< ယောရှု 11 >
1 ၁ ထိုသိတင်းကို ဟာဇော် မင်းကြီး ယာဘိန် သည် ကြား သောအခါ ၊ မာဒုန် မင်းကြီး ယောဗပ် ၊ ရှိမြုန် မင်းကြီး အာခရှပ် မင်းကြီး တို့ထံ သို့၎င်း၊
When Jabin, king of Hazor, heard about what happened, he sent a message to Jobab, king of Madon, to the kings of Shimron and Achshaph,
2 ၂ တောင် ရိုး မြောက် ဘက်အရပ်၊ ဂင်္နေသရက် မြို့ တောင် ဘက်လွင်ပြင် အရပ်၊ ချိုင့် ထဲ အရပ်၊ အနောက် မျက်နှာ ဒေါရ ပြည်နယ် ၌ ရှိသောမင်းကြီး များထံ သို့၎င်း၊
and to the kings of the northern hill country, the Jordan Valley south of Kinnereth, the western foothills, and the foothills of Dor to the west,
3 ၃ အရှေ့ အနောက် ၌ နေသောခါနနိ လူ၊ တောင် ပေါ်မှာ နေသောအာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ယေဗုသိ လူ၊ မိဇပါ ပြည် ၊ ဟေရမုန် တောင်ခြေရင်း ၌ နေသောဟိဝိ လူတို့ရှိရာသို့၎င်း စေလွှတ် ၍၊
to the kings of the Canaanites, both east and west, the Amorites, the Hittites, the Perizzites, the Jebusites in the hill country, and the Hivites living near Mount Hermon in the land of Mizpah.
4 ၄ ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့်သမုဒ္ဒရာ သဲလုံး နှင့်အမျှ အလွန် များစွာ သော ဗိုလ်ပါအပေါင်း၊ မြင်း များ၊ ရထား များအပေါင်းတို့နှင့်တကွထွက်လာ ကြ၏။
All their armies assembled together, a vast horde as numberless as the sand of the seashore, together with many, many horses and chariots.
5 ၅ ထို မင်းကြီး အပေါင်း တို့သည် စည်းဝေး လျက် ၊ ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချီ လာ၍ ၊ မေရုံ အိုင် နား မှာ တစုတည်း တပ်ချ လျက် နေကြ၏။
All these kings joined forces and set up camp beside the waters of Merom to fight against Israel.
6 ၆ ထာဝရဘုရား ကလည်း ၊ သူ တို့ကို မ ကြောက် နှင့်။ ငါ သည် နက်ဖြန် နေ့ ယခု အချိန် ၌ ဣသရေလ အမျိုးရှေ့ မှာ၊ ထိုသူ အပေါင်း တို့ကို အသေ အပ် မည်။ မြင်း တို့၏ ခြေ ကြောကို ဖြတ်ရမည်။ ရထား တို့ကို မီး ရှို့ရမည်ဟု ယောရှု အား မိန့် တော်မူ၏။
The Lord said to Joshua, “Don't be afraid because of them, for by this time tomorrow I myself will hand them all over to Israel, dead. Cripple their horses and burn their chariots.”
7 ၇ ယောရှု သည်လည်း ၊ မိမိ စစ်သူရဲ အပေါင်း တို့နှင့်တကွ မေရုံ အိုင် နား သို့ အမှတ်တမဲ့ စစ်ချီ ၍ တိုက် လေ၏။
Joshua and the Israelite army went and attacked them without warning at the waters of Merom.
8 ၈ ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသား တို့လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ကို လုပ်ကြံ ၍ ဇိဒုန်ရဗ္ဗာ မြို့၊ မိသရဖေါသမိမ် မြို့ အရှေ့ မျက်နှာမိဇပါ ချိုင့် တိုင်အောင် လိုက် ၍ တယောက်ကိုမျှ မ ကျန် ကြွင်းစေခြင်းငှါလုပ်ကြံ ကြ၏။
The Lord handed them over to the Israelites who cut them down and chased them as far as Greater Sidon and Misrephoth Maim, and east to the valley of Mizpah, killing them until none were left.
9 ၉ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် မြင်း တို့၏ ခြေ ကြောကို ဖြတ်၍ ရထား တို့ကို မီး ရှို့လေ၏။
Afterwards Joshua did what the Lord had ordered: he crippled the horses and burned the chariots.
10 ၁၀ ထိုအခါ ယောရှု သည် ပြန် ၍ ဟာဇော် မြို့ကို တိုက် ယူသဖြင့် ၊ မင်းကြီး ကို ထား နှင့် ကွပ်မျက် လေ၏။ ရှေး ကာလ၌ ဟာဇော် မြို့သည် ထို ပြည် များတို့ကို အုပ်စိုး ရ သတည်း။
Then Joshua turned on Hazor. He captured it and killed its king, for Hazor was at that time the chief of all these kingdoms.
11 ၁၁ ထိုမြို့သူမြို့သား အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သဖြင့် တယောက်ကိုမျှ အသက် ရှင်စေခြင်းငှါမ ထား။ ရှင်းရှင်းဖျက်ဆီး ၍ မြို့ ကိုလည်း မီး ရှို့လေ၏။
Joshua had all the inhabitants killed, leaving no survivors. He set it apart and completely destroyed it—no one was left alive. Then he burned down Hazor.
12 ၁၂ ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသည် အတိုင်း ၊ ထိုမင်းကြီး များအစိုးရသောမြို့ ရှိသမျှ တို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှု တိုက် ယူ၍ ထား နှင့် လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။
Joshua captured all these towns and killed their kings. He set them apart and completely destroyed them, as Moses the servant of the Lord had ordered.
13 ၁၃ သို့ရာတွင် ၊ ဟာဇော် မြို့မှတပါး ၊ တောင် ပေါ် ၌ တည် သောမြို့ တို့ကို ဣသရေလ လူတို့သည် မီး မ ရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှု မီး ရှို့သတည်း။
However, Israel did not burn any of the towns built on mounds, except Hazor, which Joshua did burn.
14 ၁၄ ထို မြို့ များ၌ လက်ရ ဥစ္စာနှင့် တိရစ္ဆာန် ရှိသမျှ တို့ ကို ဣသရေလ လူတို့သည် ကိုယ် အဘို့ သိမ်းယူ ကြ၏။ လူ တို့ကို မဖျက်ဆီး မှီတိုင်အောင် ရှိသမျှ တို့ကို ထား နှင့် လုပ်ကြံ ကြ၏။ တယောက် ကိုမျှ အရှင် မ ကျန် ကြွင်းစေကြ။
The Israelites did take for themselves all the plunder and livestock from these towns. But they killed all the inhabitants, destroying them all so none were left alive.
15 ၁၅ ထာဝရဘုရား သည် မိမိ ကျွန် မောရှေ ကို မှာ ထား တော်မူသည်အတိုင်း ၊ မောရှေ သည် ယောရှု ကို ဆင့်ဆို ၏။ ယောရှု လည်း ထိုသို့ ပြု လေ၏။ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသမျှ သော အမှု တစုံတခု ကို လှပ် ၍မ ထား။
As the Lord had instructed Moses, so Moses had instructed Joshua. Joshua did what he had been told—he did everything that the Lord had instructed Moses.
16 ၁၆ ထိုသို့ စိရ လမ်းတွင်ရှိသောဟာလက် တောင် မှစ၍ ဟေရမုန် တောင် ခြေရင်း၊
So Joshua conquered the whole land—the hill country, the Negev, all the land of Goshen, the western foothills, the Jordan Valley, the mountains of Israel, and the eastern foothills.
17 ၁၇ လေဗနုန် ချိုင့် ၌ ရှိသောဗာလဂဒ် မြို့တိုင်အောင် ၊ တောင် ပေါ်အရပ်၊ တောင် မျက်နှာအရပ်၊ ဂေါရှင် ပြည် ၊ ချိုင့် များ၊ လွင်ပြင် များ၊ ဣသရေလ တောင် ၊ ဣသရေလ ချိုင့် နှင့်တကွ ထို ပြည် အလုံးစုံ ကို ယောရှု သည် သိမ်းယူ ၍ ၊ မင်းကြီး အပေါင်း တို့ကို အောင် သဖြင့် လုပ်ကြံ ကွပ်မျက် လေ၏။
This covered land from Mount Halak leading to Seir in the south, right up to Baal Gad in the north, below Mount Hermon in the valley of Lebanon. Joshua captured and killed all their kings.
18 ၁၈ ထို မင်းကြီး အပေါင်း တို့ကို ကာလ ကြာမြင့် စွာ စစ်တိုက် ရ၏။
Joshua fought a long war with all these kings.
19 ၁၉ ဟိဝိ လူ၊ ဂိဗောင် မြို့သား မှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သော မြို့ တမြို့မျှမ ရှိ။ အခြားသော မြို့ရှိသမျှ တို့ကို တိုက် ၍ အနိုင်သိမ်းယူ ရကြ ၏။
Not a single town made peace with the Israelites except the Hivites, the inhabitants of Gibeon. All the rest were conquered in battle.
20 ၂၀ အကြောင်းမူကား ၊ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသည်အတိုင်း ၊ ထိုလူမျိုး တို့ကို ကျေးဇူး မ ပြု အကုန်အစင်သုတ်သင် ပယ်ရှင်းစေမည် အကြောင်း ၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို ဆီး ၍ တိုက် ဝံ့ သည်တိုင်အောင်သူ တို့စိတ် နှလုံးခိုင်မာ စေခြင်းငှါ ထာဝရဘုရား အလိုရှိတော်မူသတည်း။
For the Lord made them stubborn, wanting to fight the Israelites so that they might be set apart and completely destroyed, wiped out without mercy, as the Lord had instructed Moses.
21 ၂၁ ထို ကာလ အခါ ယောရှု သည် ချီသွား ၍ ၊ အာနက လူတို့ကို တောင် ပေါ်အရပ် ဟေဗြုန် မြို့၊ ဒေဗိရ မြို့၊ အာနပ် မြို့၊ ယုဒ တောင် ၊ ဣသရေလ တောင် ရှိသမျှ တို့မှ ပယ်ရှား ၍ ၊ သူ တို့မြို့ များနှင့်တကွ ရှင်းရှင်းဖျက်ဆီး လေ၏။
During this time Joshua also annihilated the descendants of Anak living in the hill country of Hebron, Debir, and Anab, and all the hill country of Judah and Israel. Joshua set apart and completely destroyed their towns,
22 ၂၂ ဂါဇ မြို့၊ ဂါသ မြို့၊ အာဇုတ် မြို့မှတပါး ၊ ဣသရေလ တိုင်း နိုင်ငံတွင် ကျန် ကြွင်းသော အာနက လူတယောက်မျှမ ရှိ။
and there were no descendants of Anak left in the land of Israel, only some in Gaza, Gath, and Ashdod.
23 ၂၃ ထာဝရဘုရား သည် မောရှေ ကို မိန့် တော်မူသမျှ အတိုင်း ၊ ယောရှု သည် ထိုပြည် တရှောက်လုံး ကို သိမ်းယူ ၍ ဣသရေလ အမျိုးအနွယ် အသီးသီး တို့အား အမွေ ပေး သဖြင့် ၊ တပြည် လုံးစစ် ငြိမ်း လေ၏။
So Joshua took the entire land in accordance with what the Lord had instructed Moses, giving it to Israel to own as it was divided up among the tribes. Then the land was at peace.