< ယောဟန် 7 >
1 ၁ ထိုနောက်မှ ယေရှု သည်ဂါလိလဲ ပြည်၌ လှည့်လည် တော်မူ၏။ ယုဒ လူတို့သည် ကိုယ်တော် ကို သတ် အံ့သောငှာရှာကြံ သောကြောင့် ၊ ယုဒ ပြည်၌ လှည့်လည် ခြင်းငှာအလို တော်မ ရှိ။
After this, Jesus traveled about in Galilee, for he would not reside in Judea, because the Jews sought to kill him.
2 ၂ ယုဒ လူတို့၏ သကေနေ ပွဲ ခံခါနီး တွင်၊
Now, the Jewish feast of tabernacles was near.
3 ၃ ညီ တော်တို့က၊ သင် ပြု သောအမှု တို့ကို တပည့် များတို့သည်မြင် စေခြင်းငှာဤအရပ် မှထွက် ၍ ယုဒပြည် သို့ ကြွ ပါ။
His brothers, therefore, said to him, Leave this country, and go to Judea, that your disciples may also see the works which you do.
4 ၄ ကျော်စော ကိတ္တိကို အလိုရှိ သောသူမည်သည်ကားမ ထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှမပြု တတ်။ ဤ အမှုတို့ကို သင်သည်ပြု လျှင် ။ ဤလောက ၌ ကိုယ် ကိုထင်ရှား စွာ ပြပါဟု၊
For whoever courts renown, does nothing in secret: since you perform such things, show yourself to the world.
5 ၅ မ ယုံကြည် သောကြောင့် ယေရှု အားဆို ကြ၏။
(For not even his brothers believed on him.)
6 ၆ ယေရှု ကလည်း၊ ငါ့ အချိန် မ ရောက် သေး။ သင် တို့ဘို့ ခပ်သိမ်း သောအချိန် သင့် လျက်ရှိ ၏။
Jesus answered, My time is not yet come; any time will suit you.
7 ၇ လောကီသား တို့သည် သင် တို့ကိုမ မုန်း နိုင် ။ ငါ့ ကိုမုန်း ကြ၏။ အကြောင်းမူကား ၊ ငါ သည်သူ တို့၏အကျင့် ဆိုးညစ် ကြောင်း ကို သက်သေခံ ၏။
The world can not hate you; but me it hates, because I disclose the wickedness of its actions.
8 ၈ ထိုပွဲ သို့ သင် တို့သွား ကြလော့။
Go you to this festival: I go not thither, because it is not my time.
9 ၉ ငါ မ သွား သေး။ ငါ့ အချိန် မ ပြည်စုံ သေး ဟု မိန့် တော်မူပြီးလျှင် ၊ ဂါလိလဲ ပြည်မှာ နေ တော်မူ၏။
Having said this, he remained in Galilee.
10 ၁၀ ညီ တော်တို့သွား ပြီးမှကိုယ်တော် သည် ထိုပွဲ သို့ မ ထင် မရှားကြွ တော်မူ၏။
But when his brothers were gone, he also went to the festival; not publicly, but rather privately.
11 ၁၁ ထို ပွဲ ၌ ယုဒ လူတို့က၊ ယေရှု သည်အဘယ်မှာ ရှိ သနည်းဟု မေးမြန်း ရှာဖွေ ကြ၏။
At the festival, the Jews inquired after him, and said, Where is he?
12 ၁၂ လူ အစုအဝေးတို့သည် ကိုယ်တော် ကိုအကြောင်း ပြု၍ အုတ်အုတ်သဲသဲ ဖြစ် ကြ၏။ အချို့ တို့က၊ သူ သည်သူတော်ကောင်း ဖြစ် သည်ဟူ၍၎င်း၊ အချို့ တို့က၊ သူတော်ကောင်းမ ဟုတ်၊ လူ များကိုလှည့်ဖြား သည်ဟူ၍၎င်း ဆို ကြ၏။
And there was much whispering among the people concerning him. Some said, He is a good man. Others, No; he seduces the multitude.
13 ၁၃ သို့သော်လည်း ယုဒ လူတို့ကို ကြောက် သောကြောင့် အဘယ်သူ မျှအတည့်အလင်း မပြော ဝံ့ကြ။
No person, however, spoke freely of him, for fear of the Jews.
14 ၁၄ ထိုပွဲ ကို ခံစဉ် တွင်၊ ယေရှု သည် ဗိမာန် တော်သို့ တက် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏၊
About the middle of the festival, Jesus went into the temple, and was teaching.
15 ၁၅ ယုဒ လူတို့သည် အံ့ဩ ၍ ၊ ဤသူ သည် စာ မ သင် ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆို ကြ၏။
And the Jews said with astonishment, Whence comes this man's learning, who was never taught?
16 ၁၆ ယေရှု ကလည်း၊ ငါ ဟောသောဒေသနာ သည် ငါ ၏ဒေသနာမ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ ဒေသနာဖြစ်၏။
Jesus made answer, My doctrine is not mine, but his who sent me.
17 ၁၇ ထိုသူ ၏အလို တော်သို့ လိုက် ချင်သောသူ မည်သည်ကား၊ ဤဒေသနာ သည်ဘုရားသခင် ၏ ဒေသနာ တော်ဖြစ် သလော၊ ငါ သည် ကိုယ် အလိုအလျောက် ဟောပြော သလောဟု ပိုင်းခြား၍သိ လိမ့်မည်။
If any one will do his will, he shall discern whether my doctrine proceeds from God, or from myself.
18 ၁၈ ကိုယ်အလိုအလျောက် ဟောပြော သောသူ သည်မိမိ ဘုန်း အသရေကိုရှာ တတ်၏။ မိမိ ကို စေလွှတ် တော်မူသောသူ ၏ ဘုန်း အသရေကိုရှာ သော သူ မူကား ၊ ယုံ လောက်သောသူ ဖြစ် ၏။ ထိုသူ ၌ မုသား မ ရှိ ။
Whosoever teaches what proceeds from himself, seeks to promote his own glory: whosoever seeks to promote the glory of him who sent him, deserves credit, and is a stranger to deceit.
19 ၁၉ မောရှ သည်ပညတ် တရားကို သင်တို့အား ပေး သည်မ ဟုတ်လော။ ထိုတရား ကို သင် တို့တွင် တစ်စုံတစ်ယောက် မျှမကျင့် ။ ငါ့ ကိုသတ် အံ့သောငှာအဘယ်ကြောင့် ရှာကြံ ကြသနည်း ဟု မိန့် တော်မူ၏။
Did not Moses give you the law? Yet none of you keeps the law. Why do you seek to kill me?
20 ၂၀ လူ အစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲ သောသူဖြစ် ၏။ သင့် ကို သတ် အံ့သောငှာအဘယ်သူ ရှာကြံ သနည်းဟု ဆိုကြ၏။
The people answered, You are possessed. Who seeks to kill you.
21 ၂၁ ယေရှု ကလည်း ၊ ငါပြု သောအမှု တစ်ခု ကို သင်တို့ရှိသမျှ သည် အံ့ဩ ခြင်းရှိကြ၏။
Jesus replied, I have performed one action, which surprises you all.
22 ၂၂ မောရှ သည် အရေဖျားလှီး ခြင်းတရားကို သင် တို့အား ပေး ၏။ ထိုသို့ဆိုသော်မောရှေ မှ အစစွာခံရ သည်ဟု မဆိုလို။ ဘိုးဘေး များမှ ဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့ ၌ သင်တို့သည်အရေဖျားလှီး ခြင်းကို ပေးကြ၏။
Moses instituted circumcision among you, (not that it is from Moses, but from the patriarchs, ) and you circumcise on the Sabbath.
23 ၂၃ မောရှေ ၏တရား မ ပျက် စေခြင်းငှာ လူ သည်ဥပုသ်နေ့ ၌ အရေဖျားလှီး ခြင်းကိုခံရ လျှင် ၊ ငါသည် ဥပုသ်နေ့ ၌ လူ တစ်ကိုယ်လုံး ကိုကျန်းမာ စေ သောကြောင့် ၊ သင် တို့သည် ငါ့ ကိုအမျက်ထွက်ရာသလော။
If, on the Sabbath, a man receive circumcision, that the law of Moses may not be violated; are you incensed against me, because, on the Sabbath, I have cured a man, whose whole body was disabled?
24 ၂၄ မျက်နှာ ကို သာကြည့် ၍မ စီရင် ကြနှင့်။ တရား သဖြင့် စီရင် ကြလော့ ဟု မိန့် တော်မူ၏။
Judge not from personal regards, but judge according to justice.
25 ၂၅ ထိုအခါ ယေရုရှလင် မြို့သားအချို့ ကလည်း၊ ဤ သူ ကိုသတ် အံ့သောငှာရှာ ကြသည်မ ဟုတ် လော။
Then some inhabitants of Jerusalem, said, Is not this he whom they seek to kill?
26 ၂၆ ကြည့် ပါ။ သူ သည်ထင်ရှား စွာဟောပြော ၍ အဘယ် မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူ သည် ခရစ်တော် ဖြစ် ကြောင်း ကို မင်း များတို့သည် အမှန် သိ ကြသလော။
Lo! he speaks boldly, and they say nothing to him. Do the rulers, indeed, acknowledge that this is the Messiah?
27 ၂၇ သို့သော်လည်း ဤ သူသည် အဘယ် ကဖြစ် သည်ကိုငါတို့သိ ကြ၏။ ခရစ်တော် သည် ကြွလာ တော်မူသောအခါ အဘယ် ကဖြစ် တော်မူသည်ကို အဘယ်သူ မျှမသိ ရဟု ဆို ကြ၏။
But we know whence this man is; whereas, when the Messiah shall come, no person will know whence he is.
28 ၂၈ ယေရှု ကလည်း၊ သင်တို့သည်ငါ့ ကိုသိ ကြ၏။ ငါအဘယ် ကဖြစ် သည်ကိုလည်း သိ ကြ၏။ သို့သော်လည်း ငါသည် ကိုယ် အလိုအလျောက်လာ သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ သည်သစ္စာ နှင့်ပြည့်စုံ တော်မူ၏။ ထိုသူ ကို သင် တို့မ သိ ကြ။
Jesus, who was then teaching in the temple, cried, Do you know both who, and whence I am? I came not of myself. But he is true, who sent me, whom you know not.
29 ၂၉ ငါ မူကားသိ ၏။ အကြောင်းမူကား ၊ ထိုသူ ၏ အထံ တော်မှ ငါ လာ၏။ သူ သည်လည်း ငါ့ ကိုစေလွှတ် တော်မူ၏ ဟု ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော် ၍ မိန့် တော်မူလျှင် ၊
As for me, I know him, because I came from him, and am commissioned by him.
30 ၃၀ ကိုယ်တော် ကို ဘမ်းဆီး ခြင်းအခွင့်ကိုရှာ ကြ၏။ သို့သော်လည်း ကိုယ်တော် ၏အချိန် မ စေ့ မရောက်သေး သောကြောင့် အဘယ်သူ မျှမဘမ်းဆီး ကြ။
Then they sought to apprehend him, but none laid hands on him; for his hour was not yet come.
31 ၃၁ လူ အစုအဝေးထဲ၌ ပါသောလူ များတို့သည် ယုံကြည် သည်ဖြစ်၍ ၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ ဤ သူပြ သော နိမိတ် လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာ တို့ကို ပြ တော်မူမည်လောဟု ဆို ကြ၏။
Many of the people, however, believed on him, and said, When the Messiah shall come, will he do more miracles than this man does?
32 ၃၂ ထိုသို့လူ များ အုတ်အုတ်သဲသဲ ဖြစ်ကြသည်ကို ဖာရိရှဲ တို့သည်ကြား လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့ နှင့် တိုင်ပင်ပြီးမှကိုယ်တော် ကို ဘမ်းဆီး စေခြင်းငှာ မင်း လုလင်တို့ကို စေလွှတ် ကြ၏။
When the Pharisees heard that the people muttered such things concerning him, they and the chief priests dispatched officers to seize him.
33 ၃၃ ယေရှု ကလည်း၊ ငါသည် သင် တို့နှင့်အတူ ခဏ သာနေ ပြီးလျှင် ၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ထံသို့ သွား ရမည်။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။
Jesus, therefore, said, Yet a little while I remain with you; then I go to him who sent me.
34 ၃၄ ရှာသော်လည်း မ တွေ့ ရကြ။ ငါ ရှိ ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြ ဟု မိန့် တော်မူလျှင် ၊
You shall seek me, but shall not find me; nor be able to come where I am.
35 ၃၅ ယုဒ လူတို့က၊ ငါ တို့ကိုမ တွေ့ စေခြင်းငှာ သူ သည် အဘယ် အရပ်သို့သွား လိမ့်မည်နည်း။ ဟေလသ လူ တို့တွင်အရပ်ရပ်သို့ ကွဲပြား လျက်နေသော သူတို့ရှိရာသို့ သွား ၍ ဟေလသ လူတို့အား တရား ဟောလိမ့်မည်လော။
The Jews said, among themselves, Whither will he go, that we shall not find him? Will he go to the dispersed Greeks, and teach the Greeks?
36 ၃၆ သင်တို့သည် ငါ့ ကို ရှာ ကြလိမ့်မည်။ ရှာသော်လည်း မ တွေ့ ရကြ။ ငါ ရှိ ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြဟူသောစကား သည် အဘယ်သို့ ဆိုလို သနည်းဟု အချင်းချင်း ဆိုကြ၏။
What does he mean, by saying, You shall seek me, but shall not find me, nor be able to get thither, where I shall be.
37 ၃၇ ထို ပွဲ ကိုခံ၍ နောက်ဆုံး ဖြစ်သောနေ့ မြတ် ၌ ယေရှု သည်ရပ် ၍ ကြွေးကြော် တော်မူသည်ကား၊ ရေငတ် သောသူ ရှိလျှင် ငါ့ ထံသို့ လာ ၍ သောက် လော့။
On the last, and greatest day of the festival, Jesus stood and cried, saying, If any man thirst, let him come to me, and drink.
38 ၃၈ ငါ့ ကိုယုံကြည် သောသူ သည် ကျမ်းစာ လာ သည်အတိုင်း အသက် ရေ ထွက် ရာစမ်း ရေတွင်း ဖြစ်လိမ့်မည် ဟု မိန့် တော်မူ၏။
He who believes on me, as the scripture says, shall be like a cistern, whence rivers of living waters shall flow.
39 ၃၉ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည် သောသူ တို့သည် ခံရ လတံ့သောဝိညာဉ် တော်ကို ရည်မှတ် ၍ မိန့် တော်မူ၏။ ယေရှု သည် ဘုန်းပွင့် တော်မ မူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ် တော်ကို ပေးတော်မ မူသေး။
This he spoke of the Spirit, which they who believed on him were to receive; for the Holy Spirit was not yet given, because Jesus was not yet glorified.
40 ၄၀ စကား တော်ကို ကြား သောလူ အများတို့က၊ ဤ သူသည်လာလတံ့သော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။
Many of the people having heard what was spoken, said, This is certainly the prophet.
41 ၄၁ အချို့ ကလည်း၊ ဤသူ သည်ခရစ်တော် ဖြစ် သည်ဟု ဆို ကြ၏။ အချို့ ကလည်း၊ ခရစ်တော် သည် ဂါလိလဲ ပြည်သားဖြစ် ရသလော။
Some said, This is the Messiah. Others, does the Messiah come from Galilee?
42 ၄၂ ခရစ်တော်သည် ဒါဝိဒ် အမျိုး ၊ဒါဝိဒ် နေရာ ဌာန၊ ဗက်လင် ရွာသားဖြစ် ရမည်ဟု ကျမ်းစာ လာ သည် မ ဟုတ် လောဟု ဆို ကြ၏။
Does not the scripture say, that the Messiah will be of the posterity of David, and come from Bethlehem, the village whence David was?
43 ၄၃ ထိုသို့ လူ များတို့သည် ကွဲပြား ကြသည်ဖြစ်၍ ၊ အချို့ တို့သည် ကိုယ်တော် ကိုဘမ်းဆီး ခြင်းငှာအလိုရှိ ကြ၏။
Thus the people were divided concerning him;
44 ၄၄ သို့သော်လည်း အဘယ်သူ မျှမဘမ်း မဆီးကြ။
and some of them would have seized him, but no person laid hands upon him.
45 ၄၅ ထိုအခါ မင်း လုလင်တို့သည် ယဇ်ပုရောဟိတ် အကြီး၊ ဖာရိရှဲ ထံသို့ ပြန် ၍၊ ထို မင်းတို့က၊ အဘယ်ကြောင့် သူ့ ကိုမ ဆောင်ခဲ့ ကြသနည်းဟု မေးမြန်း လျှင်၊
Then the officers returned to the chief priests and Pharisees, who asked them, Wherefore have you not brought him?
46 ၄၆ မင်း လုလင်တို့က၊ ထို သူဟောပြောသကဲ့သို့ အဘယ်သူမျှမ ဟော စဖူးပါဟု လျှောက် ကြ၏။
The officers answered, Never man spoke like this man.
47 ၄၇ ဖာရိရှဲ တို့ကလည်း၊ သင် တို့ကိုပင် လှည့်ဖြား ပြီလော။
The Pharisees replied, Are you also seduced?
48 ၄၈ မင်း များ၊ ဖာရိရှဲ များတို့တွင် သူ့ ကိုယုံကြည် သောသူတစ်စုံတစ်ယောက် မျှရှိသလော။
Has any of the rulers, or of the Pharisees, believed on him?
49 ၄၉ တရား ကိုမ သိ သော ဤ လူ များတို့သည် ကျိန် ခြင်းကို ခံရသောသူဖြစ် သည်ဟုဆို ကြ၏။
But this populace, which knows not the law, is accursed.
50 ၅၀ အထက် ကညဉ့်အခါ၌ အထံ တော်သို့ လာ သော သူ တည်းဟူသောထိုမင်း များအဝင် ဖြစ် သော နိကောဒင် ကလည်း၊
Nicodemus, one of themselves, (he who came to Jesus by night, )
51 ၅၁ ငါ တို့တရား သည် လူ ကိုမ စစ် ၊ သူ့ အမှု ကို မ သိ မှီကပင်ရှေ့မဆွ ကဆုံးဖြတ် တတ်သလောဟုဆို လျှင်၊
said to them, Does our law permit us to condemn a man, without hearing him, and knowing what he has done?
52 ၅၂ သူတို့က၊ သင် သည်လည်း ဂါလိလဲ ပြည်သားဖြစ် သလော။ စစ် ဦးလော့၊ ဂါလိလဲ ပြည်၌ အဘယ် ပရောဖက် မျှမ ပေါ်ထွန်း သည်ကိုမှတ် လော့ဟု ဆို ကြပြီးမှ၊
They answered him, Are you also a Galilean? Search, and you will find that prophets arise not out of Galilee.
53 ၅၃ ထိုသူအပေါင်းတို့သည် မိမိ တို့အိမ် သို့ သွား ကြ၏။
Then every man went to his own house;