< ယောရှု 3 >
1 ၁ ယောရှု သည် နံနက် စောစောထ၍ ဣသရေလ အမျိုးသား အပေါင်း တို့နှင့်တကွ ရှိတ္တိမ် မြို့မှ ပြောင်း ၍ ယော်ဒန် မြစ်ကို မ ကူး မှီ မြစ်နားတွင် စားခန်းချ ကြ၏။
၁နောက်တစ်နေ့နံနက်စောစောအချိန်၌ ယောရှု နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် အကေရှစခန်းမှယော်ဒန်မြစ်သို့ထွက်ခွာ လာကြသည်။ မြစ်ကိုမဖြတ်ကူးမီမြစ်နား တွင်စခန်းချကြ၏။-
2 ၂ သုံး ရက် စေ့ သောအခါ၊ တပ်မှူး တို့သည် တပ် တရှောက်လုံး သို့သွား ၍၊
၂သုံးရက်လွန်ပြီးနောက်ခေါင်းဆောင်တို့သည် စခန်းသို့လှည့်လည်၍-
3 ၃ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို၎င်း ၊ သေတ္တာထမ်း သော ယဇ်ပုရောဟိတ် လေဝိ သားတို့ကို၎င်းမြင် လျှင် ၊ သင် တို့သည် နေရာ ပြောင်း၍ လိုက် ရကြမည်။
၃``သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ယဇ်ပုရောဟိတ်များ ပင့်ဆောင်လာသည်ကိုမြင်လျှင် သင်တို့သည် စခန်းသိမ်း၍သူတို့နောက်သို့လိုက်ကြရ မည်။-
4 ၄ သေတ္တာတော်နှင့် သင် တို့စပ်ကြား ကို အတောင် နှစ်ထောင် ခြား ၍ ခရီးကွာ စေ ရမည်။ လိုက် ရသောလမ်း ကို သိ မည်အကြောင်း ၊ သေတ္တာ တော်အနီးသို့ မ ချဉ်း ဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမ လိုက် ကြ သေးဟု လူ အပေါင်းတို့အား မှာ ထားကြ၏။
၄သင်တို့သည်ဤလမ်းကိုတစ်ခါမျှမသွား ဘူးသဖြင့် သူတို့ကလမ်းပြလိမ့်မည်။ သို့ ရာတွင်သင်တို့သည်ပဋိညာဉ်သေတ္တာတော် အနီးသို့မချဉ်းကပ်ရ။ သေတ္တာတော်နောက် မှမိုင်ဝက်ခန့်ခွာ၍လိုက်ရကြမည်'' ဟု လူအပေါင်းတို့အားမှာကြားလေ၏။
5 ၅ ယောရှု ကလည်း ၊ သင်တို့သည် ကိုယ်ကိုကိုယ်သန့်ရှင်း စေကြလော့။ အကြောင်းမူကား ၊ နက်ဖြန် နေ့၌ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု တော်မူမည်ဟု လူ များတို့အား မှာ ထားလေ၏။
၅ထိုနောက်ယောရှုကလူတို့အား``နက်ဖြန် နေ့တွင်ထာဝရဘုရားသည်သင်တို့အား အံ့ဖွယ်သောနိမိတ်လက္ခဏာကိုပြတော်မူ မည်ဖြစ်၍ သင်တို့ကိုယ်ကိုသန့်စင်စေကြ လော့'' ဟုညွှန်ကြားလေ၏။-
6 ၆ တဖန် ယဇ်ပုရောဟိတ် တို့ကို ခေါ်၍ သင်တို့သည် ပဋိညာဉ် သေတ္တာ တော်ကို ထမ်း လျက်၊ လူ များရှေ့ သို့ကူး သွားကြလော့ဟု ယောရှု ဆို သည့်အတိုင်း သူတို့သည် ပဋိညာဉ် သေတ္တာ တော် ကိုထမ်း ၍ လူ များရှေ့ သို့ သွား ကြ၏။
၆ထိုနောက်သူသည်ယဇ်ပုရောဟိတ်တို့အား ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်၍ လူထု ရှေ့ကချီတက်ရန်စေခိုင်းသည့်အတိုင်းသူ တို့သည်ချီတက်သွားကြ၏။
7 ၇ ထာဝရဘုရား ကလည်း ၊ ယောရှု ကို ခေါ်၍ ငါသည် မောရှေ နှင့်အတူ ရှိ သကဲ့သို့ သင် နှင့်အတူ ရှိ သည် ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် သိ ကြမည် အကြောင်း ၊ သူတို့မျက်မှောက် ၌ သင့် ကို ယနေ့ ငါချီးမြှင့် စ ပြုမည်။
၇ထာဝရဘုရားသည်ယောရှုအား``ဣသရေလ အမျိုးသားတို့ရှေ့တွင် ယနေ့မှစ၍သင့်အား ငါချီးမြှောက်မည်။ ငါသည်မောရှေနှင့်အတူ ရှိသကဲ့သို့သင်နှင့်အတူရှိကြောင်းသူတို့ သိရကြလိမ့်မည်။-
8 ၈ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်ရေ နားသို့ ရောက် သောအခါ ၊ ယော်ဒန် မြစ်၌ ရပ် နေရမည်အကြောင်းကို ဆင့်ဆို လော့ဟု မိန့်တော်မူ၏။
၈ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြသော ယဇ်ပုရောဟိတ်များသည်မြစ်ကမ်းစပ်သို့ ရောက်သောအခါ သူတို့ကိုရေထဲ၌ရပ်နေ ရန်မှာကြားလော့'' ဟုမိန့်တော်မူ၏။
9 ၉ ယောရှု ကလည်း ၊ လာ ကြလော့။ သင် တို့ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့ ဟု ဣသရေလ အမျိုးသား အပေါင်းတို့ကို ခေါ်လျက်၊
၉ထိုနောက်ယောရှုသည်လူအပေါင်းတို့အား``လာ ကြ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကိုနားထောင်ကြလော့။-
10 ၁၀ အသက် ရှင်တော်မူသောဘုရား သခင်သည် သင် တို့တွင် ရှိ၍ ၊ သင် တို့ရှေ့ မှ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဟိဝိ လူ၊ ဖေရဇိ လူ၊ ဂိရဂါရှိ လူ၊ အာမောရိ လူ၊ ယေဗုသိ လူတို့ကို စင်စစ်နှင်ထုတ် တော်မူမည် အကြောင်း ကို အဘယ်သို့သိ ရမည်နည်းဟူမူကား၊
၁၀သင်တို့ချီတက်သောအခါဘုရားသခင် သည်ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဟိဝိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ အာမောရိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ကိုမုချနှင်ထုတ် တော်မူမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိုးရတော်မူသောထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သင်တို့ကိုရှေ့ ဆောင်၍ယော်ဒန်မြစ်ကိုဖြတ်ကူးသော အခါအသက်ရှင်တော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ သည်ကိုသင်တို့သိကြလိမ့်မည်။-
11 ၁၁ မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သင် တို့ရှေ့ မှာ၊ ယော်ဒန် မြစ်ထဲ သို့ကူး သွားလိမ့်မည်။
၁၁
12 ၁၂ သို့ဖြစ်၍ ဣသရေလ အမျိုးများထဲက တမျိုး တယောက် စီ၊ လူ တဆယ် နှစ် ယောက်တို့ကို ရွေးကောက် ကြလော့။
၁၂ယခုမူဣသရေလတစ်နွယ်လျှင်တစ်ဦး ကျဖြင့် လူတစ်ဆယ့်နှစ်ယောက်ကိုရွေး ချယ်ကြလော့။-
13 ၁၃ မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောအရှင် ထာဝရဘုရား ၏ သေတ္တာ တော်ကိုထမ်း သော ယဇ်ပုရောဟိတ် ခြေဘဝါး တို့သည်၊ ယော်ဒန် မြစ်ရေ ကို နင်း သော ခဏခြင်းတွင်၊ မြစ်ညာရေ သည် ပြတ် ၍ ပုံ့ပုံ့ ကြွ လျက် နေလိမ့်မည်ဟု ဆို လေ၏။
၁၃ကမ္ဘာမြေကြီးတစ်ခုလုံးကိုအစိုးရတော် မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ကြသည့်ယဇ်ပုရောဟိတ် များသည် မြစ်ရေကိုနင်းမိသည်နှင့်တစ်ပြိုင် နက်မြစ်ညာမှစီးဆင်းလာသောရေသည် ရပ်တန့်၍တစ်နေရာတည်းတွင်ပင်စုပုံ လျက်ရှိလိမ့်မည်'' ဟုဆိုလေ၏။
14 ၁၄ လူ များတို့သည် ယော်ဒန် မြစ်ကို ကူး အံ့သောငှါ ၊ တဲ တို့မှ ပြောင်း ၍ ပဋိညာဉ် သေတ္တာ ကို ထမ်း သောယဇ်ပုရောဟိတ် တို့သည် လူ များရှေ့ မှာသွားလျက်၊
၁၄ထိုအချိန်အခါသည်စပါးရိတ်သိမ်းချိန် ဖြစ်သည်။ မြစ်ရေလျှံချိန်လည်းဖြစ်သည်။ လူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးရန်စခန်း မှထွက်ခွာလာကြသောအခါ ယဇ်ပုရောဟိတ် များသည်သူတို့ရှေ့ကပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်များ သည်မြစ်ထဲသို့ဆင်းမိသည်နှင့်တစ်ပြိုင်နက်၊-
15 ၁၅ ယော်ဒန် မြစ်နားသို့ရောက် ၍ ခြေဘဝါး တို့သည် လျှံသောရေ ကို နင်း သောအခါ ၊ စပါး ရိတ်ရာကာလ ၌ ထိုမြစ်ရေသည် ကမ်း တရှောက်လုံး ကို လျှံ လေ့ရှိသော်လည်း၊
၁၅
16 ၁၆ မြစ်ညာ က စီး လာသောရေ သည် တန့် ရပ်၍ ဝေး သောအရပ်၊ ဇာရတန် မြို့နား မှာ ရှိသော အာဒံ မြို့ တိုင်အောင် ပုံ့ပုံ့ ကြွ လျက်နေ၏။ လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် သို့ စီး သွားသောရေသည်လည်း အကုန်အစင် ပြတ် ၍၊ လူ များတို့သည် ယေရိခေါ မြို့သို့ ရှေ့ရှု ကူး ကြ၏။
၁၆ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။-
17 ၁၇ လူ များအပေါင်း တို့သည် ယော်ဒန် မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ မြစ် အလယ် တွင် မြေ ပေါ်၌ မြဲမြံ စွာနင်း ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် မြေ ပေါ်၌ ရှောက် သွားရကြ၏။
၁၇လူအပေါင်းတို့လျှောက်၍ဖြတ်ကူးပြီးသည် တိုင်အောင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သော ယဇ်ပုရောဟိတ်များ သည်ခြောက်သွေ့သောမြစ်လယ်တွင်ရပ်နေ ကြ၏။