< ယောရှု 22 >
1 ၁ တဖန် ယောရှု သည် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့ကို ခေါ် ၍၊
၁ထိုနောက်ယောရှုသည်ရုဗင်၊ ဂဒ်နှင့်အရှေ့ ဘက်မနာရှေအနွယ်ဝင်တို့ကိုဆင့်ခေါ် ပြီးလျှင်၊-
2 ၂ ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသမျှ အတိုင်း ၊ သင် တို့သည် ပြု ၍ ၊ ငါမှာ ထားသမျှ သော စကား ကို လည်း နားထောင် ကြပြီ။
၂``သင်တို့သည်ထာဝရဘုရား၏အစေခံ မောရှေမိန့်မှာသမျှကိုဆောင်ရွက်၍ ငါ၏ အမိန့်အားလုံးကိုလည်းလိုက်နာခဲ့ကြ ပြီ။-
3 ၃ ယနေ့ တိုင်အောင် ကြာမြင့် စွာသောကာလ ပတ်လုံးသင် တို့သည် ညီအစ်ကို များကို မ စွန့် ဘဲနေ၍၊ သင် တို့ဘုရား သခင်ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက် ကြပြီ။
၃သင်တို့သည်ယနေ့တိုင်အောင်ဣသရေလ အမျိုးသားချင်းတို့ကိုသစ္စာရှိရှိဖြင့်ကူညီ ခဲ့ကြ၏။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသမျှအတိုင်းတစ်သဝေ မတိမ်းလိုက်နာခဲ့ကြပြီ။-
4 ၄ ယခု မှာ သင် တို့၏ဘုရား သခင်ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ ညီအစ်ကို တို့အား ငြိမ်သက် ခြင်းအခွင့်ကိုပေးတော်မူသောကြောင့်၊ သင် တို့ပြန် ၍ ကိုယ် နေရာအိမ် သို့ ၎င်း၊ ယော်ဒန် မြစ်တဘက် ၌ ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း၊ ကိုယ် ပိုင် သော မြေ သို့ ၎င်း သွား ကြလော့။
၄ယခုမှာသင်တို့၏ဘုရားသခင်ထာဝရ ဘုရားကတိတော်ရှိသည်အတိုင်း သင်တို့ ၏အမျိုးသားချင်းတို့သည်ငြိမ်းချမ်းစွာ နေထိုင်ရကြပြီ။ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား၏အစေခံမောရှေသတ် မှတ်ပေးခဲ့သောယော်ဒန်မြစ်အရှေ့ဘက် ရှိသင်တို့ပိုင်နယ်မြေသို့ပြန်ကြလော့။-
5 ၅ သို့ရာတွင် ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသော ပညတ် တရား အတိုင်း ကျင့် ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း၊ လမ်း တော်အလုံးစုံ တို့၌ လိုက်သွား ခြင်း၊ ပညတ် တော်တို့ကို စောင့်ရှောက် ခြင်း၊ ကိုယ်တော် ၌ ဆည်းကပ် ခြင်း၊ အမှုတော်ကို ဆောင်ရွက် ခြင်းငှါ ကြိုးစား၍ သတိပြု ကြလော့ဟု မှာထားလျက်၊
၅သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်ကြလော့။ ကိုယ်တော်၏ပညတ်တော်များ ကိုစောင့်ထိန်းလော့။ အလိုတော်အတိုင်းကျင့် ၍ကိုယ်တော်၏သစ္စာကိုစောင့်ကြလော့။ အမှု တော်ကိုကိုယ်စွမ်း၊ စိတ်စွမ်းရှိသမျှဖြင့် ဆောင်ရွက်ကြလော့ဟူ၍ မောရှေမိန့်မှာခဲ့ သည့်အတိုင်းလိုက်နာရန်သတိပြုကြ လော့'' ဟုမှာကြားလေ၏။-
6 ၆ ကောင်းကြီး ပေး၍ လွှတ် လိုက်လေ၏။ သူတို့သည် ကိုယ် နေရာအိမ် သို့ သွား ကြ၏။
၆ထိုနောက်ယောရှုက``သင်တို့သည်သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာမြောက် မြားစွာတို့ကိုရန်သူတို့ထံမှသိမ်းယူ ရရှိကြပြီ။ သင်တို့နေရပ်သို့ပြန်ရောက် သောအခါ ထိုပစ္စည်းဥစ္စာများကိုသင်တို့ ၏ဆွေမျိုးသားချင်းတို့အားဝေမျှကြ လော့'' ဟုဆို၍ကောင်းချီးပေးလျက်သူ တို့ကိုပြန်စေ၏။ ထိုနောက်သူတို့သည် မိမိတို့၏နေရပ်သို့ပြန်သွားကြလေ သည်။ မောရှေသည်မနာရှေအနွယ်တစ်ဝက်တို့ အားယော်ဒန်မြစ်အရှေ့ဘက်တွင်နယ်မြေ ကိုခွဲဝေပေးခဲ့၏။ သို့ရာတွင်ယောရှုသည် ကျန်မနာရှေအနွယ်တစ်ဝက်တို့အား အခြား ဣသရေလအနွယ်တို့နှင့်အတူနေထိုင်ရန် ယော်ဒန်မြစ်အနောက်ဘက်တွင်နယ်မြေကို ခွဲဝေပေးသတည်း။
7 ၇ မနာရှေ အမျိုး တဝက် အား မောရှေ သည် ဗာရှန် ပြည်၌ မြေကိုပေး နှင့်ပြီ။ အမျိုးတဝက် အား ယောရှု သည် ယော်ဒန် မြစ်အနောက် ဘက် ၌ သူ တို့ညီအစ်ကို များနှင့်အတူ မြေကိုပေး ၏။
၇
8 ၈ ယောရှု ကလည်း ၊ သင်တို့သည် အလွန်ဥစ္စာ ရ တတ်၍ များ စွာသော တိရစ္ဆာန် ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ အဝတ် တန်ဆာများတို့ကို ယူဆောင်လျက် သင် တို့နေရာ အိမ် သို့ ပြန် သွားကြလော့။ ရန်သူ တို့၌ လုယူ၍ရသောဥစ္စာ ကို သင် တို့ညီအစ်ကို များ၌ ဝေဖန် ကြလော့ဟု မှာ ထားလျက် ၊ ကောင်းကြီး ပေး၍ သူ တို့နေရာအိမ် သို့ လွှတ် လိုက်လေ၏။
၈
9 ၉ ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ပိုင် ထိုက်သောမြေ ၊ ဂိလဒ် ပြည် သို့ သွား ခြင်းငှါ ၊ ဣသရေလ အမျိုးသားရှိရာ ခါနာန် ပြည် ၊ ရှိလော မြို့မှ ထွက်သွား ကြ၏။
၉ထို့ကြောင့်ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ မနာရှေအနွယ်တို့သည် မိမိတို့နေရပ်သို့ ပြန်သွားကြ၏။ သူတို့သည်ခါနာန်ပြည်၊ ရှိလောမြို့တွင်ရှိသောကျန်အခြားဣသ ရေလအမျိုးသားတို့ထံမှထွက်ခွာ၍ မောရှေမှတစ်ဆင့်ထာဝရဘုရားပေး တော်မူသည့်အမိန့်အရ သူတို့သိမ်းပိုက် ပြီးသောဂိလဒ်ပြည်သို့ပြန်သွားကြ၏။
10 ၁၀ ခါနာန် ပြည် ၊ ယော်ဒန် မြစ်နား သို့ ရောက် သောအခါ ၊ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ယော်ဒန် မြစ်နားမှာ ထင်ရှား စွာသော ယဇ် ပလ္လင်ကြီး ကို တည် ကြ၏။
၁၀ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့်အရှေ့ မနာရှေအနွယ်ဝင်တို့သည်ယော်ဒန်မြစ် အနောက်ဘက် ဂဲလိလော့အရပ်သို့ရောက်ရှိကြသောအခါ မြစ်အနီးတွင်ကြီးကျယ်ခမ်းနားသောယဇ် ပလ္လင်ကိုတည်ဆောက်ကြ၏။-
11 ၁၁ ထိုသို့ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ခါနာန် ပြည် တဘက် ၊ ယော်ဒန် မြစ်နား ၊ ဣသရေလ အမျိုးသားကူးရာအရပ် ၌ ယဇ် ပလ္လင်ကို တည် ကြပြီဟု ဣသရေလ အမျိုးသားတို့သည် သိတင်းကြား ကြ၏။
၁၁အခြားဣသရေလအမျိုးသားတို့သည် မိမိတို့ပိုင်နက်ဖြစ်သောယော်ဒန်မြစ်အနောက် ဘက်ဂဲလိလော့အရပ်၌ရုဗင်အနွယ်ဝင်၊ ဂဒ် အနွယ်ဝင်နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ က ယဇ်ပလ္လင်တည်ကြသည့်သတင်းကိုကြား ရသောအခါ အရှေ့အနွယ်ဝင်တို့အားစစ် ချီတိုက်ခိုက်ရန်ရှိလောမြို့သို့စုရုံးရောက် ရှိလာကြ၏။
12 ၁၂ ထိုသိတင်းကို ကြား သောအခါ ၊ ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် စစ်ချီ ခြင်းငှါ ၊ ရှိလော မြို့၌ စည်းဝေး ကြ၏။
၁၂
13 ၁၃ ဣသရေလ အမျိုးသား တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် နှင့်တကွ၊ ဣသရေလ အမျိုး အသီးအသီး တို့အထဲကရွေးကောက်၍၊
၁၃ထိုနောက်သူတို့သည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်ကိုဂိလဒ်ပြည်တွင်ရှိ သောရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့မနာရှေအနွယ်ဝင်တို့ထံသို့စေ လွှတ်ကြလေသည်။-
14 ၁၄ လူတထောင် ကိုအုပ် သောအဆွေအမျိုး သူကြီး ဆယ် ပါးတို့ကို ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ စေလွှတ် ကြ၏။
၁၄အနွယ်တစ်နွယ်စီမှမိသားစုခေါင်းဆောင် တစ်ဦးကျ၊ စုစုပေါင်းအကြီးအကဲဆယ် ဦးတို့သည်ဖိနဟတ်နှင့်အတူလိုက် ပါသွားကြ၏။-
15 ၁၅ ထိုမင်းတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ ရောက် ၍၊
၁၅သူတို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်ရှိလာကြ၍၊-
16 ၁၆ ထာဝရဘုရား ၏ ပရိသတ် အပေါင်း တို့မှာလိုက်သည်ကား၊ သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် ၍ ယဇ် ပလ္လင်ကို တည် သဖြင့် ၊ ထာဝရဘုရား နောက် တော်သို့မလိုက်၊ ယနေ့လွှဲသွား ခြင်းငှါ ဣသရေလ အမျိုး၏ ဘုရား သခင်ကို ပြစ်မှား သော အပြစ် ကား အဘယ်သို့ နည်း။
၁၆ထာဝရဘုရား၏လူစုတစ်စုလုံး၏ကိုယ် စားသူတို့အား ပြောကြားသည်မှာ``သင်တို့သည် အဘယ်ကြောင့်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားဆန့်ကျင်၍ ဤမိုက်မဲ သောအမှုကိုပြုကြသနည်း။ သင်တို့သည် ဤယဇ်ပလ္လင်ကိုတည်ခြင်းအားဖြင့် ထာဝရ ဘုရားအားပုန်ကန်ကြပြီ။ ကိုယ်တော်ကို ပစ်ပယ်ကြပြီတကား။-
17 ၁၇ သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရ အပြစ် သည် ငါ တို့အဘို့ မ လောက်သလော။ ထာဝရဘုရား ၏ ပရိသတ် တော်၌ ဘေး ကြီးရောက် သော်လည်း ၊ ယနေ့ တိုင်အောင် ထိုအပြစ် မ ရှင်းလင်း သေး။
၁၇ပေဂုရအရပ်တွင်ငါတို့လွန်ကူးသော အပြစ်ကြောင့်ထာဝရဘုရားသည် မိမိ၏ လူမျိုးတော်အားကပ်ရောဂါဘေးသင့်စေ တော်မူသည်မဟုတ်လော။ ထိုအပြစ်၏ဆိုး ကျိုးကိုငါတို့သည်ခံနေရဆဲဖြစ်သည် မဟုတ်လော။ ထိုအပြစ်မျိုးကိုထပ်မံ ကူးလွန်ကြဦးမည်လော။-
18 ၁၈ သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် ၍ နက်ဖြန် နေ့ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်။
၁၈ကိုယ်တော်ကိုယခုပစ်ပယ်ကြမည်လော။ သင် တို့သည်ထာဝရဘုရားအားယနေ့ပုန်ကန် လျှင်နက်ဖြန်နေ့၌ကိုယ်တော်သည် ဣသရေလ တစ်မျိုးသားလုံးကိုအမျက်ထွက်တော်မူ လိမ့်မည်။-
19 ၁၉ သို့သော်လည်း သင် တို့အပိုင် ရသောမြေ သည် မ စင်ကြယ်လျှင် ၊ ထာဝရဘုရား အပိုင် ယူတော်မူ၍၊ တဲ တော်ရှိရာမြေ သို့ ကူး သဖြင့် ငါ တို့နှင့်အတူ အပိုင်ယူ ကြ လော့။ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်မှတပါး ၊ အခြားသော ယဇ် ပလ္လင်ကို ကိုယ် အဘို့ တည် ၍ ထာဝရဘုရား ကို မ ပုန်ကန် ကြနှင့်။ ငါ တို့ကိုလည်း မ ပုန်ကန် ကြနှင့်။
၁၉သို့ဖြစ်၍သင်တို့၏ပြည်သည်ထာဝရဘုရား အားဝတ်ပြုရန်မသင့်လျော်လျှင် တဲတော်ရှိ ရာပြည်တော်သို့ကူးလာ၍သင်တို့နေထိုင် ရန်နယ်မြေကိုငါတို့ထံမှတောင်းယူကြ လော့။ သို့ရာတွင်ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်မှလွဲ၍အခြား ယဇ်ပလ္လင်ကိုတည်ဆောက်ခြင်းအားဖြင့် ကိုယ် တော်ကိုမပုန်ကန်ကြပါနှင့်။ ထိုပုန်ကန် မှုတွင်ငါတို့မပါဝင်ပါရစေနှင့်။-
20 ၂၀ ဇေရ သား အာခန် သည် ကျိန် အပ်သောအရာ၌ ပြစ်မှား ၍ အမျက် တော်သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့အပေါ် မှာ ရောက် သည် မ ဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ် ကြောင့် တ ယောက်တည်းသာ သေ ရသည် မ ဟုတ်ဟု ဆိုကြ၏။
၂၀ဇေရ၏သားအာခန်သည်ဖျက်ဆီးပစ်ရ မည့်ပစ္စည်းများနှင့်စပ်ဆိုင်သောအမိန့်တော် ကိုမနာခံသဖြင့် ဣသရေလတစ်မျိုးသား လုံးအပြစ်ဒဏ်ခံခဲ့ရသည်မဟုတ်လော။ အာခန်၏အပြစ်ကြောင့်သူတစ်ဦးတည်း သာအသက်သေဆုံးခဲ့ရသည်မဟုတ်'' ဟု ဆိုကြ၏။
21 ၂၁ ထိုအခါ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ဣသရေလ အမျိုးတွင် လူတထောင် စီအုပ်သော အကဲ အမှူးတို့အား ပြန်ပြော လေသည်မှာ၊
၂၁ထိုအခါရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့က အနောက်အနွယ်ဝင်တို့၏ခေါင်းဆောင် တို့အား၊-
22 ၂၂ မြတ် စွာဘုရား သခင် ထာဝရဘုရား ၊ မြတ် စွာဘုရား သခင် ထာဝရဘုရား သည် ကိုယ်တော်တိုင် သိ တော်မူ၏။ ဣသရေလ အမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရား ကို ပြစ်မှား မည်အကြံရှိ၍၊ ထာဝရဘုရား နောက် တော်သို့ မလိုက်ဘဲ လွှဲသွား ခြင်းငှါ ငါ တို့သည် ယဇ် ပလ္လင်ကို တည် သည်မှန်လျှင်၊ ယနေ့ ဘေးမ လွတ် ပါစေနှင့်။
၂၂``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-
23 ၂၃ ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ပူဇော် သက္ကာကို ပူဇော် မည်အကြံ ရှိလျှင် လည်း ထာဝရဘုရား သည် ကိုယ်တော် တိုင် စစ်ကြော တော်မူပါစေ။
၂၃ငါတို့သည်ထာဝရဘုရား၏အမိန့်တော် ကိုမနာခံဘဲမီးရှို့ရာသကာ၊ ဘောဇဉ် သကာ၊ မိတ်သဟာယသကာများကို ပူဇော်ရန်ယဇ်ပလ္လင်ကိုတည်ပါမူ ထာဝရ ဘုရားကိုယ်တော်တိုင်ငါတို့အားဒဏ်ခတ် တော်မူပါစေ။-
24 ၂၄ နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင် အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား နှင့် အဘယ်သို့ဆိုင် ကြသနည်း။
၂၄နောင်အခါ၌သင်တို့၏အဆက်အနွယ်တို့ ကငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနှင့်မည်သို့မျှ မသက်ဆိုင်။-
25 ၂၅ ထာဝရဘုရား သည် ငါ တို့နှင့် သင် တို့စပ်ကြား ၌ ပိုင်းခြား လျက် ယော်ဒန် မြစ်ကို ထား တော်မူပြီ။ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့်၊ ငါ တို့သား မြေးတို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ ဘဲ နေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။
၂၅ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် များဖြစ်ကြသောသင်တို့နှင့်ငါတို့ကို ယော်ဒန်မြစ်အားဖြင့် ခွဲခြားထားတော်မူ သည်။ သင်တို့သည်ထာဝရဘုရားနှင့်မည် သို့မျှမသက်ဆိုင်' ဟုဆိုသဖြင့်သင်တို့ ၏အဆက်အနွယ်တို့သည် ငါတို့၏အဆက် အနွယ်တို့အားထာဝရဘုရားကိုမကိုး ကွယ်ဘဲနေရန်တားမြစ်မည်ကိုစိုးရိမ်သော ကြောင့်ယဇ်ပလ္လင်ကိုတည်ရခြင်းဖြစ်ပါသည်။-
26 ၂၆ သို့ဖြစ်၍ ငါ တို့သည် ယဇ် ပလ္လင်ကို တည် ခြင်းငှါ ပြင် ကြကုန်အံ့ဟု ဆို ကြသောအခါ၊ မီးရှို့ ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော် မည်အကြံရှိသည်မ ဟုတ်။
၂၆ငါတို့သည်ယဇ်ပလ္လင်ကိုတည်ဆောက်ရခြင်း မှာ ယဇ်နှင့်သကာများကိုမီးရှို့ပူဇော်ရန် အတွက်မဟုတ်ပါ။-
27 ၂၇ ငါ တို့သည် မီးရှို့ ရာယဇ် အစရှိသော ယဇ် မျိုး၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား အမှု ကို ရှေ့ တော်၌ ဆောင်ရွက် ခြင်းငှါ ၎င်း၊ နောင် ကာလ၌ သင် တို့သား မြေးတို့က၊ သင် တို့သည် ထာဝရဘုရား နှင့် အလျှင်းမ ဆိုင်ကြဟု ငါ တို့သားမြေး တို့အား မ ပြော စေခြင်းငှါ၎င်း၊ ဤယဇ်ပလ္လင်သည် ငါ တို့နှင့် သင် တို့စပ်ကြား ၊ ငါ တို့သား မြေးနှင့် သင်တို့သားမြေးစပ်ကြားမှာ သက်သေ ဖြစ်စေခြင်းငှါ တည်ကြပါပြီ။
၂၇ငါတို့၏လူစုအတွက်သော်လည်းကောင်း၊ သင် တို့၏လူစုနှင့်နောင်လာနောက်သားများအတွက် သော်လည်းကောင်း သက်သေအထိမ်းအမှတ်ဖြစ် စေရန်သာဖြစ်၏။ ငါတို့သည်ယဇ်နှင့်ပူဇော် သကာများကိုမီးရှို့ရာသကာမှစ၍သကာ အမျိုးမျိုးဖြင့် တဲတော်ရှေ့၌သာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်မည်ဖြစ်ကြောင်း ဤယဇ်ပလ္လင်ကသက်သေဖြစ်လိမ့်မည်။ ဤနည်း အားဖြင့်သင်တို့၏အဆက်အနွယ်တို့က ငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ထာဝရဘုရားနှင့်မည်သို့မျှမသက် ဆိုင်' ဟုပြောနိုင်ကြလိမ့်မည်မဟုတ်ပါ။-
28 ၂၈ နောင်ကာလ ၌ သူတို့သည် ငါ တို့နှင့် ငါ တို့သား မြေးတို့အား ထိုသို့ပြောဆို လျှင် ၊ ငါတို့က၊ ငါ တို့အဘ တို့သည် မီးရှို့ ရာယဇ်အစရှိသောယဇ် မျိုးကို ပူဇော်ခြင်းငှါမ ဟုတ်၊ ငါ တို့နှင့် သင် တို့စပ်ကြား မှာ သက်သေ ဖြစ်စေခြင်းငှါတည် သော ထာဝရ ဘုရား၏ ယဇ်ပလ္လင် ပုံ ကို ကြည့် ကြလော့ဟု ပြန်ပြော စရာအကြောင်းရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။
၂၈အကယ်၍ပြောခဲ့သည်ရှိသော်ငါတို့၏ အဆက်အနွယ်တို့က`ကြည့်လော့၊ ငါတို့၏ ဘိုးဘေးတို့သည်ထာဝရဘုရား၏ယဇ်ပလ္လင် ကဲ့သို့သောယဇ်ပလ္လင်တစ်ခုကိုတည်ခဲ့ကြ၏။ ထိုယဇ်ပလ္လင်သည်မီးရှို့ရာသကာအစရှိ သောသကာများကိုပူဇော်ဆက်သရန် မဟုတ်။ သင်တို့၏လူစုနှင့်ငါတို့၏လူစု အတွက်သက်သေအထိမ်းအမှတ်သာဖြစ် သည်' ဟုပြန်ပြောနိုင်လိမ့်မည်ဟူ၍ထင် မြင်ယူဆပါသည်။-
29 ၂၉ တဲ တော်ရှေ့ ၌ရှိသော ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ယဇ်ပလ္လင် တော်မှတပါး အခြားသောယဇ် ပလ္လင်ကို တည် ၍ မီးရှို့ ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ်ပူဇော် သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား ကို ပုန်ကန် ၍ နောက် တော်သို့မလိုက် လွှဲ သွားခြင်းအမှုသည် ငါ တို့နှင့် ဝေး ပါစေသောဟု ပြန်ပြောကြ၏။
၂၉ငါတို့သည်မီးရှို့ရာသကာ၊ ဘောဇဉ်သကာ စသောသကာများကိုပူဇော်ဆက်သရန်ယဇ် ပလ္လင်တစ်ခုကိုတည်၍ ထာဝရဘုရားအား ပုန်ကန်လျက်ကိုယ်တော်ကိုပစ်ပယ်ကြမည် မဟုတ်ပါ။ ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားစံတော်မူရာတဲ တော်ရှေ့တွင်ရှိသော ယဇ်ပလ္လင်မှလွဲ၍ အခြား မည်သည့်ယဇ်ပလ္လင်ကိုမျှတည်မည်မဟုတ်ပါ'' ဟု ပြန်ပြောကြလေသည်။
30 ၃၀ ယဇ်ပုရောဟိတ် ဖိနဟတ် နှင့် ပရိသတ်မင်း များ၊ ဣသရေလ အမျိုး၌ လူတထောင် စီအုပ်သော အကဲ အမှူးများတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုးသား တို့ ပြော သော စကား ကို ကြား ရသောအခါ အားရ ကြ၏။
၃၀ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ ဣသရေလ အနောက်ဘက်အနွယ်ဝင်တို့၏အကြီးအကဲ ဖြစ်ကြသော သားချင်းစုခေါင်းဆောင်ဆယ်ဦး တို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်၊ အရှေ့ မနာရှေအနွယ်ဝင်တို့ပြောပြသမျှကို ကြားရသောအခါကျေနပ်ဝမ်းမြောက်ကြ ၏။-
31 ၃၁ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် ကလည်း ၊ သင်တို့သည် ထာဝရဘုရား ကို မ ပြစ်မှား သောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူကြောင်း ကို ယနေ့ ငါတို့ သိ မြင်ကြ၏။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရား လက် တော်မှ ယခု ကယ်လွှတ် ကြပြီဟု ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုးသား တို့အား ပြောဆို ကြ၏။
၃၁ထိုအခါယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်က``ထာဝရဘုရားသည်ငါတို့နှင့် အတူရှိတော်မူကြောင်းကိုငါတို့ယခုသိ ရကြပြီ။ ကိုယ်တော်အားမပုန်ကန်ခဲ့ကြ သဖြင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ဒဏ်ခတ်တော်မူခြင်း မှလွတ်မြောက်ရကြပြီ'' ဟုသူတို့အား ဆို၏။
32 ၃၂ ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် နှင့် မင်း များတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့နေရာ ဂိလဒ် ပြည် မှ ဣသရေလ အမျိုးသားနေရာ ခါနာန် ပြည် သို့ ပြန် လာ၍ သိတင်း ကြားပြောသဖြင့်၊
၃၂ထိုနောက်ဖိနဟတ်နှင့်အကြီးအကဲတို့သည် ရုဗင်အနွယ်ဝင်နှင့်ဂဒ်အနွယ်ဝင်တို့နေထိုင် ရာဂိလဒ်ပြည်မှခါနာန်ပြည်သို့ပြန်ရောက် ပြီးလျှင် ဣသရေလအမျိုးသားတို့အား မိမိတို့ဆောင်ရွက်ခဲ့သမျှကိုပြန်ကြား ကြလေသည်။-
33 ၃၃ ဣသရေလ အမျိုးသားတို့သည် ဝမ်းမြောက်ခြင်းရှိ၍ ဘုရား သခင်၏ ကျေးဇူးတော်ကို ချီးမွမ်း ကြ၏။ နောက်တဖန် ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့နေ သောပြည် ကို လုပ်ကြံ အံ့သောငှါ စစ်ချီ မည်ဟု အကြံ မ ရှိကြ။
၃၃ထိုအခါဣသရေလအမျိုးသားတို့သည် ကျေနပ်ဝမ်းမြောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ သူတို့သည်ရုဗင် အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့နေထိုင်ရာပြည် ကိုစစ်ချီတိုက်ခိုက်ဖျက်ဆီးရန်မကြံစည် ကြတော့ချေ။-
34 ၃၄ ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့ကလည်း ၊ ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူကြောင်း ကို ဤယဇ် ပလ္လင်သည် ငါ တို့စပ်ကြား မှာ သက်သေခံ ပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့် ကြ၏။
၃၄ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့က``ထာဝရ ဘုရားသည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုဤယဇ်ပလ္လင်သည်ငါတို့၏သက်သေဖြစ် ပါစေသော'' ဟုဆိုလျက်ထိုယဇ်ပလ္လင်ကို ``သက်သေ'' ဟုမှည့်ခေါ်ကြလေသတည်း။