< ယောဟန် 9 >
1 ၁ လမ်း၌သွား တော်မူစဉ်၊ အမိ ဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ တစ်ယောက်ကို တွေ့မြင် တော်မူ၏။
Now as He was passing by He saw a man blind from birth.
2 ၂ တပည့် တော်တို့က၊ အရှင် ဘုရား၊ ဤသူ သည် အဘယ်သူ ၏အပြစ် ကြောင့် ကန်းသနည်း။ ကိုယ်အပြစ် ကြောင့် ကန်းသလော။ မိဘ အပြစ်ကြောင့် ကန်း သလောဟု မေးလျှောက် ကြ၏။
And His disciples asked Him saying, “Rabbi, who sinned, this man or his parents, in that he was born blind?”
3 ၃ ယေရှု ကလည်း၊ ကိုယ် အပြစ် ကြောင့်မ ဟုတ်။ မိဘ အပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင် ၏ အမှု တော်ကို သူ ၌ ထင်ရှား စေမည်အကြောင်း တည်း။
Jesus answered: “Neither this man nor his parents sinned, but so that the works of God might be displayed in him.
4 ၄ ငါ့ ကို စေလွှတ် တော်မူသော သူ ၏အမှု ကို နေ့ အချိန်၌ရှိ စဉ် တွင် ငါ ပြု ရ မည်။ အဘယ်သူ မျှအမှု မပြုနိုင် သော အချိန် တည်းဟူသောညဉ့် အချိန်လာ သေး၏။
I must accomplish the works of Him who sent me while it is day; night is coming when no one can work.
5 ၅ ငါ သည် ဤလောက ၌ ရှိ စဉ် တွင် ဤလောက ၏အလင်း ဖြစ်၏ ဟု မိန့် တော်မူပြီးလျှင်၊
While I am in the world, I am the Light of the world.”
6 ၆ မြေ ပေါ်မှာထွေး ၍ တံထွေး နှင့်ရွှံ့ လုပ် ပြီးမှ၊ ကန်းသောသူ၏ မျက်စိ ကိုရွှံ့ နှင့်လူး ၍ ၊
Upon saying these things He spat on the ground and made mud with the saliva, and spread the mud on the blind man's eyes.
7 ၇ သင်သွား လော့။ ရှိလောင် ရေကန် ၌ မျက်စိကိုဆေး လော့ ဟု မိန့် တော်မူ၏။ ရှိလောင်အနက် ကား စေလွှတ် သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား ၍ ဆေး ပြီးမှ၊ မျက်စိမြင် လျက် ပြန် လေ၏။
And He said to him, “Go wash in the pool of Siloam” (which is translated, ‘Sent’). So he went and washed, and came away seeing!
8 ၈ သူ သည် သူတောင်းစား ဖြစ် သည်ကို အိမ်နီးချင်း မှစ၍ မြင် ဘူး သောသူ တို့က၊ ဤသူ သည် ထိုင် ၍ တောင်း သောသူ မ ဟုတ် လောဟု ဆို ကြ၏။
Then the neighbors and those who previously had seen that he was blind started saying, “Isn't this the man who sat begging?”
9 ၉ လူအချို့ က၊ ဟုတ်ကဲ့ ဟုဆို ကြ၏။ အချို့ ကလည်း၊ ထိုသူ နှင့်တူ သည်ဟု ဆို ကြ၏။ ထိုသူ ကလည်း၊ အကျွန်ုပ် သည် ထိုသူပင်ဖြစ် သည်ဟုဆို ၏။
Others said, “This is he”; still others, “He is like him.” He kept saying, “I'm the one!”
10 ၁၀ သူ တို့ကလည်း၊ အဘယ်သို့ သင် ၏မျက်စိ ပွင့် သနည်းဟု မေးမြန်း ကြလျှင်၊
So they said to him, “How were your eyes opened?”
11 ၁၁ ထိုသူ က၊ ယေရှု အမည် ရှိသောသူ တစ်ယောက်သည် ရွှံ့ လုပ် ၍ ကျွန်ုပ် မျက်စိ ကိုလူး ပြီးမှ၊ ရှိလောင် ရေကန်သို့ သွား ၍ မျက်စိကိုဆေး လောဟုဆို သည်အတိုင်း အကျွန်ုပ်သွား ၍ ဆေး လျှင် မျက်စိမြင် သည်ဟုဆို ၏။
He answered and said: “A man called Jesus made mud and anointed my eyes and said to me, ‘Go to the pool of Siloam and wash.’ So when I went and washed, I saw!”
12 ၁၂ လူများကလည်း၊ ထိုသူ သည် အဘယ်မှာ ရှိ သနည်းဟု မေးမြန်း ကြလျှင်၊ အကျွန်ုပ်မ သိ ဟုဆို ၏။
Then they said to him, “Where is He?” He says, “I don't know.”
13 ၁၃ လူများသည် မျက်စိ ကန်းဘူးသော ထိုသူ ကို ဖာရိရှဲ တို့ထံသို့ ပို့ ကြ၏။
They bring the man who was formerly blind to the Pharisees.
14 ၁၄ ယေရှု သည် ရွှံ့ လုပ် ၍ သူ ၏မျက်စိ ကို ပွင့် တော်မူသောနေ့ သည် ဥပုသ်နေ့ ဖြစ် သတည်း။
(Now it was a Sabbath when Jesus made the mud and opened his eyes.)
15 ၁၅ တစ်ဖန် ဖာရိရှဲ တို့ကအဘယ်သို့ ၊သင်၏မျက်စိမြင် သနည်းဟုမေးမြန်း ပြန်လျှင်၊ အကျွန်ုပ် မျက်စိ ၌ သူ သည် ရွှံ့ ကိုထည့် ၍ အကျွန်ုပ်ဆေး လျှင် မျက်စိမြင် သည်ဟုဆို ၏။
So once again the Pharisees also asked him how he had received his sight. So he said to them, “He put mud on my eyes, and I washed, and I see.”
16 ၁၆ ဖာရိရှဲ အချို့ တို့က၊ ထိုသူသည် ဥပုသ် မ စောင့် ။ ဘုရားသခင် စေလွှတ်တော်မူသောသူ မ ဟုတ် ဟု ဆို ကြ ၏။ အချို့ တို့က၊ ဆိုး သောသူသည် ဤသို့သော နိမိတ် လက္ခဏာတို့ကို အဘယ်သို့ ပြ နိုင် မည်နည်းဟု ဆို ကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။
Then some of the Pharisees said, “This man cannot be from God, because he does not keep the Sabbath,” Others were saying, “How can a sinful man do such signs?” And there was a division among them.
17 ၁၇ တစ်ဖန် မျက်စိ ကန်းဘူးသောသူ အား၊ သင် ၏မျက်စိ ကိုဖွင့် သောသူ သည် အဘယ်သို့သောသူဖြစ်သနည်း ဟု မေး ကြလျှင် ၊ ပရောဖက် ဖြစ် သည်ဟုဆို ၏။
So they address the blind man again, “What do you say about him, in that he opened your eyes?” He said, “He is a prophet.”
18 ၁၈ ထိုသူသည် အထက်မျက်စိ မမြင်၊ နောက်မှ မျက်စိမြင် သည်ကို ယုဒ လူတို့သည် မ ယုံ ကြသဖြင့် သူ၏ မိဘ ကိုခေါ် ၍ ၊
However the Jews did not believe concerning him that he was blind and received sight until they summoned the parents of the one who had received sight.
19 ၁၉ ဤသူ သည် သင် တို့ဆို သည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိ ကန်းသော သင် တို့၏ သား မှန် လော။ သို့မှန်လျှင် အဘယ်သို့ ယခု မျက်စိမြင် သနည်းဟု မေး ကြ၏။
And they asked them saying: “Is this your son, whom you say was born blind? How then does he now see?”
20 ၂၀ မိဘ တို့ကလည်း၊ ဤသူ သည် အကျွန်ုပ် တို့၏ သား မှန် သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို၎င်း ၊ အကျွန်ုပ်တို့ သိ ကြပါ၏။
So his parents answered them and said: “We know that this is our son, and that he was born blind;
21 ၂၁ အဘယ်ကြောင့် မျက်စိမြင် သည်ကို၎င်း ၊ အဘယ်သူ သည်သူ၏ မျက်စိ ကိုဖွင့် သည်ကို၎င်း၊ အကျွန်ုပ် တို့ မ သိ ကြပါ။ သူ သည် အသက် အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ ကိုမေး ကြပါလော့။ သူ သည်ကိုယ် အကြောင်း ကို ကိုယ်တိုင်ပြော ပါလိမ့်မည်ဟု ပြန်ပြော ကြ၏။
but by what means he now sees we don't know, or who opened his eyes we don't know. He is of age. Ask him. He will speak for himself.”
22 ၂၂ ဤသို့ ပြော သည်အကြောင်း ကား၊ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံ သောသူ မည်သည်ကို တရားစရပ် မှနှင်ထုတ်ရ မည်ဟု ယုဒ လူတို့သည် တိုင်ပင် စီရင်ကြနှင့် ပြီ။
His parents said these things because they feared the Jews, because the Jews had already agreed that if anyone confessed Him to be Christ he would be barred from the synagogue.
23 ၂၃ ထိုကြောင့် မိဘ တို့က၊ သူ သည် အသက် အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ ကိုမေး ကြလော့ဟု ယုဒ လူတို့ကို ကြောက် ၍ ပြော ကြ၏။
That is why his parents said, “He is of age; ask him.”
24 ၂၄ ထိုကြောင့် ၊ မျက်စိ ကန်းဘူးသောသူ ကို ဒုတိယ အကြိမ်ခေါ် ၍ ဘုရားသခင် ကို ချီးမွမ်း လော့။ ထို သူ သည် လူဆိုး ဖြစ် ကြောင်း ကို ငါ တို့သိ ၏ဟုဆို ကြလျှင်၊
So they summoned the man who had been blind a second time and said to him: “Give glory to God! We know that this man is a sinner.”
25 ၂၅ လူဆိုး ဖြစ် သည်မ ဖြစ်သည်ကို အကျွန်ုပ်မသိ ။ အကျွန်ုပ်သည် အထက်ကမျက်စိ ကန်း၍ ယခု မျက်စိမြင် သည်အကြောင်းတစ်ခု ကို အကျွန်ုပ်သိ သည်ဟုဆို ၏။
So he answered and said: “That He is a sinner, I do not know. One thing I do know, that having been blind I now see!”
26 ၂၆ တဖန်သူတို့က၊ သူသည်သင် တို့၌ အဘယ်သို့ ပြု သနည်း။ သင် ၏ မျက်စိ ကိုအဘယ်သို့ ဖွင့် သနည်းဟု မေး ကြလျှင်၊ အကျွန်ုပ်တစ်ခါပြော ပြီ၊ သင် တို့နားမ ကြား ကြ။
So they said to him again: “What did he do to you? How did he open your eyes?”
27 ၂၇ အဘယ်ကြောင့် တစ်ဖန် ကြား ချင် သနည်း။ သူ့ တပည့် ဖြစ် ချင်သလောဟု ဆို ကြ၏။
He answered them: “I already told you and you didn't listen. Why do you want to hear it again? You don't want to become His disciples too, do you?”
28 ၂၈ ထိုသူတို့ကလည်း၊ သင် သည်သူ့ တပည့် ဖြစ် ၏။ ငါ တို့မူကား မောရှ ၏တပည့် ဖြစ် ကြ၏။
They reviled him and said: “You are that fellow's disciple, but we are Moses' disciples.
29 ၂၉ ဘုရားသခင် သည်မောရှ ၌ ဗျာဒိတ် ထားတော်မူကြောင်း ကို ငါ တို့ သိ ကြ၏။ ထိုသူ သည် အဘယ် ကဖြစ် သည်ကို မ သိ ဟုကဲ့ရဲ့ ၍ ပြောဆို ကြလျှင်၊
We know that God spoke to Moses; but this fellow—we don't know where he's from.”
30 ၃၀ သူသည် အကျွန်ုပ် မျက်စိ ကိုဖွင့် သော်လည်း အဘယ် ကဖြစ် သည်ဟု သင် တို့မ သိ ကြသည်ကို အံ့ဩဘွယ် ရှိ ၏။
The man answered and said to them: “Why, this is remarkable—you don't know where He is from; yet He opened my eyes!
31 ၃၁ ဘုရားသခင် သည် လူဆိုး တို့ စကားကိုနားထောင် တော်မ မူသည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ကို ရိုသေလေးမြတ်၍ အလို တော်ကို လိုက် သောသူဖြစ် လျှင် ထိုသူ ၏စကားကို နားထောင် တော်မူ၏။
Now we know that God doesn't listen to sinners; but if anyone is God-fearing and does His will, to him He listens.
32 ၃၂ အမိဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ ကိုမျက်စိ မြင် စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာ ဦးမှစ၍ မ ကြား စဖူး။ (aiōn )
Since time began it was never heard that anyone opened the eyes of a person born blind. (aiōn )
33 ၃၃ ထိုသူ သည်ဘုရားသခင် စေလွှတ် တော်မူသောသူမ ဟုတ် လျှင် အဘယ် အမှုကိုမျှမ တတ် နိုင် ဟုပြောဆို ၏။
If this man were not from God he would not be able to do anything.”
34 ၃၄ ထိုသူ တို့ကလည်း ၊ သင် သည် မွေး စကပင်တစ်ကိုယ်လုံး ၌ ဒုစရိုက် အပြစ်စွဲသောသူဖြစ်လျက် နှင့် ငါ တို့ကို ဆုံးမ ပါသည်တကားဟု ပြောဆို ကြပြီးလျှင် ၊ ထိုသူ ကို တရားစရပ်မှနှင်ထုတ် ကြ၏။
They answered and said to him, “You were totally born in sins, and you are teaching us?” And they expelled him.
35 ၃၅ နှင်ထုတ် သည်အကြောင်း ကို ယေရှု သည်ကြား ပြီးမှထိုသူ ကိုတွေ့ တော်မူလျှင်၊ သင် သည် ဘုရားသခင် သား တော်ကို ယုံကြည် သလော ဟု မေး တော်မူ၏။
Jesus heard that they had expelled him, and finding him He said to him, “Do you believe into the Son of God?”
36 ၃၆ သခင် ၊ အကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏သား တော်ကား အဘယ်သူ နည်းဟု မေးလျှောက် သော်၊
He answered and said, “And who is He, Lord, that I may believe into Him?”
37 ၃၇ ယေရှု က၊ သင်သည် ထိုသူ ကိုမြင် ခဲ့ပြီးသာမက ၊ သင် နှင့် ယခု စကားပြော သောသူ သည် ဘုရားသခင်၏ သားတော်ဖြစ် သည် ဟု မိန့် တော်မူလျှင်၊
So Jesus said to him, “You have both seen Him and He is the One who is speaking with you.”
38 ၃၈ သခင် ၊ အကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက် ၍ ညွတ်ပြပ် ကိုးကွယ်လေ၏။
So he said, “Lord, I believe!” And he worshiped Him.
39 ၃၉ ထိုအခါ ယေရှု ကလည်း ၊ မျက်စိမ မြင် သောသူ သည် မြင် စေခြင်းငှာ ၎င်း ၊ မြင် သောသူကို မျက်စိ ကန်းစေခြင်းငှာ၎င်း၊ ငါ သည် တရားစီရင် ၍ ဤ လောက သို့ ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
And Jesus said, “I came into this world for judgment, so that those who do not see may see, and those who ‘see’ may become blind.”
40 ၄၀ အထံ တော်၌ ရှိ သောဖာရိရှဲ အချို့တို့သည် ထို စကားကိုကြား လျှင်၊ ငါ တို့သည် မျက်စိ ကန်းသလောဟု မေး ကြ၏။
And some of the Pharisees who were with Him heard these words and said to Him, “We aren't blind too, are we?”
41 ၄၁ ယေရှု က လည်း၊ သင်တို့ သည် မျက်စိကန်း သည်မှန်လျှင် အပြစ် မ ရှိ ၊ ငါတို့မျက်စိမြင် သည် ဟု ယခု ဆို ကြ၏။ ထိုကြောင့် သင် တို့၌အပြစ် တည် သည် ဟု မိန့် တော်မူ၏။
Jesus said to them: “If you were ‘blind’ you would not have sin. But now you say, ‘We see,’ so your sin remains.