< ယောန 2 >
1 ၁ ငါး ၏ဝမ်း ထဲမှာနေစဉ်တွင်၊ ယောန သည် မိမိ ဘုရား သခင် ထာဝရဘုရား ကို ဆုတောင်း သောစကားဟူမူကား ၊
Then Jonah prayed to Jehovah his God out of the sea creatures belly.
2 ၂ ငါသည် ဒုက္ခ ဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရား ကို ဟစ် ခေါ်၍ ငါ့ စကားကို ကြား တော်မူ၏။ မရဏာ နိုင်ငံ၏ ဝမ်း ထဲက ဟစ် ခေါ်သော စကား သံကို နားထောင် တော်မူ၏။ (Sheol )
And he said, I called because of my affliction to Jehovah, and he answered me. Out of the belly of Sheol I cried, and thou heard my voice. (Sheol )
3 ၃ ကိုယ်တော်သည် အကျွန်ုပ် ကို နက်နဲ သောအရပ်၊ သမုဒ္ဒရာ အလယ် ချက်ထဲ သို့ ချ ပစ်တော်မူသဖြင့် ၊ ပင်လယ် ရေသည် ဝိုင်း ၍ လှိုင်း တံပိုး တော်ရှိသမျှ တို့သည် လွှမ်း မွန်း ကြပါ၏။
For thou cast me into the depth, in the heart of the seas, and the flood was round about me. All thy waves and thy billows passed over me.
4 ၄ ထိုသို့ မျက်မှောက် တော်မှ နှင်ထုတ် ခြင်းကို ခံရသော်လည်း ၊ သန့်ရှင်း သောဗိမာန် တော်ကို မျက်မှောက် ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။
And I said, I am cast out from before thine eyes. Yet I will look again toward thy holy temple.
5 ၅ ရေ တို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်း သဖြင့်၊ အကျွန်ုပ်သည် ပင်လယ် အလယ်၌ အချုပ် ခံရပါ၏။ ပင်လယ်မြက်ပင် သည် အကျွန်ုပ် ခေါင်း ကို ပေါင်းစည်း လျက်ရှိပါ၏။
The waters encompassed me around, even to the soul. The deep was round about me. The weeds were wrapped around my head.
6 ၆ တောင် ခြေရင်း အမြစ်သို့ အကျွန်ုပ်ဆင်း ၍၊ မြေ ကန့်လန့်ကျင် အတွင်း၌ အစဉ် အမြဲပိတ်ထားသော်လည်း ၊ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် အသက် ကို ပျက်စီး ရာမှ ကယ်ဆယ် တော်မူလိမ့်မည်။
I went down to the bottoms of the mountains. The earth with its bars closed upon me forever. Yet thou have brought up my life from the pit, O Jehovah my God.
7 ၇ အကျွန်ုပ် သည် စိတ်ပျက် သောအခါ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ အကျွန်ုပ် ၏ပဌနာ သည် သန့်ရှင်း သော ဗိမာန် တော်၌ ကိုယ်တော် ထံ သို့ဝင် ပါ၏။
When my soul fainted within me, I remembered Jehovah. And my prayer came in to thee, into thy holy temple.
8 ၈ မုသာ အနတ္တ ကို မှီဝဲ သောသူတို့သည် မိမိ တို့ ကရုဏာ ခံရာအကြောင်းကို စွန့်ပစ် ကြပါ၏။
Those who regard lying vanities forsake their own mercy.
9 ၉ အကျွန်ုပ် မူကား ၊ ကျေးဇူး တော်ကို ချီးမွမ်းသော စကား နှင့် ကိုယ်တော် အား ယဇ် ပူဇော်ပါမည်။ သစ္စာ ဂတိ ထားသည်အတိုင်း သစ္စာဝတ် ကို ပြုပါမည်။ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့် ချမ်းသာ ရပါသည်ဟု ဆုတောင်းလေ၏။
But I will sacrifice to thee with the voice of thanksgiving. I will pay that which I have vowed. Salvation is of Jehovah.
10 ၁၀ ထိုအခါ ငါး ကြီးသည် ထာဝရဘုရား ၏ အမိန့် တော်ကိုခံ ၍ ယောန ကို ကုန်း ပေါ် သို့ အန် လေ၏။
And Jehovah spoke to the sea creature, and it vomited Jonah out upon the dry land.