< ယောရှု 24 >

1 တဖန် ယောရှု သည် ဣသရေလ အမျိုး အပေါင်း တို့ကို ရှေခင် မြို့၌ စည်းဝေး စေ၍ ၊ ဣသရေလ အမျိုး အသက် ကြီးသူ၊ အကဲ အမှူး၊ တရား သူကြီး၊ အရာရှိ သောသူတို့ကို ခေါ် သဖြင့် ၊ သူတို့သည် ဘုရား သခင်ရှေ့ တော်သို့ ချဉ်းကပ် ကြ၏။
And Joshua gathered all the tribes of Israel to Shechem, and called for the elders of Israel, and for their heads, and for their judges, and for their officers; and they presented themselves before God.
2 ထိုအခါ ယောရှု သည် လူ အပေါင်း တို့အား ဟောပြော လေသည်မှာ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အာဗြဟံ နှင့် နာခေါ် တို့၏ အဘ တေရ မှစ၍ သင် တို့ဘိုးဘေး တို့သည် ရှေး ကာလ၌ မြစ် ကြီးတစ်ဘက် မှာ နေ ၍ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကြ၏။
And Joshua said to all the people, Thus says the LORD God of Israel, Your fathers dwelled on the other side of the flood in old time, even Terah, the father of Abraham, and the father of Nachor: and they served other gods.
3 သင် တို့အဘ အာဗြဟံ ကို မြစ် ကြီးတစ်ဘက် မှ ငါခေါ်ပြီးလျှင် ၊ ခါနာန် ပြည် အရပ်ရပ် သို့ ပို့ဆောင် ၍ သူ ၏ အမျိုး အနွယ်ကို များပြား စေလျက် ၊ ဣဇာက် ကို ပေး ၏။
And I took your father Abraham from the other side of the flood, and led him throughout all the land of Canaan, and multiplied his seed, and gave him Isaac.
4 ဣဇာက် အား လည်း ၊ ယာကုပ် နှင့် ဧသော ကို ငါပေး ၍ ၊ ဧသော အား လည်း စိရ တောင် ကို အပိုင် ပေး ၏။ ယာကုပ် နှင့် သူ ၏သား တို့သည် အဲဂုတ္တု ပြည်သို့ သွား ကြ၏။
And I gave to Isaac Jacob and Esau: and I gave to Esau mount Seir, to possess it; but Jacob and his children went down into Egypt.
5 မောရှေ နှင့် အာရုန် ကို ငါစေလွှတ် ၍ အဲဂုတ္တုလူ တို့၌ ပြု သည်အတိုင်း ၊ အဲဂုတ္တု ပြည်ကို ဆုံးမ သောနောက် ၊ သင် တို့ကို နှုတ် ဆောင်လေ၏။
I sent Moses also and Aaron, and I plagued Egypt, according to that which I did among them: and afterward I brought you out.
6 ထိုသို့ သင် တို့အဘ များကို အဲဂုတ္တု ပြည်မှ ငါနှုတ်ဆောင် သဖြင့် ၊ သူတို့သည် ဧဒုံပင်လယ် သို့ ရောက် ၍ ၊ အဲဂုတ္တု လူတို့သည် ရထား နှင့် မြင်းစီး သူရဲပါလျက် ထိုပင်လယ် တိုင်အောင်လိုက် ကြ၏။
And I brought your fathers out of Egypt: and you came to the sea; and the Egyptians pursued after your fathers with chariots and horsemen to the Red sea.
7 ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ သင် တို့နှင့် အဲဂုတ္တု လူတို့စပ်ကြား မှာ မှောင်မိုက် ကို ငါထား ၍ သူ တို့ကို ပင်လယ် ရေလွှမ်းမိုး စေ၏။ အဲဂုတ္တု ပြည်၌ ငါပြု သောအမှုကို သင် တို့သည် ကိုယ်တိုင်မြင် ကြပြီ။ တော ၌ လည်း ကာလ ကြာမြင့် စွာနေ ရကြ၏။
And when they cried to the LORD, he put darkness between you and the Egyptians, and brought the sea on them, and covered them; and your eyes have seen what I have done in Egypt: and you dwelled in the wilderness a long season.
8 နောက် တဖန် ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ သော အာမောရိ လူတို့ပြည် သို့ သင် တို့ကို ငါပို့ဆောင် ၍ ၊ သူတို့သည် စစ်တိုက် သောအခါ သူ တို့ကို သင် တို့လက် ၌ ငါအပ် ၍ သူ တို့မြေ ကို သင်တို့သည် သိမ်းယူ ကြ၏။ သူ တို့ကို သင် တို့ရှေ့ မှ ငါသုတ်သင် ပယ်ရှင်းလေ၏။
And I brought you into the land of the Amorites, which dwelled on the other side Jordan; and they fought with you: and I gave them into your hand, that you might possess their land; and I destroyed them from before you.
9 မောဘ ရှင်ဘုရင် ဇိဖေါ် ၏သား ဗာလက် သည် ထ ၍ ဣသရေလ အမျိုးကို စစ်တိုက် သဖြင့် ၊ သင် တို့ကို ကျိန်ဆဲ စေခြင်းငှါ ၊ ဗောရ ၏သား ဗာလမ် ကို ခေါ် သောအခါ၊
Then Balak the son of Zippor, king of Moab, arose and warred against Israel, and sent and called Balaam the son of Beor to curse you:
10 ၁၀ ဗာလမ် ၏စကားကို ငါနား မ ထောင်သောကြောင့် ၊ သူသည် အထပ်ထပ်ကောင်းကြီး ပေး၍ သူ့ လက် မှ သင် တို့ကို ငါကယ် လွှတ်လေ၏။
But I would not listen to Balaam; therefore he blessed you still: so I delivered you out of his hand.
11 ၁၁ တဖန် သင်တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ယေရိခေါ မြို့သို့ ရောက် ကြသောအခါ ၊ ယေရိခေါ လူ ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဂိရဂါရှိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့သည် သင်တို့ကို စစ်တိုက် ၍ သူ တို့ကို သင် တို့လက် ၌ ငါအပ် လေ၏။
And you went over Jordan, and came to Jericho: and the men of Jericho fought against you, the Amorites, and the Perizzites, and the Canaanites, and the Hittites, and the Girgashites, the Hivites, and the Jebusites; and I delivered them into your hand.
12 ၁၂ သင် တို့၌ ထား နှင့် လေး မ ပါဘဲ၊ သင် တို့ရှေ့ မှာ ပျားတူ ကို ငါစေလွှတ် ၍ ၊ အာမောရိ မင်းကြီး နှစ် ပါးကို သင် တို့ရှေ့ မှ ငါနှင်ထုတ် လေ၏။
And I sent the hornet before you, which drove them out from before you, even the two kings of the Amorites; but not with your sword, nor with your bow.
13 ၁၃ သင် တို့မ လုပ်သောမြေ ၊ မ တည် သော မြို့ တို့ကို ငါပေး ၍ သင်တို့သည် နေ ရကြ၏။ ကိုယ်တိုင်မ စိုက် သော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို စား ရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
And I have given you a land for which you did not labor, and cities which you built not, and you dwell in them; of the vineyards and olive groves which you planted not do you eat.
14 ၁၄ ယခု မှာ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ကြည်ဖြူ ခြင်း၊ သစ္စာ စောင့်ခြင်းနှင့်တကွ ဝတ်ပြု ကြလော့။ မြစ် ကြီးတစ်ဘက် ၌ ၎င်း၊ အဲဂုတ္တု ပြည်၌ ၎င်း၊ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား များကို ပယ် ၍ ထာဝရဘုရား ကိုသာ ဝတ်ပြု ကြလော့။
Now therefore fear the LORD, and serve him in sincerity and in truth: and put away the gods which your fathers served on the other side of the flood, and in Egypt; and serve you the LORD.
15 ၁၅ သို့မဟုတ် ထာဝရဘုရား အား ဝတ် မ ပြုကောင်းဟု သင် တို့ထင် လျှင်၊ မြစ် ကြီးတစ်ဘက် ၌ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား ၊ သင် တို့နေ ရာ အာမောရိ ပြည်သားတို့၏ ဘုရား များတွင်၊ အဘယ် မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေး ကြလော့။ ငါ နှင့် ငါ့ အိမ်သား ဖြစ်လျှင် ထာဝရဘုရား ကိုသာ ဝတ်ပြု မည်ဟု ဆိုလေသော်၊
And if it seem evil to you to serve the LORD, choose you this day whom you will serve; whether the gods which your fathers served that were on the other side of the flood, or the gods of the Amorites, in whose land you dwell: but as for me and my house, we will serve the LORD.
16 ၁၆ လူ များတို့က အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ခြင်းငှါ ထာဝရဘုရား ကို စွန့် သောအမှုသည် အကျွန်ုပ် တို့နှင့် ဝေး ပါစေသော။
And the people answered and said, God forbid that we should forsake the LORD, to serve other gods;
17 ၁၇ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ အဘ တို့နှင့် ငါ တို့ကို နှုတ် ဆောင်၍ ၊ ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို ငါ တို့မျက်မှောက် ၌ ပြ တော်မူပြီ။ ငါတို့သွား လေရာရာအရပ် ၊ ရှောက် လေရာရာလူမျိုး တို့တွင် စောင့် တော်မူပြီ။
For the LORD our God, he it is that brought us up and our fathers out of the land of Egypt, from the house of bondage, and which did those great signs in our sight, and preserved us in all the way wherein we went, and among all the people through whom we passed:
18 ၁၈ ထာဝရဘုရား သည်လည်း ၊ ဤပြည် ၌ နေ သောသူ အာမောရိ လူ အပေါင်း တို့ကို ငါ တို့ရှေ့ မှ နှင်ထုတ် တော်မူပြီ။ ထာဝရဘုရား အား ဝတ်ပြု ပါမည်။ ထိုဘုရား သည် ငါ တို့ဘုရား သခင်ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
And the LORD drove out from before us all the people, even the Amorites which dwelled in the land: therefore will we also serve the LORD; for he is our God.
19 ၁၉ ယောရှု ကလည်း ၊ သင်တို့သည် ထာဝရဘုရား အား ဝတ် မ ပြုနိုင်။။ ထိုဘုရား သည် သန့်ရှင်း သောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင် တို့လွန်ကျူး ပြစ်မှားသော အပြစ် တို့ကို သည်းခံ တော်မ မူ။
And Joshua said to the people, You cannot serve the LORD: for he is an holy God; he is a jealous God; he will not forgive your transgressions nor your sins.
20 ၂၀ သင်တို့သည် ထာဝရဘုရား ကို စွန့် ၍ တကျွန်းတနိုင်ငံ ဘုရား တို့ကို ဝတ်ပြု လျှင် ၊ သင် တို့၌ ကျေးဇူး ပြုတော်မူပြီးမှ တဖန် လှည့် ၍ ညှဉ်းဆဲ ဖျက်ဆီးတော်မူမည်ဟု ဆိုလျှင်၊
If you forsake the LORD, and serve strange gods, then he will turn and do you hurt, and consume you, after that he has done you good.
21 ၂၁ လူ များတို့က၊ မ ဟုတ်ပါ။ ထာဝရဘုရား ကိုသာ ဝတ်ပြု ပါမည်ဟု ပြန်လျှောက် ကြ၏။
And the people said to Joshua, No; but we will serve the LORD.
22 ၂၂ ယောရှု ကလည်း ၊ သင် တို့သည် ထာဝရဘုရား ကို ဝတ်ပြု ခြင်းငှါ ထိုဘုရားကို ရွေး ကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေ ခံကြသည်ဟုဆို လျှင် သူတို့က၊ သက်သေ ခံကြပါ၏ဟု လျှောက် ကြသော်၊
And Joshua said to the people, You are witnesses against yourselves that you have chosen you the LORD, to serve him. And they said, We are witnesses.
23 ၂၃ ယောရှုက၊ သို့ဖြစ်လျှင် ၊ သင် တို့တွင် ရှိသော တကျွန်းတနိုင်ငံ ဘုရား တို့ကို ပယ် ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ဘက်သို့ စိတ် နှလုံးကို ညွှတ် ကြလော့ဟု ဆိုလေ၏။
Now therefore put away, said he, the strange gods which are among you, and incline your heart to the LORD God of Israel.
24 ၂၄ လူ များတို့ကလည်း ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ကို ဝတ်ပြု ပါမည်။ စကား တော်ကို နားထောင် ပါမည်ဟု ဝန်ခံ ပြီးမှ၊
And the people said to Joshua, The LORD our God will we serve, and his voice will we obey.
25 ၂၅ ယောရှု သည် ထို နေ့ ၌ လူ များတို့နှင့် ပဋိညာဉ် ပြု ၍ ရှေခင် မြို့မှာ စီရင် ထုံးဖွဲ့ ချက်ကို ထား လေ၏။
So Joshua made a covenant with the people that day, and set them a statute and an ordinance in Shechem.
26 ၂၆ ထို စကား ကိုလည်း ဘုရား သခင်၏ ဓမ္မ ကျမ်းစာ ၌ ရေး ထား၍ ၊ ထာဝရဘုရား ၏ သန့်ရှင်း ရာဌာနတော် နား မှာရှိသော သပိတ် ပင်အောက် ၌ ကျောက် ကြီး ကို ထောင် လျက်၊
And Joshua wrote these words in the book of the law of God, and took a great stone, and set it up there under an oak, that was by the sanctuary of the LORD.
27 ၂၇ ဤ ကျောက် သည် ငါ တို့အား သက်သေ ဖြစ် ရလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသောစကား အလုံးစုံ ကို ကြား ရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရား သခင်ကို ငြင်းပယ် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင် တို့အား သက်သေ ဖြစ် ရလိမ့်မည်ဟု လူ အပေါင်း တို့အား ပြောဆို ပြီးမှ၊
And Joshua said to all the people, Behold, this stone shall be a witness to us; for it has heard all the words of the LORD which he spoke to us: it shall be therefore a witness to you, lest you deny your God.
28 ၂၈ အသီး အသီးမိမိ တို့အမွေ ခံရာအရပ်သို့ ပြန် သွားရသောအခွင့်ကိုပေးလေ၏။
So Joshua let the people depart, every man to his inheritance.
29 ၂၉ ထိုနောက်မှ ထာဝရဘုရား ၏ကျွန် ၊ နုန် ၏သား ယောရှု သည် အသက် တရာ တဆယ် ရှိသော် အနိစ္စ ရောက်လေ၏။
And it came to pass after these things, that Joshua the son of Nun, the servant of the LORD, died, being an hundred and ten years old.
30 ၃၀ ဧဖရိမ် တောင် ပေါ်၊ ဂါရှ ကုန်း မြောက် မှာ ရှိသောသူ ၏အမွေ ခံရာ တိမနဿေရ မြို့နယ်မြေ ၌ သင်္ဂြိုဟ် ကြ၏။
And they buried him in the border of his inheritance in Timnathserah, which is in mount Ephraim, on the north side of the hill of Gaash.
31 ၃၁ ယောရှု လက်ထက်ကာလ ပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးအဘို့ ပြု တော်မူသမျှ တို့ကို သိ ၍ ယောရှု မရှိသည်နောက် အသက် ရှင်သေးသော အသက်ကြီး သူတို့လက်ထက် ၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
And Israel served the LORD all the days of Joshua, and all the days of the elders that outlived Joshua, and which had known all the works of the LORD, that he had done for Israel.
32 ၃၂ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သော ယောသပ် ၏အရိုး တို့ကို၊ ရှေခင် ၏အဘ ဟာမော် ၏သား တို့တွင် ငွေ တ ပိဿာနှင့် ယာကုပ် ဝယ် သော ရှေခင် မြို့နယ်မြေ အကွက် ၌ သင်္ဂြိုဟ် ကြ၏။ ထိုမြေအကွက်သည် ယောသပ် သား တို့ အမွေ မြေဖြစ် သတည်း။
And the bones of Joseph, which the children of Israel brought up out of Egypt, buried they in Shechem, in a parcel of ground which Jacob bought of the sons of Hamor the father of Shechem for an hundred pieces of silver: and it became the inheritance of the children of Joseph.
33 ၃၃ အာရုန် သား ယဇ်ပုရောဟိတ်ဧလာဇာ သည်လည်း အနိစ္စ ရောက်လေ၏။ သူ ၏သား ဖိနဟတ် အား လူများပေး ခဲ့သော ဧဖရိမ် တောင် ပေါ်၊ ဖိနဟတ် ကုန်း ၌ သင်္ဂြိုဟ် ကြ၏။
And Eleazar the son of Aaron died; and they buried him in a hill that pertained to Phinehas his son, which was given him in mount Ephraim.

< ယောရှု 24 >