် ၍ ၊ လူ များတို့သည် ကြွေးကြော် ကြ၏။ တံပိုး သံ ကို ကြား ၍ ကျယ် သောအသံ နှင့် ကြွေးကြော် ကြသောအခါ ၊ မြို့ရိုး သည် အကုန်အစင်ပြိုလဲ ၍၊ လူ များအပေါင်းတို့သည် မြို့ ထဲ သို့ တည့်တည့် ဝင် ပြီးလျှင် သိမ်းယူ ကြ၏။
And the priests sounded with the trumpets: and when the people heard the trumpets, all the people shouted at once with a loud and strong shout; and all the wall fell round about, and all the people went up into the city:
21 ၂၁ မြို့ ထဲ ၌ရှိသမျှ သော ယောက်ျား ၊ မိန်းမ ၊ အကြီး အငယ် ၊ သိုး ၊ နွား ၊ မြည်း ရှိသမျှတို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ကြ၏။
and Joshua devoted it to destruction, and all things that were in the city, man and woman, young man and old, and calf and ass, with the edge of the sword.
22 ၂၂ ထိုပြည် ကို စူးစမ်း သော လူ နှစ် ယောက်တို့အား ယောရှု က၊ သင်တို့သည် ကျိန်ဆို သည်အတိုင်း ၊ ပြည်တန်ဆာ မိန်းမ အိမ် သို့ သွား ၍ ၊ သူ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို ဆောင် ခဲ့ကြလော့ဟု မှာ လိုက်သည်အတိုင်း၊
And Joshua said to the two young men who had acted a spies, Go into the house of the woman, and bring her out thence, and all that she has.
23 ၂၃ တံလျှို လုပ်သောလုလင် တို့သည် ဝင် ၍ ၊ ရာခပ် နှင့် သူ့ မိဘ ၊ သူ့ မောင် များ၊ သူ ၌ ရှိသမျှ တို့ကို၎င်း ၊ သူ့ ပေါက်ဘော် အပေါင်း တို့ကို၎င်းထုတ် ဆောင်ခဲ့၍ ၊ ဣသရေလ တပ် ပြင် မှာထား ပြီးလျှင်၊
And the two young men who had spied out the city entered into the house of the woman, and brought out Raab the harlot, and her father, and her mother, and her brethren, and her kindred, and all that she had; and they set her without the camp of Israel.
24 ၂၄ မြို့ နှင့်တကွမြို့ ၌ ရှိသမျှ တို့ကို မီး ရှို့ ကြ၏။ သို့ရာတွင် ရွှေ ငွေ ကို၎င်း၊ ကြေးဝါ တန်ဆာ ၊ သံ တန်ဆာတို့ကို၎င်း၊ ထာဝရဘုရား ၏ ဘဏ္ဍာ တော်ထဲသို့ သွင်း ထားကြ၏။
And the city was burnt with fire with all things that were in it; only of the silver, and gold, and brass, and iron, they gave to be brought into the treasury of the Lord.
25 ၂၅ ယောရှု သည်လည်း၊ ပြည်တန်ဆာ ရာခပ် နှင့် သူ့ ပေါက်ဘော် ၊ သူ ၌ ရှိသမျှ တို့ကို အသက် ချမ်းသာပေး၍ ၊ သူသည် ဣသရေလ အမျိုးသားတို့တွင် ယနေ့ တိုင်အောင် နေ ရလေ၏။ အကြောင်းမူကား ၊ ယေရိခေါ မြို့ကို စူးစမ်း စေခြင်းငှါ ၊ ယောရှု စေလွှတ် သော တမန် တို့ကို သူသည် ဝှက် ထားသောကြောင့်တည်း။
And Joshua saved alive Raab the harlot, and all the house of her father, and caused her to dwell in Israel until this day, because she hid the spies which Joshua sent to spy out Jericho.
26 ၂၆ ထိုအခါ ယောရှု က၊ အကြင်သူ သည် ထ ၍ ယေရိခေါ မြို့ ကို တည် ပြန်၏၊ ထိုသူ သည် ထာဝရဘုရား ရှေ့ တော်၌ ကျိန် အပ်သောသူဖြစ်ပါစေ။ သူ သည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည် ၍ သားထွေး လက်ထက်၌ မြို့ တံခါး တို့ကို ထောင် ပါစေဟု ကျိန်ဆို ၏။
And Joshua adjured [them] on that day before the Lord, saying, Cursed [be] the man who shall build that city: he shall lay the foundation of it in his firstborn, and he shall set up the gates of it in his youngest son. And so did Hozan of Baethel; he laid the foundation in Abiron his firstborn, and set up the gates of it in his youngest surviving son.
27 ၂၇ ထိုသို့ ထာဝရဘုရား သည် ယောရှု နှင့်အတူ ရှိ တော်မူ၍ ၊ သူ ၏ သိတင်း သည် တပြည် လုံး ၌ နှံ့ပြား ကျော်စော လေ၏။
And the Lord was with Joshua, and his name was in all the land.