< ယောရှု 3 >

1 ယောရှု သည် နံနက် စောစောထ၍ ဣသရေလ အမျိုးသား အပေါင်း တို့နှင့်တကွ ရှိတ္တိမ် မြို့မှ ပြောင်း ၍ ယော်ဒန် မြစ်ကို မ ကူး မှီ မြစ်နားတွင် စားခန်းချ ကြ၏။
Then Joshua got up early in the morning, and, moving on from Shittim, he and all the children of Israel came to Jordan and were there for the night before going over.
2 သုံး ရက် စေ့ သောအခါ၊ တပ်မှူး တို့သည် တပ် တရှောက်လုံး သို့သွား ၍၊
And at the end of three days, the men in authority over the people went through the tents,
3 သင် တို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို၎င်း ၊ သေတ္တာထမ်း သော ယဇ်ပုရောဟိတ် လေဝိ သားတို့ကို၎င်းမြင် လျှင် ၊ သင် တို့သည် နေရာ ပြောင်း၍ လိုက် ရကြမည်။
Giving the people their orders, and saying, When you see the ark of the agreement of the Lord your God lifted up by the priests, the Levites, then get up from your places and go after it;
4 သေတ္တာတော်နှင့် သင် တို့စပ်ကြား ကို အတောင် နှစ်ထောင် ခြား ၍ ခရီးကွာ စေ ရမည်။ လိုက် ရသောလမ်း ကို သိ မည်အကြောင်း ၊ သေတ္တာ တော်အနီးသို့ မ ချဉ်း ဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမ လိုက် ကြ သေးဟု လူ အပေါင်းတို့အား မှာ ထားကြ၏။
But let there be a space between you and it of about two thousand cubits: come no nearer to it, so that you may see the way you have to go, for you have not been over this way before.
5 ယောရှု ကလည်း ၊ သင်တို့သည် ကိုယ်ကိုကိုယ်သန့်ရှင်း စေကြလော့။ အကြောင်းမူကား ၊ နက်ဖြန် နေ့၌ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု တော်မူမည်ဟု လူ များတို့အား မှာ ထားလေ၏။
And Joshua said to the people, Make yourselves holy, for tomorrow the Lord will do works of wonder among you.
6 တဖန် ယဇ်ပုရောဟိတ် တို့ကို ခေါ်၍ သင်တို့သည် ပဋိညာဉ် သေတ္တာ တော်ကို ထမ်း လျက်၊ လူ များရှေ့ သို့ကူး သွားကြလော့ဟု ယောရှု ဆို သည့်အတိုင်း သူတို့သည် ပဋိညာဉ် သေတ္တာ တော် ကိုထမ်း ၍ လူ များရှေ့ သို့ သွား ကြ၏။
Then Joshua said to the priests, Take up the ark of the agreement and go over in front of the people. So they took up the ark of the agreement and went in front of the people.
7 ထာဝရဘုရား ကလည်း ၊ ယောရှု ကို ခေါ်၍ ငါသည် မောရှေ နှင့်အတူ ရှိ သကဲ့သို့ သင် နှင့်အတူ ရှိ သည် ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် သိ ကြမည် အကြောင်း ၊ သူတို့မျက်မှောက် ၌ သင့် ကို ယနေ့ ငါချီးမြှင့် စ ပြုမည်။
And the Lord said to Joshua, From now on I will give you glory in the eyes of all Israel, so that they may see that, as I was with Moses, so I will be with you.
8 ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်ရေ နားသို့ ရောက် သောအခါ ၊ ယော်ဒန် မြစ်၌ ရပ် နေရမည်အကြောင်းကို ဆင့်ဆို လော့ဟု မိန့်တော်မူ၏။
And you are to give orders to the priests who take up the ark of the agreement, and say, When you come to the edge of the waters of Jordan, go no further.
9 ယောရှု ကလည်း ၊ လာ ကြလော့။ သင် တို့ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့ ဟု ဣသရေလ အမျိုးသား အပေါင်းတို့ကို ခေါ်လျက်၊
And Joshua said to the children of Israel, Come to me here: and give ear to the words of the Lord your God.
10 ၁၀ အသက် ရှင်တော်မူသောဘုရား သခင်သည် သင် တို့တွင် ရှိ၍ ၊ သင် တို့ရှေ့ မှ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဟိဝိ လူ၊ ဖေရဇိ လူ၊ ဂိရဂါရှိ လူ၊ အာမောရိ လူ၊ ယေဗုသိ လူတို့ကို စင်စစ်နှင်ထုတ် တော်မူမည် အကြောင်း ကို အဘယ်သို့သိ ရမည်နည်းဟူမူကား၊
And Joshua said, By this you will see that the living God is among you, and that he will certainly send out from before you the Canaanite and the Hittite and the Hivite and the Perizzite and the Girgashite and the Amorite and the Jebusite.
11 ၁၁ မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သင် တို့ရှေ့ မှာ၊ ယော်ဒန် မြစ်ထဲ သို့ကူး သွားလိမ့်မည်။
See, the ark of the agreement of the Lord of all the earth is going over before you into Jordan.
12 ၁၂ သို့ဖြစ်၍ ဣသရေလ အမျိုးများထဲက တမျိုး တယောက် စီ၊ လူ တဆယ် နှစ် ယောက်တို့ကို ရွေးကောက် ကြလော့။
So take twelve men out of the tribes of Israel, a man from every tribe.
13 ၁၃ မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောအရှင် ထာဝရဘုရား ၏ သေတ္တာ တော်ကိုထမ်း သော ယဇ်ပုရောဟိတ် ခြေဘဝါး တို့သည်၊ ယော်ဒန် မြစ်ရေ ကို နင်း သော ခဏခြင်းတွင်၊ မြစ်ညာရေ သည် ပြတ် ၍ ပုံ့ပုံ့ ကြွ လျက် နေလိမ့်မည်ဟု ဆို လေ၏။
And when the feet of the priests who take up the ark of the Lord, the Lord of all the earth, come to rest in the waters of Jordan, the waters of Jordan will be cut off, all the waters flowing down from higher up, and will come together in a mass.
14 ၁၄ လူ များတို့သည် ယော်ဒန် မြစ်ကို ကူး အံ့သောငှါ ၊ တဲ တို့မှ ပြောင်း ၍ ပဋိညာဉ် သေတ္တာ ကို ထမ်း သောယဇ်ပုရောဟိတ် တို့သည် လူ များရှေ့ မှာသွားလျက်၊
So when the people went out from their tents to go over Jordan, the priests who took up the ark of the agreement were in front of the people;
15 ၁၅ ယော်ဒန် မြစ်နားသို့ရောက် ၍ ခြေဘဝါး တို့သည် လျှံသောရေ ကို နင်း သောအခါ ၊ စပါး ရိတ်ရာကာလ ၌ ထိုမြစ်ရေသည် ကမ်း တရှောက်လုံး ကို လျှံ လေ့ရှိသော်လည်း၊
And when those who took up the ark came to Jordan, and the feet of the priests who took up the ark were touching the edge of the water (for the waters of Jordan are overflowing all through the time of the grain-cutting),
16 ၁၆ မြစ်ညာ က စီး လာသောရေ သည် တန့် ရပ်၍ ဝေး သောအရပ်၊ ဇာရတန် မြို့နား မှာ ရှိသော အာဒံ မြို့ တိုင်အောင် ပုံ့ပုံ့ ကြွ လျက်နေ၏။ လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် သို့ စီး သွားသောရေသည်လည်း အကုန်အစင် ပြတ် ၍၊ လူ များတို့သည် ယေရိခေါ မြို့သို့ ရှေ့ရှု ကူး ကြ၏။
Then the waters flowing down from higher up were stopped and came together in a mass a long way back at Adam, a town near Zarethan; and the waters flowing down to the sea of the Arabah, the Salt Sea, were cut off: and the people went across opposite Jericho.
17 ၁၇ လူ များအပေါင်း တို့သည် ယော်ဒန် မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ မြစ် အလယ် တွင် မြေ ပေါ်၌ မြဲမြံ စွာနင်း ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် မြေ ပေါ်၌ ရှောက် သွားရကြ၏။
And the priests who took up the ark of the agreement of the Lord kept their places, with their feet on dry land in the middle of Jordan, while all Israel went over on dry land, till all the nation had gone over Jordan.

< ယောရှု 3 >