< ယောရှု 19 >
1 ၁ ဒုတိယ တကြိမ်စာရေးတံ ပြု ၍ ၊ ရှိမောင် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ယုဒ အမွေ မြေအတွင်း ၌ အမွေ ခံရ ကြ၏။
၁ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ၏။
2 ၂ သူ တို့အမွေ မြေ၌ ရှိ သောမြို့များဟူမူကား၊ ဗေရရှေဘ မြို့၊ မောလဒါ မြို့၊
၂သူတို့အမွေမြေ၌ရှိသော မြို့များဟူမူကား၊ ဗေရ ရှေဘမြို့၊ မောလဒါမြို့၊
3 ၃ ဟာဇာရွာလ မြို့၊ ဗာလာ မြို့၊ အာဇင် မြို့၊
၃ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊
4 ၄ ဧလတောလဒ် မြို့၊ ဗေသူလ မြို့၊ ဟောမာ မြို့၊
၄ဧလတောလဒ်မြို့၊ ဗေသူလမြို့၊ ဟေမာမြို့၊
5 ၅ ဇိကလတ် မြို့၊ ဗက်မာကဗုတ် မြို့၊ ဟာဇာသုသ မြို့၊
၅ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊
6 ၆ ဗက်လေဗောက် မြို့၊ ရှရုဟင် မြို့၊ ရွာ နှင့်တကွ ဆယ် သုံး မြို့ တည်း။
၆ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။
7 ၇ ထိုမှတပါး၊ အင် ရိမ္မုန် မြို့၊ တောခင်မြို့၊ ဧသာ မြို့၊ အာရှန် မြို့၊ ရွာ နှင့်တကွ လေး မြို့ တည်း။
၇ထိုမှတပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။
8 ၈ ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရ ရာမတ် မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ ပတ်ဝန်းကျင် ရွာ ရှိသမျှ ပါသတည်း။ ဤ ရွေ့ကား ရှိမောင် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
၈ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
9 ၉ ရှိမောင် အမွေ မြေသည် ယုဒ အမျိုးသား ခံသော အဘို့ ထဲက နှုတ်ရ၏။ ယုဒ အမျိုးသား တို့အဘို့ သည် ကြီးကျယ် သောကြောင့် ၊ သူ တို့အမွေ မြေအတွင်း ၌ ရှိမောင် အမျိုးသား တို့သည် အမွေ ခံရကြ၏။
၉ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ၏။
10 ၁၀ တတိယ တကြိမ်စာရေးတံ ပြု ၍ ဇာဗုလုန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။ သူ တို့ အမွေ မြေအပိုင်း အခြားသည် စာရိဒ် မြို့မှထွက် ၍၊
၁၀တတိယတကြိမ်စာရေးတံပြု၍ ဇာဗုလုန်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့ အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊
11 ၁၁ အနောက် သို့ သွား လျက် မရာလ မြို့၊ ဒဗ္ဗရှက် မြို့သို့ ၎င်း ၊ ယောကနံ မြို့ရှေ့ မှာ ရှိသော မြစ် သို့ ၎င်း မှီ လေ၏။
၁၁အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့ သို့၎င်း၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့၎င်း မှီလေ၏။
12 ၁၂ တဖန် စာရိဒ် မြို့မှ နေ ထွက် ရာအရှေ့ မျက်နှာသို့ လှည့် သဖြင့် ၊ ခိသလုတ္တာဗော် မြို့၊ ဒါဗရတ် မြို့သို့ ရောက် ပြီးလျှင် ၊ ယာဖျာ မြို့သို့ တက် လေ၏။
၁၂တဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့ လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီး လျှင်၊ ယာဖျာမြို့သို့ တက်လေ၏။
13 ၁၃ ထို မြို့မှစ၍ အရှေ့ ဘက်နားမှာလိုက် လျက် ၊ ဂိတ္တဟေဖါ မြို့၊ အိတ္တကာဇိန် မြို့၊ ရိမ္မုန်မေသောရ နေအာ မြို့သို့ ရောက် လေ၏။
၁၃ထိုမြို့မှစ၍ အရှေ့ဘက်နားမှာလိုက်လျက်၊ ဂိတ္တ ဟေဖါမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။
14 ၁၄ မြောက် ဘက်၌ လည်း ဝိုင်း သဖြင့် ၊ ဟန္နသုန် မြို့သို့ရောက် ၍ ယိဖသေလ ချိုင့်၌ ဆုံး လေ၏။
၁၄မြောက်ဘက်၌လည်း ဝိုင်းသဖြင့်၊ ဟန္နသုန်မြို့ သို့ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။
15 ၁၅ ထိုမှတပါး၊ ကတ္တတ် မြို့၊ နဟာလာလ မြို့၊ ရှိမရုန် မြို့၊ ဣဒလ မြို့၊ ဗက်လင် မြို့တည်းဟူသောရွာ နှင့်တကွ ဆယ် နှစ် မြို့ ရှိသတည်း။
၁၅ထိုမှတပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန် မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့တည်းဟူသော ရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း။
16 ၁၆ ဤ ရွေ့ကား မြို့ ရွာ ပါလျက် ဇာဗုလုန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
၁၆ဤရွေ့ကား မြို့ရွာပါလျက် ဇာဗုလုန်အမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
17 ၁၇ စတုတ္ထ တကြိမ် စာရေးတံ ပြု ၍ ဣသခါ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
၁၇စတုတ္ထတကြိမ် စာရေးတံပြု၍ ဣသခါအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
18 ၁၈ သူ တို့အပိုင်း အခြားသည် ယေဇရေလ မြို့၊ ခေသုလုတ် မြို့၊ ရှုနင် မြို့၊
၁၈သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊
19 ၁၉ ဟာဖရိမ် မြို့၊ ရှိဟုန် မြို့၊ အာနဟာရတ် မြို့၊
၁၉ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊
20 ၂၀ ရဗ္ဗိတ် မြို့၊ ကိရှုန် မြို့၊ အာဗက် မြို့၊
၂၀ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊
21 ၂၁ ရေမက် မြို့၊ အင်္ဂန္နိမ် မြို့၊ အင်္ဟာဒ္ဒါ မြို့၊ ဗက်ပဇ္ဇက် မြို့ပါလျက်၊
၂၁ရေမက်မြို့၊ အင်္ဂန္နမြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ ပါလျက်၊
22 ၂၂ တာဗော် မြို့၊ ရာဟဇိမ မြို့၊ ဗက်ရှေမက် မြို့သို့ ရောက် ၍ ယော်ဒန် မြစ်၌ ဆုံး လေ၏။ ရွာ နှင့်တကွ ဆယ် ခြောက် မြို့ ရှိသတည်း။
၂၂တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ် ခြောက်မြို့ရှိသတည်း။
23 ၂၃ ဤ ရွေ့ကား မြို့ ရွာ ပါလျက် ဣသခါ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
၂၃ဤရွေ့ကား မြို့ရွာပါလျက် ဣသခါအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
24 ၂၄ ပဉ္စမ တကြိမ် စာရေးတံ ပြု ၍ အာရှာ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
၂၄ပဥ္စမတကြိမ် စာရေးတံပြု၍ အာရှာအမျိုးသား တို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
25 ၂၅ သူ တို့အပိုင်း အခြားသည် ဟေလကတ် မြို့၊ ဟာလိ မြို့၊ ဗေတင် မြို့၊ အာခရှပ် မြို့၊
၂၅သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊
26 ၂၆ အာလမ္မေလက် မြို့၊ အာမဒ် မြို့၊ မိရှာလ မြို့ပါ လျက်၊ အနောက် မျက်နှာ၌ ကရမေလ မြို့၊ ရှိဟောရလိဗနတ် မြို့သို့ ရောက် လေ၏။
၂၆အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ပါ လျက်၊ အနောက်မျက်နှာ၌ ကရမေလမြို့၊ ရှိဟောရလိဗ နတ်မြို့သို့ ရောက်လေ၏။
27 ၂၇ တဖန် နေ ထွက် ရာဘက်သို့လှည့် ၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန် ခရိုင်၊ ယိဖသေလ ချိုင့်ကို ရှောက် သဖြင့် ၊ မြောက် မျက်နှာသို့ သွား၍ ဗေသမက် မြို့၊ နယေလ မြို့၊ ကာဗုလ မြို့၊
၂၇တဖန် နေထွက်ရာဘက်သို့လှည့်၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန်ခရိုင်၊ ယိဖသေလချိုင့်ကို ရှောက်သဖြင့်၊ မြောက်မျက်နှာသို့သွား၍ ဗေသမက်မြို့၊ နယေလမြို့၊ ကာ ဗုလမြို့၊
28 ၂၈ ဟေဗြုန် မြို့၊ ရဟောဘ မြို့၊ ဟမ္မုန် မြို့၊ ကာန မြို့၊ ဇိဒုန် မြို့ကြီး တိုင်အောင် ရောက် ပြီးလျှင်၊
၂၈ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊
29 ၂၉ ရာမ မြို့၊ ခိုင်ခံ့ သောတုရု မြို့ ၊ ဟောသ မြို့သို့ လှည့် လျက် ၊ ပင်လယ် ကမ်းပါးမှစ၍ အာခဇိပ် မြို့တိုင်အောင် ပင်လယ် ၌ ဆုံး လေ၏။
၂၉ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့ လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင် အောင် ပင်လယ်၌ဆုံးလေ၏။
30 ၃၀ အုမ္မ မြို့၊ အာဖက် မြို့၊ ရဟောဘ မြို့နှင့်တကွ ၊ ရွာ ပါလျက် နှစ် ဆယ်နှစ် မြို့ ရှိသတည်း။
၃၀အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း။
31 ၃၁ ဤ ရွေ့ကား မြို့ ရွာ ပါလျက် အာရှာ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
၃၁ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
32 ၃၂ ဆဌမ တကြိမ် စာရေးတံ ပြု ၍ နဿလိ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
၃၂ဆဌမတကြိမ် စာရေးတံပြု၍ နဿလိအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
33 ၃၃ သူ တို့အပိုင်း အခြားသည် ဟေလပ် မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ် မြို့၊ အာဒမိ မြို့၊ နေကပ်မြို့၊ ယာဗနေလ မြို့၊ လာကုံ မြို့ပါလျက် ယော်ဒန် မြစ်၌ ဆုံး လေ၏။
၃၃သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ ဆုံးလေ၏။
34 ၃၄ တဖန် အနောက် မျက်နှာသို့ လှည့် သဖြင့် အာဇနုတ္တာဘော် မြို့၊ ဟုကုတ် မြို့သို့ ရောက် ၍ ၊ တောင် ဘက်၌ ဇာဗုလုန် ခရိုင်၊ အနောက် ဘက်၌ အာရှာ ခရိုင်၊ နေ ထွက် ရာဘက်၌ ယော်ဒန် မြစ်အပိုင်း အခြားရှိ၏။
၃၄တဖန် အနောက်မျက်နှာသို့ လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင် ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ၏။
35 ၃၅ ခိုင်ခံ့ သောမြို့ များဟူမူကား၊ ဇိဒ္ဒိမ် မြို့၊ ဇေရ မြို့၊ ဟမ္မတ် မြို့၊ ရက္ကတ် မြို့၊ ဂင်္နေသရက် မြို့၊
၃၅ခိုင်ခံ့သောမြို့များ ဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊
36 ၃၆ အာဒမာ မြို့၊ ရာမ မြို့၊ ဟာဇော် မြို့၊
၃၆အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊
37 ၃၇ ကေဒေရှ မြို့၊ အင်ဟာဇော် မြို့၊ ဧဒြိ မြို့၊
၃၇ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊
38 ၃၈ ဣရုန် မြို့၊ မိဂဒလေလ မြို့၊ ဟောရင် မြို့၊ ဗေသနတ် မြို့၊ ဗက်ရှေမက် မြို့၊ ရွာ နှင့်တကွ ဆယ် ကိုး မြို့ တည်း။
၃၈ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။
39 ၃၉ ဤ ရွေ့ကား မြို့ ရွာ ပါလျက်၊ နဿလိ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
၃၉ဤရွေ့ကား မြို့ရွာပါလျက်၊ နဿလိအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
40 ၄၀ သတ္တမ တကြိမ် စာရေးတံ ပြု ၍ ဒန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
၄၀သတ္တမတကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
41 ၄၁ သူ တို့အမွေ ခံရသောမြို့ များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလ မြို့၊ ဣရရှေမက် မြို့၊
၄၁သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊
42 ၄၂ ရှာလဗ္ဗိန် မြို့၊ အာယလုန် မြို့၊ ယေသလ မြို့၊
၄၂ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊
43 ၄၃ ဧလုန် မြို့၊ သိမနာသ မြို့၊ ဧကြုန် မြို့၊
၄၃ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
44 ၄၄ ဧလတေက မြို့၊ ဂိဗ္ဗသုန် မြို့၊ ဗာလပ် မြို့၊
၄၄ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊
45 ၄၅ ယေဟုတ် မြို့၊ ဗေနဗေရက် မြို့၊ ဂါသရိမ္မုန် မြို့၊
၄၅ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊
46 ၄၆ မေယာကုန် မြို့၊ ရက္ကုန် မြို့၊ ယာဖေါ မြို့ရှေ့ မှာရှိသောမြေ ပါ သတည်း။
၄၆မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖေါမြို့ရှေ့မှာရှိ သော မြေပါသတည်း။
47 ၄၇ ဒန် အမျိုးသား ရသောမြေ သည် ကျဉ်းမြောင်းသောကြောင့်၊ လဲရှ မြို့ကို စစ်ချီ ၍ တိုက် ယူလုပ်ကြံ သဖြင့် နေရာ ချကြ၏။ လဲရှ မြို့ကို ၊ အမျိုး၏အဘ ဒန် ကို အစွဲပြု ၍ ၊ ဒန် မြို့ဟူသောအမည်ဖြင့် မှည့် ကြ၏။
၄၇ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်း သောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။
48 ၄၈ ဤ ရွေ့ကား မြို့ ရွာ ပါလျက်၊ ဒန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
၄၈ဤရွေ့ကား မြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
49 ၄၉ ထိုသို့ ဣသရေလ အမျိုးသားတို့သည် မြေ တပြင်လုံးကို အပိုင်း အခြားနှင့်တကွဝေဖန် ၍ အမွေခံပြီး မှ၊ နုန် ၏သား ယောရှု အား အမွေ မြေကို ပေး ကြ၏။
၄၉ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင် လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍ အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကို ပေးကြ၏။
50 ၅၀ သူတောင်း သောမြို့ ဧဖရိမ် တောင် ပေါ်မှာ တိမနဿေရ မြို့ကို ထာဝရဘုရား အမိန့် တော်အတိုင်း ပေး သဖြင့် ၊ သူသည် မြို့ ကိုတည်ထောင် ၍ နေ လေ၏။
၅၀သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမ နဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသ ဖြင့်၊ သူသည် မြို့ကိုတည်ထောင်၍ နေလေ၏။
51 ၅၁ ဤ ရွေ့ကား ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏ သား ယောရှု ၊ ဣသရေလ အမျိုးသားတို့တွင် အဆွေ အမျိုးသူကြီး တို့သည်၊ ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ ပရိသတ်စည်းဝေး ရာတဲ တော်တံခါး နား၌ ဝေ ပေးသော အမွေ ခံစရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည် ကို ဝေဖန် သောအမှု ပြီး လေ၏။
၅၁ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာတဲတော်တံခါးနား၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကို ဝေဖန်သောအမှု ပြီးလေ၏။