< ယောန 2 >

1 ငါး ၏ဝမ်း ထဲမှာနေစဉ်တွင်၊ ယောန သည် မိမိ ဘုရား သခင် ထာဝရဘုရား ကို ဆုတောင်း သောစကားဟူမူကား ၊
Then prayed Jonah unto the Lord his God out of the belly of the fish.
2 ငါသည် ဒုက္ခ ဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရား ကို ဟစ် ခေါ်၍ ငါ့ စကားကို ကြား တော်မူ၏။ မရဏာ နိုင်ငံ၏ ဝမ်း ထဲက ဟစ် ခေါ်သော စကား သံကို နားထောင် တော်မူ၏။ (Sheol h7585)
And he said, I called from the midst of my distress unto the Lord, and he hath answered me: out of the depth of the grave have I cried, and thou hast heard my voice. (Sheol h7585)
3 ကိုယ်တော်သည် အကျွန်ုပ် ကို နက်နဲ သောအရပ်၊ သမုဒ္ဒရာ အလယ် ချက်ထဲ သို့ ချ ပစ်တော်မူသဖြင့် ၊ ပင်လယ် ရေသည် ဝိုင်း ၍ လှိုင်း တံပိုး တော်ရှိသမျှ တို့သည် လွှမ်း မွန်း ကြပါ၏။
For thou hast cast me into the deep, in the heart of the seas; and the stream compasseth me about: all thy billows and thy waves have passed over me.
4 ထိုသို့ မျက်မှောက် တော်မှ နှင်ထုတ် ခြင်းကို ခံရသော်လည်း ၊ သန့်ရှင်း သောဗိမာန် တော်ကို မျက်မှောက် ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။
And I thought indeed, I am driven out from before thy eyes: yet I again shall look toward thy holy temple.
5 ရေ တို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်း သဖြင့်၊ အကျွန်ုပ်သည် ပင်လယ် အလယ်၌ အချုပ် ခံရပါ၏။ ပင်လယ်မြက်ပင် သည် အကျွန်ုပ် ခေါင်း ကို ပေါင်းစည်း လျက်ရှိပါ၏။
The waters surrounded me, to the peril of my life; the deep compassed me about: sea-weeds were bound about my head.
6 တောင် ခြေရင်း အမြစ်သို့ အကျွန်ုပ်ဆင်း ၍၊ မြေ ကန့်လန့်ကျင် အတွင်း၌ အစဉ် အမြဲပိတ်ထားသော်လည်း ၊ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် အသက် ကို ပျက်စီး ရာမှ ကယ်ဆယ် တော်မူလိမ့်မည်။
To the bottoms of the mountains did I go down; the earth [closed] her bars about me for ever: when thou broughtest up my life from the pit, O Lord my God!
7 အကျွန်ုပ် သည် စိတ်ပျက် သောအခါ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ အကျွန်ုပ် ၏ပဌနာ သည် သန့်ရှင်း သော ဗိမာန် တော်၌ ကိုယ်တော် ထံ သို့ဝင် ပါ၏။
When my soul fainted within me I remembered the Lord: and my prayer came unto thee, unto thy holy temple.
8 မုသာ အနတ္တ ကို မှီဝဲ သောသူတို့သည် မိမိ တို့ ကရုဏာ ခံရာအကြောင်းကို စွန့်ပစ် ကြပါ၏။
They that guard false vanities forsake [the source of] their kindness.
9 အကျွန်ုပ် မူကား ၊ ကျေးဇူး တော်ကို ချီးမွမ်းသော စကား နှင့် ကိုယ်တော် အား ယဇ် ပူဇော်ပါမည်။ သစ္စာ ဂတိ ထားသည်အတိုင်း သစ္စာဝတ် ကို ပြုပါမည်။ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့် ချမ်းသာ ရပါသည်ဟု ဆုတောင်းလေ၏။
But I will sacrifice unto thee with the voice of thanksgiving; that which I have vowed will I pay; [for] help is with the Lord.
10 ၁၀ ထိုအခါ ငါး ကြီးသည် ထာဝရဘုရား ၏ အမိန့် တော်ကိုခံ ၍ ယောန ကို ကုန်း ပေါ် သို့ အန် လေ၏။
And the Lord commanded the fish, and it vomited out Jonah upon the dry land.

< ယောန 2 >