< ယောရှု 13 >
1 ၁ ယောရှု သည် အို ၍ အသက် ကြီးရင့် သောအခါ ၊ ထာဝရဘုရား က၊ သင် သည် အို ၍ အသက် ကြီးရင့် ပြီ။ သိမ်းယူ ရမည့်မြေ လည်း အများ ကျန် သေး၏။
Now Joshua was old and full of years; and the Lord said to him, You are old and full of years, and there is still very much land to be taken.
2 ၂ ကျန် သောမြေ ဟူမူကား ၊ ဖိလိတ္တိ ပြည် မှစ၍ ဂေရှုရိ ပြည်တရှောက်လုံး၊
This is the land which is still to be taken: all the country of the Philistines, and all the Geshurites;
3 ၃ အဲဂုတ္တု ပြည်အရှေ့ ၊ ရှိဟောရ မြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန် မြို့နယ် တိုင်အောင် ၊ ခါနနိ လူနေသောပြည်၊ ဖိလိတ္တိ မင်း ငါး ပါးတည်းဟူသောဂါဇသိ လူ၊ အာဇောတိ လူ၊ ဧရှကလောနိ လူ၊ ဂိတ္တိ လူ၊ ဧကြောနိ လူနှင့်တကွ ၊ အာဝိ လူနေသောပြည်၊
From the Shihor, which is before Egypt, to the edge of Ekron to the north, which is taken to be Canaanite property: the five chiefs of the Philistines; the Gazites, and the Ashdodites, the Ashkelonites, the Gittites, and the Ekronites, as well as the Avvim;
4 ၄ တောင် မျက်နှာမှစ၍ အာမောရိ ပြည် အာဖက် မြို့တိုင်အောင် ၊ ခါနနိ ပြည် တရှောက်လုံး နှင့် ဇိဒုန် ပြည် အနားမှာရှိသော မာရာ ပြည်၊
On the south: all the land of the Canaanites, and Mearah which is the property of the Zidonians, to Aphek, as far as the limit of the Amorites:
5 ၅ နေ ထွက် ရာဘက်၊ ဟေရမုန် တောင် ခြေရင်း ၌ ဗာလဂဒ် မြို့မှစ၍ ဟာမတ် ပြည်အဝင်တိုင်အောင် ဂေဗလ ပြည် ၊ လေဗနုန် ပြည် တရှောက်လုံး ကျန်သတည်း။
And the land of the Gebalites, and all Lebanon, looking east, from Baal-gad under Mount Hermon as far as Hamath:
6 ၆ လေဗနုန် တောင်မှစ၍ မိသရဖေါသမိမ် မြို့တိုင်အောင် ၊ တောင် ပေါ်၌နေ သောသူနှင့် ဇိဒေါနိ လူအပေါင်း တို့ကို ဣသရေလ အမျိုးသားရှေ့ မှ ငါနှင်ထုတ် မည်။ သို့ဖြစ်၍ ငါမှာ ထားသည်အတိုင်း စာရေးတံ ပြုလျက် ထိုမြေကို ဣသရေလ လူတို့အား အမွေ ဝေဖန်လော့။
All the people of the hill-country from Lebanon to Misrephoth-maim, all the Zidonians; them will I send out from before the children of Israel: only make division of it to Israel for a heritage, as I have given you orders to do.
7 ၇ ယခု မှာ ဤ ပြည် ကို ဣသရေလအမျိုး ကိုး မျိုးနှင့် မနာရှေ အမျိုး တဝက် တို့အား အမွေ ဝေဖန် လော့။
So now make division of this land for a heritage to the nine tribes, and the half-tribe of Manasseh.
8 ၈ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် ၊ မောရှေ ပေး သည်အတိုင်း မိမိ တို့အမွေ မြေကို ခံ ကြပြီဟု မိန့်တော်မူ၏။
With him the Reubenites and the Gadites have been given their heritage, which Moses gave them, on the east side of Jordan, as Moses, the servant of the Lord, gave them;
9 ၉ ထာဝရဘုရား ၏ကျွန် မောရှေ ပေး သော မြေဟူမူကား ၊ အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့၊ မြစ် အကွေ့ ၌ ရှိသမျှသော မြို့ တို့နှင့်တကွ ၊ ဒိဘုန် မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး၊
From Aroer, on the edge of the valley of the Arnon, and the town in the middle of the valley, and all the table-land from Medeba to Dibon;
10 ၁၀ အမ္မုန် ပြည် စွန်းတိုင်အောင် ၊ ဟေရှဘုန် မြို့၌ မင်းပြု သောအာမောရိ ရှင်ဘုရင် ရှိဟုန် အစိုးရသောမြို့ ရှိသမျှ၊
And all the towns of Sihon, king of the Amorites, who was ruling in Heshbon, to the limits of the children of Ammon;
11 ၁၁ ဂိလဒ် ပြည်၊ ဂေရှုရိ လူ၊ မာခါသိ လူနေသောပြည် ၊ ဟေရမုန် တောင် ရှိသမျှ ၊ သာလက ပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး၊
And Gilead, and the land of the Geshurites and the Maacathites, and all Mount Hermon, and all Bashan to Salecah;
12 ၁၂ အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ မင်းပြု သော ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံ တရှောက်လုံး ပါသတည်း။ ထိုမင်း တို့ကို မောရှေ သည် လုပ်ကြံ ၍ ပယ်ရှား လေ၏။
All the kingdom of Og in Bashan, who was ruling in Ashtaroth and in Edrei (he was one of the last of the Rephaim); these did Moses overcome, driving them out of their country.
13 ၁၃ သို့ရာတွင် ဣသရေလ လူတို့သည် ဂေရှုရိ လူ၊ မာခါသိ လူတို့ကို မ နှင်ထုတ် ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလ အမျိုးသားတို့နှင့်အတူ နေ ကြ၏။
However, the people of Israel did not send out the Geshurites, or the Maacathites: but Geshur and Maacath are living among Israel to this day.
14 ၁၄ လေဝိ အမျိုး အား အမွေ ကိုမ ပေး။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား အား မီး ဖြင့်ပူဇော်သောယဇ်တို့သည် အမိန့် တော်ရှိသည်အတိုင်း သူ တို့အမွေ ဖြစ်သတည်း။
Only to the tribe of Levi he gave no heritage; the offerings of the Lord, the God of Israel, made by fire are his heritage, as he said to him.
15 ၁၅ မောရှေ သည်၊ ရုဗင် အမျိုးသား အဆွေအမျိုး အသီးအသီး တို့အား အမွေပေး သောပြည်များဟူမူကား၊
And Moses gave their heritage to the tribe of Reuben by their families.
16 ၁၆ အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့ ၊ မြစ် အကွေ့ ၌ ရှိသမျှသော မြို့ တို့နှင့်တကွ ၊ မေဒဘ လွင်ပြင်တရှောက်လုံး၊
Their limit was from Aroer, on the edge of the valley of the Arnon, and the town in the middle of the valley, and all the table-land by Medeba;
17 ၁၇ ဟေရှဘုန် မြို့နှင့်တကွလွင်ပြင် ၌ ရှိသမျှ သော မြို့ ၊ ဒိဘုန် မြို့၊ ဗာမုတ်ဗာလ မြို့၊ ဗက်ဗာလမောင် မြို့၊
Heshbon and all her towns in the table-land; Dibon, and Bamoth-baal, and Beth-baal-meon;
18 ၁၈ ယဟာဇ မြို့၊ ကေဒမုတ် မြို့၊ မေဖတ် မြို့၊
And Jahaz, and Kedemoth, and Mephaath;
19 ၁၉ ကိရယသိမ် မြို့၊ စိဗမာ မြို့၊ ချိုင့် တွင်တောင် ပေါ် မှာရှိသော ဇာရက်ရှာဟာ မြို့၊
And Kiriathaim, and Sibmah, and Zereth-shahar in the mountain of the valley;
20 ၂၀ ဗက်ပေဂုရ မြို့၊ အာဇုတ် ပိသကာ မြို့၊ ဗက်ယေရှိမုတ် မြို့၊
And Beth-peor, and the slopes of Pisgah, and Beth-jeshimoth;
21 ၂၁ လွင်ပြင် ၌ရှိသမျှ သော မြို့ တို့နှင့်တကွ ၊ ဟေရှဘုန် မြို့၌ မင်းပြု ရသော အာမောရိ ရှင်ဘုရင် ရှိဟုန် ၏နိုင်ငံ တရှောက်လုံး ကိုပေးသတည်း။ ထိုရှင် ဘုရင်ကို၎င်း ၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည် ၌နေ သောမိဒျန် မင်းကြီး ငါးပါး၊ ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘ တို့ကို၎င်း၊ မောရှေ သည် လုပ်ကြံ လေ၏။
And all the towns of the table-land, and all the kingdom of Sihon, king of the Amorites, who was ruling in Heshbon, whom Moses overcame, together with the chiefs of Midian, Evi, and Rekem, and Zur, and Hur, and Reba, the chiefs of Sihon, who were living in the land.
22 ၂၂ ပရောဖက် လုပ်သော ဗောရ သား ဗာလမ် ကိုလည်း ၊ အသေခံ ရသောသူ တို့နှင့်ရော ၍ ဣသရေလ လူတို့သည် ထား နှင့် ကွပ်မျက် ကြ၏။
And Balaam, the son of Beor, the prophet, the children of Israel put to death with the sword.
23 ၂၃ ရုဗင် အမျိုးသား နေရာအပိုင်း အခြားကား၊ ယော်ဒန် မြစ်နှင့် မြစ်ကမ်းပါး တည်း။ ဤရွေ့ကား၊ ရုဗင် အမျိုးသား အဆွေ အမျိုးအလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။
And the limit of the children of Reuben was the edge of Jordan. This was the heritage of the children of Reuben by their families, with its towns and its unwalled places.
24 ၂၄ မောရှေ သည် ဂဒ် အမျိုးသား အဆွေ အမျိုးအသီး အသီးတို့အား အမွေပေး သော ပြည်များဟူမူကား၊
And Moses gave their heritage to the tribe of Gad by their families.
25 ၂၅ ယာဇာ မြို့ မှစ၍ ဂိလဒ် မြို့ ရှိသမျှ တို့နှင့်တကွ ၊ ရဗ္ဗာ မြို့ရှေ့ ၌ ရှိသော အာရော် မြို့တိုင်အောင် အမ္မုန် ပြည် တဝက်၊
And their limit was Jazer, and all the towns of Gilead, and half the land of the children of Ammon, to Aroer before Rabbah;
26 ၂၆ ဟေရှဘုန် မြို့မှစ၍ ရာမတ် မိဇပါ မြို့၊ ဗေတောနိမ် မြို့တိုင်အောင်၎င်း ၊ မဟာနိမ် မြို့မှစ၍ ဒေဗိရ မြို့နယ် တိုင်အောင် ၎င်း ပါသောပြည်၊
And from Heshbon to Ramath-mizpeh, and Betonim; and from Mahanaim to the edge of Debir;
27 ၂၇ ချိုင့် ၌ လည်း ၊ ဗေသာရံ မြို့၊ ဗက်နိမရ မြို့၊ သုကုတ် မြို့၊ ဇာဖုန် မြို့အစရှိသော ယော်ဒန် မြစ်အရှေ့ ဘက် ယော်ဒန် မြစ်အပိုင်း အခြား၊ ဂင်္နေသရက် အိုင် နား တိုင်အောင် ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သော နိုင်ငံ ကျန်ကြွင်း သမျှကိုပေးသတည်း။
And in the valley, Beth-haram, and Beth-nimrah, and Succoth, and Zaphon, the rest of the kingdom of Sihon, king of Heshbon, having Jordan for its limit, to the end of the sea of Chinnereth on the east side of Jordan.
28 ၂၈ ဤရွေ့ကား၊ ဂဒ် အမျိုးသား အဆွေအမျိုး အလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။
This is the heritage of the children of Gad by their families, with its towns and its unwalled places
29 ၂၉ မောရှေ သည် မနာရှေ အမျိုး တဝက် အား အမွေပေး ၍ ၊ မနာရှေ အမျိုးသား တဝက် သည် အဆွေအမျိုး အလိုက် အမွေခံရသောပြည်များဟူမူကား၊
And Moses gave their heritage to the half-tribe of Manasseh by their families.
30 ၃၀ မဟာနိမ် မြို့မှစ၍ ဗာရှန် ပြည်တည်းဟူသောဗာရှန် ရှင်ဘုရင် ဩဃ ၏ နိုင်ငံ တရှောက်လုံး ၊ ဗာရှန် ပြည်၌ ပါသော ယာဣရ မြို့ခြောက် ဆယ်ကို အမွေခံရသတည်း။
And their limit was from Mahanaim, all Bashan, all the kingdom of Og, king of Bashan, and all Havvoth-Jair, in Bashan, sixty towns;
31 ၃၁ ဂိလဒ် ပြည်တဝက် ၊ ဗာရှန် ပြည်၌ ဩဃ ၏ နိုင်ငံ အဝင်၊ အာရှတရုတ် မြို့နှင့် ဧဒြိ မြို့တို့ကို မနာရှေ သား မာခိရ ၏ သား မြေးတဝက် အဆွေ အမျိုးအလိုက် ပိုင်ရကြ၏။
And half Gilead, and Ashtaroth, and Edrei, towns of the kingdom of Og in Bashan, were for the children of Machir, the son of Manasseh, for half of the children of Machir by their families.
32 ၃၂ ဤရွေ့ကား၊ မောရှေ သည် ယော်ဒန် မြစ်အရှေ့ ၊ ယေရိခေါ မြို့တစ်ဘက် ၊ မောဘ လွင်ပြင် ၌ အမွေ ဝေဖန်သော ပြည်များပေတည်း။
These are the heritages of which Moses made distribution in the lowlands of Moab, on the other side of Jordan in Jericho, to the east.
33 ၃၃ လေဝိ အမျိုး အား အမွေ ကိုမ ပေး။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် အမိန့် တော်ရှိသည်အတိုင်း သူ တို့အမွေ ဖြစ်တော်မူသတည်း။
But to the tribe of Levi Moses gave no heritage: the Lord, the God of Israel, is their heritage, as he said to them.