< ယောရှု 10 >

1 ယေရိခေါ မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ၊ အာဣ မြို့နှင့် မင်းကြီး ကို တိုက် ယူ၍ ရှင်းရှင်းဖျက်ဆီး ကြောင်းကို ၎င်း၊ ဂိဗောင် မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့၍ အတူနေ ကြောင်းကို၎င်း၊ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည် ကြား သောအခါ၊
וַיְהִי כִשְׁמֹעַ אֲדֹנִי־צֶדֶק מֶלֶךְ יְרוּשָׁלַ͏ִם כִּֽי־לָכַד יְהוֹשֻׁעַ אֶת־הָעַי וַיַּחֲרִימָהּ כַּאֲשֶׁר עָשָׂה לִֽירִיחוֹ וּלְמַלְכָּהּ כֵּן־עָשָׂה לָעַי וּלְמַלְכָּהּ וְכִי הִשְׁלִימוּ יֹשְׁבֵי גִבְעוֹן אֶת־יִשְׂרָאֵל וַיִּֽהְיוּ בְּקִרְבָּֽם׃
2 ဂိဗောင် မြို့သည် မြို့တော် ကဲ့သို့ ကြီးစွာသောမြို့၊ အာဣ မြို့ထက် ကြီး ၍ မြို့သားယောက်ျား အပေါင်း တို့ သည် ခွန်အား နှင့်ပြည့်စုံသောကြောင့် အလွန် ကြောက်ရွံ့ ကြ၏။
וַיִּֽירְאוּ מְאֹד כִּי עִיר גְּדוֹלָה גִּבְעוֹן כְּאַחַת עָרֵי הַמַּמְלָכָה וְכִי הִיא גְדוֹלָה מִן־הָעַי וְכׇל־אֲנָשֶׁיהָ גִּבֹּרִֽים׃
3 ထိုအခါ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည်၊ ဟေဗြုန် မင်းကြီး ဟောဟံ ၊ ယာမုတ် မင်းကြီး ပိရံ ၊ လာခိရှ မင်းကြီး ယာဖျာ ၊ ဧဂလုန် မင်းကြီး ဒေပိရ တို့ထံ သို့စေလွှတ် ၍၊
וַיִּשְׁלַח אֲדֹנִי־צֶדֶק מֶלֶךְ יְרוּשָׁלַ͏ִם אֶל־הוֹהָם מֶֽלֶךְ־חֶבְרוֹן וְאֶל־פִּרְאָם מֶלֶךְ־יַרְמוּת וְאֶל־יָפִיעַ מֶלֶךְ־לָכִישׁ וְאֶל־דְּבִיר מֶלֶךְ־עֶגְלוֹן לֵאמֹֽר׃
4 ဂိဗောင် မြို့သည် ယောရှု မှစ၍ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သောကြောင့် ၊ ထိုမြို့ကို လုပ်ကြံ ခြင်းငှါငါ့ ထံ သို့လာ ၍ ငါ နှင့်အတူကူညီ ကြပါဟု နှိုးဆော် သည်အတိုင်း၊
עֲלוּ־אֵלַי וְעִזְרֻנִי וְנַכֶּה אֶת־גִּבְעוֹן כִּי־הִשְׁלִימָה אֶת־יְהוֹשֻׁעַ וְאֶת־בְּנֵי יִשְׂרָאֵֽל׃
5 ယေရုရှလင် မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ် မင်းကြီး ၊ လာခိရှ မင်းကြီး ၊ ဧဂလုန် မင်းကြီး တည်း ဟူသောအာမောရိ မင်းကြီး ငါး ပါးတို့သည် စည်းဝေး ၍ မိမိ တို့ဗိုလ်ပါ စစ်သည်အပေါင်း တို့နှင့်တကွ စစ်ချီ ၍ ၊ ဂိဗောင် မြို့ရှေ့ မှာ တပ်ချ လျက် စစ်တိုက် ကြ၏။
וַיֵּאָסְפוּ וַֽיַּעֲלוּ חֲמֵשֶׁת ׀ מַלְכֵי הָאֱמֹרִי מֶלֶךְ יְרֽוּשָׁלַ͏ִם מֶֽלֶךְ־חֶבְרוֹן מֶֽלֶךְ־יַרְמוּת מֶלֶךְ־לָכִישׁ מֶלֶךְ־עֶגְלוֹן הֵם וְכׇל־מַחֲנֵיהֶם וַֽיַּחֲנוּ עַל־גִּבְעוֹן וַיִּֽלָּחֲמוּ עָלֶֽיהָ׃
6 ဂိဗောင် မြို့သား တို့သည် ယောရှု ရှိရာ ဂိလဂါလ မြို့သို့ စေလွှတ် ၍ ၊ ကိုယ်တော် ၏ ကျွန် တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန် ကြွ ၍ မစ ကယ်တင် တော်မူပါ။ တောင် ပေါ်မှာနေ သောအာမောရိ မင်းကြီး အပေါင်း တို့သည် ကျွန်တော် တို့ကို တိုက် ခြင်းငှါစည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
וַיִּשְׁלְחוּ אַנְשֵׁי גִבְעוֹן אֶל־יְהוֹשֻׁעַ אֶל־הַֽמַּחֲנֶה הַגִּלְגָּלָה לֵאמֹר אַל־תֶּרֶף יָדֶיךָ מֵעֲבָדֶיךָ עֲלֵה אֵלֵינוּ מְהֵרָה וְהוֹשִׁיעָה לָּנוּ וְעׇזְרֵנוּ כִּי נִקְבְּצוּ אֵלֵינוּ כׇּל־מַלְכֵי הָאֱמֹרִי יֹשְׁבֵי הָהָֽר׃
7 ယောရှု သည်လည်း ၊ စစ်မှု ၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲ အပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ မြို့မှ တက် သွားလေ၏။
וַיַּעַל יְהוֹשֻׁעַ מִן־הַגִּלְגָּל הוּא וְכׇל־עַם הַמִּלְחָמָה עִמּוֹ וְכֹל גִּבּוֹרֵי הֶחָֽיִל׃
8 ထာဝရဘုရား ကလည်း ၊ သူ တို့ကို မ ကြောက် နှင့်။ သင် ၏လက် ၌ ငါအပ် မည်။ သင့် ရှေ့ မှာ လူတစုံတယောက် မျှ မ ခံ မရပ်နိုင်ရာဟု ယောရှု အား မိန့် တော်မူ၏။
וַיֹּאמֶר יְהֹוָה אֶל־יְהוֹשֻׁעַ אַל־תִּירָא מֵהֶם כִּי בְיָדְךָ נְתַתִּים לֹא־יַעֲמֹד אִישׁ מֵהֶם בְּפָנֶֽיךָ׃
9 ယောရှု သည် ဂိလဂါလ မြို့မှ တညဉ့်လုံး ချီ သွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့ တိုက် လာ သဖြင့်၊
וַיָּבֹא אֲלֵיהֶם יְהוֹשֻׁעַ פִּתְאֹם כׇּל־הַלַּיְלָה עָלָה מִן־הַגִּלְגָּֽל׃
10 ၁၀ ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသားရှေ့ မှာ ရှုံး စေ၍ ၊ ဂိဗောင် မြို့အနား မှာ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ၍ ၊ ဗေသောရုံ မြို့သို့ သွား သော လမ်း ၌ လိုက် လျက်၊ အဇေကာ မြို့၊ မက္ကဒါ မြို့တိုင်အောင် လုပ်ကြံ တော်မူ၏။
וַיְהֻמֵּם יְהֹוָה לִפְנֵי יִשְׂרָאֵל וַיַּכֵּם מַכָּֽה־גְדוֹלָה בְּגִבְעוֹן וַֽיִּרְדְּפֵם דֶּרֶךְ מַעֲלֵה בֵית־חוֹרֹן וַיַּכֵּם עַד־עֲזֵקָה וְעַד־מַקֵּדָֽה׃
11 ၁၁ ထိုသူ တို့သည် ဣသရေလ လူတို့ရှေ့ မှာ ပြေး ၍ ဗေသောရုန် မြို့သို့ ဆင်း သွားရာတွင် ၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် မှ ကြီးစွာ သော မိုဃ်းသီး ကို အဇေကာ မြို့တိုင်အောင် သူ တို့အပေါ် ၌ ချ တော်မူ၍၊ သူတို့သည် ဣသရေလ လူတို့၏ ထား ကြောင့် သေ သည်ထက် မိုဃ်းသီး ကြောင့် သာ ၍သေ ကြ၏။
וַיְהִי בְּנֻסָם ׀ מִפְּנֵי יִשְׂרָאֵל הֵם בְּמוֹרַד בֵּית־חוֹרֹן וַיהֹוָה הִשְׁלִיךְ עֲלֵיהֶם אֲבָנִים גְּדֹלוֹת מִן־הַשָּׁמַיִם עַד־עֲזֵקָה וַיָּמֻתוּ רַבִּים אֲשֶׁר־מֵתוּ בְּאַבְנֵי הַבָּרָד מֵאֲשֶׁר הָרְגוּ בְּנֵי יִשְׂרָאֵל בֶּחָֽרֶב׃
12 ၁၂ ထိုသို့ အာမောရိ လူတို့ကို ဣသရေလ အမျိုးသားတို့၌ အပ် တော်မူသောနေ့ မှာ ၊ ယောရှု သည် ထာဝရဘုရား ကို ဆုတောင်း ပြီးလျှင် ၊ အိုနေ ၊ သင်သည် ဂိဗောင် မြို့၌ ၎င်း ၊ အိုလ ၊ သင်သည် အာယလုန် ချိုင့် ၌ ၎င်း ငြိမ်ဝပ် စွာ နေလော့ဟု ဣသရေလ အမျိုးသားများရှေ့ တွင် မြွက်ဆို သည် အတိုင်း၊
אָז יְדַבֵּר יְהוֹשֻׁעַ לַֽיהֹוָה בְּיוֹם תֵּת יְהֹוָה אֶת־הָאֱמֹרִי לִפְנֵי בְּנֵי יִשְׂרָאֵל וַיֹּאמֶר ׀ לְעֵינֵי יִשְׂרָאֵל שֶׁמֶשׁ בְּגִבְעוֹן דּוֹם וְיָרֵחַ בְּעֵמֶק אַיָּלֽוֹן׃
13 ၁၃ ဣသရေလလူတို့သည် ရန်သူ တို့အားအပြစ်ဒဏ် မပေးမှီတိုင်အောင် နေ သည် ငြိမ်ဝပ် စွာနေ၍ လ သည် ရပ် လေ၏။ ယာရှာ ၏စာ ၌ ပါ သည်ကား၊ မိုဃ်း ကောင်းကင် အလယ် ၌ နေ သည် ရပ် နေ၏။ ဝင် မြဲဝင်အံ့သောငှါ တနေ့လုံး အလျင် မ ပြုဟု ပါသည်မ ဟုတ်လော။
וַיִּדֹּם הַשֶּׁמֶשׁ וְיָרֵחַ עָמָד עַד־יִקֹּם גּוֹי אֹֽיְבָיו הֲלֹא־הִיא כְתוּבָה עַל־סֵפֶר הַיָּשָׁר וַיַּעֲמֹד הַשֶּׁמֶשׁ בַּחֲצִי הַשָּׁמַיִם וְלֹא־אָץ לָבוֹא כְּיוֹם תָּמִֽים׃
14 ၁၄ ထာဝရဘုရား သည် လူ စကား ကို နားထောင် ၍၊ ထိုသို့ သော နေ့ တနေ့မျှ မ ဖြစ် စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူ၏။
וְלֹא הָיָה כַּיּוֹם הַהוּא לְפָנָיו וְאַחֲרָיו לִשְׁמֹעַ יְהֹוָה בְּקוֹל אִישׁ כִּי יְהֹוָה נִלְחָם לְיִשְׂרָאֵֽל׃
15 ၁၅ ထိုနောက် ၊ ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ တပ် သို့ ပြန် သွား၏။
וַיָּשׇׁב יְהוֹשֻׁעַ וְכׇל־יִשְׂרָאֵל עִמּוֹ אֶל־הַֽמַּחֲנֶה הַגִּלְגָּֽלָה׃
16 ၁၆ မင်းကြီး ငါး ပါးတို့သည် ပြေး ၍ မက္ကဒါ လိုင်ခေါင်း ၌ ပုန်း လျက်နေကြ၏။
וַיָּנֻסוּ חֲמֵשֶׁת הַמְּלָכִים הָאֵלֶּה וַיֵּחָבְאוּ בַמְּעָרָה בְּמַקֵּדָֽה׃
17 ၁၇ မက္ကဒါ လိုင်ခေါင်း ၌ ပုန်း လျက်နေသောမင်းကြီး ငါး ပါးကို တွေ့ ပါပြီဟု ယောရှု အား ကြား လျှောက်လျှင်၊
וַיֻּגַּד לִיהוֹשֻׁעַ לֵאמֹר נִמְצְאוּ חֲמֵשֶׁת הַמְּלָכִים נֶחְבְּאִים בַּמְּעָרָה בְּמַקֵּדָֽה׃
18 ၁၈ ယောရှု က၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို လှိမ့် ပုံ၍ လူ စောင့် တို့ကို ထား ကြလော့။
וַיֹּאמֶר יְהוֹשֻׁעַ גֹּלּוּ אֲבָנִים גְּדֹלוֹת אֶל־פִּי הַמְּעָרָה וְהַפְקִידוּ עָלֶיהָ אֲנָשִׁים לְשׇׁמְרָֽם׃
19 ၁၉ သင်တို့မူကား မ ဆိုင်း မလင့်။ ရန်သူ တို့ကို လိုက် ၍ မှီသမျှသောသူ တို့ကို ကွပ်မျက် ကြ။ မြို့ ထဲ သို့ မ ဝင် စေ ကြနှင့်။ သင် တို့ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီဟု မှာ ထားလေ၏။
וְאַתֶּם אַֽל־תַּעֲמֹדוּ רִדְפוּ אַחֲרֵי אֹיְבֵיכֶם וְזִנַּבְתֶּם אוֹתָם אַֽל־תִּתְּנוּם לָבוֹא אֶל־עָרֵיהֶם כִּי נְתָנָם יְהֹוָה אֱלֹהֵיכֶם בְּיֶדְכֶֽם׃
20 ၂၀ ယောရှု နှင့် ဣသရေလ လူတို့သည် ရန်သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သုတ်သင် ပယ်ရှင်းပြီး မှ၊ ကျန် ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့ သောမြို့ သို့ ဝင် ၍ နေ ကြ၏။
וַיְהִי כְּכַלּוֹת יְהוֹשֻׁעַ וּבְנֵי יִשְׂרָאֵל לְהַכּוֹתָם מַכָּה גְדוֹלָֽה־מְאֹד עַד־תֻּמָּם וְהַשְּׂרִידִים שָֽׂרְדוּ מֵהֶם וַיָּבֹאוּ אֶל־עָרֵי הַמִּבְצָֽר׃
21 ၂၁ လူ အပေါင်း တို့သည် ယောရှု ရှိရာ မက္ကဒါ တပ် သို့ ငြိမ်ဝပ် စွာ ပြန် လာကြ၏။ ဣသရေလ လူ တစုံတယောက်ကို အဘယ်သူ မျှအပြစ် မတင်ရ။
וַיָּשֻׁבוּ כׇל־הָעָם אֶל־הַמַּחֲנֶה אֶל־יְהוֹשֻׁעַ מַקֵּדָה בְּשָׁלוֹם לֹֽא־חָרַץ לִבְנֵי יִשְׂרָאֵל לְאִישׁ אֶת־לְשֹׁנֽוֹ׃
22 ၂၂ ယောရှု ကလည်း၊ လိုင်ခေါင်း ကို ဖွင့် ပြီးလျှင် ၊ ထို မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ထုတ်၍ ငါ့ ထံ သို့ဆောင် ခဲ့ကြဟု မှာ လိုက်သည်အတိုင်း၊
וַיֹּאמֶר יְהוֹשֻׁעַ פִּתְחוּ אֶת־פִּי הַמְּעָרָה וְהוֹצִיאוּ אֵלַי אֶת־חֲמֵשֶׁת הַמְּלָכִים הָאֵלֶּה מִן־הַמְּעָרָֽה׃
23 ၂၃ သူတို့သည် ပြု ၍ ၊ ယေရုရှလင် မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ် မင်းကြီး ၊ လာခိရှ မင်းကြီး ၊ ဧဂလုန် မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ဆောင် ခဲ့၍၊
וַיַּעֲשׂוּ כֵן וַיֹּצִיאוּ אֵלָיו אֶת־חֲמֵשֶׁת הַמְּלָכִים הָאֵלֶּה מִן־הַמְּעָרָה אֵת ׀ מֶלֶךְ יְרוּשָׁלַ͏ִם אֶת־מֶלֶךְ חֶבְרוֹן אֶת־מֶלֶךְ יַרְמוּת אֶת־מֶלֶךְ לָכִישׁ אֶת־מֶלֶךְ עֶגְלֽוֹן׃
24 ၂၄ ယောရှု ထံ သို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိ နှင့်အတူ စစ်ချီ သော ဗိုလ်မင်းတို့နှင့် ဣသရေလ လူ အပေါင်း တို့ကို ခေါ် လျှင် ၊ ချဉ်း လာကြ။ ဤ မင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြဟု ဗိုလ်မင်း တို့အား ဆို သည် အတိုင်း ၊ သူတို့သည် ချဉ်း လာ၍ ထိုမင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြ၏။
וַיְהִי כְּֽהוֹצִיאָם אֶת־הַמְּלָכִים הָאֵלֶּה אֶל־יְהוֹשֻׁעַ וַיִּקְרָא יְהוֹשֻׁעַ אֶל־כׇּל־אִישׁ יִשְׂרָאֵל וַיֹּאמֶר אֶל־קְצִינֵי אַנְשֵׁי הַמִּלְחָמָה הֶהָלְכוּא אִתּוֹ קִרְבוּ שִׂימוּ אֶת־רַגְלֵיכֶם עַֽל־צַוְּארֵי הַמְּלָכִים הָאֵלֶּה וַֽיִּקְרְבוּ וַיָּשִׂימוּ אֶת־רַגְלֵיהֶם עַל־צַוְּארֵיהֶֽם׃
25 ၂၅ ယောရှု ကလည်း သင် တို့တိုက် ရသောရန်သူ အပေါင်း တို့ကို ထာဝရဘုရား သည် ဤ ကဲ့သို့ပြု တော်မူမည် ဖြစ်၍ မ ကြောက် ကြနှင့်၊ စိတ် မ ပျက်ကြနှင့်။ အားယူ ၍ ရဲရင့် ခြင်းရှိကြလော့ဟု ဆို ပြီးမှ၊
וַיֹּאמֶר אֲלֵיהֶם יְהוֹשֻׁעַ אַל־תִּֽירְאוּ וְאַל־תֵּחָתּוּ חִזְקוּ וְאִמְצוּ כִּי כָכָה יַעֲשֶׂה יְהֹוָה לְכׇל־אֹיְבֵיכֶם אֲשֶׁר אַתֶּם נִלְחָמִים אוֹתָֽם׃
26 ၂၆ ထို မင်းကြီးတို့ကို ထားနှင့်ကွပ်မျက် ၍ သစ်ပင် ငါး ပင်တို့၌ ဆွဲ ထားလေ၏။ ညဦး တိုင်အောင် သစ်ပင် ၌ ဆွဲ ထားပြီးမှ၊
וַיַּכֵּם יְהוֹשֻׁעַ אַֽחֲרֵי־כֵן וַיְמִיתֵם וַיִּתְלֵם עַל חֲמִשָּׁה עֵצִים וַיִּהְיוּ תְּלוּיִם עַל־הָעֵצִים עַד־הָעָֽרֶב׃
27 ၂၇ နေဝင် ချိန် ရောက် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း သစ်ပင် မှ ချ ပြီးလျှင် ၊ သူတို့ပုန်း လျက်နေရာ လိုင်ခေါင်း ၌ ပစ် ထား၍ ၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။
וַיְהִי לְעֵת ׀ בּוֹא הַשֶּׁמֶשׁ צִוָּה יְהוֹשֻׁעַ וַיֹּֽרִידוּם מֵעַל הָעֵצִים וַיַּשְׁלִכֻם אֶל־הַמְּעָרָה אֲשֶׁר נֶחְבְּאוּ־שָׁם וַיָּשִׂמוּ אֲבָנִים גְּדֹלוֹת עַל־פִּי הַמְּעָרָה עַד־עֶצֶם הַיּוֹם הַזֶּֽה׃
28 ၂၈ ထို နေ့ ၌ ယောရှု သည် မက္ကဒါ မြို့ကို တိုက် ယူ၍ မြို့နှင့် မင်းကြီး ကို ထား နှင့် လုပ်ကြံ ပြီးလျှင် ၊ မင်းကြီးနှင့်တကွ မြို့သားအပေါင်း တို့ကို တယောက်မျှ မ ကျန် ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ မက္ကဒါ မင်းကြီး ကို ပြု သတည်း။
וְאֶת־מַקֵּדָה לָכַד יְהוֹשֻׁעַ בַּיּוֹם הַהוּא וַיַּכֶּהָ לְפִי־חֶרֶב וְאֶת־מַלְכָּהּ הֶחֱרִם אוֹתָם וְאֶת־כׇּל־הַנֶּפֶשׁ אֲשֶׁר־בָּהּ לֹא הִשְׁאִיר שָׂרִיד וַיַּעַשׂ לְמֶלֶךְ מַקֵּדָה כַּאֲשֶׁר עָשָׂה לְמֶלֶךְ יְרִיחֽוֹ׃
29 ၂၉ ထိုနောက် ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ မက္ကဒါ မြို့မှ လိဗန မြို့သို့ချီ သွား၍ တိုက် သဖြင့်၊
וַיַּֽעֲבֹר יְהוֹשֻׁעַ וְכׇֽל־יִשְׂרָאֵל עִמּוֹ מִמַּקֵּדָה לִבְנָה וַיִּלָּחֶם עִם־לִבְנָֽה׃
30 ၃၀ ထာဝရဘုရား သည် ထိုမြို့ နှင့် မင်းကြီး ကို ဣသရေလ လူတို့လက် ၌ အပ် တော်မူ၍ ၊ မြို့နှင့် မြို့ သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ ၊ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ ထိုမင်းကြီး ကို ပြု ကြ၏။
וַיִּתֵּן יְהֹוָה גַּם־אוֹתָהּ בְּיַד יִשְׂרָאֵל וְאֶת־מַלְכָּהּ וַיַּכֶּהָ לְפִי־חֶרֶב וְאֶת־כׇּל־הַנֶּפֶשׁ אֲשֶׁר־בָּהּ לֹא־הִשְׁאִיר בָּהּ שָׂרִיד וַיַּעַשׂ לְמַלְכָּהּ כַּאֲשֶׁר עָשָׂה לְמֶלֶךְ יְרִיחֽוֹ׃
31 ၃၁ ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ လိဗန မြို့မှ လာခိရှ မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။
וַיַּֽעֲבֹר יְהוֹשֻׁעַ וְכׇֽל־יִשְׂרָאֵל עִמּוֹ מִלִּבְנָה לָכִישָׁה וַיִּחַן עָלֶיהָ וַיִּלָּחֶם בָּֽהּ׃
32 ၃၂ ထာဝရဘုရား သည် ထို မြို့ကို ဣသရေလ လူတို့ လက် ၌ အပ် တော်မူသဖြင့် ၊ ဒုတိယ နေ့ ၌ ရ ၍ လိဗန မြို့ကို ပြု သကဲ့သို့ ထိုမြို့နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ကြ၏။
וַיִּתֵּן יְהֹוָה אֶת־לָכִישׁ בְּיַד יִשְׂרָאֵל וַֽיִּלְכְּדָהּ בַּיּוֹם הַשֵּׁנִי וַיַּכֶּהָ לְפִי־חֶרֶב וְאֶת־כׇּל־הַנֶּפֶשׁ אֲשֶׁר־בָּהּ כְּכֹל אֲשֶׁר־עָשָׂה לְלִבְנָֽה׃
33 ၃၃ ထိုအခါ ဂေဇာ မင်းကြီး ဟောရံ သည်၊ လာခိရှ မြို့ ကို ကူညီ မည်ဟု လာ သောကြောင့်၊ ယောရှု သည် ထို မင်းကြီး နှင့် သူ ၏လူ အပေါင်းတို့ကို တယောက်မျှမ ကျန် ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံ လေ၏။
אָז עָלָה הֹרָם מֶלֶךְ גֶּזֶר לַעְזֹר אֶת־לָכִישׁ וַיַּכֵּהוּ יְהוֹשֻׁעַ וְאֶת־עַמּוֹ עַד־בִּלְתִּי הִשְׁאִֽיר־לוֹ שָׂרִֽיד׃
34 ၃၄ တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ လာခိရှ မြို့မှ ဧဂလုန် မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။
וַיַּעֲבֹר יְהוֹשֻׁעַ וְכׇֽל־יִשְׂרָאֵל עִמּוֹ מִלָּכִישׁ עֶגְלֹנָה וַיַּחֲנוּ עָלֶיהָ וַיִּֽלָּחֲמוּ עָלֶֽיהָ׃
35 ၃၅ ထိုနေ့ ခြင်းတွင် ရ ၍ လာခိရှ မြို့ကို ပြု သကဲ့သို့ ၊ ထိုမြို့ နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ၍ တနေ့ ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။
וַֽיִּלְכְּדוּהָ בַּיּוֹם הַהוּא וַיַּכּוּהָ לְפִי־חֶרֶב וְאֵת כׇּל־הַנֶּפֶשׁ אֲשֶׁר־בָּהּ בַּיּוֹם הַהוּא הֶחֱרִים כְּכֹל אֲשֶׁר־עָשָׂה לְלָכִֽישׁ׃
36 ၃၆ တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ ဧဂလုန် မြို့မှ ဟေဗြုန် မြို့သို့ ချီ သွား၍ တိုက် ကြ ၏။
וַיַּעַל יְהוֹשֻׁעַ וְכׇֽל־יִשְׂרָאֵל עִמּוֹ מֵעֶגְלוֹנָה חֶבְרוֹנָה וַיִּֽלָּחֲמוּ עָלֶֽיהָ׃
37 ၃၇ ရ သောအခါ ၊ ဧဂလုန် မြို့ကို ပြု သကဲ့သို့ ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့ နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်း၊ မြို့သူ မြို့သားအပေါင်း တို့ကို၎င်း၊ တယောက်မျှ မ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီး ကြ၏။
וַיִּלְכְּדוּהָ וַיַּכּֽוּהָ־לְפִי־חֶרֶב וְאֶת־מַלְכָּהּ וְאֶת־כׇּל־עָרֶיהָ וְאֶת־כׇּל־הַנֶּפֶשׁ אֲשֶׁר־בָּהּ לֹא־הִשְׁאִיר שָׂרִיד כְּכֹל אֲשֶׁר־עָשָׂה לְעֶגְלוֹן וַיַּחֲרֵם אוֹתָהּ וְאֶת־כׇּל־הַנֶּפֶשׁ אֲשֶׁר־בָּֽהּ׃
38 ၃၈ တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ ဒေဗိရ မြို့သို့ ပြန် လာ၍ တိုက် ကြ၏။
וַיָּשׇׁב יְהוֹשֻׁעַ וְכׇל־יִשְׂרָאֵל עִמּוֹ דְּבִרָה וַיִּלָּחֶם עָלֶֽיהָ׃
39 ၃၉ ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်းရ ၍ ၊ ထား နှင့် လုပ်ကြံ သဖြင့် မြို့သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ဟေဗြုန် မြို့၊ လိဗန မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ဒေဗိရ မြို့နှင့် မင်းကြီး ကို ပြု သတည်း။
וַֽיִּלְכְּדָהּ וְאֶת־מַלְכָּהּ וְאֶת־כׇּל־עָרֶיהָ וַיַּכּוּם לְפִי־חֶרֶב וַֽיַּחֲרִימוּ אֶת־כׇּל־נֶפֶשׁ אֲשֶׁר־בָּהּ לֹא הִשְׁאִיר שָׂרִיד כַּאֲשֶׁר עָשָׂה לְחֶבְרוֹן כֵּן־עָשָׂה לִדְבִרָה וּלְמַלְכָּהּ וְכַאֲשֶׁר עָשָׂה לְלִבְנָה וּלְמַלְכָּֽהּ׃
40 ၄၀ ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် တောင် ပေါ်အရပ် ၊ တောင် မျက်နှာအရပ်၊ ချိုင့် ထဲအရပ်၊ စမ်းရေတွင်း အရပ်ရှိသမျှ တို့နှင့်တကွ ၊ မင်းကြီး အပေါင်း တို့ကို လုပ်ကြံ ၍၊ အသက် ရှင်သောသူတယောက်မျှ မ ကျန် ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။
וַיַּכֶּה יְהוֹשֻׁעַ אֶת־כׇּל־הָאָרֶץ הָהָר וְהַנֶּגֶב וְהַשְּׁפֵלָה וְהָאֲשֵׁדוֹת וְאֵת כׇּל־מַלְכֵיהֶם לֹא הִשְׁאִיר שָׂרִיד וְאֵת כׇּל־הַנְּשָׁמָה הֶחֱרִים כַּאֲשֶׁר צִוָּה יְהֹוָה אֱלֹהֵי יִשְׂרָאֵֽל׃
41 ၄၁ ကာဒေရှဗာနာ မြို့မှစ၍ ဂါဇ မြို့တိုင်အောင် ၎င်း၊ ဂေါရှင် ပြည် တရှောက်လုံး နှင့်တကွ ၊ ဂိဗောင် မြို့တိုင်အောင် ၎င်း လုပ်ကြံ ၍၊
וַיַּכֵּם יְהוֹשֻׁעַ מִקָּדֵשׁ בַּרְנֵעַ וְעַד־עַזָּה וְאֵת כׇּל־אֶרֶץ גֹּשֶׁן וְעַד־גִּבְעֽוֹן׃
42 ၄၂ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူသောကြောင့် ၊ ထို ပြည် များနှင့်တကွ မင်းကြီး အပေါင်း တို့ကို တခါတည်း အောင် လေ၏။
וְאֵת כׇּל־הַמְּלָכִים הָאֵלֶּה וְאֶת־אַרְצָם לָכַד יְהוֹשֻׁעַ פַּעַם אֶחָת כִּי יְהֹוָה אֱלֹהֵי יִשְׂרָאֵל נִלְחָם לְיִשְׂרָאֵֽל׃
43 ၄၃ ထိုနောက် ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ဂိလဂါလ တပ် သို့ ပြန် သွား၏။
וַיָּשׇׁב יְהוֹשֻׁעַ וְכׇל־יִשְׂרָאֵל עִמּוֹ אֶל־הַֽמַּחֲנֶה הַגִּלְגָּֽלָה׃

< ယောရှု 10 >