< ယောရှု 16 >
1 ၁ ယောသပ် အမျိုးသား တို့သည် စာရေးတံ ပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့အရှေ့ ၊ ယေရိခေါ အိုင် မှ ထွက် ၍ တော လမ်းသို့ လိုက် လျက်၊ ဗေသလ တောင် တရှောက်လုံးသွားသဖြင့်၊
The allotment for the descendants of Joseph extended from the Jordan at Jericho to the waters of Jericho on the east, through the wilderness that goes up from Jericho into the hill country of Bethel.
2 ၂ ဗေသလ လုဇ မြို့သို့ ၎င်း၊ အာခိ အတရုတ် မြို့ သို့ ၎င်း၊ အနောက် မျက်နှာ၌ ယာဖလေတိ မြို့ သို့ ၎င်း၊
It went on from Bethel (that is, Luz) and proceeded to the border of the Archites in Ataroth.
3 ၃ အောက် ဗက်ဟောရုန် မြို့ သို့ ၎င်း၊ ဂေဇာ မြို့သို့ ၎င်း ရောက် ၍ ပင်လယ် ၌ ဆုံး လေ၏။
Then it descended westward to the border of the Japhletites as far as the border of Lower Beth-horon and on to Gezer, and it ended at the Sea.
4 ၄ ထိုသို့ ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့သည် အမွေ ခံရကြ၏။
So Ephraim and Manasseh, the sons of Joseph, received their inheritance.
5 ၅ ဧဖရိမ် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် နေ သောမြေအပိုင်း အခြားသည်၊ အရှေ့ ဘက်၌ အတရုတ်အဒ္ဒါ မြို့မှ အထက် ဗက်ဟောရုန် မြို့သို့ လိုက်၍၊
This was the territory of the descendants of Ephraim by their clans: The border of their inheritance went from Ataroth-addar in the east to Upper Beth-horon
6 ၆ မြောက် မျက်နှာ၌ ပင်လယ် နား ၊ မိတ်မေသ မြို့သို့ ထွက် ၏။ တဖန် အရှေ့ သို့ မျက်နှာ ပြု၍ တာနတ်ရှိလော မြို့အရှေ့ မှာ ရှောက် လျက်၊
and out toward the Sea. From Michmethath on the north it turned eastward toward Taanath-shiloh and passed by it to Janoah on the east.
7 ၇ ယနောဟ မြို့သို့ ၎င်း၊ ယနောဟ မြို့မှ အတရုတ် မြို့၊ နာရတ် မြို့၊ ယေရိခေါ မြို့သို့ ၎င်း ရောက် ၍ ယော်ဒန် မြစ်၌ ဆုံး လေ၏။
From Janoah it went down to Ataroth and Naarah, and then reached Jericho and came out at the Jordan.
8 ၈ တာပွါ မြို့မှ အနောက် သို့ သွား ၍ ကာန မြစ် သို့ လိုက် လျက် ပင်လယ် ၌ ဆုံး လေ၏။
From Tappuah the border went westward to the Brook of Kanah and ended at the Sea. This was the inheritance of the clans of the tribe of Ephraim,
9 ၉ ဤရွေ့ကား၊ မနာရှေ အမျိုးသား တို့ အမွေ ခံရသောမြေ၌ ဧဖရိမ် အမျိုးသား တို့အဘို့ ခွဲ ထားသော မြို့ များနှင့်တကွ ဧဖရိမ် အမျိုးသား အဆွေ အမျိုးအလိုက် အမွေ ခံရသောမြို့ ရွာ များဖြစ်သတည်း။
along with all the cities and villages set apart for the descendants of Ephraim within the inheritance of Manasseh.
10 ၁၀ ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ဧဖရိမ် အမျိုးသားတို့နှင့်အတူ နေ ၍ အခွန် ပေးရကြ၏။
But they did not drive out the Canaanites who lived in Gezer. So the Canaanites dwell among the Ephraimites to this day, but they are forced laborers.