< ယောရှု 11 >

1 ထိုသိတင်းကို ဟာဇော် မင်းကြီး ယာဘိန် သည် ကြား သောအခါ ၊ မာဒုန် မင်းကြီး ယောဗပ် ၊ ရှိမြုန် မင်းကြီး အာခရှပ် မင်းကြီး တို့ထံ သို့၎င်း၊
ထိုသိတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီးယောဗပ်၊ ရှိမြုန်မင်းကြီး အာခရှပ်မင်းကြီးတို့ထံသို့၎င်း၊
2 တောင် ရိုး မြောက် ဘက်အရပ်၊ ဂင်္နေသရက် မြို့ တောင် ဘက်လွင်ပြင် အရပ်၊ ချိုင့် ထဲ အရပ်၊ အနောက် မျက်နှာ ဒေါရ ပြည်နယ် ၌ ရှိသောမင်းကြီး များထံ သို့၎င်း၊
တောင်ရိုး မြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက် နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့၎င်း၊
3 အရှေ့ အနောက် ၌ နေသောခါနနိ လူ၊ တောင် ပေါ်မှာ နေသောအာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ယေဗုသိ လူ၊ မိဇပါ ပြည် ၊ ဟေရမုန် တောင်ခြေရင်း ၌ နေသောဟိဝိ လူတို့ရှိရာသို့၎င်း စေလွှတ် ၍၊
အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင် ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗု သိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့၎င်း စေလွှတ်၍၊
4 ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့်သမုဒ္ဒရာ သဲလုံး နှင့်အမျှ အလွန် များစွာ သော ဗိုလ်ပါအပေါင်း၊ မြင်း များ၊ ရထား များအပေါင်းတို့နှင့်တကွထွက်လာ ကြ၏။
ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါ အပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက် လာကြ၏။
5 ထို မင်းကြီး အပေါင်း တို့သည် စည်းဝေး လျက် ၊ ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချီ လာ၍ ၊ မေရုံ အိုင် နား မှာ တစုတည်း တပ်ချ လျက် နေကြ၏။
ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ၍၊ မေရုံအိုင်နား မှာ တစုတည်း တပ်ချလျက်နေကြ၏။
6 ထာဝရဘုရား ကလည်း ၊ သူ တို့ကို မ ကြောက် နှင့်။ ငါ သည် နက်ဖြန် နေ့ ယခု အချိန် ၌ ဣသရေလ အမျိုးရှေ့ မှာ၊ ထိုသူ အပေါင်း တို့ကို အသေ အပ် မည်။ မြင်း တို့၏ ခြေ ကြောကို ဖြတ်ရမည်။ ရထား တို့ကို မီး ရှို့ရမည်ဟု ယောရှု အား မိန့် တော်မူ၏။
ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့ မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကို ဖြတ်ရမည်။ ရထားတို့ကို မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ၏။
7 ယောရှု သည်လည်း ၊ မိမိ စစ်သူရဲ အပေါင်း တို့နှင့်တကွ မေရုံ အိုင် နား သို့ အမှတ်တမဲ့ စစ်ချီ ၍ တိုက် လေ၏။
ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍ တိုက်လေ၏။
8 ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသား တို့လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ကို လုပ်ကြံ ၍ ဇိဒုန်ရဗ္ဗာ မြို့၊ မိသရဖေါသမိမ် မြို့ အရှေ့ မျက်နှာမိဇပါ ချိုင့် တိုင်အောင် လိုက် ၍ တယောက်ကိုမျှ မ ကျန် ကြွင်းစေခြင်းငှါလုပ်ကြံ ကြ၏။
ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုး သားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ၏။
9 ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် မြင်း တို့၏ ခြေ ကြောကို ဖြတ်၍ ရထား တို့ကို မီး ရှို့လေ၏။
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ ခြေကြောကို ဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။
10 ၁၀ ထိုအခါ ယောရှု သည် ပြန် ၍ ဟာဇော် မြို့ကို တိုက် ယူသဖြင့် ၊ မင်းကြီး ကို ထား နှင့် ကွပ်မျက် လေ၏။ ရှေး ကာလ၌ ဟာဇော် မြို့သည် ထို ပြည် များတို့ကို အုပ်စိုး ရ သတည်း။
၁၀ထိုအခါ ယောရှုသည် ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ထားနှင့်ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရ သတည်း။
11 ၁၁ ထိုမြို့သူမြို့သား အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သဖြင့် တယောက်ကိုမျှ အသက် ရှင်စေခြင်းငှါမ ထား။ ရှင်းရှင်းဖျက်ဆီး ၍ မြို့ ကိုလည်း မီး ရှို့လေ၏။
၁၁ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်ကွပ် မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်း မီးရှို့လေ၏။
12 ၁၂ ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသည် အတိုင်း ၊ ထိုမင်းကြီး များအစိုးရသောမြို့ ရှိသမျှ တို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှု တိုက် ယူ၍ ထား နှင့် လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။
၁၂ထာဝရဘုရား၏ကျွန် မောရှေမှာထားသည် အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ထားနှင့်လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
13 ၁၃ သို့ရာတွင် ၊ ဟာဇော် မြို့မှတပါး ၊ တောင် ပေါ် ၌ တည် သောမြို့ တို့ကို ဣသရေလ လူတို့သည် မီး မ ရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှု မီး ရှို့သတည်း။
၁၃သို့ရာတွင်၊ ဟာဇော်မြို့မှတပါး၊ တောင်ပေါ်၌ တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှုမီးရှို့သတည်း။
14 ၁၄ ထို မြို့ များ၌ လက်ရ ဥစ္စာနှင့် တိရစ္ဆာန် ရှိသမျှ တို့ ကို ဣသရေလ လူတို့သည် ကိုယ် အဘို့ သိမ်းယူ ကြ၏။ လူ တို့ကို မဖျက်ဆီး မှီတိုင်အောင် ရှိသမျှ တို့ကို ထား နှင့် လုပ်ကြံ ကြ၏။ တယောက် ကိုမျှ အရှင် မ ကျန် ကြွင်းစေကြ။
၁၄ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။
15 ၁၅ ထာဝရဘုရား သည် မိမိ ကျွန် မောရှေ ကို မှာ ထား တော်မူသည်အတိုင်း ၊ မောရှေ သည် ယောရှု ကို ဆင့်ဆို ၏။ ယောရှု လည်း ထိုသို့ ပြု လေ၏။ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသမျှ သော အမှု တစုံတခု ကို လှပ် ၍မ ထား။
၁၅ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထား တော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကို ဆင့်ဆို၏။ ယောရှုလည်း ထိုသို့ ပြုလေ၏။ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသမျှသောအမှု တစုံတခုကို လှပ်၍မထား။
16 ၁၆ ထိုသို့ စိရ လမ်းတွင်ရှိသောဟာလက် တောင် မှစ၍ ဟေရမုန် တောင် ခြေရင်း၊
၁၆ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှ စ၍ ဟေရမုန်တောင်ခြေရင်း၊
17 ၁၇ လေဗနုန် ချိုင့် ၌ ရှိသောဗာလဂဒ် မြို့တိုင်အောင် ၊ တောင် ပေါ်အရပ်၊ တောင် မျက်နှာအရပ်၊ ဂေါရှင် ပြည် ၊ ချိုင့် များ၊ လွင်ပြင် များ၊ ဣသရေလ တောင် ၊ ဣသရေလ ချိုင့် နှင့်တကွ ထို ပြည် အလုံးစုံ ကို ယောရှု သည် သိမ်းယူ ၍ ၊ မင်းကြီး အပေါင်း တို့ကို အောင် သဖြင့် လုပ်ကြံ ကွပ်မျက် လေ၏။
၁၇လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည် သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ၏။
18 ၁၈ ထို မင်းကြီး အပေါင်း တို့ကို ကာလ ကြာမြင့် စွာ စစ်တိုက် ရ၏။
၁၈ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ် တိုက်ရ၏။
19 ၁၉ ဟိဝိ လူ၊ ဂိဗောင် မြို့သား မှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သော မြို့ တမြို့မျှမ ရှိ။ အခြားသော မြို့ရှိသမျှ တို့ကို တိုက် ၍ အနိုင်သိမ်းယူ ရကြ ၏။
၁၉ဟိဝိလူ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ။ အခြားသော မြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ ၏။
20 ၂၀ အကြောင်းမူကား ၊ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသည်အတိုင်း ၊ ထိုလူမျိုး တို့ကို ကျေးဇူး မ ပြု အကုန်အစင်သုတ်သင် ပယ်ရှင်းစေမည် အကြောင်း ၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို ဆီး ၍ တိုက် ဝံ့ သည်တိုင်အောင်သူ တို့စိတ် နှလုံးခိုင်မာ စေခြင်းငှါ ထာဝရဘုရား အလိုရှိတော်မူသတည်း။
၂၀အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေ ကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူး မပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည် အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး၍ တိုက်ဝံ့ သည်တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာစေခြင်းငှါ ထာဝရ ဘုရားအလိုရှိတော်မူသတည်း။
21 ၂၁ ထို ကာလ အခါ ယောရှု သည် ချီသွား ၍ ၊ အာနက လူတို့ကို တောင် ပေါ်အရပ် ဟေဗြုန် မြို့၊ ဒေဗိရ မြို့၊ အာနပ် မြို့၊ ယုဒ တောင် ၊ ဣသရေလ တောင် ရှိသမျှ တို့မှ ပယ်ရှား ၍ ၊ သူ တို့မြို့ များနှင့်တကွ ရှင်းရှင်းဖျက်ဆီး လေ၏။
၂၁ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနက လူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာ နပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင် ရှိသမျှတို့မှ ပယ် ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။
22 ၂၂ ဂါဇ မြို့၊ ဂါသ မြို့၊ အာဇုတ် မြို့မှတပါး ၊ ဣသရေလ တိုင်း နိုင်ငံတွင် ကျန် ကြွင်းသော အာနက လူတယောက်မျှမ ရှိ။
၂၂ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ။
23 ၂၃ ထာဝရဘုရား သည် မောရှေ ကို မိန့် တော်မူသမျှ အတိုင်း ၊ ယောရှု သည် ထိုပြည် တရှောက်လုံး ကို သိမ်းယူ ၍ ဣသရေလ အမျိုးအနွယ် အသီးသီး တို့အား အမွေ ပေး သဖြင့် ၊ တပြည် လုံးစစ် ငြိမ်း လေ၏။
၂၃ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှ အတိုင်း၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေး သဖြင့်၊ တပြည်လုံးစစ်ငြိမ်းလေ၏။

< ယောရှု 11 >