< ယောရှု 10 >
1 ၁ ယေရိခေါ မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ၊ အာဣ မြို့နှင့် မင်းကြီး ကို တိုက် ယူ၍ ရှင်းရှင်းဖျက်ဆီး ကြောင်းကို ၎င်း၊ ဂိဗောင် မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့၍ အတူနေ ကြောင်းကို၎င်း၊ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည် ကြား သောအခါ၊
Now when Adoni-Zedek, king of Jerusalem, heard that Joshua had captured Ai and had completely destroyed it (just as he had done to Jericho and its king), he also heard how the people of Gibeon had made peace with Israel and were living among them.
2 ၂ ဂိဗောင် မြို့သည် မြို့တော် ကဲ့သို့ ကြီးစွာသောမြို့၊ အာဣ မြို့ထက် ကြီး ၍ မြို့သားယောက်ျား အပေါင်း တို့ သည် ခွန်အား နှင့်ပြည့်စုံသောကြောင့် အလွန် ကြောက်ရွံ့ ကြ၏။
The people of Jerusalem were very afraid because Gibeon was a large city, like one of the royal cities. It was larger than Ai, and all its men were mighty warriors.
3 ၃ ထိုအခါ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည်၊ ဟေဗြုန် မင်းကြီး ဟောဟံ ၊ ယာမုတ် မင်းကြီး ပိရံ ၊ လာခိရှ မင်းကြီး ယာဖျာ ၊ ဧဂလုန် မင်းကြီး ဒေပိရ တို့ထံ သို့စေလွှတ် ၍၊
So Adoni-Zedek, king of Jerusalem, sent a message to Hoham, king of Hebron, to Piram, king of Jarmuth, to Japhia, king of Lachish, and to Debir, king of Eglon:
4 ၄ ဂိဗောင် မြို့သည် ယောရှု မှစ၍ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သောကြောင့် ၊ ထိုမြို့ကို လုပ်ကြံ ခြင်းငှါငါ့ ထံ သို့လာ ၍ ငါ နှင့်အတူကူညီ ကြပါဟု နှိုးဆော် သည်အတိုင်း၊
“Come up to me and help me. Let us attack Gibeon because they have made peace with Joshua and with the people of Israel.”
5 ၅ ယေရုရှလင် မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ် မင်းကြီး ၊ လာခိရှ မင်းကြီး ၊ ဧဂလုန် မင်းကြီး တည်း ဟူသောအာမောရိ မင်းကြီး ငါး ပါးတို့သည် စည်းဝေး ၍ မိမိ တို့ဗိုလ်ပါ စစ်သည်အပေါင်း တို့နှင့်တကွ စစ်ချီ ၍ ၊ ဂိဗောင် မြို့ရှေ့ မှာ တပ်ချ လျက် စစ်တိုက် ကြ၏။
The five kings of the Amorites, the king of Jerusalem, the king of Hebron, the king of Jarmuth, the king of Lachish, and the king of Eglon came up, they and all their armies. They set up their positions against Gibeon, and they attacked it.
6 ၆ ဂိဗောင် မြို့သား တို့သည် ယောရှု ရှိရာ ဂိလဂါလ မြို့သို့ စေလွှတ် ၍ ၊ ကိုယ်တော် ၏ ကျွန် တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန် ကြွ ၍ မစ ကယ်တင် တော်မူပါ။ တောင် ပေါ်မှာနေ သောအာမောရိ မင်းကြီး အပေါင်း တို့သည် ကျွန်တော် တို့ကို တိုက် ခြင်းငှါစည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
The people of Gibeon sent a message to Joshua and to the army at Gilgal. They said, “Hurry! Do not withdraw your hands from your servants. Come up to us quickly and save us. Help us, for all the kings of the Amorites who live in the hill country have gathered together to attack us.”
7 ၇ ယောရှု သည်လည်း ၊ စစ်မှု ၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲ အပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ မြို့မှ တက် သွားလေ၏။
Joshua went up from Gilgal, he and all the men of war with him, and all the fighting men.
8 ၈ ထာဝရဘုရား ကလည်း ၊ သူ တို့ကို မ ကြောက် နှင့်။ သင် ၏လက် ၌ ငါအပ် မည်။ သင့် ရှေ့ မှာ လူတစုံတယောက် မျှ မ ခံ မရပ်နိုင်ရာဟု ယောရှု အား မိန့် တော်မူ၏။
Yahweh said to Joshua, “Do not be afraid of them. I have given them into your hand. Not one of them will be able to stop your attack.”
9 ၉ ယောရှု သည် ဂိလဂါလ မြို့မှ တညဉ့်လုံး ချီ သွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့ တိုက် လာ သဖြင့်၊
Joshua came upon them suddenly, having marched all night from Gilgal.
10 ၁၀ ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသားရှေ့ မှာ ရှုံး စေ၍ ၊ ဂိဗောင် မြို့အနား မှာ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ၍ ၊ ဗေသောရုံ မြို့သို့ သွား သော လမ်း ၌ လိုက် လျက်၊ အဇေကာ မြို့၊ မက္ကဒါ မြို့တိုင်အောင် လုပ်ကြံ တော်မူ၏။
Yahweh confused the enemy before Israel, and Israel killed them with a great slaughter at Gibeon and pursued them on the road going up to Beth Horon, and they killed them on the road to Azekah and Makkedah.
11 ၁၁ ထိုသူ တို့သည် ဣသရေလ လူတို့ရှေ့ မှာ ပြေး ၍ ဗေသောရုန် မြို့သို့ ဆင်း သွားရာတွင် ၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် မှ ကြီးစွာ သော မိုဃ်းသီး ကို အဇေကာ မြို့တိုင်အောင် သူ တို့အပေါ် ၌ ချ တော်မူ၍၊ သူတို့သည် ဣသရေလ လူတို့၏ ထား ကြောင့် သေ သည်ထက် မိုဃ်းသီး ကြောင့် သာ ၍သေ ကြ၏။
As they ran away from Israel, down the hill from Beth Horon, Yahweh threw large stones down from heaven upon them all the way to Azekah, and they died. There were more who died because of the hailstones than who were killed with the sword by the men of Israel.
12 ၁၂ ထိုသို့ အာမောရိ လူတို့ကို ဣသရေလ အမျိုးသားတို့၌ အပ် တော်မူသောနေ့ မှာ ၊ ယောရှု သည် ထာဝရဘုရား ကို ဆုတောင်း ပြီးလျှင် ၊ အိုနေ ၊ သင်သည် ဂိဗောင် မြို့၌ ၎င်း ၊ အိုလ ၊ သင်သည် အာယလုန် ချိုင့် ၌ ၎င်း ငြိမ်ဝပ် စွာ နေလော့ဟု ဣသရေလ အမျိုးသားများရှေ့ တွင် မြွက်ဆို သည် အတိုင်း၊
Then Joshua spoke to Yahweh on the day Yahweh gave the men of Israel victory over the Amorites. This is what Joshua said to Yahweh before Israel, “Sun, be still at Gibeon, and moon, in the Valley of Aijalon.”
13 ၁၃ ဣသရေလလူတို့သည် ရန်သူ တို့အားအပြစ်ဒဏ် မပေးမှီတိုင်အောင် နေ သည် ငြိမ်ဝပ် စွာနေ၍ လ သည် ရပ် လေ၏။ ယာရှာ ၏စာ ၌ ပါ သည်ကား၊ မိုဃ်း ကောင်းကင် အလယ် ၌ နေ သည် ရပ် နေ၏။ ဝင် မြဲဝင်အံ့သောငှါ တနေ့လုံး အလျင် မ ပြုဟု ပါသည်မ ဟုတ်လော။
The sun stood still, and the moon stopped moving until the nation took vengeance on their enemies. Is this not written in the Book of Jashar? The sun stayed in the middle of the sky; it did not go down for about a whole day.
14 ၁၄ ထာဝရဘုရား သည် လူ စကား ကို နားထောင် ၍၊ ထိုသို့ သော နေ့ တနေ့မျှ မ ဖြစ် စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူ၏။
There has been no other day like it before or after it, when Yahweh obeyed the voice of a human being. For Yahweh was waging war on behalf of Israel.
15 ၁၅ ထိုနောက် ၊ ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ တပ် သို့ ပြန် သွား၏။
Joshua and all Israel with him returned to the camp at Gilgal.
16 ၁၆ မင်းကြီး ငါး ပါးတို့သည် ပြေး ၍ မက္ကဒါ လိုင်ခေါင်း ၌ ပုန်း လျက်နေကြ၏။
Now the five kings had escaped and hidden themselves in the cave at Makkedah.
17 ၁၇ မက္ကဒါ လိုင်ခေါင်း ၌ ပုန်း လျက်နေသောမင်းကြီး ငါး ပါးကို တွေ့ ပါပြီဟု ယောရှု အား ကြား လျှောက်လျှင်၊
It was told to Joshua, “They have been found!—the five kings hidden in the cave at Makkedah!”
18 ၁၈ ယောရှု က၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို လှိမ့် ပုံ၍ လူ စောင့် တို့ကို ထား ကြလော့။
Joshua said, “Roll large stones against the mouth of the cave and place soldiers there to guard them.
19 ၁၉ သင်တို့မူကား မ ဆိုင်း မလင့်။ ရန်သူ တို့ကို လိုက် ၍ မှီသမျှသောသူ တို့ကို ကွပ်မျက် ကြ။ မြို့ ထဲ သို့ မ ဝင် စေ ကြနှင့်။ သင် တို့ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီဟု မှာ ထားလေ၏။
Do not stay yourselves. Pursue your enemies and attack them from the rear. Do not permit them to enter into their cities, because Yahweh your God has given them into your hand.”
20 ၂၀ ယောရှု နှင့် ဣသရေလ လူတို့သည် ရန်သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သုတ်သင် ပယ်ရှင်းပြီး မှ၊ ကျန် ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့ သောမြို့ သို့ ဝင် ၍ နေ ကြ၏။
Joshua and the sons of Israel had finished slaughtering them with a very great slaughter, until they were almost completely destroyed; only a few survivors who escaped reached the fortified cities.
21 ၂၁ လူ အပေါင်း တို့သည် ယောရှု ရှိရာ မက္ကဒါ တပ် သို့ ငြိမ်ဝပ် စွာ ပြန် လာကြ၏။ ဣသရေလ လူ တစုံတယောက်ကို အဘယ်သူ မျှအပြစ် မတင်ရ။
Then the whole army returned in peace to Joshua at the camp at Makkedah. No one dared to say one word against any of the people of Israel.
22 ၂၂ ယောရှု ကလည်း၊ လိုင်ခေါင်း ကို ဖွင့် ပြီးလျှင် ၊ ထို မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ထုတ်၍ ငါ့ ထံ သို့ဆောင် ခဲ့ကြဟု မှာ လိုက်သည်အတိုင်း၊
Then Joshua said, “Open the mouth of the cave and out of the cave bring to me these five kings.”
23 ၂၃ သူတို့သည် ပြု ၍ ၊ ယေရုရှလင် မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ် မင်းကြီး ၊ လာခိရှ မင်းကြီး ၊ ဧဂလုန် မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ဆောင် ခဲ့၍၊
They did as he said. They brought to him these five kings from the cave—the king of Jerusalem, the king of Hebron, the king of Jarmuth, the king of Lachish, and the king of Eglon.
24 ၂၄ ယောရှု ထံ သို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိ နှင့်အတူ စစ်ချီ သော ဗိုလ်မင်းတို့နှင့် ဣသရေလ လူ အပေါင်း တို့ကို ခေါ် လျှင် ၊ ချဉ်း လာကြ။ ဤ မင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြဟု ဗိုလ်မင်း တို့အား ဆို သည် အတိုင်း ၊ သူတို့သည် ချဉ်း လာ၍ ထိုမင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြ၏။
When they brought the kings to Joshua, he summoned every man of Israel. He said to the commanders of the soldiers who had gone into battle with him, “Put your feet on their necks.” So they came up and put their feet on their necks.
25 ၂၅ ယောရှု ကလည်း သင် တို့တိုက် ရသောရန်သူ အပေါင်း တို့ကို ထာဝရဘုရား သည် ဤ ကဲ့သို့ပြု တော်မူမည် ဖြစ်၍ မ ကြောက် ကြနှင့်၊ စိတ် မ ပျက်ကြနှင့်။ အားယူ ၍ ရဲရင့် ခြင်းရှိကြလော့ဟု ဆို ပြီးမှ၊
Then he said to them, “Do not be afraid and do not be dismayed. Be strong and courageous. This is what Yahweh will do to all your enemies you are going to fight.”
26 ၂၆ ထို မင်းကြီးတို့ကို ထားနှင့်ကွပ်မျက် ၍ သစ်ပင် ငါး ပင်တို့၌ ဆွဲ ထားလေ၏။ ညဦး တိုင်အောင် သစ်ပင် ၌ ဆွဲ ထားပြီးမှ၊
Then Joshua attacked and killed the kings. He hung them on five trees. They hung on the trees until evening.
27 ၂၇ နေဝင် ချိန် ရောက် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း သစ်ပင် မှ ချ ပြီးလျှင် ၊ သူတို့ပုန်း လျက်နေရာ လိုင်ခေါင်း ၌ ပစ် ထား၍ ၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။
When it was sunset, Joshua gave orders, and they took them down from the trees and threw them into the cave where they had hidden themselves. They put large stones over the mouth of the cave. Those stones remain there to this very day.
28 ၂၈ ထို နေ့ ၌ ယောရှု သည် မက္ကဒါ မြို့ကို တိုက် ယူ၍ မြို့နှင့် မင်းကြီး ကို ထား နှင့် လုပ်ကြံ ပြီးလျှင် ၊ မင်းကြီးနှင့်တကွ မြို့သားအပေါင်း တို့ကို တယောက်မျှ မ ကျန် ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ မက္ကဒါ မင်းကြီး ကို ပြု သတည်း။
In this way, Joshua captured Makkedah on that day and killed everyone there with the sword, including its king. He completely destroyed everyone in it. He left no survivor in it. He did to the king of Makkedah just as he had done to the king of Jericho.
29 ၂၉ ထိုနောက် ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ မက္ကဒါ မြို့မှ လိဗန မြို့သို့ချီ သွား၍ တိုက် သဖြင့်၊
Joshua and all Israel passed on from Makkedah to Libnah. He went into battle against Libnah.
30 ၃၀ ထာဝရဘုရား သည် ထိုမြို့ နှင့် မင်းကြီး ကို ဣသရေလ လူတို့လက် ၌ အပ် တော်မူ၍ ၊ မြို့နှင့် မြို့ သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ ၊ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ ထိုမင်းကြီး ကို ပြု ကြ၏။
Yahweh also gave it into the hand of Israel—along with their king. Joshua struck it with the edge of the sword and every person in it. He left no survivor in it. He did to its king just as he had done to the king of Jericho.
31 ၃၁ ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ လိဗန မြို့မှ လာခိရှ မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။
Then Joshua and all Israel with him passed on from Libnah to Lachish. He camped by it and waged war against it.
32 ၃၂ ထာဝရဘုရား သည် ထို မြို့ကို ဣသရေလ လူတို့ လက် ၌ အပ် တော်မူသဖြင့် ၊ ဒုတိယ နေ့ ၌ ရ ၍ လိဗန မြို့ကို ပြု သကဲ့သို့ ထိုမြို့နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ကြ၏။
Yahweh gave Lachish into the hand of Israel. Joshua captured it on the second day and struck it with the edge of the sword, and every person in it, just as he had done to Libnah.
33 ၃၃ ထိုအခါ ဂေဇာ မင်းကြီး ဟောရံ သည်၊ လာခိရှ မြို့ ကို ကူညီ မည်ဟု လာ သောကြောင့်၊ ယောရှု သည် ထို မင်းကြီး နှင့် သူ ၏လူ အပေါင်းတို့ကို တယောက်မျှမ ကျန် ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံ လေ၏။
Then Horam, king of Gezer, came up to help Lachish. Joshua attacked him and his army until there was not even one survivor left.
34 ၃၄ တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ လာခိရှ မြို့မှ ဧဂလုန် မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။
Then Joshua and all Israel passed on from Lachish to Eglon. They camped by it and waged war against it,
35 ၃၅ ထိုနေ့ ခြင်းတွင် ရ ၍ လာခိရှ မြို့ကို ပြု သကဲ့သို့ ၊ ထိုမြို့ နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ၍ တနေ့ ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။
and captured it that same day. They struck it with the edge of the sword and they completely destroyed everyone in it, as Joshua had done to Lachish.
36 ၃၆ တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ ဧဂလုန် မြို့မှ ဟေဗြုန် မြို့သို့ ချီ သွား၍ တိုက် ကြ ၏။
Then Joshua and all Israel passed on from Eglon to Hebron. They waged war against it.
37 ၃၇ ရ သောအခါ ၊ ဧဂလုန် မြို့ကို ပြု သကဲ့သို့ ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့ နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်း၊ မြို့သူ မြို့သားအပေါင်း တို့ကို၎င်း၊ တယောက်မျှ မ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီး ကြ၏။
They captured it and struck it with the edge of the sword, and its king and its villages, and everyone in it. They left no survivor it, as they had done to Eglon, they totally destroyed it and every person in it.
38 ၃၈ တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ ဒေဗိရ မြို့သို့ ပြန် လာ၍ တိုက် ကြ၏။
Then Joshua turned, and all the army of Israel with him, and they passed on to Debir and waged war against it.
39 ၃၉ ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်းရ ၍ ၊ ထား နှင့် လုပ်ကြံ သဖြင့် မြို့သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ဟေဗြုန် မြို့၊ လိဗန မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ဒေဗိရ မြို့နှင့် မင်းကြီး ကို ပြု သတည်း။
They captured it, its king and all its nearby villages. They struck them with the edge of the sword and completely destroyed every person in it. They left no survivor. They did to Debir and its king as they had done to Libnah and its king and to Hebron.
40 ၄၀ ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် တောင် ပေါ်အရပ် ၊ တောင် မျက်နှာအရပ်၊ ချိုင့် ထဲအရပ်၊ စမ်းရေတွင်း အရပ်ရှိသမျှ တို့နှင့်တကွ ၊ မင်းကြီး အပေါင်း တို့ကို လုပ်ကြံ ၍၊ အသက် ရှင်သောသူတယောက်မျှ မ ကျန် ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။
Joshua conquered all the land, the hill country, the Negev, the lowlands, and the foothills. Of all their kings he left not one survivor. He completely destroyed every living thing, just as Yahweh, the God of Israel, had commanded.
41 ၄၁ ကာဒေရှဗာနာ မြို့မှစ၍ ဂါဇ မြို့တိုင်အောင် ၎င်း၊ ဂေါရှင် ပြည် တရှောက်လုံး နှင့်တကွ ၊ ဂိဗောင် မြို့တိုင်အောင် ၎င်း လုပ်ကြံ ၍၊
Joshua struck them from Kadesh Barnea to Gaza, and all the country of Goshen to Gibeon.
42 ၄၂ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူသောကြောင့် ၊ ထို ပြည် များနှင့်တကွ မင်းကြီး အပေါင်း တို့ကို တခါတည်း အောင် လေ၏။
Joshua captured all these kings and their land at one time because Yahweh, the God of Israel, fought for Israel.
43 ၄၃ ထိုနောက် ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ဂိလဂါလ တပ် သို့ ပြန် သွား၏။
Then Joshua, and all Israel with him, returned to the camp at Gilgal.