< ယောရှု 16 >

1 ယောသပ် အမျိုးသား တို့သည် စာရေးတံ ပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့အရှေ့ ၊ ယေရိခေါ အိုင် မှ ထွက် ၍ တော လမ်းသို့ လိုက် လျက်၊ ဗေသလ တောင် တရှောက်လုံးသွားသဖြင့်၊
The assignment of land for the tribe of Joseph extended from the Jordan at Jericho, east of the springs of Jericho, into the wilderness, going up from Jericho through the hill country of Bethel.
2 ဗေသလ လုဇ မြို့သို့ ၎င်း၊ အာခိ အတရုတ် မြို့ သို့ ၎င်း၊ အနောက် မျက်နှာ၌ ယာဖလေတိ မြို့ သို့ ၎င်း၊
Then it went from Bethel to Luz and passed along to Ataroth, the territory of the Arkites.
3 အောက် ဗက်ဟောရုန် မြို့ သို့ ၎င်း၊ ဂေဇာ မြို့သို့ ၎င်း ရောက် ၍ ပင်လယ် ၌ ဆုံး လေ၏။
Then it went down westward to the territory of the Japhletites, as far as the territory of Lower Beth Horon, and then on to Gezer; it ended at the sea.
4 ထိုသို့ ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့သည် အမွေ ခံရကြ၏။
It was in this way that the tribes of Joseph, Manasseh and Ephraim received their inheritance.
5 ဧဖရိမ် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် နေ သောမြေအပိုင်း အခြားသည်၊ အရှေ့ ဘက်၌ အတရုတ်အဒ္ဒါ မြို့မှ အထက် ဗက်ဟောရုန် မြို့သို့ လိုက်၍၊
The territory of the tribe of Ephraim, clan by clan: The border of their inheritance on the east went from Ataroth Addar as far as Upper Beth Horon,
6 မြောက် မျက်နှာ၌ ပင်လယ် နား ၊ မိတ်မေသ မြို့သို့ ထွက် ၏။ တဖန် အရှေ့ သို့ မျက်နှာ ပြု၍ တာနတ်ရှိလော မြို့အရှေ့ မှာ ရှောက် လျက်၊
and from there it continued to the sea. From Mikmethath on the north it turned eastward toward Taanath Shiloh and passed beyond it on the east to Janoah.
7 ယနောဟ မြို့သို့ ၎င်း၊ ယနောဟ မြို့မှ အတရုတ် မြို့၊ နာရတ် မြို့၊ ယေရိခေါ မြို့သို့ ၎င်း ရောက် ၍ ယော်ဒန် မြစ်၌ ဆုံး လေ၏။
Then it went down from Janoah to Ataroth and to Naarah, and then reached Jericho, ending at the Jordan.
8 တာပွါ မြို့မှ အနောက် သို့ သွား ၍ ကာန မြစ် သို့ လိုက် လျက် ပင်လယ် ၌ ဆုံး လေ၏။
From Tappuah the border went westward to the brook of Kanah and ended at the sea. This was the inheritance of the tribe of Ephraim, clan by clan,
9 ဤရွေ့ကား၊ မနာရှေ အမျိုးသား တို့ အမွေ ခံရသောမြေ၌ ဧဖရိမ် အမျိုးသား တို့အဘို့ ခွဲ ထားသော မြို့ များနှင့်တကွ ဧဖရိမ် အမျိုးသား အဆွေ အမျိုးအလိုက် အမွေ ခံရသောမြို့ ရွာ များဖြစ်သတည်း။
together with the cities that were chosen for the tribe of Ephraim within the inheritance of the tribe of Manasseh—all the cities, including their villages.
10 ၁၀ ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ဧဖရိမ် အမျိုးသားတို့နှင့်အတူ နေ ၍ အခွန် ပေးရကြ၏။
They did not drive out the Canaanites who lived in Gezer, so that the Canaanites live within Ephraim to this day, but these people were made to do forced labor.

< ယောရှု 16 >