< ယောရှု 5 >

1 ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ကူး စေခြင်းငှါ၊ ယော်ဒန် မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်အကြောင်းကို၊ ယော်ဒန် မြစ်အနောက် ဘက် ၌ နေသောအာမောရိ မင်းကြီး အပေါင်း ၊ ပင်လယ် နား မှာ နေသောခါနနိ မင်းကြီး အပေါင်း တို့သည် ကြား သိသောအခါ ၊ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကြွင်း၊ ဣသရေလ အမျိုးသား တို့ကြောင့် စိတ်ပျက် ကြ၏။
ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​ဘု​ရင်​များ​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ တစ်​လျှောက်​စိုး​စံ​သော​ခါ​နာန်​ဘု​ရင်​အ​ပေါင်း တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​သည်​အ​ထိ မြစ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း ကြား​သိ​ရ​ကြ​၏။ ထို​ကြောင့်​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့ ၍​စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။
2 ထိုအခါ ထာဝရဘုရား သည် ယောရှု ကို ခေါ်၍၊ သင် သည် ကျောက် ထား များကို လုပ် ပြီးလျှင် ၊ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို တဖန် ပေး လော့ဟု မိန့် တော်မူသည်အတိုင်း၊
ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ကျောက် စောင်း​ဋ္ဌား​များ​ကို​ပြု​လုပ်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂလာ​ကို​စီ​ရင်​ပေး​လော့''ဟု​မိန့်​တော်​မူ​၏။-
3 ယောရှု သည် ကျောက် ထား များကို လုပ် ၍ ဂိဘာ ရာလုတ် အရပ်၌ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
သို့​ဖြစ်​၍​ယော​ရှု​သည်``အ​ရေ​ဖျား​လှီး​ခြင်း တောင်​ကုန်း'' ဟု​နာ​မည်​တွင်​သည့်​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​ကို​စီ​ရင်​ပေး​လေ​၏။-
4 ထိုသို့ အရေဖျား လှီးမင်္ဂလာကို ပေးရသောအကြောင်း ဟူမူကား ၊ အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ ယောက်ျား အပေါင်း တို့သည် တော ၌ သေ ကြ၏။
အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​ယောကျာ်း​အား လုံး​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ပြီး​ဖြစ်​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် နှစ်​ပေါင်း​လေး​ဆယ်​ကြာ သော​တော​ကန္တာ​ရ​ခ​ရီး​တွင်​မည်​သည့်​ယောကျာ်း က​လေး​မျှ​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို မ​ခံ​ခဲ့​ရ​ချေ။ ထို​အ​နှစ်​လေး​ဆယ်​ကာ​လ ကုန်​ဆုံး​သော​အ​ခါ​၌​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​စစ်​မှု​ထမ်း​အ​ရွယ်​ရောက်​သူ​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​မ​လိုက်​နာ​သ​ဖြင့်​သေ​ဆုံး​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘိုး​ဘေး​တို့​အား​ပေး မည်​ဟု​က​တိ​ထား​တော်​မူ​သော​မြေ​သြ​ဇာ ထက်​သန်​၍ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့် ပြည်​ကို ထို​သူ​တို့​မ​မြင်​ရ​ဟု​ကျိန်​ဆို​တော် မူ​သည်​နှင့်​အ​ညီ​မြင်​ခွင့်​ကို​မ​ရ​ကြ​ချေ။-
5 ထိုပြည်မှထွက် လာသောသူအပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော ၌ ခရီး သွားရာတွင် ဘွားမြင် သော သူအပေါင်း တို့မူကား အရေဖျား လှီး မင်္ဂလာကို မ ခံရကြသေး။
6 အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသား တို့သည် အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် ရကြ၏။ ထာဝရဘုရား သည်၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသောပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ကို ထိုသူ တို့သည် မ မြင် ရကြဟု ကျိန်ဆို တော်မူ ၏။
7 သူ တို့ကိုယ်စား ဖြစ် စေတော်မူသောသူ တို့ ၏ သား များတို့သည်၊ လမ်း ၌ အရေဖျား လှီးမင်္ဂလာကို မ ခံရသေး သောကြောင့် ၊ ယောရှု သည် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
သူ​တို့​၏​သား​များ​သည်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​ခဲ့​ရ​သ​ဖြင့် ယော​ရှု သည်​ထို​သား​များ​အ​တွက်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပေး​ခြင်း​ဖြစ်​သည်။
8 လူ အပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံပြီးမှ ၊ အနာ မပျောက်မှီတိုင်အောင် တပ် ထဲ ၌နေ ကြ၏။
အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပြီး​နောက် ဣ​သ​ရေ​လ​အမျိုးသား​အ​ပေါင်း​တို့​သည်​အ​နာ ကျက်​သည့်​တိုင်​အောင်​စ​ခန်း​ထဲ​တွင်​နေ​ထိုင် ကြ​လေ​သည်။-
9 ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်နှင့် ဆိုင် သော ကဲ့ရဲ့ စရာအကြောင်းကို သင် တို့မှ ယနေ့ ငါပယ်ရှင်း ပြီဟု ယောရှု အား မိန့် တော်မူ၏။ သို့ဖြစ်၍ ထို အရပ် ကို ဂိလဂါလ ဟု ယနေ့ တိုင်အောင်ခေါ်ဝေါ် သတည်း။
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``အီ​ဂျစ် ပြည်​တွင်​သင်​တို့​ကျွန်​ခံ​ရ​သော​အ​ရှက်​ကို​ငါ သည်​ယ​နေ့​ဖယ်​ရှား​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို့ ကြောင့်​ထို​အရပ်​သည်​ယ​နေ့​တိုင်​အောင်​ဂိ​လ ဂါ​လ ဟု​နာ​မည်​တွင်​လေ​သည်။
10 ၁၀ ဣသရေလ အမျိုးသား တို့သည် ဂိလဂါလ အရပ် တွင် တပ်ချ ၍ ၊ ထိုလ တဆယ် လေး ရက် နေ့၊ ညဦး ယံ၌ ယေရိခေါ လွင်ပြင် မှာ ပသခါ ပွဲ ကို ခံကြ၏။
၁၀ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယေ​ရိ​ခေါ မြို့​အ​နီး​လွင်​ပြင်​၌​ရှိ​သော​ဂိ​လ​ဂါ​လ အ​ရပ်​တွင် စ​ခန်း​ချ​နေ​စဉ်​ပ​ထ​မ​လ​တစ် ဆယ့်​လေး​ရက်​နေ့​ည​၌​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​ကြ​သည်။-
11 ၁၁ ပသခါ ပွဲကို ခံပြီးမှ၊ နက်ဖြန် နေ့၌ ခါနာန် စပါးဖြင့် လုပ် သော တဆေး မဲ့မုန့်နှင့် ပေါက်ပေါက် ကို တနေ့ ခြင်း တွင် စား ရကြ၏။
၁၁နောက်​တစ်​နေ့​၌​သူ​တို့​သည်​ပထမ​ဦး​ဆုံး​အ​ကြိမ် အ​နေ​ဖြင့် ခါ​နာန်​ပြည်​ထွက်​စပါး​နှင့်​ပြု​လုပ် သော​ပေါက်​ပေါက်​နှင့်​တဆေး​မ​ပါ​သော​မုန့်​ကို စား​ရ​ကြ​သည်။-
12 ၁၂ ခါနာန်ပြည် စပါးကို စား၍၊ နက်ဖြန် နေ့၌ မန္န ပြတ် လေ၏။ နောက်တဖန် ဣသရေလ အမျိုးသား တို့ သည် မန္န ကိုမ ရ ကြ။ ထို နှစ် တွင် ခါနာန် ပြည် ၌ ဖြစ် သော အသီးအနှံကို စား ရကြ၏။
၁၂ထို​နေ့​မှ​စ​၍​မန္န​မုန့်​ကောင်း​ကင်​မှ​မ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မန္န​မုန့်​ကို မ​စား​ရ​တော့​ချေ။ ထို​အ​ချိန်​မှ​စ​၍​သူ​တို့ သည်​ခါ​နာန်​ပြည်​ထွက်​အ​သီး​အ​နှံ​များ​ကို စား​ရ​ကြ​သည်။
13 ၁၃ ယောရှု သည် ယေရိခေါ မြို့အနားမှာ ရှိ နေ စဉ် မြော် ကြည့်၍ ၊ လူ တယောက်သည် ထား ကိုထားအိမ်မှ ထုတ် ကိုင်လျက်၊ ကန့်လန့် ရပ်နေသည်ကို မြင် လျှင်၊ သူ့ ထံသို့ သွား ၍ သင် သည်ငါ တို့ဘက်၌နေသောသူလော၊ ငါ တို့ရန်သူ ဘက်၌နေသောသူလောဟုမေး သော်၊
၁၃ယော​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့​ရောက်​ရှိ လာ​စဉ် မိ​မိ​ရှေ့​တွင်​ဋ္ဌား​လွတ်​ကိုင်​သူ​တစ်​ဦး ရပ်​နေ​သည်​ကို​ရုတ်​တ​ရက်​မြင်​ရ​သည်။ ယော​ရှု သည်​ထို​သူ​ထံ​သို့​ချဉ်း​ကပ်​၍``သင်​သည်​ငါ​တို့ ဘက်​တော်​သား​လော၊ ရန်​သူ​လော'' ဟု​မေး​၏။
14 ၁၄ ထိုသူက၊ ထိုသို့မ ဟုတ်၊ ထာဝရဘုရား ၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး ဖြစ်၍ယခု ငါလာ သည်ဟုဆို ၏။ ယောရှု သည်လည်း မြေ ပေါ် မှာ ပြပ်ဝပ် ကိုးကွယ်လျက်၊ ကိုယ်တော် ကျွန် အား အဘယ်သို့ မိန့် တော်မူမည်နည်းဟု မေး လျှောက်သော်၊
၁၄ထို​သူ​က``ဘက်​တော်​သား​လည်း​မ​ဟုတ်၊ ရန်​သူ လည်း​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​၏​တပ်​မှူး​အ ဖြစ်​ငါ​လာ​၏'' ဟု​ဖြေ​ကြား​၏။ ထို​အ​ခါ​ယော​ရှု​သည်​မြေ​ပေါ်​တွင်​ပျပ်​ဝပ်​ရှိ​ခိုး လျက်``အ​ရှင်၊ ကိုယ်​တော့်​ကျွန်​အား​အ​မိန့်​ရှိ​တော် မူ​ပါ'' ဟု​လျှောက်​လေ​၏။
15 ၁၅ ထာဝရဘုရား ၏ ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး က၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သောအရပ် ကား မြေမြတ် ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှု ပြု လေ၏။
၁၅ထာ​ဝ​ရ​ဘု​ရား​၏​တပ်​မှူး​က``သင်​၏​ဖိ​နပ်​ကို ချွတ်​လော့။ သင်​နင်း​သော​မြေ​သည်​သန့်​ရှင်း​မြင့် မြတ်​သော​မြေ​ဖြစ်​၏'' ဟု​ဆို​လေ​၏။ ထို​သူ အ​မိန့်​ပေး​သည်​အ​တိုင်း​ယော​ရှု​လိုက်​နာ​၏။

< ယောရှု 5 >