< ယောရှု 24 >
1 ၁ တဖန် ယောရှု သည် ဣသရေလ အမျိုး အပေါင်း တို့ကို ရှေခင် မြို့၌ စည်းဝေး စေ၍ ၊ ဣသရေလ အမျိုး အသက် ကြီးသူ၊ အကဲ အမှူး၊ တရား သူကြီး၊ အရာရှိ သောသူတို့ကို ခေါ် သဖြင့် ၊ သူတို့သည် ဘုရား သခင်ရှေ့ တော်သို့ ချဉ်းကပ် ကြ၏။
Then Joshua assembled all the tribes of Israel at Shechem. He summoned the elders, leaders, judges, and officers of Israel, and they presented themselves before God.
2 ၂ ထိုအခါ ယောရှု သည် လူ အပေါင်း တို့အား ဟောပြော လေသည်မှာ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အာဗြဟံ နှင့် နာခေါ် တို့၏ အဘ တေရ မှစ၍ သင် တို့ဘိုးဘေး တို့သည် ရှေး ကာလ၌ မြစ် ကြီးတစ်ဘက် မှာ နေ ၍ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကြ၏။
And Joshua said to all the people, “This is what the LORD, the God of Israel, says: ‘Long ago your fathers, including Terah the father of Abraham and Nahor, lived beyond the Euphrates and worshiped other gods.
3 ၃ သင် တို့အဘ အာဗြဟံ ကို မြစ် ကြီးတစ်ဘက် မှ ငါခေါ်ပြီးလျှင် ၊ ခါနာန် ပြည် အရပ်ရပ် သို့ ပို့ဆောင် ၍ သူ ၏ အမျိုး အနွယ်ကို များပြား စေလျက် ၊ ဣဇာက် ကို ပေး ၏။
But I took your father Abraham from beyond the Euphrates and led him through all the land of Canaan, and I multiplied his descendants. I gave him Isaac,
4 ၄ ဣဇာက် အား လည်း ၊ ယာကုပ် နှင့် ဧသော ကို ငါပေး ၍ ၊ ဧသော အား လည်း စိရ တောင် ကို အပိုင် ပေး ၏။ ယာကုပ် နှင့် သူ ၏သား တို့သည် အဲဂုတ္တု ပြည်သို့ သွား ကြ၏။
and to Isaac I gave Jacob and Esau. I gave Esau Mount Seir to possess, but Jacob and his sons went down to Egypt.
5 ၅ မောရှေ နှင့် အာရုန် ကို ငါစေလွှတ် ၍ အဲဂုတ္တုလူ တို့၌ ပြု သည်အတိုင်း ၊ အဲဂုတ္တု ပြည်ကို ဆုံးမ သောနောက် ၊ သင် တို့ကို နှုတ် ဆောင်လေ၏။
Then I sent Moses and Aaron, and I afflicted the Egyptians by what I did there, and afterward I brought you out.
6 ၆ ထိုသို့ သင် တို့အဘ များကို အဲဂုတ္တု ပြည်မှ ငါနှုတ်ဆောင် သဖြင့် ၊ သူတို့သည် ဧဒုံပင်လယ် သို့ ရောက် ၍ ၊ အဲဂုတ္တု လူတို့သည် ရထား နှင့် မြင်းစီး သူရဲပါလျက် ထိုပင်လယ် တိုင်အောင်လိုက် ကြ၏။
When I brought your fathers out of Egypt and you reached the Red Sea, the Egyptians pursued them with chariots and horsemen as far as the Red Sea.
7 ၇ ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ သင် တို့နှင့် အဲဂုတ္တု လူတို့စပ်ကြား မှာ မှောင်မိုက် ကို ငါထား ၍ သူ တို့ကို ပင်လယ် ရေလွှမ်းမိုး စေ၏။ အဲဂုတ္တု ပြည်၌ ငါပြု သောအမှုကို သင် တို့သည် ကိုယ်တိုင်မြင် ကြပြီ။ တော ၌ လည်း ကာလ ကြာမြင့် စွာနေ ရကြ၏။
So your fathers cried out to the LORD, and He put darkness between you and the Egyptians, over whom He brought the sea and engulfed them. Your very eyes saw what I did to the Egyptians. Then you lived in the wilderness for a long time.
8 ၈ နောက် တဖန် ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ သော အာမောရိ လူတို့ပြည် သို့ သင် တို့ကို ငါပို့ဆောင် ၍ ၊ သူတို့သည် စစ်တိုက် သောအခါ သူ တို့ကို သင် တို့လက် ၌ ငါအပ် ၍ သူ တို့မြေ ကို သင်တို့သည် သိမ်းယူ ကြ၏။ သူ တို့ကို သင် တို့ရှေ့ မှ ငါသုတ်သင် ပယ်ရှင်းလေ၏။
Later, I brought you to the land of the Amorites who lived beyond the Jordan. They fought against you, but I delivered them into your hand, that you should possess their land when I destroyed them before you.
9 ၉ မောဘ ရှင်ဘုရင် ဇိဖေါ် ၏သား ဗာလက် သည် ထ ၍ ဣသရေလ အမျိုးကို စစ်တိုက် သဖြင့် ၊ သင် တို့ကို ကျိန်ဆဲ စေခြင်းငှါ ၊ ဗောရ ၏သား ဗာလမ် ကို ခေါ် သောအခါ၊
Then Balak son of Zippor, the king of Moab, set out to fight against Israel. He sent for Balaam son of Beor to curse you,
10 ၁၀ ဗာလမ် ၏စကားကို ငါနား မ ထောင်သောကြောင့် ၊ သူသည် အထပ်ထပ်ကောင်းကြီး ပေး၍ သူ့ လက် မှ သင် တို့ကို ငါကယ် လွှတ်လေ၏။
but I would not listen to Balaam. So he blessed you again and again, and I delivered you from his hand.
11 ၁၁ တဖန် သင်တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ယေရိခေါ မြို့သို့ ရောက် ကြသောအခါ ၊ ယေရိခေါ လူ ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဂိရဂါရှိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့သည် သင်တို့ကို စစ်တိုက် ၍ သူ တို့ကို သင် တို့လက် ၌ ငါအပ် လေ၏။
After this, you crossed the Jordan and came to Jericho. The people of Jericho fought against you, as did the Amorites, Perizzites, Canaanites, Hittites, Girgashites, Hivites, and Jebusites, and I delivered them into your hand.
12 ၁၂ သင် တို့၌ ထား နှင့် လေး မ ပါဘဲ၊ သင် တို့ရှေ့ မှာ ပျားတူ ကို ငါစေလွှတ် ၍ ၊ အာမောရိ မင်းကြီး နှစ် ပါးကို သင် တို့ရှေ့ မှ ငါနှင်ထုတ် လေ၏။
I sent the hornet ahead of you, and it drove out the two Amorite kings before you, but not by your own sword or bow.
13 ၁၃ သင် တို့မ လုပ်သောမြေ ၊ မ တည် သော မြို့ တို့ကို ငါပေး ၍ သင်တို့သည် နေ ရကြ၏။ ကိုယ်တိုင်မ စိုက် သော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို စား ရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
So I gave you a land on which you did not toil and cities that you did not build, and now you live in them and eat from vineyards and olive groves that you did not plant.’
14 ၁၄ ယခု မှာ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ကြည်ဖြူ ခြင်း၊ သစ္စာ စောင့်ခြင်းနှင့်တကွ ဝတ်ပြု ကြလော့။ မြစ် ကြီးတစ်ဘက် ၌ ၎င်း၊ အဲဂုတ္တု ပြည်၌ ၎င်း၊ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား များကို ပယ် ၍ ထာဝရဘုရား ကိုသာ ဝတ်ပြု ကြလော့။
Now, therefore, fear the LORD and serve Him in sincerity and truth; cast aside the gods your fathers served beyond the Euphrates and in Egypt, and serve the LORD.
15 ၁၅ သို့မဟုတ် ထာဝရဘုရား အား ဝတ် မ ပြုကောင်းဟု သင် တို့ထင် လျှင်၊ မြစ် ကြီးတစ်ဘက် ၌ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား ၊ သင် တို့နေ ရာ အာမောရိ ပြည်သားတို့၏ ဘုရား များတွင်၊ အဘယ် မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေး ကြလော့။ ငါ နှင့် ငါ့ အိမ်သား ဖြစ်လျှင် ထာဝရဘုရား ကိုသာ ဝတ်ပြု မည်ဟု ဆိုလေသော်၊
But if it is unpleasing in your sight to serve the LORD, then choose for yourselves this day whom you will serve, whether the gods your fathers served beyond the Euphrates, or the gods of the Amorites in whose land you are living. As for me and my house, we will serve the LORD!”
16 ၁၆ လူ များတို့က အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ခြင်းငှါ ထာဝရဘုရား ကို စွန့် သောအမှုသည် အကျွန်ုပ် တို့နှင့် ဝေး ပါစေသော။
The people replied, “Far be it from us to forsake the LORD to serve other gods!
17 ၁၇ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ အဘ တို့နှင့် ငါ တို့ကို နှုတ် ဆောင်၍ ၊ ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို ငါ တို့မျက်မှောက် ၌ ပြ တော်မူပြီ။ ငါတို့သွား လေရာရာအရပ် ၊ ရှောက် လေရာရာလူမျိုး တို့တွင် စောင့် တော်မူပြီ။
For the LORD our God brought us and our fathers out of the land of Egypt, out of the house of slavery, and performed these great signs before our eyes. He also protected us throughout our journey and among all the nations through which we traveled.
18 ၁၈ ထာဝရဘုရား သည်လည်း ၊ ဤပြည် ၌ နေ သောသူ အာမောရိ လူ အပေါင်း တို့ကို ငါ တို့ရှေ့ မှ နှင်ထုတ် တော်မူပြီ။ ထာဝရဘုရား အား ဝတ်ပြု ပါမည်။ ထိုဘုရား သည် ငါ တို့ဘုရား သခင်ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
And the LORD drove out before us all the nations, including the Amorites who lived in the land. We too will serve the LORD, because He is our God!”
19 ၁၉ ယောရှု ကလည်း ၊ သင်တို့သည် ထာဝရဘုရား အား ဝတ် မ ပြုနိုင်။။ ထိုဘုရား သည် သန့်ရှင်း သောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင် တို့လွန်ကျူး ပြစ်မှားသော အပြစ် တို့ကို သည်းခံ တော်မ မူ။
But Joshua said to the people, “You are not able to serve the LORD, for He is a holy God; He is a jealous God; He will not forgive your rebellion or your sins.
20 ၂၀ သင်တို့သည် ထာဝရဘုရား ကို စွန့် ၍ တကျွန်းတနိုင်ငံ ဘုရား တို့ကို ဝတ်ပြု လျှင် ၊ သင် တို့၌ ကျေးဇူး ပြုတော်မူပြီးမှ တဖန် လှည့် ၍ ညှဉ်းဆဲ ဖျက်ဆီးတော်မူမည်ဟု ဆိုလျှင်၊
If you forsake the LORD and serve foreign gods, He will turn and bring disaster on you and consume you, even after He has been good to you.”
21 ၂၁ လူ များတို့က၊ မ ဟုတ်ပါ။ ထာဝရဘုရား ကိုသာ ဝတ်ပြု ပါမည်ဟု ပြန်လျှောက် ကြ၏။
“No!” replied the people. “We will serve the LORD!”
22 ၂၂ ယောရှု ကလည်း ၊ သင် တို့သည် ထာဝရဘုရား ကို ဝတ်ပြု ခြင်းငှါ ထိုဘုရားကို ရွေး ကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေ ခံကြသည်ဟုဆို လျှင် သူတို့က၊ သက်သေ ခံကြပါ၏ဟု လျှောက် ကြသော်၊
Then Joshua told them, “You are witnesses against yourselves that you have chosen to serve the LORD.” “We are witnesses!” they said.
23 ၂၃ ယောရှုက၊ သို့ဖြစ်လျှင် ၊ သင် တို့တွင် ရှိသော တကျွန်းတနိုင်ငံ ဘုရား တို့ကို ပယ် ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ဘက်သို့ စိတ် နှလုံးကို ညွှတ် ကြလော့ဟု ဆိုလေ၏။
“Now, therefore,” he said, “get rid of the foreign gods among you and incline your hearts to the LORD, the God of Israel.”
24 ၂၄ လူ များတို့ကလည်း ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ကို ဝတ်ပြု ပါမည်။ စကား တော်ကို နားထောင် ပါမည်ဟု ဝန်ခံ ပြီးမှ၊
So the people said to Joshua, “We will serve the LORD our God and obey His voice.”
25 ၂၅ ယောရှု သည် ထို နေ့ ၌ လူ များတို့နှင့် ပဋိညာဉ် ပြု ၍ ရှေခင် မြို့မှာ စီရင် ထုံးဖွဲ့ ချက်ကို ထား လေ၏။
On that day Joshua made a covenant for the people, and there at Shechem he established for them a statute and ordinance.
26 ၂၆ ထို စကား ကိုလည်း ဘုရား သခင်၏ ဓမ္မ ကျမ်းစာ ၌ ရေး ထား၍ ၊ ထာဝရဘုရား ၏ သန့်ရှင်း ရာဌာနတော် နား မှာရှိသော သပိတ် ပင်အောက် ၌ ကျောက် ကြီး ကို ထောင် လျက်၊
Joshua recorded these things in the Book of the Law of God. Then he took a large stone and set it up there under the oak that was near the sanctuary of the LORD.
27 ၂၇ ဤ ကျောက် သည် ငါ တို့အား သက်သေ ဖြစ် ရလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသောစကား အလုံးစုံ ကို ကြား ရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရား သခင်ကို ငြင်းပယ် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင် တို့အား သက်သေ ဖြစ် ရလိမ့်မည်ဟု လူ အပေါင်း တို့အား ပြောဆို ပြီးမှ၊
And Joshua said to all the people, “You see this stone. It will be a witness against us, for it has heard all the words the LORD has spoken to us, and it will be a witness against you if you ever deny your God.”
28 ၂၈ အသီး အသီးမိမိ တို့အမွေ ခံရာအရပ်သို့ ပြန် သွားရသောအခွင့်ကိုပေးလေ၏။
Then Joshua sent the people away, each to his own inheritance.
29 ၂၉ ထိုနောက်မှ ထာဝရဘုရား ၏ကျွန် ၊ နုန် ၏သား ယောရှု သည် အသက် တရာ တဆယ် ရှိသော် အနိစ္စ ရောက်လေ၏။
Some time later, Joshua son of Nun, the servant of the LORD, died at the age of 110.
30 ၃၀ ဧဖရိမ် တောင် ပေါ်၊ ဂါရှ ကုန်း မြောက် မှာ ရှိသောသူ ၏အမွေ ခံရာ တိမနဿေရ မြို့နယ်မြေ ၌ သင်္ဂြိုဟ် ကြ၏။
And they buried him in the land of his inheritance, at Timnath-serah in the hill country of Ephraim, north of Mount Gaash.
31 ၃၁ ယောရှု လက်ထက်ကာလ ပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးအဘို့ ပြု တော်မူသမျှ တို့ကို သိ ၍ ယောရှု မရှိသည်နောက် အသက် ရှင်သေးသော အသက်ကြီး သူတို့လက်ထက် ၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
Israel had served the LORD throughout the days of Joshua and of the elders who outlived him and who had experienced all the works that the LORD had done for Israel.
32 ၃၂ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သော ယောသပ် ၏အရိုး တို့ကို၊ ရှေခင် ၏အဘ ဟာမော် ၏သား တို့တွင် ငွေ တ ပိဿာနှင့် ယာကုပ် ဝယ် သော ရှေခင် မြို့နယ်မြေ အကွက် ၌ သင်္ဂြိုဟ် ကြ၏။ ထိုမြေအကွက်သည် ယောသပ် သား တို့ အမွေ မြေဖြစ် သတည်း။
And the bones of Joseph, which the Israelites had brought up out of Egypt, were buried at Shechem in the plot of land that Jacob had purchased from the sons of Hamor, Shechem’s father, for a hundred pieces of silver. So it became an inheritance for Joseph’s descendants.
33 ၃၃ အာရုန် သား ယဇ်ပုရောဟိတ်ဧလာဇာ သည်လည်း အနိစ္စ ရောက်လေ၏။ သူ ၏သား ဖိနဟတ် အား လူများပေး ခဲ့သော ဧဖရိမ် တောင် ပေါ်၊ ဖိနဟတ် ကုန်း ၌ သင်္ဂြိုဟ် ကြ၏။
Eleazar son of Aaron also died, and they buried him at Gibeah, which had been given to his son Phinehas in the hill country of Ephraim.