< ယောရှု 20 >

1 တဖန် ထာဝရဘုရား သည် ယောရှု ကို ခေါ်တော်မူ၍၊
Then the LORD said to Joshua,
2 သင် သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ ငါသည် မောရှေ အားဖြင့် မှာ ထားသည်အတိုင်း၊
“Tell the Israelites to designate the cities of refuge, as I instructed you through Moses,
3 လူအသက်ကိုသတ် မည်ဟု အကြံ မ ရှိဘဲ အမှတ်တမဲ့ သတ် မိသောသူသည် ပြေး ၍ မှီခို ရာမြို့ တို့ကို ရွေး ထားကြလော့။ သေစား သေစေသောသူလက်နှင့်လွတ်၍ မှီခို ရာမြို့ ဖြစ် ရသတည်း။
so that anyone who kills another unintentionally or accidentally may flee there. These will be your refuge from the avenger of blood.
4 ထို မြို့ တစုံ တမြို့သို့ ပြေး သောသူသည် မြို့ တံခါးဝ ၌ရပ် ၍ ၊ ထို မြို့ ၌ အသက်ကြီး သူတို့အား မိမိ အမှု ကို ကြားပြော သောအခါ ၊ သူတို့သည် မြို့ ထဲ သို့ခေါ် ၍ သူ တို့ထံ မှာနေရာ ချ ရကြမည်။
When someone flees to one of these cities, stands at the entrance of the city gate, and states his case before its elders, they are to bring him into the city and give him a place to live among them.
5 သေစား သေစေသောသူသည် လိုက် လာလျှင် ၊ သူ့ လက် သို့ သတ် မိသောသူကို မ အပ် ရ။ အကြောင်း မူကား၊ ထိုသူသည် မိမိ အဘော် ကို အငြိုး မ ထားဘဲ အမှတ်တမဲ့သတ် မိ၏။
Now if the avenger of blood pursues him, they must not surrender the manslayer into his hand, because that man killed his neighbor accidentally without prior malice.
6 ထိုသူသည် ပရိသတ် ရှေ့ သို့ ရောက်၍ တရားစီရင် ခြင်းကို မ ခံ မှီသော်၎င်း၊ ထို ကာလ ယဇ်ပုရောဟိတ် မင်း မ သေ မှီသော်၎င်း ထို မြို့ ၌ နေ ရမည်။ ထိုနောက်မှ ပြန် လာ၍ အထက်ပြေး ရသောမြို့ ၊ မိမိ နေရင်းအိမ် ၌ နေ ရသောအခွင့်ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊
He is to stay in that city until he stands trial before the assembly and until the death of the high priest serving at that time. Then the manslayer may return to his own home in the city from which he fled.”
7 သူတို့သည် ဂါလိလဲ ပြည်၊ နဿလိ တောင် ပေါ်မှာ ကေဒေရှ မြို့၊ ဧဖရိမ် တောင် ပေါ်မှာ ရှေခင် မြို့၊ ယုဒ တောင် ပေါ်မှာ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
So they set apart Kedesh in Galilee in the hill country of Naphtali, Shechem in the hill country of Ephraim, and Kiriath-arba (that is, Hebron) in the hill country of Judah.
8 ယော်ဒန် မြစ်တဘက် ၊ ယေရိခေါ မြို့အရှေ့ မှာ ရုဗင် ခရိုင်၊ တော လွင်ပြင် ၌ ဗေဇာ မြို့၊ ဂဒ် ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ် မြို့၊ မနာရှေ ခရိုင်၊ ဗာရှန် ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေး ထားကြ၏။
And beyond the Jordan, east of Jericho, they designated Bezer on the wilderness plateau from the tribe of Reuben, Ramoth in Gilead from the tribe of Gad, and Golan in Bashan from the tribe of Manasseh.
9 ဤ မြို့ တို့ကား၊ ဣသရေလ အမျိုးသားဖြစ်စေ ၊ သူ တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်စေ၊ အမှတ်တမဲ့ လူ အသက်ကိုသတ် မိသောသူသည် သေစား သေစေသောသူလက် နှင့်လွတ် ၍ ပရိသတ် ရှေ့ သို့ မရောက် မှီတိုင်အောင် ပြေး ရသောအခွင့်ရှိစေခြင်းငှါ ရွေး ထားသောမြို့ဖြစ် သတည်း။
These are the cities appointed for all the Israelites and foreigners among them, so that anyone who kills a person unintentionally may flee there and not die by the hand of the avenger of blood prior to standing trial before the assembly.

< ယောရှု 20 >