< ယောရှု 18 >
1 ၁ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့သည်၊ ရှိလော မြို့မှာစည်းဝေး ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ကို တည်ထောင် ကြ၏။ သူ တို့ရှေ့ မှာ တပြည် လုံးနှိမ့်ချ လျက်ရှိ၏။
The land had been subdued and lay before them. The Israelites gathered together at Shiloh and set up the Tent of Meeting.
2 ၂ ထိုအခါ ဣသရေလ အမျိုးခုနှစ် မျိုး တို့သည်၊ အမွေ မြေကို မ ခံရ သေးသည်ဖြစ်၍၊
However, seven of the Israelite tribes had not received their land allocations.
3 ၃ ယောရှု က၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မြေ ကို သင်တို့သည် မသိမ်း မယူဘဲ အဘယ် မျှကာလ ပတ်လုံးနေ ကြလိမ့်မည်နည်း။
So Joshua asked the Israelites, “How long will you go on being reluctant to go and take possession of the land that the Lord gave your forefathers?
4 ၄ သင် တို့တွင် အမျိုး တမျိုးလျှင် လူ သုံး ယောက်စီ ရွေးကောက် ၍ ငါစေလွှတ် သဖြင့် ၊ သူတို့သည် တပြည် လုံးသို့ထ သွား ၍ အမွေခံ သင့်သည်အတိုင်း ရေး သားပြီးမှ ငါ့ ထံ သို့ပြန် လာရကြမည်။
Choose three men from each tribe and I will send them out to explore the land. Then they can write a description regarding the land allocations and bring it to me.
5 ၅ သူတို့သည် ပြည် ကို ခုနှစ် ပိုင်း ပိုင်းခြား ရကြမည်။ ယုဒ အမျိုးသည် တောင် ဘက်မိမိ နေရာ ၌ နေ ရမည်။ ယောသပ် အမျိုး သည် မြောက် ဘက်မိမိ နေရာ ၌ နေ ရမည်။
They are to divide the land into seven parts, up to the boundary of Judah's land in the south and Joseph's land in the north.
6 ၆ ပြည် ကို ခုနှစ် ပိုင်း ပိုင်းခြားပြီးမှ ၊ ပြည်ပုံကို ငါ့ ထံ သို့ ဆောင် ခဲ့၍ ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ သင် တို့အဘို့ စာရေးတံ ပြု မည်။
Once you have written the description the land, dividing it in seven parts, you will bring it to me here and I will cast lots for you in the presence of the Lord our God.
7 ၇ လေဝိ သားတို့သည် သင် တို့နှင့် ရော၍ အဘို့ ကို မ ယူရ။ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်အရာသည် သူ တို့အမွေ ဖြစ်၏။ ဂဒ် အမျိုး၊ ရုဗင် အမျိုး၊ မနာရှေ အမျိုး တဝက် တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း ၊ အမွေ မြေကို ခံယူ ကြပြီဟု ဣသရေလ လူတို့အား ပြော ဆို၏။
But the Levites do not receive a share, for their role as priests of the Lord is their allocation. Also, Gad, Reuben, and the half-tribe of Manasseh have already received their allocation that Moses, the servant of the Lord, gave them on the east side of the Jordan.”
8 ၈ ထိုလူ တို့သည် ထ ၍ သွား သဖြင့် ၊ ယောရှု ကလည်း ၊ တပြည် လုံးသို့ ရှောက် ၍ ရေး သားပြီးလျှင် ငါ့ ထံ သို့ ပြန် လာကြလော့။ ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ တော် ၌ သင် တို့အဘို့ စာရေးတံ ပြု မည်ဟု ပြည် ပုံကို ရေး သား ခြင်းငှါ သွား သောသူတို့ကို မှာ ထားသည်နှင့်အညီ၊
As the men started out on their way to explore the land. Joshua told them, “Go throughout the land and write a description of what you find. Then return to me and I will cast lots for you in the presence of the Lord here in Shiloh.”
9 ၉ သူတို့သည် တပြည် လုံးသို့ ရှောက် သွားသဖြင့် ၊ မြို့ ရွာရှိသည်အတိုင်း စာ ၌ ခုနစ် ပိုင်း ပိုင်း၍ ရေး သားပြီးမှ ယောရှု နေရာ ရှိလော တပ် သို့ ရောက် လာကြ၏။
So the men went and explored the land and wrote down on a scroll a description of the seven parts, recording the towns in each part. Then they returned to Joshua at the camp in Shiloh
10 ၁၀ ယောရှု သည် ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ စာရေးတံ ပြု ၍ ဣသရေလ အမျိုးသား အသီးအသီးတို့အား မြေ ကိုပိုင်းခြား လေ၏။
where Joshua cast lots for them in the presence of the Lord. There Joshua divided the land up and allotted the different parts to the remaining Israelite tribes.
11 ၁၁ ဗင်္ယာမိန် အမျိုးသား တို့သည် စာရေးတံ ပြု ၍ အဆွေ အမျိုးအလိုက် ခံရသောမြေ သည် ယုဒ အမျိုးသား တို့နှင့် ယောသပ် အမျိုးသား တို့စပ်ကြား မှာ ကျ ၏။
The first lot cast went to the tribe of Benjamin, by families. The land allotted lay between that of the tribe of Judah and the tribe of Joseph.
12 ၁၂ မြေအပိုင်း အခြားသည် မြောက် မျက်နှာ၌ ယော်ဒန် မြစ်မှ ထွက် ၍ ယေရိခေါ မြို့ မြောက် ဘက်နား ၌ ၎င်း၊ အနောက် ဘက်တောင် ပေါ်၌ ၎င်း ရှောက် လျက် ဗေသဝင် တော သို့ ထွက် သွား၏။
Their boundary began at the Jordan, and went north of the slope of Jericho, west through the hill country, coming out at the wilderness of Beth-aven.
13 ၁၃ တဖန် တောင် မျက်နှာသို့ သွား ၍ ဗေသလ လုဇ မြို့နား ၌ ရှောက်သဖြင့်၊ အောက် ဗက်ဟောရုန် မြို့ တောင် ဘက်မှာ ရှိသော တောင် ခြေရင်း အတရုတ်အဒ္ဒါ မြို့သို့ ရောက် ပြီးလျှင်၊
Then the boundary went south to Luz (or Bethel) and on down to Ataroth-addar on the mountain south of Lower Beth-horon.
14 ၁၄ ထို တောင် မှ ထွက် ၍ အိုင် တောင် ကွေ့ ကို ဝိုင်း သဖြင့် ၊ ယုဒ အမျိုးသား နေသောကိရယတ်ယာရိမ် မြို့ တည်းဟူသော ကိရယတ်ဗာလ မြို့သို့ ထွက် သွား၏။ ဤ ရွေ့ကား အနောက် ဘက် အပိုင်း အခြားတည်း။
Here the boundary turned south along the western side of the mountain facing Beth-horon, finishing at Kiriath-baal (or Kiriath-jearim), a town of the tribe of Judah. This was the western boundary.
15 ၁၅ တောင် ဘက် အပိုင်း အခြားသည် ကိရယတ်ယာရိမ် မြို့စွန်း မှ အနောက် ဘက်နား၌ နေဖတော ရေ တွင်း သို့ ရောက် ပြီးလျှင်၊
The southern boundary began at the edge of Kiriath-jearim. It ran to the spring at Nephtoah,
16 ၁၆ ဟိန္နုံ သား၏ချိုင့်ရှေ့ မှာ ၊ ရေဖိမ် ချိုင့် မြောက် ဘက်၌ ရှိသောတောင် ခြေရင်း သို့ လာ ၍ ယေဗုသိ မြို့တောင် ဘက် ဟိန္နုံ ချိုင့်သို့၎င်း ၊ အင်္ရောဂေလ ရွာသို့၎င်း၊
and then down to the foot of the mountain that faces the valley of Ben-hinnom, at the north end of the valley of Rephaim. Then it went down the valley of Hinnom, along the slope near the Jebusite town, south towards En-rogel.
17 ၁၇ မြောက် ဘက်နား၌ အင်ရှေမက် ရွာသို့၎င်း၊ အဒုမ္မိမ် ကုန်း တစ်ဘက် ဂေလိလုတ် ရွာသို့ ၎င်း၊ ရုဗင် သား ဗောဟန် ၏ကျောက် သို့၎င်း ရောက် လေ၏။
From there it headed north to En-shemesh and on to Geliloth, opposite the heights of Adummim, and then on down to the Stone of Bohan (Reuben's son).
18 ၁၈ တဖန် အရာဗ မြို့ မြောက် မျက်နှာတဘက် လွင်ပြင်နား မှာ ရှောက် ၍ အရာဗ မြို့သို့ ရောက် သဖြင့်၊
Then it went along the ridge opposite the Jordan Valley to the north, and then down into the Jordan Valley itself.
19 ၁၉ ဗက်ဟောဂလ မြို့ မြောက် ဘက်နား မှာ ရှောက် ၍ သောဒုံ အိုင် မြောက် ကွေ့ ၊ ယော်ဒန် မြစ်ဝ ၌ ဆုံး လေ၏။ ဤ ရွေ့ကား တောင် ဘက်အပိုင်း အခြားတည်း။
From there it ran along the north slope of Beth-hoglah, ending at the north bay of the Salt Sea, the southern end of the Jordan. This was the southern boundary.
20 ၂၀ ယော်ဒန် မြစ်သည် အရှေ့ ဘက် ပိုင်းခြား လျက် ရှိ၏။ ဤ ရွေ့ကား ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေ ခံရသောမြေ နယ်ဖြစ်သတည်း။
The eastern boundary was the Jordan. These were the boundaries around the land of the tribe of Benjamin, by families.
21 ၂၁ ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ရသောမြို့ များဟူမူကား၊ ယေရိခေါ မြို့၊ ဗေသောဂလ မြို့၊ ဧမက္ကေဇဇ် မြို့၊
These were the towns of the tribe of Benjamin, according to families: Jericho, Beth-hoglah, Emek-keziz,
22 ၂၂ ဗေသရာဗ မြို့၊ ဇေမရိမ် မြို့၊ ဗေသလ မြို့၊
Beth-arabah, Zemaraim, Bethel,
23 ၂၃ အာဝိမ် မြို့၊ ပါရ မြို့၊ ဩဖရာ မြို့၊
Avvim, Parah, Ophrah,
24 ၂၄ ခေဖါဟာမောနဲ မြို့၊ ဩဖနိ မြို့၊ ဂါဘ မြို့၊ ရွာ နှင့်တကွ ဆယ် နှစ် မြို့ တည်း။
Kephar-ammoni, Ophni, and Geba—twelve towns with their associated villages.
25 ၂၅ ထိုမှတပါး၊ ဂိဗောင် မြို့၊ ရာမ မြို့၊ ဗေရုတ် မြို့၊
In addition: Gibeon, Ramah, Beeroth,
26 ၂၆ မိဇပါ မြို့၊ ခေဖိရ မြို့၊ မောဇ မြို့၊
Mizpah, Kephirah, Mozah,
27 ၂၇ ရေကင် မြို့၊ ဣရပေလ မြို့၊ တာရလ မြို့၊
Rekem, Irpeel, Taralah,
28 ၂၈ ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင် မြို့တည်းဟူသော ယေဗုသိ မြို့၊ ဂိဗက် မြို့၊ ကိရယတ် မြို့၊ ရွာ နှင့်တကွ ဆယ် လေး မြို့ တည်း။ ဤ ရွေ့ကား ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
Zela, Haeleph, Jebus (or Jerusalem), Gibeah, and Kiriath-jearim—fourteen towns with their associated villages. This was the land allotted to the tribe of Benjamin, by families.