< ယောန 3 >
1 ၁ နောက် တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယောန သို့ ရောက် လာသည်ကား၊
And the word of the LORD came unto Jonah the second time, saying,
2 ၂ သင်ထ ၍ နိနေဝေ မြို့ ကြီး သို့ သွား လော့။ ငါ မှာ ထားသည်အတိုင်း ကြွေးကြော် လော့ဟု မိန့် တော်မူ၏။
Arise, go unto Nineveh, that great city, and preach unto it the preaching that I bid thee.
3 ၃ ထိုအခါ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ယောန သည် ထ ၍ နိနေဝေ မြို့သို့ သွား ၏။ နိနေဝေ မြို့ သည် အလွန်ကြီး သောမြို့ ၊ သုံး ရက် ခရီး ကျယ်ဝန်းသော မြို့ဖြစ် သတည်း။
So Jonah arose, and went unto Nineveh, according to the word of the LORD. Now Nineveh was an exceeding great city, of three days’ journey.
4 ၄ ယောန သည် မြို့ ထဲ သို့ဝင် ၍ တ နေ့ ခရီး သွား လျက် ၊ အရက် လေးဆယ် လွန်သော်၊ နိနေဝေ မြို့သည် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော် လေ၏။
And Jonah began to enter into the city a day’s journey, and he cried, and said, Yet forty days, and Nineveh shall be overthrown.
5 ၅ နိနေဝေ မြို့သား တို့သည် ဘုရား သခင်၏ အမိန့် တော်ကို ယုံ ၍ ၊ လူကြီး လူငယ် အပေါင်းတို့သည် အစာရှောင် ရာအချိန်ကို ကြော်ငြာ ၍ လျှော်တေ အဝတ်ကို ဝတ် ကြ၏။
And the people of Nineveh believed God; and they proclaimed a fast, and put on sackcloth, from the greatest of them even to the least of them.
6 ၆ နိနေဝေ မင်းကြီး သည် ထိုသိတင်း ကို ကြား သောအခါ နန်းတော် မှ ဆင်း ၍ မင်းမြောက် တန်ဆာကို ချွတ် ပြီးမှ ၊ လျှော်တေ အဝတ်ကို ဝတ် ၍ ပြာ ထဲ ၌ ထိုင် တော်မူ၏။
And the tidings reached the king of Nineveh, and he arose from his throne, and laid his robe from him, and covered him with sackcloth, and sat in ashes.
7 ၇ လူ သတ္တဝါ တိရစ္ဆာန် သိုး နွား တို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မ စား ၊ ရေ ကို မ သောက် စေနှင့်။
And he made proclamation and published through Nineveh by the decree of the king and his nobles, saying, Let neither man nor beast, herd nor flock, taste any thing: let them not feed, nor drink water:
8 ၈ လူ သတ္တဝါတိရစ္ဆာန် တို့သည် လျှော်တေ အဝတ် ကို ဝတ် ကြစေ။ ကြိုးစား ၍ ဘုရား သခင်ကို ဆုတောင်း ကြစေ ။ အသီးအသီး တို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ၊ မိမိတို့ပြုသောအဓမ္မ အမှုကို ရှောင် ကြစေ။
but let them be covered with sackcloth, both man and beast, and let them cry mightily unto God: yea, let them turn every one from his evil way, and from the violence that is in their hands.
9 ၉ ငါတို့သည် ပျက်စီး ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ ဘုရား သခင်သည် ပြောင်းလဲ ၍ နောင်တရ သဖြင့် ၊ ပြင်းစွာ သောအမျက် တော်ကို ငြိမ်းစေတော်မူမည် မမူ မည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီး အာဏာ ၊ မှူးမတ် အာဏာနှင့် နိနေဝေ တမြို့လုံးတွင် သိတင်း ကြားပြော ၍ ကြော်ငြာ စေတော်မူ၏။
Who knoweth whether God will not turn and repent, and turn away from his fierce anger, that we perish not?
10 ၁၀ မြို့သားတို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ကို လွှဲရှောင် ၍၊ ကျင့်သောအကျင့် များကို ဘုရား သခင်သည် မြင် လျှင် ၊ အရင်ခြိမ်း သော ဘေးဒဏ် ကို မ ပေး ဘဲနေ တော်မူ၏။
And God saw their works, that they turned from their evil way; and God repented of the evil, which he said he would do unto them; and he did it not.