< ယောရှု 22 >

1 တဖန် ယောရှု သည် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့ကို ခေါ် ၍၊
Then did Joshua call the Reubenites, and the Gadites, and the half tribe of Menasseh,
2 ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသမျှ အတိုင်း ၊ သင် တို့သည် ပြု ၍ ၊ ငါမှာ ထားသမျှ သော စကား ကို လည်း နားထောင် ကြပြီ။
And he said unto them, Ye have indeed kept all that Moses the servant of the Lord commanded you, and ye have obeyed my voice in all that I commanded you:
3 ယနေ့ တိုင်အောင် ကြာမြင့် စွာသောကာလ ပတ်လုံးသင် တို့သည် ညီအစ်ကို များကို မ စွန့် ဘဲနေ၍၊ သင် တို့ဘုရား သခင်ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက် ကြပြီ။
Ye have not forsaken your brethren these many days, until this day; but ye have kept the obligation of the commandment of the Lord your God.
4 ယခု မှာ သင် တို့၏ဘုရား သခင်ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ ညီအစ်ကို တို့အား ငြိမ်သက် ခြင်းအခွင့်ကိုပေးတော်မူသောကြောင့်၊ သင် တို့ပြန် ၍ ကိုယ် နေရာအိမ် သို့ ၎င်း၊ ယော်ဒန် မြစ်တဘက် ၌ ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း၊ ကိုယ် ပိုင် သော မြေ သို့ ၎င်း သွား ကြလော့။
And now the Lord your God hath given rest unto your brethren, as he promised them; therefore now turn yourselves, and get you unto your tents, unto the land of your possession, which Moses the servant of the Lord gave unto you on the other side of the Jordan.
5 သို့ရာတွင် ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသော ပညတ် တရား အတိုင်း ကျင့် ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း၊ လမ်း တော်အလုံးစုံ တို့၌ လိုက်သွား ခြင်း၊ ပညတ် တော်တို့ကို စောင့်ရှောက် ခြင်း၊ ကိုယ်တော် ၌ ဆည်းကပ် ခြင်း၊ အမှုတော်ကို ဆောင်ရွက် ခြင်းငှါ ကြိုးစား၍ သတိပြု ကြလော့ဟု မှာထားလျက်၊
Only take diligent heed to practise the commandment and the law, which Moses the servant of the Lord hath commanded you, to love the Lord your God, and to walk in all his ways, and to keep his commandments, and to cleave unto him, and to serve him with all your heart and with all your soul.
6 ကောင်းကြီး ပေး၍ လွှတ် လိုက်လေ၏။ သူတို့သည် ကိုယ် နေရာအိမ် သို့ သွား ကြ၏။
And Joshua blessed them, and sent them away; and they went unto their tents.
7 မနာရှေ အမျိုး တဝက် အား မောရှေ သည် ဗာရှန် ပြည်၌ မြေကိုပေး နှင့်ပြီ။ အမျိုးတဝက် အား ယောရှု သည် ယော်ဒန် မြစ်အနောက် ဘက် ၌ သူ တို့ညီအစ်ကို များနှင့်အတူ မြေကိုပေး ၏။
Now to the one half of the tribe of Menasseh Moses had given possession in Bashan; but unto the other half thereof gave Joshua with their brethren on this side of the Jordan westward; and when Joshua sent them also away unto their tents, he blessed them;
8 ယောရှု ကလည်း ၊ သင်တို့သည် အလွန်ဥစ္စာ ရ တတ်၍ များ စွာသော တိရစ္ဆာန် ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ အဝတ် တန်ဆာများတို့ကို ယူဆောင်လျက် သင် တို့နေရာ အိမ် သို့ ပြန် သွားကြလော့။ ရန်သူ တို့၌ လုယူ၍ရသောဥစ္စာ ကို သင် တို့ညီအစ်ကို များ၌ ဝေဖန် ကြလော့ဟု မှာ ထားလျက် ၊ ကောင်းကြီး ပေး၍ သူ တို့နေရာအိမ် သို့ လွှတ် လိုက်လေ၏။
And he said unto them, as followeth, With much riches return unto your tents, and with very much cattle, with silver, and with gold, and with copper, and with iron, and with very many garments: divide the spoil of your enemies with your brethren.
9 ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ပိုင် ထိုက်သောမြေ ၊ ဂိလဒ် ပြည် သို့ သွား ခြင်းငှါ ၊ ဣသရေလ အမျိုးသားရှိရာ ခါနာန် ပြည် ၊ ရှိလော မြို့မှ ထွက်သွား ကြ၏။
And the children of Reuben and the children of Gad and the half tribe of Menasseh returned, and departed from the children of Israel from Shiloh, which is in the land of Canaan, to go unto the country of Gil'ad, to the land of their possession, whereof they were possessed, according to the order of the Lord by the hand of Moses.
10 ၁၀ ခါနာန် ပြည် ၊ ယော်ဒန် မြစ်နား သို့ ရောက် သောအခါ ၊ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ယော်ဒန် မြစ်နားမှာ ထင်ရှား စွာသော ယဇ် ပလ္လင်ကြီး ကို တည် ကြ၏။
And when they came unto the districts of the Jordan, that are in the land of Canaan, the children of Reuben and the children of Gad and the half tribe of Menasseh built there an altar by the Jordan, a great altar for a show.
11 ၁၁ ထိုသို့ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ခါနာန် ပြည် တဘက် ၊ ယော်ဒန် မြစ်နား ၊ ဣသရေလ အမျိုးသားကူးရာအရပ် ၌ ယဇ် ပလ္လင်ကို တည် ကြပြီဟု ဣသရေလ အမျိုးသားတို့သည် သိတင်းကြား ကြ၏။
And the children of Israel heard, as followeth, Behold, the children of Reuben and the children of Gad and the half tribe of Menasseh have built an altar in the front of the land of Canaan, in the districts of the Jordan, at the side belonging to the children of Israel.
12 ၁၂ ထိုသိတင်းကို ကြား သောအခါ ၊ ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် စစ်ချီ ခြင်းငှါ ၊ ရှိလော မြို့၌ စည်းဝေး ကြ၏။
And when the children of Israel heard it, the whole congregation of the children of Israel assembled themselves together at Shiloh, to go up against them to war.
13 ၁၃ ဣသရေလ အမျိုးသား တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် နှင့်တကွ၊ ဣသရေလ အမျိုး အသီးအသီး တို့အထဲကရွေးကောက်၍၊
And the children of Israel sent unto the children of Reuben, and to the children of Gad, and the half tribe of Menasseh, into the land of Gil'ad, Phinehas the son of Elazar the priest.
14 ၁၄ လူတထောင် ကိုအုပ် သောအဆွေအမျိုး သူကြီး ဆယ် ပါးတို့ကို ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ စေလွှတ် ကြ၏။
And ten princes with him, one prince each for every division of all the tribes of Israel; and each one was a head of their family divisions among the thousands of Israel.
15 ၁၅ ထိုမင်းတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ ရောက် ၍၊
And they came unto the children of Reuben, and to the children of Gad, and to the half tribe of Menasseh, unto the land of Gil'ad, and they spoke with them, saying:
16 ၁၆ ထာဝရဘုရား ၏ ပရိသတ် အပေါင်း တို့မှာလိုက်သည်ကား၊ သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် ၍ ယဇ် ပလ္လင်ကို တည် သဖြင့် ၊ ထာဝရဘုရား နောက် တော်သို့မလိုက်၊ ယနေ့လွှဲသွား ခြင်းငှါ ဣသရေလ အမျိုး၏ ဘုရား သခင်ကို ပြစ်မှား သော အပြစ် ကား အဘယ်သို့ နည်း။
Thus have said the whole congregation of the Lord, What trespass is this that ye have committed against the God of Israel to turn away this day from following the Lord, in that ye have built yourselves an altar, that ye might rebel this day against the Lord?
17 ၁၇ သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရ အပြစ် သည် ငါ တို့အဘို့ မ လောက်သလော။ ထာဝရဘုရား ၏ ပရိသတ် တော်၌ ဘေး ကြီးရောက် သော်လည်း ၊ ယနေ့ တိုင်အောင် ထိုအပြစ် မ ရှင်းလင်း သေး။
Have we had too little in the iniquity of Peor, —from which we are not yet cleansed until this day, —when there was a plague in the congregation of the Lord?
18 ၁၈ သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် ၍ နက်ဖြန် နေ့ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်။
And will ye turn away this day from following the Lord? and it will be, that when ye will rebel this day against the Lord, tomorrow he will be wroth with the whole congregation of Israel.
19 ၁၉ သို့သော်လည်း သင် တို့အပိုင် ရသောမြေ သည် မ စင်ကြယ်လျှင် ၊ ထာဝရဘုရား အပိုင် ယူတော်မူ၍၊ တဲ တော်ရှိရာမြေ သို့ ကူး သဖြင့် ငါ တို့နှင့်အတူ အပိုင်ယူ ကြ လော့။ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်မှတပါး ၊ အခြားသော ယဇ် ပလ္လင်ကို ကိုယ် အဘို့ တည် ၍ ထာဝရဘုရား ကို မ ပုန်ကန် ကြနှင့်။ ငါ တို့ကိုလည်း မ ပုန်ကန် ကြနှင့်။
But, notwithstanding, if the land of your possession be unclean, then pass ye over unto the land of the possession of the Lord, wherein dwelleth the tabernacle of the Lord, and take possession in the midst of us; but rebel not against the Lord and against us do not rebel, in building yourselves an altar beside the altar of the Lord our God.
20 ၂၀ ဇေရ သား အာခန် သည် ကျိန် အပ်သောအရာ၌ ပြစ်မှား ၍ အမျက် တော်သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့အပေါ် မှာ ရောက် သည် မ ဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ် ကြောင့် တ ယောက်တည်းသာ သေ ရသည် မ ဟုတ်ဟု ဆိုကြ၏။
Did not 'Achan the son of Zerach commit a trespass on the devoted things, and wrath fell on all the congregation of Israel? and he, though but one man, perished not alone in his iniquity.
21 ၂၁ ထိုအခါ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ဣသရေလ အမျိုးတွင် လူတထောင် စီအုပ်သော အကဲ အမှူးတို့အား ပြန်ပြော လေသည်မှာ၊
But the children of Reuben and the children of Gad and the half tribe of Menasseh answered, and they spoke unto the heads of the thousands of Israel,
22 ၂၂ မြတ် စွာဘုရား သခင် ထာဝရဘုရား ၊ မြတ် စွာဘုရား သခင် ထာဝရဘုရား သည် ကိုယ်တော်တိုင် သိ တော်မူ၏။ ဣသရေလ အမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရား ကို ပြစ်မှား မည်အကြံရှိ၍၊ ထာဝရဘုရား နောက် တော်သို့ မလိုက်ဘဲ လွှဲသွား ခြင်းငှါ ငါ တို့သည် ယဇ် ပလ္လင်ကို တည် သည်မှန်လျှင်၊ ယနေ့ ဘေးမ လွတ် ပါစေနှင့်။
The God of gods, the Eternal, the God of gods, the Eternal, he knoweth, and Israel also shall know: if it be in rebellion, or if in transgression against the Lord, [aid us not this day, ]
23 ၂၃ ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ပူဇော် သက္ကာကို ပူဇော် မည်အကြံ ရှိလျှင် လည်း ထာဝရဘုရား သည် ကိုယ်တော် တိုင် စစ်ကြော တော်မူပါစေ။
That we have built us an altar to turn away from following the Lord; or if to offer thereon burnt-offering or meat-offering, or if to offer thereon peace-offerings, may the Lord himself require it;
24 ၂၄ နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင် အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား နှင့် အဘယ်သို့ဆိုင် ကြသနည်း။
Or whether we have not done it for fear of this thing, saying, In time to come your children might say unto our children, as followeth, What have ye to do with the Lord, the God of Israel?
25 ၂၅ ထာဝရဘုရား သည် ငါ တို့နှင့် သင် တို့စပ်ကြား ၌ ပိုင်းခြား လျက် ယော်ဒန် မြစ်ကို ထား တော်မူပြီ။ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့်၊ ငါ တို့သား မြေးတို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ ဘဲ နေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။
For the Lord hath made a boundary between us and you, ye children of Reuben and children of Gad, —the Jordan; ye have no part in the Lord: thus might your children make our children cease so as not to fear the Lord.
26 ၂၆ သို့ဖြစ်၍ ငါ တို့သည် ယဇ် ပလ္လင်ကို တည် ခြင်းငှါ ပြင် ကြကုန်အံ့ဟု ဆို ကြသောအခါ၊ မီးရှို့ ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော် မည်အကြံရှိသည်မ ဟုတ်။
Wherefore we said, Let us now act for ourselves to build this altar, not for burnt-offering, nor for sacrifice;
27 ၂၇ ငါ တို့သည် မီးရှို့ ရာယဇ် အစရှိသော ယဇ် မျိုး၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား အမှု ကို ရှေ့ တော်၌ ဆောင်ရွက် ခြင်းငှါ ၎င်း၊ နောင် ကာလ၌ သင် တို့သား မြေးတို့က၊ သင် တို့သည် ထာဝရဘုရား နှင့် အလျှင်းမ ဆိုင်ကြဟု ငါ တို့သားမြေး တို့အား မ ပြော စေခြင်းငှါ၎င်း၊ ဤယဇ်ပလ္လင်သည် ငါ တို့နှင့် သင် တို့စပ်ကြား ၊ ငါ တို့သား မြေးနှင့် သင်တို့သားမြေးစပ်ကြားမှာ သက်သေ ဖြစ်စေခြင်းငှါ တည်ကြပါပြီ။
But it shall be a witness between us, and you, and our generations after us, that we may perform the service of the Lord before him with our burnt-offerings, and with our sacrifices, and with our, peace-offerings; and that your children may not say in time to come to our children, Ye have no portion in the Lord.
28 ၂၈ နောင်ကာလ ၌ သူတို့သည် ငါ တို့နှင့် ငါ တို့သား မြေးတို့အား ထိုသို့ပြောဆို လျှင် ၊ ငါတို့က၊ ငါ တို့အဘ တို့သည် မီးရှို့ ရာယဇ်အစရှိသောယဇ် မျိုးကို ပူဇော်ခြင်းငှါမ ဟုတ်၊ ငါ တို့နှင့် သင် တို့စပ်ကြား မှာ သက်သေ ဖြစ်စေခြင်းငှါတည် သော ထာဝရ ဘုရား၏ ယဇ်ပလ္လင် ပုံ ကို ကြည့် ကြလော့ဟု ပြန်ပြော စရာအကြောင်းရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။
And we said, that it shall be! when they should say this to us and to our generations in time to come, that we may say, Behold the pattern of the altar of the Lord, which our fathers made, not for burnt-offering, nor for sacrifice; but it is a witness between us and you.
29 ၂၉ တဲ တော်ရှေ့ ၌ရှိသော ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ယဇ်ပလ္လင် တော်မှတပါး အခြားသောယဇ် ပလ္လင်ကို တည် ၍ မီးရှို့ ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ်ပူဇော် သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား ကို ပုန်ကန် ၍ နောက် တော်သို့မလိုက် လွှဲ သွားခြင်းအမှုသည် ငါ တို့နှင့် ဝေး ပါစေသောဟု ပြန်ပြောကြ၏။
Far be it from us that we should rebel against the Lord, and turn away this day from following the Lord, to build an altar for burnt-offering, for meat-offering, or for sacrifice, beside the altar of the Lord our God that is before his dwelling.
30 ၃၀ ယဇ်ပုရောဟိတ် ဖိနဟတ် နှင့် ပရိသတ်မင်း များ၊ ဣသရေလ အမျိုး၌ လူတထောင် စီအုပ်သော အကဲ အမှူးများတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုးသား တို့ ပြော သော စကား ကို ကြား ရသောအခါ အားရ ကြ၏။
And when Phinehas the priest, and the princes of the congregation and the heads of the thousands of Israel who were with him, heard the words which the children of Reuben and the children of Gad and the children of Menasseh had spoken, it was pleasing in their eyes.
31 ၃၁ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် ကလည်း ၊ သင်တို့သည် ထာဝရဘုရား ကို မ ပြစ်မှား သောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူကြောင်း ကို ယနေ့ ငါတို့ သိ မြင်ကြ၏။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရား လက် တော်မှ ယခု ကယ်လွှတ် ကြပြီဟု ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုးသား တို့အား ပြောဆို ကြ၏။
And Phinehas the son of Elazar the priest said unto the children of Reuben, and to the children of Gad, and to the children of Menasseh, This day do we know that the Lord is in our midst, because ye have not committed this trespass against the Lord: now have ye delivered the children of Israel out of the hand of the Lord.
32 ၃၂ ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် နှင့် မင်း များတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့နေရာ ဂိလဒ် ပြည် မှ ဣသရေလ အမျိုးသားနေရာ ခါနာန် ပြည် သို့ ပြန် လာ၍ သိတင်း ကြားပြောသဖြင့်၊
And Phinehas the son of Elazar the priest, and the princes, returned from the children of Reuben, and from the children of Gad, out of the land of Gil'ad, unto the land of Canaan, to the children of Israel, and they brought them word again.
33 ၃၃ ဣသရေလ အမျိုးသားတို့သည် ဝမ်းမြောက်ခြင်းရှိ၍ ဘုရား သခင်၏ ကျေးဇူးတော်ကို ချီးမွမ်း ကြ၏။ နောက်တဖန် ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့နေ သောပြည် ကို လုပ်ကြံ အံ့သောငှါ စစ်ချီ မည်ဟု အကြံ မ ရှိကြ။
And the thing was pleasing in the eyes of the children of Israel; and the children of Israel blessed God; and they did not speak any more to go up against them to battle, to destroy the land wherein the children of Reuben and Gad dwelt.
34 ၃၄ ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့ကလည်း ၊ ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူကြောင်း ကို ဤယဇ် ပလ္လင်သည် ငါ တို့စပ်ကြား မှာ သက်သေခံ ပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့် ကြ၏။
And the children of Reuben and the children of Gad called the altar [“'Ed”]; for [they said] it is a witness between us that the Eternal is God.

< ယောရှု 22 >