< ယောရှု 4 >

1 လူ အပေါင်း တို့သည် တယောက်မျှမကြွင်း ယော်ဒန် မြစ်ကို ကူး ကြပြီး မှ၊ ထာဝရဘုရား က၊
ဣ​သ​ရေ​လ​လူ​မျိုး​တစ်​ရပ်​လုံး​ယော်​ဒန်​မြစ် ကို​ဖြတ်​ကူး​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ယော​ရှု​အား၊-
2 လူ များတို့တွင် တမျိုး တယောက် စီ၊ လူ တဆယ် နှစ် ယောက်ကို ရွေးကောက် ၍၊
``ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​တစ်​ဦး​ကျ​ဖြင့် တစ်​ဆယ့်​နှစ်​ယောက်​ကို​ရွေး​ချယ်​၍၊-
3 သူတို့သည် ယော်ဒန် မြစ်အလယ် ၊ ယဇ်ပုရောဟိတ် တို့ မြဲမြံစွာနင်း ရာ၊ ဤ အရပ် ထဲက ကျောက် တဆယ် နှစ်လုံးကို ယူ ပြီးလျှင် ထမ်း သွား၍ ၊ ယနေ့ညဉ့် စားခန်းချ ရာအရပ် ၌ ထား ရမည်အကြောင်းဆင့်ဆို လော့ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း၊
ယော်​ဒန်​မြစ်​လယ်၊ ယဇ်​ပု​ရော​ဟိတ်​များ​ရပ်​တန့် ခဲ့​သော​နေ​ရာ​မှ ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး ကို​သယ်​ယူ​စေ​လော့။ သင်​တို့​ယ​နေ့​စ​ခန်း​ချ ရာ​အ​ရပ်​တွင်​ထို​ကျောက်​တုံး​များ​ကို​ထား လော့'' ဟု​မိန့်​တော်​မူ​၏။
4 ယောရှု သည် ခန့် ထားနှင့်သော ဣသရေလ အမျိုးတ မျိုး တ ယောက်စီ၊ လူ တဆယ် နှစ်ယောက်ကို ခေါ် ၍၊
ထို့​ကြောင့်​ယော​ရှု​သည်​ရွေး​ချယ်​ပြီး​သော​လူ တစ်​ဆယ့်​နှစ်​ယောက်​ကို​ဆင့်​ခေါ်​၍၊-
5 သင် တို့ဘုရား သခင်ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၊ ယော်ဒန် မြစ်အလယ် သို့ ကူး သွား၍ ၊ ဣသရေလ အမျိုးအရေအတွက် အတိုင်း ၊ လူတယောက် ကျောက် တလုံးစီ ယူ ၍ ထမ်း သွားကြလော့။
``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က ယော်​ဒန်​မြစ်​ထဲ သို့​ဆင်း​လော့။ ဣ​သ​ရေ​လ​တစ်​နွယ်​စီ​အ​တွက် တစ်​ဦး​လျှင်​ကျောက်​တုံး​တစ်​တုံး​ကျ​သယ် ဆောင်​ခဲ့​ရ​မည်။-
6 သို့ပြုလျှင် သက်သေ ကို ရ ကြလိမ့်မည်။ နောင် ကာလ၌ သင် တို့၏ သားသမီး တို့က၊ ဤ ကျောက် တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်း လျှင်၊
ဤ​ကျောက်​တုံး​များ​သည်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု​တော်​ကို လူ​တို့​အား သ​တိ​ရ​စေ​မည့်​အ​ထိမ်း​အ​မှတ်​ဖြစ်​သည်။ နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​များ က`ဤ​ကျောက်​တုံး​များ​သည်​မည်​သည့်​အဋ္ဌိပ္ပါယ် ကို​ဆောင်​ပါ​သ​နည်း' ဟု​မေး​မြန်း​လျှင်၊-
7 သင်တို့က၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် ယော်ဒန် မြစ်ကို ကူး သောအခါ ၊ သေတ္တာတော်ရှေ့ မှာ မြစ် ရေ ပြတ် လေသည်ဟု ပြန်ပြော ရကြမည်။ ထိုသို့ ဤ ကျောက် တို့သည် အစဉ်မပြတ် ဣသရေလ အမျိုးသား အောက်မေ့ စရာဘို့ ဖြစ် ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း၊
သင်​တို့​က​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​စဉ်​အ​ခါ​က မြစ်​ရေ​စီး​ရပ်​တန့်​သွား​ကြောင်း​ပြန်​ပြော​ရ ကြ​မည်။ ဤ​ကျောက်​တုံး​များ​သည်​ဤ​အ​ရပ် တွင်​ဖြစ်​ပျက်​ခဲ့​သ​မျှ​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​စဉ်​သ​တိ​ရ​စေ လိမ့်​မည်'' ဟု​ဆို​၏။
8 ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။ ထာဝရဘုရားသည် ယောရှု အား မိန့် တော်မူသည်နှင့်အညီ ၊ ဣသရေလ အမျိုး အရေအတွက် အတိုင်း ၊ ယော်ဒန် မြစ်ထဲက ကျောက် တဆယ် နှစ် လုံးကို ယူ ပြီးမှ၊ စားခန်းချ ရာအရပ်သို့ ထမ်း သွား၍ ထား ကြ၏။
ထို​သူ​တို့​သည်​ယော​ရှု​စေ​ခိုင်း​သ​မျှ​ကို ဆောင်​ရွက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည် ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ကျောက်​တုံး​တစ် တုံး​ကျ​ဖြင့်​ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး ကို ယော်​ဒန်​မြစ်​လယ်​မှ​သယ်​ဆောင်​၍​စ​ခန်း တွင်း​၌​ချ​ထား​ကြ​၏။-
9 တဖန်တုံ ၊ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့နင်း ရာအရပ် ယော်ဒန် မြစ်အလယ် ၌ ကျောက် တဆယ် နှစ် လုံးကို ယောရှု သည် စိုက် ထား၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
ယော​ရှု​သည်​ယော်​ဒန်​မြစ်​လယ်​တွင်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ပင့်​ဆောင်​သော​ယဇ်​ပု​ရော​ဟိတ် များ​ရပ်​သည့်​နေ​ရာ​၌​လည်း ကျောက်​တုံး​တစ် ဆယ့်​နှစ်​တုံး​ကို​စိုက်​ထူ​ထား​၏။ (ထို​ကျောက် တုံး​များ​သည်​ထို​နေ​ရာ​တွင်​ယ​နေ့​တိုင် တည်​ရှိ​၏။-)
10 ၁၀ ယောရှု သည် မောရှေ မှာ ထားသည်အတိုင်း ၊ လူ များတို့အား ဆင့်ဆို စေခြင်းငှါ ထာဝရဘုရား မိန့် တော်မူသမျှတို့ကို အကုန်အစင် ပြု သည်တိုင်အောင် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ၌ ရပ် နေကြ၏။ လူ များတို့သည်လည်း ကြိုးစား ၍ ကူး ကြ၏။
၁၀ယော​ရှု​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ သ​မျှ​ကို လူ​အ​ပေါင်း​တို့​ဆောင်​ရွက်​ပြီး​စီး သည်​အ​ထိ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယော်​ဒန် မြစ်​လယ်​တွင်​ရပ်​နေ​ကြ​၏။ ဤ​သို့​ဆောင် ရွက်​ရန်​မော​ရှေ​မှာ​ကြား​ခဲ့​ခြင်း​ဖြစ်​၏။ လူ​တို့​သည်​လည်း​မြစ်​ကို​အ​လျင်​အ​မြန် ဖြတ်​ကူး​ကြ​၏။-
11 ၁၁ လူ များအပေါင်း တို့သည် အကုန်အစင်ကူး ကြပြီး မှ၊ ထာဝရဘုရား ၏ သေတ္တာ တော်နှင့်တကွ ယဇ်ပုရောဟိတ် တို့သည် လူ များမျက်မှောက် တွင် ကူး ကြ၏။
၁၁သူ​တို့​အား​လုံး​တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​၍​လူ​တို့​ရှေ့​က​သွား​ကြ သည်။-
12 ၁၂ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား၊ မနာရှေ အမျိုးသား တဝက် တို့သည် မောရှေ မှာ ခဲ့သည်အတိုင်း လက်နက် ကို စွဲကိုင်၍၊ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွား ကြ၏။
၁၂ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မနာရှေ​အ​နွယ်​တစ် ဝက်​တို့​သည်​မော​ရှေ​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​က လက်​နက်​စွဲ​ကိုင်​၍​ချီ​တက်​ကြ​သည်။-
13 ၁၃ ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့်လေးသောင်း ခန့် မျှရှိ၍၊ စစ်တိုက် ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရား ရှေ့ တော်၌ ယေရိခေါ လွင်ပြင် သို့ ကူး သွား ကြ၏။
၁၃သူ​တို့​သည်​လူ​အင်​အား​လေး​သောင်း​ခန့်​ရှိ​၍ တိုက်​ပွဲ​ဝင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မြစ်​ကို​ဖြတ်​လျက် ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ လွင်​ပြင်​သို့​ချီ​တက်​ကြ​လေ​သည်။-
14 ၁၄ ထို နေ့ ၌ ထာဝရဘုရား သည် ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ယောရှု ကို ချီးမြှင့် တော်မူ၍ ၊ သူတို့ သည် မောရှေ ကို ကြောက်ရွံ့ သကဲ့သို့ ယောရှု ကိုလည်း သူ ၏အသက် တည်သည် ကာလ ပတ်လုံး ကြောက်ရွံ့ ကြ၏။
၁၄ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု​အား​ခေါင်း​ဆောင်​ကြီး​အ​ဖြစ်​ရို​သေ လေး​စား​ကြ​၏။ သူ​တို့​သည်​မော​ရှေ​ကို​ရို​သေ လေး​စား​သည့်​နည်း​တူ​ယော​ရှု​ကို​လည်း သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ရို​သေ လေး​စား​ကြ​၏။
15 ၁၅ တဖန် ထာဝရဘုရား က၊ သက်သေခံချက် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊
၁၅ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ပင့်​ဆောင်​သော​ယဇ်​ပု​ရော ဟိတ်​များ​ယော်​ဒန်​မြစ်​ထဲ​မှ​တက်​လာ​ရန် ယော​ရှု​အား​ဆင့်​ဆို​စေ​တော်​မူ​၏။-
16 ၁၆ ယော်ဒန် မြစ်ထဲက တက်လာ ရမည်အကြောင်း ဆင့်ဆို လော့ဟုမိန့် တော်မူသည်အတိုင်း၊
၁၆
17 ၁၇ ယော်ဒန် မြစ်ထဲက တက် လာကြလော့ဟု ယဇ်ပုရောဟိတ် တို့အား ယောရှု သည် ဆင့်ဆို လေ၏။
၁၇ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ယော​ရှု​ဆင့်​ဆို​လေ​၏။-
18 ၁၈ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ထဲက တက် လာ၍၊ ခြေဘဝါး တို့သည် ကုန်း ကို နင်းမိကြ သောအခါ၊ ယော်ဒန် မြစ်ရေ သည် မိမိ နေရာ သို့ ပြန် လာ၍ ၊ အရင် ကဲ့သို့ ကမ်း တရှောက်လုံး ကို လျှံလျက်နေ၏။
၁၈ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မြစ်​ကမ်း​ပေါ်​သို့ ရောက်​သည်​နှင့်​တစ်​ပြိုင်​နက် မြစ်​ရေ​သည်​တစ် ဖန်​စီး​ဆင်း​သ​ဖြင့်​ကမ်း​တစ်​လျှောက်​လုံး ရေ​ပြည့်​လျှံ​လာ​၏။
19 ၁၉ ပဌမ လ ၊ ဒသမ နေ့ရက်တွင် ၊ လူ များတို့သည် ယော်ဒန် မြစ်ထဲက တက် လာ၍ ၊ ယေရိခေါ မြို့အရှေ့ ဘက် နား မှာ ၊ ဂိလဂါလ အရပ်၌ တပ်ချ ကြ၏။
၁၉လူ​အ​ပေါင်း​တို့​သည်​ပ​ထ​မ​လ​ဆယ်​ရက်​နေ့ ၌​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ပြီး​နောက် ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ဂိ​လ​ဂါ​လ​အ​ရပ် ၌​စ​ခန်း​ချ​ကြ​သည်။-
20 ၂၀ ယော်ဒန် မြစ်ထဲက ထုတ် ယူသော ကျောက် တဆယ် နှစ် လုံးကို ယောရှု သည် ဂိလဂါလ အရပ်၌ စိုက် ထား ၏။
၂၀ယော​ရှု​သည်​ယော်​ဒန်​မြစ်​တွင်း​မှ​သယ်​ယူ​ခဲ့ သော​ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး​ကို​ထို အ​ရပ်​တွင်​စိုက်​ထူ​လေ​၏။-
21 ၂၁ ဣသရေလ အမျိုးသား တို့အား လည်း ၊ နောင် ကာလ ၌ သင် တို့၏သားသမီး တို့က၊ ဤ ကျောက် တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘ တို့အား မေးမြန်း လျှင်၊
၂၁ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး တို့​က​ဤ​ကျောက်​တုံး​များ​သည် မည်​သည့် အ​ဋ္ဌိပ္ပါယ်​ကို​ဆောင်​ပါ​သ​နည်း​ဟူ​၍​သင် တို့​အား​မေး​မြန်း​ကြ​လျှင်၊-
22 ၂၂ သင်တို့က၊ ဣသရေလ လူတို့သည် မြေ ပေါ် မှာ ရှောက်သကဲ့သို့ဤ ယော်ဒန် မြစ်ကို ကူး လာကြသည်ဟု သားသမီး တို့အား ကြားပြော ရကြမည်။
၂၂သင်​တို့​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော်​ဒန်​မြစ်​ကို​ခြောက်​သွေ့​သော​မြေ​ပေါ် ဖြတ်​ကူး​ခဲ့​ကြောင်း​ကို​ပြော​ကြား​လော့။-
23 ၂၃ ထာဝရဘုရား သည် တန်ခိုးကြီး တော်မူသည်ကို မြေကြီးသား အပေါင်း တို့သည်သိ ကြမည်အကြောင်း နှင့် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို သင်တို့သည်အစဉ်အမြဲ ကြောက်ရွံ့ ရမည်အကြောင်း ၊
၂၃သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပင်​လယ်​နီ​ကို​ခြောက်​သွေ့​စေ​တော်​မူ​သ​ကဲ့​သို့ ယော်​ဒန်​မြစ်​ကို​သင်​တို့​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင်​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ပြော ကြား​လော့။-
24 ၂၄ ငါတို့သည်ဧဒုံ ပင်လယ် ကို ကူး၍ ကမ်း တဘက်သို့မ ရောက်မှီတိုင်အောင်၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ရှေ့ မှာ ပင်လယ်ရေကိုခန်းခြောက် စေတော်မူသည်နည်းတူ ၊ သင်တို့သည်ယော်ဒန် မြစ်ကိုကူး၍ ကမ်း တဘက်သို့မ ရောက်မှီတိုင်အောင်၊ သင် တို့ရှေ့ မှာ မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်ဟု ယောရှုမှာထားလေ၏။
၂၄ဤ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​ကြောင့်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ၏​တန်​ခိုး​တော်​ကြီး​မား​ပုံ​ကို​သိ​မြင်​ကြ လိမ့်​မည်။ သင်​တို့​သည်​လည်း​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​အ​မြဲ ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်'' ဟု​ဆို​လေ ၏။

< ယောရှု 4 >