< ယောဟန် 8 >

1 ယေရှု သည်လည်း သံလွင် တောင် သို့ ကြွ တော်မူ၏။
but Jesus went to the Mount of Olives.
2 နံနက် စောစောဗိမာန် တော်သို့ တစ်ဖန် ကြွ တော်မူ၍ လူ အပေါင်း တို့သည် အထံ တော်သို့ လာ ကြ၏။ ထိုအခါ ထိုင် တော်မူ၍ ဆုံးမ ဩဝါဒပေးစဉ်တွင်၊
Early in the morning he returned to the temple, and all the people having come to him, he sat down and taught them.
3 မှားယွင်း ခြင်းအမှုကို ပြုလျက်နေသောမိန်းမ တစ်ယောက်ကိုတွေ့ လျှင်၊ ကျမ်းပြု ဆရာတို့နှင့် ဖာရိရှဲ တို့ သည်ခေါ် ခဲ့၍ အလယ် ၌ ထား ပြီးမှ၊
Then the Scribes and Pharisees brought to him a woman, taken in adultery; and having placed her in the middle,
4 အရှင် ဘုရား၊ ဤ မိန်းမ သည်မှားယွင်း ခြင်းအမှုကို ပြု စဉ်တွင်ပင် တွေ့မိ ပါသည်။
said to him, Rabbi, this woman was surprised in the act of adultery.
5 ထိုသို့သော မိန်းမကို ကျောက်ခဲ နှင့်ပစ်ရမည်ဟု မောရှေ သည်အကျွန်ုပ် တို့အား ပညတ် တရား၌ စီရင် ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော် သည် အဘယ်သို့ မိန့် တော်မူမည်နည်းဟု လျှောက် ကြ၏။
Now Moses has commanded in the law, that such should be stoned; and what do you say?
6 ထိုသို့ လျှောက်ကြသော်၊ ကိုယ်တော် ၌ အပြစ်တင် ခွင့်ရ စေခြင်းငှာ ၊ စုံစမ်း နှောင့်ရှက်သောအားဖြင့်လျှောက် ကြ၏။ ယေရှု သည် အောက် သို့ငုံ့ လျက် လက်ညှိုး တော်နှင့် မြေ ၌ ရေးသား ၍နေတော်မူ၏။
They said this to try him, that they might have matter for accusing him. But Jesus, having stooped down, was writing with his finger, upon the ground.
7 ထိုသူတို့သည် အထပ်ထပ်မေးလျှောက် ကြသောအခါ ကိုယ်ကိုလှန် တော်မူ၍ ၊ သင် တို့တွင် အပြစ် ကင်းသောသူ သည် ရှေးဦးစွာ ကျောက်ခဲ နှင့်ပစ် စေ ဟု မိန့် တော်မူပြီးမှ၊
As they continued asking him, he raised himself, and said to them, Let him who is sinless, amongst you, throw the first stone at her.
8 တစ်ဖန် အောက်သို့ငုံ့ ၍ မြေ ၌ ရေးသား တော်မူပြန်၏၊
Again, having stooped down, he wrote upon the ground.
9 ထိုသူ တို့သည်ကြား ရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီး သောသူ မှစ၍ အငယ်ဆုံးသောသူတိုင်အောင်တစ် ယောက်နောက် တစ် ယောက်ထွက်သွား ကြ၏။ ယေရှုသည် တစ်ယောက်တည်း ကျန်ရစ် တော်မူ၍ ၊ မိန်းမ သည်အလယ် ၌ ရပ်နေ ၏။
They, hearing that, withdrew, one after another, the eldest first, till Jesus was left alone, with the woman standing in the middle.
10 ၁၀ ထိုအခါယေရှု သည် ကိုယ်ကိုလှန် တော်မူပြန်၍ ၊ ထိုမိန်းမမှတစ်ပါးအဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ ၊ သင့် ကို အပြစ်တင်သောသူတို့သည် အဘယ်မှာ ရှိ ကြသနည်း။ သင်၏အမှုကိုအဘယ်သူ မျှမစီရင် လော ဟုမေး တော်မူ၏။
Jesus, raising himself, and seeing none but the woman, said to her, Woman, where are those, your accusers? Has no person passed sentence on you?
11 ၁၁ ထိုမိန်းမ ကလည်း အဘယ်သူ မျှမစီရင်ပါသခင် ဟု လျှောက် ၏။ ငါ သည်လည်းသင် ၏အမှုကို မ စီရင် ။ သွား လော့။ နောက်တစ်ဖန်ဒုစရိုက် ကို မ ပြုနှင့် ဟု မိန့် တော်မူ၏။
She answered, No person, Sir. Jesus said to her, Neither do I pass sentence on you. Go, and sin no more.
12 ၁၂ တဖန်တုံ ယေရှု က၊ ငါ သည် ဤလောက ၏အလင်း ဖြစ် ၏။ ငါ့ နောက်သို့ လိုက် သောသူ သည်မှောင်မိုက် ၌ မ သွား မလာ။ အသက် ၏အလင်း ကိုရ လိမ့်မည် ဟု မိန့် တော်မူ၏။
Again Jesus addressed the people, saying, I am the light of the world. He who follows me, shall not walk in darkness, but shall have the light of life.
13 ၁၃ ဖာရိရှဲ တို့ကလည်း၊ သင် သည် ကိုယ် အကြောင်း ကို သက်သေခံ ၏၊ သင် ၏သက်သေ မ တည် ဟု ဆို ကြ၏။
The Pharisees therefore retorted, You testify concerning yourself; your testimony is not to be regarded.
14 ၁၄ ယေရှု ကလည်း ၊ ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ သော်လည်း ၊ ငါ့ သက်သေ တည် ၏။ အကြောင်းမူကား ၊ ငါသည်အဘယ် အရပ်က လာ သည်ကို၎င်း ၊ အဘယ် အရပ်သို့သွား သည်ကို၎င်း ငါသိ ၏။ သင် တို့မူကား မ သိ ကြ။
Jesus answered, Though I testify concerning myself, my testimony ought to be regarded; because I know whence I came, and whither I go. As for you, you know not whence I came, and whither I go.
15 ၁၅ သင် တို့သည် ဇာတိ ပကတိအတိုင်း စီရင် တတ်ကြ၏။ ငါ့ မူကား အဘယ်သူ ကိုမျှမ စီရင် ။
You judge from passion; I judge no person:
16 ၁၆ ငါ သည်စီရင် သော်လည်း ငါ ၏စီရင် ခြင်းသည် တည် ၏။ အကြောင်းမူကား ငါသည် တစ်ယောက်တည်း နေ သည်မ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောခမည်းတော် သည် ငါ့ ဘက်၌နေတော်မူ၏။
and if I do, my judgment ought to be regarded, for I am not alone, but concur with the Father, who sent me.
17 ၁၇ သက်သေခံ နှစ် ဦးတို့၏စကားသည် တည် ရ၏ဟု သင် တို့ပညတ္တိ ကျမ်းစာ၌ လာ ၏။
It is a maxim in your law, that the concurrent testimony of two is credible.
18 ၁၈ ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ သောသူ ဖြစ် ၏။ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည်လည်း ငါ့ အကြောင်း ကို သက်သေခံ တော်မူသည် ဟု မိန့် တော်မူ၏။
Now I am one who testify concerning myself; the Father that sent me is another that testifies of me.
19 ၁၉ ထိုသူတို့ကလည်း၊ သင် ၏ခမည်းတော် သည် အဘယ်မှာ ရှိ သနည်းဟု မေး ကြ၏။ ယေရှု ကလည်း၊ သင်တို့သည် ငါ့ ကိုမ သိကြ ။ ငါ့ ခမည်းတော် ကိုလည်း မ သိကြ။ ငါ့ ကိုသိ လျှင် ငါ့ ခမည်းတော် ကိုလည်း သိ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
Then they asked him, Where is your Father? Jesus answered, You know neither me nor my Father: if you knew me, you would know my Father also.
20 ၂၀ ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ် ဤ စကား တော်ကို ဘဏ္ဍာတိုက် မှာ မိန့်မြွတ် တော်မူ၏။ ကိုယ်တော် ၏အချိန် မ စေ့ မရောက်သေးသောကြောင့် အဘယ်သူ ကိုမျှကိုယ်တော် ကိုမဖမ်းဆီး ကြ။
These things he spoke in the treasury, as he taught in the temple, and no person seized him, his hour not being yet come.
21 ၂၁ တစ်ဖန် ယေရှုက၊ ငါ သည်သွား ရမည်။ သင်တို့သည်ငါ့ ကိုရှာ ကြလိမ့်မည်။ ကိုယ် အပြစ် ၌ လည်း သေ ကြ လိမ့်မည်။ ငါ သွား ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြ ဟု မိန့် တော်မူ၏။
Again, Jesus said to them, I am going away; you will seek me, and shall die in your sins; whither I go, you can not come.
22 ၂၂ ယုဒ လူတို့ကလည်း ၊ ငါ သွား ရာအရပ် သို့သင် တို့ မ ရောက် နိုင် ကြဟုသူသည်ဆို သော်၊ ကိုယ် အသက်ကို သတ် မည်လောဟု ဆို ကြ၏။
Then said the Jews, Will he kill himself, that he says, Whither I go, you can not come?
23 ၂၃ ယေရှုကလည်း၊ သင် တို့သည် အောက် သားဖြစ် ကြ၏။ ငါ မူကား အထက် သားဖြစ် ကြ၏။ သင် တို့သည် လောကီသား ဖြစ် ကြ၏။ ငါ မူကား လောကီသား မ ဟုတ် ။
He said to them, You are from beneath; I am from above. You are of this world; I am not of this world;
24 ၂၄ ထိုကြောင့် သင် တို့သည် ကိုယ် အပြစ် ၌ သေ ကြလိမ့်မည်ဟုငါဆို ၏။ ငါ သည်ဤမည်သောသူဖြစ် သည်ကို သင် တို့သည်မ ယုံလျှင် ၊ ကိုယ် အပြစ် ၌ သေ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
therefore I said, You shall die in your sins; for if you believe not that I am he, you shall die in your sins.
25 ၂၅ ထိုသူတို့ကလည်း။ သင် သည်အဘယ်သူ နည်းဟုမေး လျှင် ၊ ယေရှု က၊ ငါသည်သင် တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ်၏။
They, therefore, asked him, Who are you? Jesus answered, The same that I told you formerly.
26 ၂၆ သင် တို့အမှု ၌ ငါပြောဆို စီရင် စရာများစွာ ရှိ၏ ။ သို့သော်လည်း ငါ့ ကိုစေလွှတ် သောသူ သည်သစ္စာ နှင့် ပြည့်စုံ တော်မူ၏။ သူ ၏အထံ တော်၌ ငါ ကြား သမျှကိုသာ ဤလောက ၌ ငါဟောပြော သည် ဟု မိန့် တော်မူ၏။
I have many things to say of you, and to reprove in you: but he who sent me is worthy of belief; and I do but publish to the world what I have learned from him.
27 ၂၇ ခမည်းတော် ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မ ရိပ်မိ ကြ။
They did not perceive, that he meant the Father.
28 ၂၈ ထိုကြောင့် ယေရှု က၊ သင်တို့သည် လူ သား ကိုမြှောက် ထားသောအခါ ၊ ငါ သည်ဤမည်သောသူဖြစ် သည် ကို၎င်း ၊ ငါသည် ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမပြု ဘဲ၊ ငါ့ခမည်းတော် သည် ငါ အား နည်းပေး တော်မူသည်အတိုင်း ငါဟောပြော သည်ကို၎င်း သင်တို့သည် သိ ကြလိမ့်မည်။
Jesus, therefore, said to them, When you shall have raised the Son of Man on high, then you shall know what I am; and that I do nothing of myself, and say nothing which the Father has not taught me.
29 ၂၉ ငါ့ ကိုစေလွှတ် တော်မူသောသူ သည် ငါ နှင့်အတူ ရှိ တော်မူ၏။ ငါ့ ကို တစ်ကိုယ် တည်းနေစေခြင်းငှာခမည်းတော်သည် စွန့်ပစ်တော် မ မူ။ အကြောင်းမူကား ၊ နှစ်သက် တော်မူသောအမှု ကို အစဉ်မပြတ် ငါ ပြု သည် ဟု မိန့် တော်မူ၏။
And he who sent me is with me. The Father has not left me alone, because I always do what pleases him.
30 ၃၀ ထို စကားတော်ကို မိန့် တော်မူစဉ်၊ လူ များတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
While he spoke thus, many believed on him.
31 ၃၁ ထိုအခါ ယေရှု က၊ သင်တို့သည် ငါ ၏ဒေသနာ ၌ တည် လျှင် ငါ့ တပည့် အမှန် ဖြစ် ကြ၏။
Jesus, therefore, said to those Jews who believed on him, If you persevere in my doctrine, you are my disciples indeed.
32 ၃၂ သမ္မာတရား ကိုလည်း သိ ကြသဖြင့် ၊ ထိုတရား သည် သင် တို့ကို လွှတ် လိမ့်မည် ဟု၊ ယုံကြည် သော ယုဒ လူတို့အား မိန့် တော်မူ၏။
And you shall know the truth: and the truth shall make you free.
33 ၃၃ ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံ အမျိုး ဖြစ် ကြ၏။ အဘယ်သူ ထံ၌တရံတခါမျှ ကျွန် မ ခံကြ။ လွှတ် လိမ့်မည် ဟု၍ သင် သည်အဘယ်သို့ ပြောဆို သနည်းဟု မေးမြန်း ကြ၏။ ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊
Some made answer, We are Abraham's offspring, and were never enslaved to any man. How do you say, You shall be made free?
34 ၃၄ ဒုစရိုက် ကို ပြု သမျှ သောသူတို့သည် ဒုစရိုက် ကျွန် ဖြစ် ၏။
Jesus replied, Most assuredly, I say to you, whosoever commits sin is a slave of sin.
35 ၃၅ ကျွန် သည်ကား အိမ် ၌ အစဉ်အမြဲ နေ သည်မ ဟုတ်။ သား မူကား အစဉ်အမြဲ နေ ၏။ (aiōn g165)
Now the slave abides not in the family perpetually, the Son abides perpetually. (aiōn g165)
36 ၃၆ ထိုကြောင့် သား သည် သင် တို့ကိုလွှတ် လျှင် ၊ သင်တို့သည် ဧကန်အမှန် လွတ် ကြလိမ့်မည် ။
If, therefore, the Son make you free, you will be free indeed.
37 ၃၇ သင် တို့သည် အာဗြဟံ အမျိုး ဖြစ်ကြသည်ကို ငါသိ ၏။ သို့သော်လည်း ငါ ၏ဒေသနာ သည် သင်တို့၌ တည် နေရာကိုမ ရသောကြောင့် သင်တို့သည် ငါ့ ကို သတ် အံ့သောငှာရှာကြံ ကြ၏။
I know that you are Abraham's offspring, yet you seek to kill me, because my doctrine has no place in you.
38 ၃၈ ငါသည်ငါ့ ခမည်းတော် ထံ၌ မြင် ခဲ့ပြီးသည့်အတိုင်း ဟောပြော ၏။ သင်တို့သည် သင် တို့၏အဘ ထံ၌ မြင် ခဲ့ပြီးသည်အတိုင်း ပြု ကြ၏ ဟု မိန့် တော်မူ၏။
I speak what I have seen with my Father: and you do what you have learned from your father.
39 ၃၉ ထိုသူ တို့ကလည်း ၊ အာဗြဟံ သည် ငါ တို့အဘ ဖြစ် ၏ ဟု ဆို ကြ ၏။ ယေရှု ကလည်း၊ သင်တို့သည် အာဗြဟံ ၏သား မှန် လျှင် အာဗြဟံ ၏အကျင့် ကို ကျင့် ကြလိမ့်မည်။
They answered, Abraham is our Father. Jesus replied, If you were Abraham's children, you would act as Abraham acted.
40 ၄၀ ဘုရားသခင် အထံ တော်၌ ကြား ရသောသစ္စာ တရားကို သင် တို့အား ဟောပြော သောသူ တည်းဟူသောငါ့ ကိုသတ် အံ့သောငှာသင်တို့သည် ယခု ရှာကြံ ကြ၏။ အာဗြဟံ သည် ထိုနည်းတူကျင့် သည်မ ဟုတ်။
But now you seek to kill me, a man who has told you the truth, which I received from God. Abraham acted not thus.
41 ၄၁ သင်တို့သည် သင် တို့အဘ ၏အကျင့် ကို ကျင့် ကြ၏ ဟု မိန့် တော်မူ၏။ ထိုသူတို့ကလည်း၊ ငါ တို့သည် မျောက်မထား သောအမျိုး မ ဟုတ်။ ဘုရားသခင် တည်းဟူသောငါတို့အဘ တစ်ပါးတည်း ရှိ တော်မူသည်ဟု ဆို ကြ၏။
You do the deeds of your father. They answered, We were not born of fornication, We have one Father, even God.
42 ၄၂ ယေရှု ကလည်း၊ ဘုရားသခင် သည် သင် တို့အဘ မှန် လျှင် ။ သင်တို့သည် ငါ့ ကိုချစ် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ သည် ဘုရားသခင့် အထံ တော်မှ ထွက်ကြွ ရောက်လာ ၏။ ကိုယ် အလိုအလျောက်လာ သည် မ ဟုတ်။ ဘုရားသခင် သည်ငါ့ ကိုစေလွှတ် တော်မူ၏။
Jesus replied, If God were your Father, you would love me; for I proceeded, and am come from God. I came not of myself. He sent me.
43 ၄၃ အဘယ်ကြောင့် ငါ့ စကား ကို နား မ လည်ကြသနည်း။ ငါ ၏ ဒေသနာ ကိုနာ မ ခံမယူနိုင် သောကြောင့် သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။
Why do you not understand my language? It is because you can not bear my doctrine.
44 ၄၄ သင်တို့သည် သင် တို့အဘ တည်းဟူသောမာရ်နတ် မှ ဆင်းသက်ကြ၏။ သင် တို့အဘ ၏ အလို သို့လည်း လိုက် တတ်ကြ၏။ မာရ်နတ် သည် ရှေးဦးစွာ မှ ၍ လူ အသက်ကိုသတ်သောသူဖြစ် ၏။ သူ၌ သစ္စာ တရား မ ရှိ သောကြောင့် သစ္စာ တရား၌ မ တည် မနေ။ သူသည် မုသား စကားကိုပြော သောအခါ မိမိ ပကတိအတိုင်းပြော ၏။ မုသား စကား၌ ကျင်လည်သောသူဖြစ်၏။ မုသား ၏အဘ လည်း ဖြစ် ၏။
The devil is your father, and the desires of your father you will gratify: he was a manslayer from the beginning; he swerved from the truth, because there was no veracity in him. When he tells a lie, he speaks suitably to his character; for he is a liar, and the father of lying.
45 ၄၅ ငါ သည်သစ္စာ စကားကို ပြော သောကြောင့် သင်တို့မ ယုံ ကြ။
As for me, because I speak the truth, you do not believe me.
46 ၄၆ ငါ ၌ အပြစ် ရှိကြောင်း ကို သင် တို့တွင် အဘယ်သူ ဖော်ပြ သနည်း။ သစ္စာ စကားကိုငါပြော သည်မှန်လျှင် အဘယ်ကြောင့် သင် တို့ မ ယုံ ကြသနည်း။
Who of you convicts me of falsehood? And if I speak truth, why do you not believe me?
47 ၄၇ ဘုရားသခင် နှင့်စပ်ဆိုင် သောသူ သည်ဘုရားသခင် ၏စကား တော်ကို နားထောင် တတ်၏။ သင် တို့ သည် ဘုရားသခင် နှင့်မ စပ်ဆိုင်သောကြောင့် နား မ ထောင်ကြ ဟု မိန့် တော်မူ၏။
He who is of God, regards God's words. You regard them not, because you are not of God.
48 ၄၈ ယုဒ လူတို့ကလည်း ၊ သင် သည်ရှမာရိ လူဖြစ် ၏။ နတ်ဆိုး စွဲ သောသူလည်းဖြစ်၏ဟု ငါ တို့ပြော သော စကားသည် လျောက်ပတ် သည်မ ဟုတ်လောဟု ဆို ကြ၏။
The Jews then answered, Have we not reason to say, You are a Samaritan, and have a demon?
49 ၄၉ ယေရှု ကလည်း၊ ငါ သည်နတ်ဆိုး စွဲ သောသူမ ဟုတ်။ ငါ့ ခမည်းတော် ကိုချီးမြောက် ၏။ သင် တို့သည် ငါ့ ကို ရှုတ်ချ ကြ၏။
Jesus replied, I have not a demon: but I honor my Father, and you dishonor me.
50 ၅၀ ငါ သည် ကိုယ် ဘုန်း အသရေကိုမ ရှာ ။ ငါ၏ ဘုန်း အသရေကိုရှာ၍ စီရင် တော်မူသောသူ ရှိ သေး၏။
As for me, I seek not to promote my own glory; another seeks it, who judges.
51 ၅၁ ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည် ဟု မိန့် တော်မူ၏။ (aiōn g165)
Most assuredly, I say to you, whoever keeps my word, shall never see death. (aiōn g165)
52 ၅၂ ယုဒ လူတို့ကလည်း၊ သင်၌နတ်ဆိုး စွဲ သည်ကို ယခု ငါတို့သိ ကြ၏။ အာဗြဟံ မှစ၍ ပရောဖက် တို့သည် သေ လွန်ကြပြီ။ သင် မူကား ၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်ဟု ဆို ပါသည်တကား။ (aiōn g165)
The Jews then said to him, Now we are certain that you have a demon: Abraham is dead, and the prophets; yet you say, Whoever keeps my word, shall never taste death. (aiōn g165)
53 ၅၃ ငါ တို့အဘ အာဗြဟံ ထက် သင် သည် သာ၍ကြီးမြတ် သလော။ သူ သည်သေ ပြီ။ ပရောဖက် တို့လည်း သေ ကြပြီ။ သင် သည်အဘယ်သို့ သောသူ၏ အရောင်ကိုဆောင် သနည်းဟုဆို ကြ၏။
Are you greater than our Father Abraham, who is dead. The prophets also are dead: whom do you make yourself?
54 ၅၄ ယေရှု ကလည်း၊ ငါ သည်ကိုယ် ဂုဏ် ကိုပြလျှင် ၊ ငါ့ ဂုဏ် သည် အချည်းနှီး ဖြစ် ၏။ ငါ့ ခမည်းတော် သည် ငါ့ ဂုဏ် ကို ထင်ရှားစေတော်မူ၏။ ထို ဘုရားသခင် သည် ငါ တို့၏ဘုရားဟူ၍သင် တို့ခေါ် တော်မူတတ်ကြ၏။
Jesus answered, If I commend myself, my commendation is nothing: it is my Father, whom you call your God, who commends me.
55 ၅၅ သို့သော်လည်း ထိုဘုရားသခင် ကို သင်တို့မ သိ ကြ။ ငါ မူကား သိ ၏။ ငါမ သိ ဟုငါဆို လျှင် သင် တို့ကဲ့သို့ မုသာ သုံးသောသူဖြစ် လိမ့်မည်။ ထိုဘုရားသခင် ကို ငါသိ ၏။ ဘုရားသခင် ၏ စကား တော်ကိုလည်း နားထောင် ၏။
Nevertheless, you know him not; but I know him: and if I should say, I know him not, I should speak falsely like you: but I know him, and keep his word.
56 ၅၆ သင် တို့အဘ အာဗြဟံ သည် ငါ ကြွလာမည့်အချိန် ကာလကို မြော်မြင် ခြင်းငှာ အလွန်အလိုရှိ ၏။ မြင် ရသောအခါ ဝမ်းမြောက် ခြင်းသို့ရောက်သည် ဟု မိန့် တော်မူ၏။
Abraham, your father, rejoiced that he should see my day; and he did see it, and was glad.
57 ၅၇ ယုဒ လူတို့ကလည်း၊ သင်၏အသက်သည် အနှစ် ငါးဆယ် မျှမ ရှိ ဘဲလျက် သင်သည် အာဗြဟံ ကို မြင် လေပြီတကားဟု ဆို ကြ၏။
The Jews replied, You are not yet fifty years old, and you have seen Abraham?
58 ၅၈ ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ အာဗြဟံ မ ဖြစ် မှီငါ ဖြစ် ၏ ဟု မိန့် တော်မူ၏။
Jesus answered, Most assuredly, I say to you, before Abraham was born, I am.
59 ၅၉ ထိုအခါ ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။ ယေရှု သည် တိမ်းရှောင် ၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင်ဗိမာန် တော်မှ ထွက်ကြွ တော်မူ၏။
Then they took up stones to cast at him; but Jesus concealed himself, and went out of the temple.

< ယောဟန် 8 >