< ယောရှု 21 >

1 လေဝိ သား အဆွေအမျိုးသူကြီး တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု ၊ ဣသရေလ အမျိုးတို့တွင် အဆွေ အမျိုးသူကြီး တို့ထံ သို့ချဉ်းကပ် ၍၊
လေဝိသား အဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပု ရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုး တို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ်၍၊
2 အကျွန်ုပ် တို့ နေ စရာဘို့ မြို့ တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ် တို့ကို၎င်း ပေး စေခြင်းငှါ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူပြီဟု ခါနာန် ပြည် ၊ ရှိလော မြို့၌ ပြောဆို ကြလျှင်၊
အကျွန်ုပ်တို့ နေစရာဘို့ မြို့တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှါ ထာဝရဘုရား သည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊
3 ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မိမိ တို့အမွေ ခံရသောမြေထဲက ၊ မြို့ နှင့် မြို့နယ် တို့ကိုပေး ကြ၏။
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသော မြေထဲ က၊ မြို့နှင့် မြို့နယ်တို့ကို ပေးကြ၏။
4 စာရေးတံ ပြု၍ ကောဟတ် အဆွေ အမျိုးတို့သည် အမွေခံရာတွင်၊ လေဝိ သား ယဇ်ပုရောဟိတ် အာရုန် ၏ သား မြေးတို့သည် စာရေးတံ ပြုသောအားဖြင့် ၊ ယုဒ ခရိုင်၊ ရှိမောင် ခရိုင်၊ ဗင်္ယာမိန် ခရိုင်ထဲက ဆယ် သုံး မြို့ ကို ရကြ၏။
စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။
5 ကြွင်းသော ကောဟတ် သား တို့သည် ဧဖရိမ် ခရိုင်၊ ဒန် ခရိုင်၊ မနာရှေ ခရိုင် ဝက် ထဲက ဆယ် မြို့ ကို ရကြ၏။
ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ၏။
6 ဂေရရှုံ သား တို့သည် စာရေးတံ ပြုသောအားဖြင့် ၊ ဣသခါ ခရိုင်၊ အာရှာ ခရိုင်၊ နဿလိ ခရိုင်၊ ဗာရှန် ပြည်၌ မနာရှေ ခရိုင်ဝက် ထဲက ၊ ဆယ် သုံး မြို့ ကို ရကြ၏။
ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။
7 မေရာရိ သား တို့သည် အဆွေ အမျိုးအလိုက် ရုဗင် ခရိုင်၊ ဂဒ် ခရိုင်၊ ဇာဗုလုန် ခရိုင်ထဲက ၊ ဆယ် နှစ် မြို့ ကို ရကြ၏။
မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကို ရကြ၏။
8 ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသားတို့သည် စာရေးတံ ပြု၍ ထို မြို့ တို့ကို မြို့နယ် နှင့်တကွ လေဝိ သားတို့အား ပေး ကြ၏။
ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ၏။
9 ယုဒ အမျိုးသား ခရိုင်၊ ရှိမောင် အမျိုးသား ခရိုင်ထဲက ပေး ၍ လေဝိ သား ဖြစ် သော ကောဟတ် အဆွေ အမျိုး၊
ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊
10 ၁၀ အာရုန် ၏သားမြေး တို့သည် ပဌမ စာရေးတံ အားဖြင့်ရ သောမြို့ တို့၏အမည် များဟူမူကား၊
၁၀အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊
11 ၁၁ ယုဒ ခရိုင်တောင် ကြား၌ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ နေသောမြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။
၁၁ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူ သော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
12 ၁၂ သို့ရာတွင် မြို့ နှင့်ဆိုင်သော လယ် များ၊ ရွာ များတို့ကို ယေဖုန္နာ ၏သား ကာလက် အား အပိုင် ပေး ကြ၏။
၁၂သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများ တို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။
13 ၁၃ လူအသက်ကိုသတ်မိသောသူ မှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဟေဗြုန် မြို့ကို မြို့နယ် နှင့်တကွ ယဇ်ပုရောဟိတ် အာရုန် ၏သား မြေးတို့အား ပေး ကြ၏။
၁၃လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန်၏သားမြေးတို့အား ပေးကြ၏။
14 ၁၄ ထိုမှတပါး၊ လိဗန မြို့နှင့် မြို့နယ် ၊ ယတ္တိရ မြို့နှင့် မြို့နယ် ၊ ဧရှတေမော မြို့နှင့် မြို့နယ်၊
၁၄ထိုမှတပါး၊ လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊
15 ၁၅ ဟောလုန် မြို့နှင့် မြို့နယ် ၊ ဒေဗိရ မြို့နှင့် မြို့နယ်၊
၁၅ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊
16 ၁၆ အဣန မြို့နှင့် မြို့နယ် ၊ ယုတ္တ မြို့နှင့် မြို့နယ် ၊ ဗက်ရှေမက် မြို့နှင့် မြို့နယ် တည်းဟူသော ထို ခရိုင်နှစ် ခရိုင်ထဲက ကိုး မြို့ တို့ကို၎င်း၊
၁၆အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင် ထဲက ကိုးမြို့တို့ကို၎င်း၊
17 ၁၇ ဗင်္ယာမိန် ခရိုင်ထဲက ဂိဗောင် မြို့နှင့် မြို့နယ် ၊ ဂေဗ မြို့နှင့် မြို့နယ်၊
၁၇ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊
18 ၁၈ အာနသုတ် မြို့နှင့် မြို့နယ် ၊ အာလမုန် မြို့နှင့် မြို့နယ် တည်းဟူသော လေး မြို့ တို့ကို၎င်း ပေးကြ၏။
၁၈အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
19 ၁၉ အာရုန် ၏သား မြေး ယဇ်ပုရောဟိတ် တို့ရသောမြို့ ပေါင်း ကား၊ မြို့နယ် ပါသောမြို့ ဆယ် သုံး မြို့ရှိသတည်း။
၁၉အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသော မြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။
20 ၂၀ ကြွင်း သောကောဟတ် သား အဆွေ အမျိုးဖြစ်သော လေဝိ သားတို့သည် စာရေးတံ ပြု၍ ဧဖရိမ် ခရိုင်ထဲက ရသည်အတိုင်း၊
၂၀ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ် သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲ က ရသည်အတိုင်း၊
21 ၂၁ လူအသက်ကိုသတ် မိသောသူမှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။
၂၁လူအသက်ကို သတ်မိသောသူမှီခိုရာမြို့ ဖြစ်စေ ခြင်းငှါ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
22 ၂၂ ထိုမှတပါး ဂေဇာ မြို့နှင့် မြို့နယ် ၊ ကိဗဇိမ် မြို့နှင့် မြို့နယ် ၊ ဗေသောရုန် မြို့နှင့် မြို့နယ် တည်းဟူသော လေး မြို့ တို့ကို၎င်း၊
၂၂ထိုမှတပါး ဂေဇာမြို့နှင့်မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေး မြို့တို့ကို၎င်း၊
23 ၂၃ ဒန် ခရိုင်ထဲက ဧလတေက မြို့နှင့် မြို့နယ် ၊ ဂိဗ္ဗိသုန် မြို့နှင့် မြို့နယ်၊
၂၃ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗိ သုန်မြို့နှင့် မြို့နယ်၊
24 ၂၄ အာဇလုန် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
၂၄အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
25 ၂၅ မနာရှေ ခရိုင်ဝက် ထဲက တာနက် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တည်းဟူသောနှစ် မြို့ တို့ကို၎င်းပေးကြ၏။
၂၅မနာရှေခရိုင်ဝက်ထဲက တာနက်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း ပေးကြ၏။
26 ၂၆ ကြွင်း သော ကောဟတ် သား အဆွေ အမျိုးတို့သည် ရသောမြို့နယ် နှင့်တကွ မြို့ ပေါင်း ကား ဆယ် မြို့တည်း။
၂၆ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့ တည်း။
27 ၂၇ လေဝိ အဆွေ အမျိုး၊ ဂေရရှုံ သား တို့အား လည်း ၊ မနာရှေ ခရိုင်ဝက် ထဲက လူအသက်ကိုသတ် မိသောသူ မှီခို ရာမြို့ ၊ ဗာရှန် ပြည်၌ ဂေါလန် မြို့နှင့် မြို့နယ် ၊ ဗေရှတေရ မြို့နှင့် မြို့နယ် တည်းဟူသောနှစ် မြို့ တို့ကို၎င်း၊
၂၇လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း၊
28 ၂၈ ဣသခါ ခရိုင်ထဲက ကိရှုန် မြို့နှင့် မြို့နယ် ၊ ဒါဗရေ မြို့နှင့် မြို့နယ်၊
၂၈ဣသခါခရိုင်ထဲက ကိရှုန်မြို့နှင့် မြို့နယ်၊ ဒါဗရေ မြို့နှင့် မြို့နယ်၊
29 ၂၉ ယာမုတ် မြို့နှင့် မြို့နယ် ၊ အင်္ဂန္နိမ် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
၂၉ယာမုတ်မြို့နှင့် မြို့နယ်၊ အင်္ဂန္နမ်မြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
30 ၃၀ အာရှာ ခရိုင်ထဲက မိရှလ မြို့နှင့် မြို့နယ် ၊ အာဗဒုန် မြို့နှင့် မြို့နယ်၊
၃၀အာရှာခရိုင်ထဲက မိရှလမြို့နှင့်မြို့နယ်၊ အာဗ ဒုန်မြို့နှင့် မြို့နယ်၊
31 ၃၁ ဟေလကတ် မြို့နှင့် မြို့နယ် ၊ ရဟောဘ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
၃၁ဟေလကတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
32 ၃၂ နဿလိ ခရိုင်ထဲက ၊ လူအသက်ကိုသတ် မိသော သူမှီခို ရာမြို့ ၊ ဂါလိလဲ ပြည်၌ ကေဒေရှ မြို့နှင့် မြို့နယ် ၊ ဟမ္မုဒ္ဒေါ မြို့နှင့် မြို့နယ် ၊ ကာတံ မြို့နှင့် မြို့နယ် တည်းဟူသော သုံး မြို့ တို့ကို၎င်းပေးကြ၏။
၃၂နဿလိခရိုင်ထဲက၊ လူအသက်ကို သတ်မိသော သူမှီခိုရာမြို့၊ ဂါလိလဲပြည်၌ ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နယ်၊ ကာတံမြို့နှင့် မြို့နယ်တည်းဟူ သော သုံးမြို့တို့ကို၎င်း ပေးကြ၏။
33 ၃၃ ဂေရရှုံ သားတို့သည်၊ အဆွေ အမျိုးအလိုက် ရသော မြို့နယ် နှင့်တကွ မြို့ ပေါင်း ကား ဆယ် သုံး မြို့ တည်း။
၃၃ဂေရရှုံသားတို့သည်၊ အဆွေအမျိုးအလိုက်ရ သော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း။
34 ၃၄ ကြွင်း သော လေဝိ သား၊ မေရာရိ အဆွေ အမျိုးတို့အား ဇာဗုလုန် ခရိုင်ထဲက ယောကနံ မြို့နှင့် မြို့နယ် ၊ ကာတ မြို့နှင့် မြို့နယ်၊
၃၄ကြွင်းသော လေဝိသား၊ မေရာရိအဆွေအမျိုးတို့ အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ်၊ ကာတမြို့နှင့်မြို့နယ်၊
35 ၃၅ ဒိမန မြို့နှင့် မြို့နယ် ၊ နဟာလာလ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
၃၅ဒိမနမြို့နှင့် မြို့နယ်၊ နဟာလာလမြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
36 ၃၆ ရုဗင် ခရိုင်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာ မြို့နှင့် မြို့နယ် ၊ ယဟာဇ မြို့နှင့် မြို့နယ်၊
၃၆ရုဗင်ခရိုင်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယဟာဇမြို့နှင့် မြို့နယ်၊
37 ၃၇ ကေဒမုတ် မြို့နှင့် မြို့နယ် ၊ မေဖတ် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
၃၇ကေဒမုတ်မြို့နှင့်မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
38 ၃၈ ဂဒ် ခရိုင်ထဲက ၊ လူအသက်ကိုသတ် မိသောသူမှီခို ရာမြို့ ၊ ဂိလဒ် ပြည်၌ ရာမုတ် မြို့နှင့် မြို့နယ် ၊ မဟာနိမ် မြို့နှင့် မြို့နယ်၊
၃၈ဂဒ်ခရိုင်ထဲက၊ လူအသက်ကို သတ်မိသောသူမှီ ခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့ နှင့် မြို့နယ်၊
39 ၃၉ ဟေရှဘုန် မြို့နှင့် မြို့နယ် ၊ ယာဇာ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်းပေးကြ၏။
၃၉ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
40 ၄၀ ကြွင်း သောလေဝိ အဆွေ အမျိုးမေရာရိ သား တို့သည် စာရေးတံ ပြု၍ အဆွေ အမျိုးအလိုက် ရသောမြို့နယ်နှင့်တကွမြို့ ပေါင်း ကား ဆယ် နှစ် မြို့ တည်း။
၄၀ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့ သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ရသော မြို့ နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း။
41 ၄၁ ဣသရေလ အမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိ သားနေသောမြို့ ပေါင်း ကား၊ မြို့နယ် နှင့်တကွ လေး ဆယ်ရှစ် မြို့ တည်း။
၄၁ဣသရေလအမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း။
42 ၄၂ ထို မြို့ ရှိသမျှ တို့သည် ပတ်ဝန်းကျင် နယ် နှင့် ပြည့်စုံလျက်ရှိ သတည်း။
၄၂ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့် စုံလျက်ရှိသတည်း။
43 ၄၃ ထာဝရဘုရား ကလည်း ၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် ရှိသမျှ ကို ဣသရေလ အမျိုးသားတို့အား ပေး တော်မူသဖြင့် ၊ သူတို့သည် သိမ်းယူ ၍ နေရာ ကျကြ၏။
၄၃ထာဝရဘုရားကလည်း၊ ငါပေးမည်ဟု ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလ အမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ ၍ နေရာကျကြ၏။
44 ၄၄ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသမျှ အတိုင်း ၊ ပတ်ဝန်းကျင် အရပ်တို့၌ ငြိမ်ဝပ် ရာအခွင့်ကိုပေးတော်မူသဖြင့် ၊ သူ တို့ရှေ့ မှာ အဘယ်ရန်သူ မျှမ ရပ် နိုင်။ ရန်သူ အပေါင်း တို့ကို သူ တို့လက် သို့ အပ် တော်မူ၏။
၄၄ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း၊ ပတ်ဝန်းကျင်အရပ်တို့၌ ငြိမ်ဝပ်ရာအခွင့်ကို ပေးတော်မူ သဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင်။ ရန်သူ အပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ၏။
45 ၄၅ ထာဝရဘုရား သည် ဣသရေလ အမျိုး အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံ တပါးမျှမ လျော့ ၊ ရှိသမျှ တို့သည် ပြည့်စုံ ကြ၏။
၄၅ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ မိန့်တော်မူသော ကောင်းကျိုးတစုံတပါးမျှမလျော့၊ ရှိသမျှ တို့သည် ပြည့်စုံကြ၏။

< ယောရှု 21 >