< ယောရှု 5 >
1 ၁ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ကူး စေခြင်းငှါ၊ ယော်ဒန် မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်အကြောင်းကို၊ ယော်ဒန် မြစ်အနောက် ဘက် ၌ နေသောအာမောရိ မင်းကြီး အပေါင်း ၊ ပင်လယ် နား မှာ နေသောခါနနိ မင်းကြီး အပေါင်း တို့သည် ကြား သိသောအခါ ၊ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကြွင်း၊ ဣသရေလ အမျိုးသား တို့ကြောင့် စိတ်ပျက် ကြ၏။
And it came to pass, when all the kings of the Amorites who [were] on the side of Jordan westward, and all the kings of the Canaanites who [were] by the sea, heard that the LORD had dried up the waters of Jordan from before the children of Israel, until we had passed over, that their heart melted; neither was there spirit in them any more, because of the children of Israel.
2 ၂ ထိုအခါ ထာဝရဘုရား သည် ယောရှု ကို ခေါ်၍၊ သင် သည် ကျောက် ထား များကို လုပ် ပြီးလျှင် ၊ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို တဖန် ပေး လော့ဟု မိန့် တော်မူသည်အတိုင်း၊
At that time the LORD said to Joshua, Make thee sharp knives, and circumcise again the children of Israel the second time.
3 ၃ ယောရှု သည် ကျောက် ထား များကို လုပ် ၍ ဂိဘာ ရာလုတ် အရပ်၌ ဣသရေလ အမျိုးသား တို့အား အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
And Joshua made him sharp knives, and circumcised the children of Israel at the hill of the foreskins.
4 ၄ ထိုသို့ အရေဖျား လှီးမင်္ဂလာကို ပေးရသောအကြောင်း ဟူမူကား ၊ အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ ယောက်ျား အပေါင်း တို့သည် တော ၌ သေ ကြ၏။
And this [is] the cause why Joshua did circumcise: All the people that came out of Egypt, [that were] males, [even] all the men of war died in the wilderness by the way, after they came out of Egypt.
5 ၅ ထိုပြည်မှထွက် လာသောသူအပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော ၌ ခရီး သွားရာတွင် ဘွားမြင် သော သူအပေါင်း တို့မူကား အရေဖျား လှီး မင်္ဂလာကို မ ခံရကြသေး။
Now all the people that came out were circumcised; but all the people [that were] born in the wilderness by the way as they came forth from Egypt, [them] they had not circumcised.
6 ၆ အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသား တို့သည် အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် ရကြ၏။ ထာဝရဘုရား သည်၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသောပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ကို ထိုသူ တို့သည် မ မြင် ရကြဟု ကျိန်ဆို တော်မူ ၏။
For the children of Israel walked forty years in the wilderness, till all the people [that were] men of war who came out of Egypt were consumed, because they obeyed not the voice of the LORD: to whom the LORD swore that he would not show them the land which the LORD swore to their fathers that he would give us, a land that floweth with milk and honey.
7 ၇ သူ တို့ကိုယ်စား ဖြစ် စေတော်မူသောသူ တို့ ၏ သား များတို့သည်၊ လမ်း ၌ အရေဖျား လှီးမင်္ဂလာကို မ ခံရသေး သောကြောင့် ၊ ယောရှု သည် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
And their children, [whom] he raised up in their stead, them Joshua circumcised: for they were uncircumcised, because they had not circumcised them by the way.
8 ၈ လူ အပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံပြီးမှ ၊ အနာ မပျောက်မှီတိုင်အောင် တပ် ထဲ ၌နေ ကြ၏။
And it came to pass when they had done circumcising all the people, that they abode in their places in the camp, till they were whole.
9 ၉ ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်နှင့် ဆိုင် သော ကဲ့ရဲ့ စရာအကြောင်းကို သင် တို့မှ ယနေ့ ငါပယ်ရှင်း ပြီဟု ယောရှု အား မိန့် တော်မူ၏။ သို့ဖြစ်၍ ထို အရပ် ကို ဂိလဂါလ ဟု ယနေ့ တိုင်အောင်ခေါ်ဝေါ် သတည်း။
And the LORD said to Joshua, This day have I rolled away the reproach of Egypt from off you: Wherefore the name of the place is called Gilgal to this day.
10 ၁၀ ဣသရေလ အမျိုးသား တို့သည် ဂိလဂါလ အရပ် တွင် တပ်ချ ၍ ၊ ထိုလ တဆယ် လေး ရက် နေ့၊ ညဦး ယံ၌ ယေရိခေါ လွင်ပြင် မှာ ပသခါ ပွဲ ကို ခံကြ၏။
And the children of Israel encamped in Gilgal, and kept the passover on the fourteenth day of the month at evening in the plains of Jericho.
11 ၁၁ ပသခါ ပွဲကို ခံပြီးမှ၊ နက်ဖြန် နေ့၌ ခါနာန် စပါးဖြင့် လုပ် သော တဆေး မဲ့မုန့်နှင့် ပေါက်ပေါက် ကို တနေ့ ခြင်း တွင် စား ရကြ၏။
And they ate of the old corn of the land on the morrow after the passover, unleavened cakes, and parched [corn] in the same day.
12 ၁၂ ခါနာန်ပြည် စပါးကို စား၍၊ နက်ဖြန် နေ့၌ မန္န ပြတ် လေ၏။ နောက်တဖန် ဣသရေလ အမျိုးသား တို့ သည် မန္န ကိုမ ရ ကြ။ ထို နှစ် တွင် ခါနာန် ပြည် ၌ ဖြစ် သော အသီးအနှံကို စား ရကြ၏။
And the manna ceased on the morrow after they had eaten of the old corn of the land; neither had the children of Israel manna any more; but they ate of the fruit of the land of Canaan that year.
13 ၁၃ ယောရှု သည် ယေရိခေါ မြို့အနားမှာ ရှိ နေ စဉ် မြော် ကြည့်၍ ၊ လူ တယောက်သည် ထား ကိုထားအိမ်မှ ထုတ် ကိုင်လျက်၊ ကန့်လန့် ရပ်နေသည်ကို မြင် လျှင်၊ သူ့ ထံသို့ သွား ၍ သင် သည်ငါ တို့ဘက်၌နေသောသူလော၊ ငါ တို့ရန်သူ ဘက်၌နေသောသူလောဟုမေး သော်၊
And it came to pass when Joshua was by Jericho, that he lifted up his eyes and looked, and behold, there stood a man over against him with his sword drawn in his hand: and Joshua went to him, and said to him, [Art] thou for us, or for our adversaries?
14 ၁၄ ထိုသူက၊ ထိုသို့မ ဟုတ်၊ ထာဝရဘုရား ၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး ဖြစ်၍ယခု ငါလာ သည်ဟုဆို ၏။ ယောရှု သည်လည်း မြေ ပေါ် မှာ ပြပ်ဝပ် ကိုးကွယ်လျက်၊ ကိုယ်တော် ကျွန် အား အဘယ်သို့ မိန့် တော်မူမည်နည်းဟု မေး လျှောက်သော်၊
And he said, No; but [as] captain of the host of the LORD am I now come. And Joshua fell on his face to the earth, and worshiped, and said to him, What saith my lord to his servant?
15 ၁၅ ထာဝရဘုရား ၏ ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူး က၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သောအရပ် ကား မြေမြတ် ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှု ပြု လေ၏။
And the captain of the LORD'S host said to Joshua, Loose thy shoe from off thy foot, for the place on which thou standest is holy: and Joshua did so.