< ယောန 1 >

1 အမိတ္တဲ ၏သား ယောန သို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
This message from the Lord came to Jonah, the son of Amittai:
2 သင်ထ ၍ နိနေဝေ မြို့ ကြီး သို့ သွား ပြီးလျှင် ၊ ခြိမ်းချောက် သောစကားနှင့် ကြွေးကြော် လော့။ ထိုမြို့ပြုသောဒုစရိုက် အပြစ်သည် ငါ့ ရှေ့ သို့ တက် လာပြီဟု မိန့် တော်မူ၏။
“Arise, go to that great city, Nineveh, and preach against it; for their wickedness is known to me.”
3 သို့သော်လည်း ၊ ယောန သည် ထာဝရဘုရား ထံ တော်မှ တာရှု မြို့သို့ ပြေး မည့် အကြံရှိသည်နှင့် ထ လျက် ယုပ္ပေ မြို့သို့သွား ၍ ရောက်သဖြင့် ၊ တာရှု မြို့သို့သွား သော သင်္ဘော ကို တွေ့ကြုံ ၍ သင်္ဘော ခ ကို ပေး ပြီးလျှင် ၊ ထာဝရဘုရား ထံ တော်မှ သင်္ဘောသား တို့နှင့်အတူ တာရှု မြို့သို့ လိုက် ခြင်းငှါ သင်္ဘော ကို စီး လေ၏။
But Jonah started to flee to Tarshish from the presence of the Lord. He went down to Joppa and found a ship going to Tarshish. So he paid the fare and went aboard to go with them to Tarshish from the presence of the Lord.
4 ထာဝရဘုရား သည်လည်း ပြင်းစွာ သောလေ ကို ပင်လယ် ပေါ် သို့ စေလွှတ် တော်မူသဖြင့် ၊ ပင်လယ် ၌ ကြီးစွာ သော မိုဃ်းသက်မုန်တိုင်း ဖြစ် ၍ ၊ သင်္ဘော သည် ပျက် လုသောလက္ခဏာ ရှိ၏။
But the Lord made a furious wind blow over the sea, and there was such a great storm that the ship was in danger of breaking to pieces.
5 ထိုအခါ သင်္ဘောသား တို့သည် ကြောက်ရွံ့ ၍ အသီးအသီး မိမိ တို့ဘုရား ကို အော်ဟစ် ကြ၏။ သင်္ဘော ပေါ့ စေခြင်းငှါ ဝန် များကိုလည်း ပင်လယ် ထဲ သို့ ပစ်ချ ကြ ၏။ ယောန မူကား ၊ သင်္ဘော ဝမ်း ထဲ သို့ ဆင်း ၍ အိပ်ပျော် လျက်နေ၏။
The sailors were terrified and each cried for help to his own god. They threw the ship’s cargo into the sea to make the ship lighter. Meanwhile Jonah had gone down into the bottom of the ship and lay fast asleep.
6 သင်္ဘော သူကြီးသည် လာ ၍ ၊ အိုအိပ်ပျော် သောသူ ၊ အဘယ်သို့ နည်း။ ထ လော့။ သင် ၏ဘုရား ကို ဆုတောင်း လော့။ ငါတို့အသက် လွတ်စေခြင်းငှါထိုဘုရား သည် ငါ တို့ ကို အောက်မေ့ ကောင်း အောက်မေ့လိမ့်မည်ဟု ဆို ၏။
The captain of the ship went and said to him, “How can you sleep? Call on your god; perhaps that god will think of us, so that we may not be lost.”
7 နောက် တဖန် သူတို့က၊ လာ ကြ။ အဘယ်သူ ၏ အပြစ် ကြောင့် ဤ အမှုရောက်သည်ကို ငါတို့သိ ရမည်အကြောင်း စာရေးတံ ချ ကြကုန်အံ့ဟု တိုင်ပင် ၍ ၊ စာရေးတံ ချ လျှင် ယောန ၌ စာရေးတံ ကျ ၏။
The sailors said to one another, “Come, let us cast lots to discover on whose account this evil has come upon us.” So they cast lots, and the lot indicated Jonah.
8 တဖန် သူတို့က၊ အဘယ်အပြစ် ကြောင့် ဤ အမှု ရောက်သည် ကို ပြော ပါလော့။ သင် ဆောင်ရွက်သောအမှု ကား၊ အဘယ် အမှုနည်း။ သင်သည် အဘယ် အရပ်က လာ သနည်း။ အဘယ် ပြည် ၊ အဘယ် အမျိုးသား ဖြစ်သနည်း ဟု မေးမြန်း ကြသော်၊
So they said to him, “Are you to blame for this? Tell us, what is your business, and where do you come from? What is your country and to what people do you belong?”
9 ငါ သည် ဟေဗြဲ အမျိုးသားဖြစ်၏။ ရေ မြေ ကို ဖန်ဆင်း တော်မူ သောကောင်းကင် ဘုံ၏အရှင်ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် သောသူဖြစ်၏ဟု ဆို လျှင် ၊
He replied, “I am a Hebrew, and a worshipper of the Lord, the God of heaven, who made the sea and the dry land.”
10 ၁၀ ထိုသူတို့သည် အလွန် ကြောက်ရွံ့ ၍ ၊ သင်သည် အဘယ်ကြောင့် ဤ သို့ပြု သနည်းဟုမေး ကြ၏။ ယောန သည် ထာဝရဘုရား ထံ တော်မှ မိမိ ပြေး ကြောင်းကို ဘော်ပြ သောကြောင့် သူတို့သိ ကြ၏။
Then the men were greatly frightened and said to him, “What have you done?” For they knew that he was fleeing from the presence of the Lord, because he had told them.
11 ၁၁ ထိုအခါ ပင်လယ် ၌ လှိုင်းတံပိုးသည် တိုး ၍ ထ သောကြောင့် သူတို့က၊ ငါ တို့၌ လှိုင်းတံပိုးငြိမ်း စေခြင်းငှါ သင့် ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြသော် ၊
Then they said to him, “What should we do to you, to make the sea calm for us?” For the sea grew more and more stormy.
12 ၁၂ ငါ့ ကိုချီ ၍ ပင်လယ် ထဲ သို့ ချ ပစ်ကြလော့။ သို့ပြုလျှင် ၊ လှိုင်းတံပိုးသည် သင် တို့၌ ငြိမ်း လိမ့်မည်။ ဤ ပြင်းစွာ သော မိုဃ်းသက်မုန်တိုင်း သည် ငါ့ ကြောင့် သာ သင် တို့အပေါ် သို့ ရောက်သည်ကို ငါ သိ ၏ဟု ပြန်ပြော သော်လည်း ၊
He said to them, “Take me up and throw me into the sea, and the sea will be calm for you, for I know that it is because of me this fierce storm has overtaken you.”
13 ၁၃ သင်္ဘောသား တို့သည် ကမ်း သို့ ရောက် အံ့သောငှါ ပင်ပန်းစွာ တက် ခတ်ကြ၏။ သို့ရာတွင် ၊ သူ တို့တဘက် ၌ လှိုင်းတံပိုးတိုး ၍ ထ သောကြောင့် ၊ သူတို့သည် မ တတ်နိုင် သောအခါ ၊
But instead the men rowed hard to get back to the land; they could not, however, for the sea grew more and more stormy ahead.
14 ၁၄ အို ထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တောင်းပန် ပါ၏။ ဤ သူ ၏အသက် ကြောင့် အကျွန်ုပ်တို့သည် အကျိုး နည်း မ ဖြစ်ပါစေနှင့်။ အပြစ် မရှိသောသူ၏အသက် သတ် သောအပြစ်ကို အကျွန်ုပ် တို့၌ တင် တော်မ မူပါနှင့်။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အလို ရှိတော်မူသည် အတိုင်း ပြု တော်မူ၏ဟု ထာဝရဘုရား အား ကြွေးကြော် တောင်းပန် ပြီးမှ ၊
So they cried to the Lord and said, “We beg you, Lord, we beg you, don’t let us die for this man’s life, and don’t let us be guilty of shedding innocent blood, for you are the Lord; you have done as it pleases you.”
15 ၁၅ ယောန ကိုချီ ၍ ပင်လယ် ထဲ သို့ ချ ပစ်ကြ၏။ ထိုအခါ ပင်လယ် လှိုင်းတံပိုးသည် ငြိမ်း လေ၏။
And they took up Jonah, and threw him into the sea; and the sea became calm.
16 ၁၆ သင်္ဘောသား တို့သည်လည်း ထာဝရဘုရား ကို အလွန် ကြောက်ရွံ့ သဖြင့် ယဇ် ပူဇော် ၍ သစ္စာ ဂတိထားကြ ၏။
Then the men greatly feared the Lord, and they offered a sacrifice and made vows to him.
17 ၁၇ ယောန ကို မျို စေခြင်းငှါ ငါး ကြီး ကို ထာဝရဘုရား ခန့် ထားတော်မူသည်နှင့်အညီ ၊ ယောန သည် ငါး ၏ဝမ်း ထဲမှာ သုံး ရက် ပတ်လုံးနေ ရ၏။
But the Lord arranged for a great fish to swallow Jonah, and Jonah was inside the fish three days and three nights.

< ယောန 1 >