< ယောရှု 4 >

1 လူ အပေါင်း တို့သည် တယောက်မျှမကြွင်း ယော်ဒန် မြစ်ကို ကူး ကြပြီး မှ၊ ထာဝရဘုရား က၊
Wakati taifa lote lilipokwisha kuvuka Mto Yordani, Bwana akamwambia Yoshua,
2 လူ များတို့တွင် တမျိုး တယောက် စီ၊ လူ တဆယ် နှစ် ယောက်ကို ရွေးကောက် ၍၊
“Chagua watu kumi na wawili miongoni mwa watu, kila kabila mtu mmoja,
3 သူတို့သည် ယော်ဒန် မြစ်အလယ် ၊ ယဇ်ပုရောဟိတ် တို့ မြဲမြံစွာနင်း ရာ၊ ဤ အရပ် ထဲက ကျောက် တဆယ် နှစ်လုံးကို ယူ ပြီးလျှင် ထမ်း သွား၍ ၊ ယနေ့ညဉ့် စားခန်းချ ရာအရပ် ၌ ထား ရမည်အကြောင်းဆင့်ဆို လော့ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း၊
nawe uwaambie wachukue mawe kumi na mawili katikati ya Mto Yordani, palepale makuhani waliposimama, wayachukue na kuyaweka mahali mtakapokaa usiku huu wa leo.”
4 ယောရှု သည် ခန့် ထားနှင့်သော ဣသရေလ အမျိုးတ မျိုး တ ယောက်စီ၊ လူ တဆယ် နှစ်ယောက်ကို ခေါ် ၍၊
Basi Yoshua akawaita watu kumi na wawili ambao alikuwa amewachagua kutoka miongoni mwa Waisraeli, mtu mmoja kutoka kila kabila,
5 သင် တို့ဘုရား သခင်ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၊ ယော်ဒန် မြစ်အလယ် သို့ ကူး သွား၍ ၊ ဣသရေလ အမျိုးအရေအတွက် အတိုင်း ၊ လူတယောက် ကျောက် တလုံးစီ ယူ ၍ ထမ်း သွားကြလော့။
naye akawaambia, “Mtangulie mbele ya Sanduku la Bwana Mungu wenu, mwende katikati ya Mto Yordani. Kila mmoja wenu atainua jiwe begani mwake, kufuatana na hesabu ya makabila ya Waisraeli,
6 သို့ပြုလျှင် သက်သေ ကို ရ ကြလိမ့်မည်။ နောင် ကာလ၌ သင် တို့၏ သားသမီး တို့က၊ ဤ ကျောက် တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်း လျှင်၊
kuwa kama ishara katikati yenu. Siku zijazo, wakati watoto wenu watakapowauliza, ‘Ni nini maana ya mawe haya?’
7 သင်တို့က၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် ယော်ဒန် မြစ်ကို ကူး သောအခါ ၊ သေတ္တာတော်ရှေ့ မှာ မြစ် ရေ ပြတ် လေသည်ဟု ပြန်ပြော ရကြမည်။ ထိုသို့ ဤ ကျောက် တို့သည် အစဉ်မပြတ် ဣသရေလ အမျိုးသား အောက်မေ့ စရာဘို့ ဖြစ် ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း၊
waambieni kwamba maji ya Mto Yordani yaliyokuwa yakitiririka yalitindika mbele ya Sanduku la Agano la Bwana. Wakati lilipovuka Yordani, maji ya Yordani yalitindika. Mawe haya yatakuwa kumbukumbu kwa watu wa Israeli milele.”
8 ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။ ထာဝရဘုရားသည် ယောရှု အား မိန့် တော်မူသည်နှင့်အညီ ၊ ဣသရေလ အမျိုး အရေအတွက် အတိုင်း ၊ ယော်ဒန် မြစ်ထဲက ကျောက် တဆယ် နှစ် လုံးကို ယူ ပြီးမှ၊ စားခန်းချ ရာအရပ်သို့ ထမ်း သွား၍ ထား ကြ၏။
Hivyo Waisraeli wakafanya kama Yoshua alivyowaagiza. Wakachukua mawe kumi na mawili kutoka katikati ya Mto Yordani, kulingana na hesabu ya kabila za Waisraeli kama Bwana alivyomwambia Yoshua, nao wakayabeba hadi kambini mwao, mahali walipoyatua chini.
9 တဖန်တုံ ၊ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့နင်း ရာအရပ် ယော်ဒန် မြစ်အလယ် ၌ ကျောက် တဆယ် နှစ် လုံးကို ယောရှု သည် စိုက် ထား၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
Yoshua akayasimamisha yale mawe kumi na mawili ambayo yalikuwa katikati ya Mto Yordani, mahali pale ambapo miguu ya makuhani waliobeba Sanduku la Agano iliposimama. Nayo yako huko mpaka leo.
10 ၁၀ ယောရှု သည် မောရှေ မှာ ထားသည်အတိုင်း ၊ လူ များတို့အား ဆင့်ဆို စေခြင်းငှါ ထာဝရဘုရား မိန့် တော်မူသမျှတို့ကို အကုန်အစင် ပြု သည်တိုင်အောင် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ၌ ရပ် နေကြ၏။ လူ များတို့သည်လည်း ကြိုးစား ၍ ကူး ကြ၏။
Makuhani waliobeba lile Sanduku walibakia wakiwa wamesimama katikati ya Mto Yordani mpaka kila kitu Bwana alichomwamuru Yoshua kilipokuwa kimefanywa na watu, sawasawa na vile Mose alivyokuwa amemwamuru Yoshua. Watu wakafanya haraka kuvuka,
11 ၁၁ လူ များအပေါင်း တို့သည် အကုန်အစင်ကူး ကြပြီး မှ၊ ထာဝရဘုရား ၏ သေတ္တာ တော်နှင့်တကွ ယဇ်ပုရောဟိတ် တို့သည် လူ များမျက်မှောက် တွင် ကူး ကြ၏။
na mara tu watu wote walipokwisha kuvuka, Sanduku la Bwana na makuhani wakavuka watu wakiwa wanatazama.
12 ၁၂ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား၊ မနာရှေ အမျိုးသား တဝက် တို့သည် မောရှေ မှာ ခဲ့သည်အတိုင်း လက်နက် ကို စွဲကိုင်၍၊ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွား ကြ၏။
Wareubeni, Wagadi na nusu ya kabila la Manase wakavuka mbele ya Waisraeli, wakiwa wamevaa silaha, kama Mose alivyowaamuru.
13 ၁၃ ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့်လေးသောင်း ခန့် မျှရှိ၍၊ စစ်တိုက် ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရား ရှေ့ တော်၌ ယေရိခေါ လွင်ပြင် သို့ ကူး သွား ကြ၏။
Kiasi cha watu 40,000 waliojiandaa kwa vita walivuka mbele za Bwana hadi nchi tambarare za Yeriko kwa ajili ya vita.
14 ၁၄ ထို နေ့ ၌ ထာဝရဘုရား သည် ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ယောရှု ကို ချီးမြှင့် တော်မူ၍ ၊ သူတို့ သည် မောရှေ ကို ကြောက်ရွံ့ သကဲ့သို့ ယောရှု ကိုလည်း သူ ၏အသက် တည်သည် ကာလ ပတ်လုံး ကြောက်ရွံ့ ကြ၏။
Siku ile Bwana akamtukuza Yoshua mbele ya Israeli yote, nao wakamheshimu siku zote za maisha yake, kama vile walivyomheshimu Mose.
15 ၁၅ တဖန် ထာဝရဘုရား က၊ သက်သေခံချက် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊
Basi Bwana akamwambia Yoshua,
16 ၁၆ ယော်ဒန် မြစ်ထဲက တက်လာ ရမည်အကြောင်း ဆင့်ဆို လော့ဟုမိန့် တော်မူသည်အတိုင်း၊
“Waamuru hao makuhani wanaolibeba Sanduku la Ushuhuda, wapande kutoka ndani ya Mto Yordani.”
17 ၁၇ ယော်ဒန် မြစ်ထဲက တက် လာကြလော့ဟု ယဇ်ပုရောဟိတ် တို့အား ယောရှု သည် ဆင့်ဆို လေ၏။
Kwa hiyo Yoshua akawaamuru hao makuhani akisema, “Pandeni kutoka ndani ya Mto Yordani.”
18 ၁၈ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ထဲက တက် လာ၍၊ ခြေဘဝါး တို့သည် ကုန်း ကို နင်းမိကြ သောအခါ၊ ယော်ဒန် မြစ်ရေ သည် မိမိ နေရာ သို့ ပြန် လာ၍ ၊ အရင် ကဲ့သို့ ကမ်း တရှောက်လုံး ကို လျှံလျက်နေ၏။
Nao makuhani wakapanda kutoka ndani ya Mto Yordani wakilibeba hilo Sanduku la Agano la Bwana. Mara tu walipoiweka miguu yao penye kingo, nje ya mto, maji ya Yordani yakarudi kufurika kama ilivyokuwa kabla.
19 ၁၉ ပဌမ လ ၊ ဒသမ နေ့ရက်တွင် ၊ လူ များတို့သည် ယော်ဒန် မြစ်ထဲက တက် လာ၍ ၊ ယေရိခေါ မြို့အရှေ့ ဘက် နား မှာ ၊ ဂိလဂါလ အရပ်၌ တပ်ချ ကြ၏။
Siku ya kumi ya mwezi wa kwanza watu walipanda kutoka Yordani na kupiga kambi huko Gilgali, kwenye mpaka wa mashariki ya Yeriko.
20 ၂၀ ယော်ဒန် မြစ်ထဲက ထုတ် ယူသော ကျောက် တဆယ် နှစ် လုံးကို ယောရှု သည် ဂိလဂါလ အရပ်၌ စိုက် ထား ၏။
Naye Yoshua akayasimamisha huko Gilgali yale mawe kumi na mawili ambayo walikuwa wameyachukua katikati ya Mto Yordani.
21 ၂၁ ဣသရေလ အမျိုးသား တို့အား လည်း ၊ နောင် ကာလ ၌ သင် တို့၏သားသမီး တို့က၊ ဤ ကျောက် တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘ တို့အား မေးမြန်း လျှင်၊
Akawaambia Waisraeli, “Wazao wenu watakapowauliza baba zao siku zijazo wakisema, ‘Mawe haya maana yake ni nini?’
22 ၂၂ သင်တို့က၊ ဣသရေလ လူတို့သည် မြေ ပေါ် မှာ ရှောက်သကဲ့သို့ဤ ယော်ဒန် မြစ်ကို ကူး လာကြသည်ဟု သားသမီး တို့အား ကြားပြော ရကြမည်။
Basi waambieni, ‘Israeli ilivukia mahali pakavu katika Mto Yordani.’
23 ၂၃ ထာဝရဘုရား သည် တန်ခိုးကြီး တော်မူသည်ကို မြေကြီးသား အပေါင်း တို့သည်သိ ကြမည်အကြောင်း နှင့် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို သင်တို့သည်အစဉ်အမြဲ ကြောက်ရွံ့ ရမည်အကြောင်း ၊
Kwa maana Bwana Mungu wenu alikausha maji ya Yordani mbele yenu, hadi mlipomaliza kuvuka. Bwana Mungu wenu alifanya haya kwa Mto Yordani sawasawa na kile alichoifanyia Bahari ya Shamu wakati alipoikausha mbele yetu hadi tulipomaliza kuvuka.
24 ၂၄ ငါတို့သည်ဧဒုံ ပင်လယ် ကို ကူး၍ ကမ်း တဘက်သို့မ ရောက်မှီတိုင်အောင်၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ရှေ့ မှာ ပင်လယ်ရေကိုခန်းခြောက် စေတော်မူသည်နည်းတူ ၊ သင်တို့သည်ယော်ဒန် မြစ်ကိုကူး၍ ကမ်း တဘက်သို့မ ရောက်မှီတိုင်အောင်၊ သင် တို့ရှေ့ မှာ မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်ဟု ယောရှုမှာထားလေ၏။
Alifanya hivi ili kwamba mataifa yote ya dunia yapate kujua kuwa mkono wa Bwana ni wenye nguvu, na ili kwamba kila wakati mpate kumcha Bwana Mungu wenu.”

< ယောရှု 4 >