< ယောရှု 12 >

1 ယော်ဒန် မြစ်အရှေ့ နေ ထွက်ရာဘက် ၌ ၊ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ အရှေ့ လွင်ပြင် ရှိသမျှ ပါလျက်၊ ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ၍ သိမ်းယူ သောပြည် ကို အစိုးရသောမင်းကြီး များ ဟူမူကား ၊
These are the kings whom the sons of Israel struck down, and whose land they possessed beyond the Jordan, toward the rising of the sun, from the torrent Arnon as far as mount Hermon, with the entire eastern region that looks out toward the wilderness:
2 အာနုန် မြို့အနား မှာ အာရော် မြို့၊ မြစ် တဝက် ၊ ဂိလဒ် ပြည်တဝက် မှစ၍ အမ္မုန် ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ် မြစ် တိုင်အောင် ၎င်း၊
Sihon, the king of the Amorites, who lived at Heshbon, and who had dominion from Aroer, which is situated on the bank of the torrent Arnon, and the valley in the middle, and one half of Gilead, as far as the torrent Jabbok, which is the border of the sons of Ammon,
3 အရှေ့ မျက်နှာ၌ လွင်ပြင် မှစ၍ဂင်္နေသရက် အိုင် နှင့် လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် အရှေ့ ဘက် ဗက်ယေရှိမုတ် မြို့သို့ သွားရာလမ်း ၊ အာဇုတ် ပိသဂါ မြို့အနား၊ တောင် မျက်နှာမှ လာရာလမ်းတိုင်အောင် ၎င်း အစိုးရ၍ ၊ ဟေရှဘုန် မြို့၌ နေ သောအာမောရိ ရှင်ဘုရင် ရှိဟုန် တပါး၊
and from the wilderness, as far as the sea of Chinneroth toward the east, and to the Sea of the Wilderness, which is the very salty sea, to the eastern region, along the way that leads to Beth-jeshimoth, and from the southern region that lies under the descending slope of Pisgah,
4 ဟေရမုန် တောင် နှင့် သာလက ပြည်ကို၎င်း ၊ ဂေရှုရိ လူ၊ မာခါသိ လူနေသောပြည်စွန်း တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သောနိုင်ငံစွန်း တိုင်အောင် ဂိလဒ် ပြည်တဝက် ကို၎င်း အစိုးရ၍၊
to the border of Og, the king of Bashan; from the remnant of the Rephaim, who lived in Ashtaroth, and at Edrei, and who had dominion on mount Hermon, and at Salecah, and into all of Bashan, even to its limits;
5 အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ နေ သော အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူဗာရှန် ရှင်ဘုရင် ဩဃ တပါး၊
with Geshur and Maacati, and one half of Gilead, these were the borders of Sihon, the king of Heshbon.
6 ထိုရှင်ဘုရင် နှစ်ပါးကို ထာဝရဘုရား ၏ကျွန် မောရှေ နှင့် ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ၍ ၊ ထာဝရဘုရား ၏ကျွန် မောရှေ သည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့အား အပိုင် ပေး လေ၏။
Moses, the servant of the Lord, and the sons of Israel struck them down. And Moses delivered their land into the possession of the Reubenites, and the Gadites, and the one half tribe of Manasseh.
7 ယော်ဒန် မြစ်အနောက် ဘက် မှာ လေဗနုန် ချိုင့် ၌ ရှိသောဗာလဂဒ် မြို့မှစ၍ ၊ စိရ လမ်းတွင်ရှိသောဟာလက် တောင် တိုင်အောင် တောင် ပေါ်အရပ်၊ ချိုင့် ထဲအရပ်၊ လွင်ပြင် အရပ်၊ စမ်းရေတွင်း အရပ်၊ တော အရပ်၊ တောင် မျက်နှာအရပ်၊
These are the kings of the land, whom Joshua and the sons of Israel struck down across the Jordan, toward the western region, from Baalgad in the field of Lebanon, as far as the mountain, part of which ascends to Seir. And Joshua delivered it as a possession to the tribes of Israel, to each one in their divisions,
8 ဟိတ္တိ လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူနေရာ၊ ယောရှု နှင့် ဣသရေလ အမျိုးသား လုပ်ကြံ ၍၊ ယောရှု သည် ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အားအပိုင် ပေး သော ပြည် ကို အစိုးရသောမင်းကြီး များဟူမူကား၊
both in the mountains and in the plains and fields. In the descending slopes, and in the wilderness, and in the south, there too was the Hittite and the Amorite, the Canaanite and the Perizzite, the Hivite and the Jebusite.
9 ယေရိခေါ မင်းကြီး တပါး ၊ ဗေသလ မြို့အနား မှာ ၊ အာဣ မင်းကြီး တပါး၊
The king of Jericho, one; the king of Ai, which is beside Bethel, one;
10 ၁၀ ယေရုရှလင် မင်းကြီး တပါး ၊ ဟေဗြုန် မင်းကြီး တပါး၊
the king of Jerusalem, one; the king of Hebron, one;
11 ၁၁ ယာမုတ် မင်းကြီး တပါး ၊ လာခိရှ မင်းကြီး တပါး၊
the king of Jarmuth, one; the king of Lachish, one;
12 ၁၂ ဧဂလုန် မင်းကြီး တပါး ၊ ဂေဇာ မင်းကြီး တပါး၊
the king of Eglon, one; the king of Gezer, one;
13 ၁၃ ဒေဗိရ မင်းကြီး တပါး ၊ ဂေဒါ မင်းကြီး တပါး၊
the king of Debir, one; the king of Geder, one;
14 ၁၄ ဟောမာ မင်းကြီး တပါး ၊ အာရဒ် မင်းကြီး တပါး၊
the king of Hormah, one; the king of Arad, one;
15 ၁၅ လိဗန မင်းကြီး တပါး ၊ အဒုလံ မင်းကြီး တပါး၊
the king of Libnah, one; the king of Adullam, one;
16 ၁၆ မက္ကဒါ မင်းကြီး တပါး ၊ ဗေသလ မင်းကြီး တပါး၊
the king of Makkedah, one; the king of Bethel, one;
17 ၁၇ တာပွါ မင်းကြီး တပါး ၊ ဟေဖါ မင်းကြီး တပါး၊
the king of Tappuah, one; the king of Hepher, one;
18 ၁၈ အာဖက် မင်းကြီး တပါး ၊ လာရှရုန် မင်းကြီး တပါး၊
the king of Aphek, one; the king of Lasharon, one;
19 ၁၉ မာဒုန် မင်းကြီး တပါး ၊ ဟာဇော် မင်းကြီး တပါး၊
the king of Madon, one; the king of Hazor, one;
20 ၂၀ ရှိမရုန် မင်းကြီး တပါး ၊ အာခရှပ် မင်းကြီး တပါး၊
the king of Shimron, one; the king of Achshaph, one;
21 ၂၁ တာနက် မင်းကြီး တပါး ၊ မေဂိဒ္ဒေါ မင်းကြီး တပါး၊
the king of Taanach, one; the king of Megiddo, one;
22 ၂၂ ကေဒေရှ မင်းကြီး တပါး ၊ ကရမေလ တောင်ပေါ် မှာ ယောကနမ် မင်းကြီး တပါး၊
the king of Kadesh, one; the king of Jokneam of Carmel, one;
23 ၂၃ ဒေါရ ပြည်နယ် မှာ ဒေါရ မင်းကြီး တပါး ၊ ဂိလဂါလ ပြည်မှာ ဂေါအိမ် မင်းကြီး တပါး၊
the king of Dor and of the province of Dor, one; the king of the nations of Gilgal, one;
24 ၂၄ တိရဇ မင်းကြီး တပါး ၊ မင်းကြီး ပေါင်း သုံးဆယ် တပါး တည်း။
the king of Tirzah, one. All the kings were thirty-one.

< ယောရှု 12 >