< ယောန 3 >

1 နောက် တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယောန သို့ ရောက် လာသည်ကား၊
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​န​အား``ထ လော့၊ နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​လော့။ ငါ​မှာ သည့်​အ​တိုင်း​မြို့​သူ​မြို့​သား​တို့​အား​သ​တိ ပေး​လော့'' ဟု​ဒု​တိ​ယ​အ​ကြိမ်​အ​မိန့်​ပေး တော်​မူ​၏။-
2 သင်ထ ၍ နိနေဝေ မြို့ ကြီး သို့ သွား လော့။ ငါ မှာ ထားသည်အတိုင်း ကြွေးကြော် လော့ဟု မိန့် တော်မူ၏။
3 ထိုအခါ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ယောန သည် ထ ၍ နိနေဝေ မြို့သို့ သွား ၏။ နိနေဝေ မြို့ သည် အလွန်ကြီး သောမြို့ ၊ သုံး ရက် ခရီး ကျယ်ဝန်းသော မြို့ဖြစ် သတည်း။
သို့​ဖြစ်​၍​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နာ​ခံ​၍​နိ​နေ​ဝေ​မြို့​ကို သွား​၏။ နိ​နေ​ဝေ​မြို့​သည်​အ​လွန်​ကြီး​ရ ကား​ထို​မြို့​ကို​တစ်​ဘက်​မှ​တစ်​ဘက်​သို့ ဖြတ်​လျှောက်​လျှင်​သုံး​ရက်​ခ​ရီး​ကြာ​၏။-
4 ယောန သည် မြို့ ထဲ သို့ဝင် ၍ တ နေ့ ခရီး သွား လျက် ၊ အရက် လေးဆယ် လွန်သော်၊ နိနေဝေ မြို့သည် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော် လေ၏။
ယော​န​သည်​နိ​နေ​ဝေ​မြို့​သို့​ရောက်​၍​မြို့​တွင်း သို့​တစ်​နေ့​ခ​ရီး​ဝင်​ပြီး​နောက်``နိ​နေ​ဝေ​မြို့ သည်​အ​ရက်​လေး​ဆယ်​ကြာ​သော​အ​ခါ ပျက်​လိမ့်​မည်'' ဟု​ကြေ​ညာ​လေ​၏။
5 နိနေဝေ မြို့သား တို့သည် ဘုရား သခင်၏ အမိန့် တော်ကို ယုံ ၍ ၊ လူကြီး လူငယ် အပေါင်းတို့သည် အစာရှောင် ရာအချိန်ကို ကြော်ငြာ ၍ လျှော်တေ အဝတ်ကို ဝတ် ကြ၏။
နိ​နေ​ဝေ​မြို့​သူ​မြို့​သား​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ယုံ​ကြ​၏။ သို့​ဖြစ်​၍ နောင်​တ​ရ​သည့်​လက္ခ​ဏာ​ဖြင့်​ဂုဏ်​ရှိ​ဂုဏ်​မဲ့ တစ်​ယောက်​မ​ကျန်​အ​စာ​ရှောင်​၍​လျှော်​တေ ကို​ဝတ်​ကြ​ရန်​ဆုံး​ဖြတ်​ကြ​၏။
6 နိနေဝေ မင်းကြီး သည် ထိုသိတင်း ကို ကြား သောအခါ နန်းတော် မှ ဆင်း ၍ မင်းမြောက် တန်ဆာကို ချွတ် ပြီးမှ ၊ လျှော်တေ အဝတ်ကို ဝတ် ၍ ပြာ ထဲ ၌ ထိုင် တော်မူ၏။
ထို​ကြေ​ညာ​ချက်​ကို​နိ​နေ​ဝေ​မင်း​ကြား တော်​မူ​သော​အ​ခါ ရာ​ဇ​ပလ္လင်​ပေါ်​မှ​ထ​၍ ဝတ်​လဲ​တော်​ကို​ချွတ်​ပြီး​လျှင်​လျှော်​တေ​ကို ဝတ်​တော်​မူ​၏။ ထို​နောက်​ပြာ​ထဲ​တွင်​ထိုင် နေ​တော်​မူ​၏။-
7 လူ သတ္တဝါ တိရစ္ဆာန် သိုး နွား တို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မ စား ၊ ရေ ကို မ သောက် စေနှင့်။
ထို​နောက်​နိ​နေ​ဝေ​ဘု​ရင်​သည်​နိ​နေ​ဝေ​မြို့ သူ​မြို့​သား​တို့​သိ​ကြ​စေ​ရန်​အ​မိန့်​တော် ကို​ထုတ်​ပြန်​လိုက်​၏။ ထုတ်​ပြန်​ချက်​မှာ``ဤ အ​မိန့်​ကား​ဘု​ရင်​နှင့်​မှူး​မတ်​များ​ထံ​မှ ဖြစ်​၏။ အ​ဘယ်​သူ​မျှ​အ​စား​အ​စာ​မ​စား​ရ၊ လူ​အား​လုံး​နှင့်​တိ​ရစ္ဆာန်​အား​လုံး​တို့​သည် အ​စာ​မ​စား​ရ၊ ရေ​မ​သောက်​ရ။-
8 လူ သတ္တဝါတိရစ္ဆာန် တို့သည် လျှော်တေ အဝတ် ကို ဝတ် ကြစေ။ ကြိုးစား ၍ ဘုရား သခင်ကို ဆုတောင်း ကြစေ ။ အသီးအသီး တို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ၊ မိမိတို့ပြုသောအဓမ္မ အမှုကို ရှောင် ကြစေ။
လူ​နှင့်​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​သည်​လျှော်​တေ ကို​ဝတ်​ရ​ကြ​မည်။ လူ​တိုင်း​ပင်​စိတ်​အား​ထက် သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ရ​မည်။ ထို့​ပြင်​မိ​မိ​တို့​၏​မ​ကောင်း​မှု​များ​နှင့်​အ​ဋ္ဌမ္မ မှု​များ​ကို​စွန့်​ပစ်​ရ​ကြ​မည်။-
9 ငါတို့သည် ပျက်စီး ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ ဘုရား သခင်သည် ပြောင်းလဲ ၍ နောင်တရ သဖြင့် ၊ ပြင်းစွာ သောအမျက် တော်ကို ငြိမ်းစေတော်မူမည် မမူ မည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီး အာဏာ ၊ မှူးမတ် အာဏာနှင့် နိနေဝေ တမြို့လုံးတွင် သိတင်း ကြားပြော ၍ ကြော်ငြာ စေတော်မူ၏။
သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​စိတ်​တော်​ပြောင်း လဲ​ကောင်း​ပြောင်း​လဲ​လိမ့်​မည်။ အ​မျက်​တော် ပြေ​ကောင်း​ပြေ​လိမ့်​မည်။ ငါ​တို့​သည်​လည်း အ​သက်​ချမ်း​သာ​ရာ​ရ​နိုင်​မည်'' ဟူ​၍​ဖြစ်​၏။
10 ၁၀ မြို့သားတို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ကို လွှဲရှောင် ၍၊ ကျင့်သောအကျင့် များကို ဘုရား သခင်သည် မြင် လျှင် ၊ အရင်ခြိမ်း သော ဘေးဒဏ် ကို မ ပေး ဘဲနေ တော်မူ၏။
၁၀ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​၏​ပြု​မူ​ပုံ ကို​လည်း​ကောင်း၊ မ​ကောင်း​မှု​များ​ကို​စွန့် ပယ်​လိုက်​ပုံ​ကို​လည်း​ကောင်း​မြင်​တော်​မူ သော​အ​ခါ စိတ်​တော်​ပြောင်း​လဲ​လျက်​မိန့် မြွက်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​အား ဒဏ်​ခတ်​တော်​မ​မူ​တော့​ပေ။

< ယောန 3 >