< ယောဟန် 6 >
1 ၁ ထို နောက်မှ ယေရှု သည် တိဗေရိ အိုင် တည်းဟူသောဂါလိလဲ အိုင်ကို ကူး တော်မူ၏။
After these things, Yeshua went away to the other side of the sea of Galilee, which is also called the Sea of Tiberias.
2 ၂ အနာ ရောဂါစွဲသောသူ တို့၌ ပြ တော်မူသောနိမိတ် လက္ခဏာတို့ကို လူ အစုအဝေးအပေါင်း တို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက် ကြ၏။
A great multitude followed him, because they saw his signs which he did on those who were sick.
3 ၃ ယေရှု သည်တောင် ပေါ်သို့ တက်ကြွ ၍ တပည့် တော်တို့နှင့်အတူ ထိုင် တော်မူ၏။
Yeshua went up into the mountain, and he sat there with his disciples.
4 ၄ ထိုအခါ ယုဒ လူတို့၏ပသခါ ပွဲ ခံချိန် ရောက်လုနီး သတည်း ။
Now the Passover, the Jewish festival, was at hand.
5 ၅ ယေရှု သည် မျှော်ကြည့် ၍ လူ အစုအဝေးအပေါင်း တို့သည် အထံ တော်သို့ လာ ကြသည်ကို မြင် တော်မူလျှင် ဖိလိပ္ပု အား ၊ ဤသူ တို့စားစရာ မုန့် ကို အဘယ်မှာ ဝယ် မည်နည်း ဟုမေး တော်မူ၏။
Yeshua therefore, lifting up his eyes and seeing that a great multitude was coming to him, said to Philip, “Where are we to buy bread, that these may eat?”
6 ၆ ထိုသို့ မေးတော်မူသော်၊ မိမိ အဘယ်သို့ ပြု မည်ကိုသိ တော်မူလျက်ပင်ဖိလိပ္ပု ကိုစုံစမ်း ခြင်းငှာသာ မေး တော်မူ၏။
He said this to test him, for he himself knew what he would do.
7 ၇ ဖိလိပ္ပု ကလည်း၊ ဤသူတို့သည် မုန့်တ ဖဲ့စီစေ့ အောင် ဒေနာရိ အပြားနှစ်ရာ အဘိုးထိုက်သောမုန့် မ လောက် ပါဟုလျှောက် ၏။
Philip answered him, “Two hundred denarii worth of bread is not sufficient for them, that every one of them may receive a little.”
8 ၈ ရှိမုန် ပေတရု ၏ညီ အန္ဒြေ အမည်ရှိသော တပည့် တော်က၊
One of his disciples, Andrew, Simon Peter’s brother, said to him,
9 ၉ မုယော မုန့် ငါး လုံးနှင့် ငါး ကလေးနှစ် ကောင်ပါ သော သူငယ် တစ်ယောက်ရှိ ပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ် ပြောစရာ ရှိ ပါသနည်း ဟုလျှောက်၏။
“There is a boy here who has five barley loaves and two fish, but what are these amongst so many?”
10 ၁၀ ယေရှု ကလည်း၊ လူ များတို့ကိုလျောင်း ကြစေ ဟု မိန့် တော်မူ၏။ ထိုအရပ် ၌ မြက်ပင် ထူပြော လျက်ရှိ သည် ဖြစ်၍၊ အရေအတွက် အားဖြင့်ငါးထောင် မျှလောက် သော လူ တို့သည် လျောင်း ကြ၏။
Yeshua said, “Have the people sit down.” Now there was much grass in that place. So the men sat down, in number about five thousand.
11 ၁၁ ယေရှု သည်မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှ တော်မူ၍၊ တပည့် တော်တို့သည် လျောင်း သောသူ တို့အားဝေငှပြန်၏။ ထိုနည်းတူ ငါး နှစ်ကောင်ကိုလူများလိုချင် သမျှ ဝေငှကြ၏။
Yeshua took the loaves, and having given thanks, he distributed to the disciples, and the disciples to those who were sitting down, likewise also of the fish as much as they desired.
12 ၁၂ ထိုသူ တို့သည်ဝ ကြပြီးမှကိုယ်တော်က၊ ဘာ မျှ မ ပျောက် စေခြင်းငှာကြွင်းကျန် သောအကျိုးအပဲ့ တို့ကို ကောက်သိမ်း ကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူသည်ဖြစ်၍၊
When they were filled, he said to his disciples, “Gather up the broken pieces which are left over, that nothing be lost.”
13 ၁၃ စား သောသူ တို့၌ ကျန်ကြွင်း သော မုယော မုန့် ငါး လုံး၏ အကျိုးအပဲ့ တို့ကို ကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း အပြည့် ရကြ၏။
So they gathered them up, and filled twelve baskets with broken pieces from the five barley loaves, which were left over by those who had eaten.
14 ၁၄ ထိုသို့ယေရှုပြ တော်မူသောနိမိတ် လက္ခဏာကို ထိုလူများတို့သည်မြင် လျှင်၊ ဤသူ ကား ဤလောက သို့ ကြွလာ ရသော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။
When therefore the people saw the sign which Yeshua did, they said, “This is truly the Prophet who comes into the world.”
15 ၁၅ ထိုသူတို့သည် ကိုယ်တော် ကို ရှင်ဘုရင် အရာ၌ ချီးမြှောက် ခြင်းငှာ လာ ၍ အနိုင် အထက်ပြုကြမည် အကြောင်း ကို ယေရှု သည်သိ တော်မူလျှင်၊ တောင် ပေါ်သို့ တစ်ယောက်တည်း ကြွ တော်မူပြန် ၏။
Yeshua therefore, perceiving that they were about to come and take him by force to make him king, withdrew again to the mountain by himself.
16 ၁၆ ည အချိန်ရောက် သောအခါ တပည့် တော်တို့သည် အိုင် သို့ သွား ၍ လှေ ထဲသို့ ဝင်ရောက် ပြီးလျှင် ၊ ကပေရနောင် မြို့သို့ ရောက်အံ့သောငှာအိုင် ကိုကူး ကြ၏။
When evening came, his disciples went down to the sea.
17 ၁၇ ထိုအခါ မှောင်မိုက် ဖြစ်၍ယေရှု သည် သူ တို့ ရှိရာသို့မ ရောက် သေး။
They entered into the boat, and were going over the sea to Capernaum. It was now dark, and Yeshua had not come to them.
18 ၁၈ လေ ပြင်း မုန်တိုင်းလာ ၍ လှိုင်းတံပိုးထ လေ၏။
The sea was tossed by a great wind blowing.
19 ၁၉ ခရီးတစ်တိုင် ခွဲနှစ်တိုင်လောက် တက်ခတ် ၍ရောက်သောအခါ၊ ယေရှု အိုင် ပေါ်မှာ စက်တော်ဖြန့် ၍ လှေ အနီး သို့ချဉ်း တော်မူသည်ကို သူတို့သည်မြင် ၍ ကြောက်လန့် ခြင်းရှိကြ၏။
When therefore they had rowed about twenty-five or thirty stadia, they saw Yeshua walking on the sea and drawing near to the boat; and they were afraid.
20 ၂၀ ကိုယ်တော် ကလည်း ၊ ငါ ပင်ဖြစ် သည်၊ မ ကြောက်လန့် ကြနှင့် ဟု မိန့် တော်မူလျှင်၊ လှေ ထဲသို့ ကိုယ်တော် တိုင် ဝမ်းမြောက် စွာခံယူ ကြ၏။
But he said to them, “It is I. Don’t be afraid.”
21 ၂၁ လှေ သည်လည်းရောက် လိုသောရပ် သို့ တခဏခြင်း တွင် ဆိုက် လေ၏။
They were willing therefore to receive him into the boat. Immediately the boat was at the land where they were going.
22 ၂၂ အိုင် တစ်ဘက် ၌နေ သော လူ အစုအဝေးတို့သည်ကား၊
On the next day, the multitude that stood on the other side of the sea saw that there was no other boat there, except the one in which his disciples had embarked, and that Yeshua hadn’t entered with his disciples into the boat, but his disciples had gone away alone.
23 ၂၃ အထက်ကသခင် ဘုရားသည် ကျေးဇူး တော်ကိုချီးမွမ်းပြီးမှလူများသည်မုန့် ကိုစား ကြရာ အရပ် နှင့်အနီး တိဗေရိ မြို့မှ အခြား သောလှေ ငယ်များလာ သော်လည်း ၊ မနေ့၌တပည့်တော်တို့ဝင်သောလှေ မှတစ်ပါး အဘယ်လှေမျှ မရှိ သည် ကို၎င်း ၊ ယေရှု သည်ထို လှေ ထဲသို့ တပည့် တော်တို့နှင့်အတူ ဝင်တော်မ မူဘဲလျက်၊ တပည့် တော်တို့သာ သွား သည် ကို၎င်း၊ မြင် ကြ၍
However, boats from Tiberias came near to the place where they ate the bread after the Lord had given thanks.
24 ၂၄ ထို အရပ်၌ ယေရှု မှစသောတပည့် တော်တို့မ ရှိသည်ကိုသိ ကြသဖြင့်၊ နက်ဖြန် နေ့၌ လှေ စီး ၍ ယေရှု ကို ရှာ ခြင်းငှာကပေရနောင် မြို့သို့ သွား ကြ၏။
When the multitude therefore saw that Yeshua wasn’t there, nor his disciples, they themselves got into the boats and came to Capernaum, seeking Yeshua.
25 ၂၅ အိုင် တစ်ဘက် ၌တွေ့ လျှင်၊ အရှင် ဘုရား၊ အဘယ် သောအခါဤအရပ် သို့ ကြွလာ တော်မူသနည်းဟု မေးလျှောက် ကြ၏။
When they found him on the other side of the sea, they asked him, “Rabbi, when did you come here?”
26 ၂၆ ယေရှု ကလည်း ၊ ငါအမှန်အကန် ဆို သည်ကား၊ သင်တို့သည်နိမိတ် လက္ခဏာတို့ကို မြင် သောကြောင့် ငါ့ ကိုရှာ သည်မ ဟုတ်။
Yeshua answered them, “Most certainly I tell you, you seek me, not because you saw signs, but because you ate of the loaves and were filled.
27 ၂၇ မုန့် ကို စား ၍ ဝ သောကြောင့် သာ ရှာကြ၏။ ပျက်စီး တတ်သောအစာ ကိုရခြင်းငှာမ ကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက် နှင့်အမျှတည် တတ်သောအစာ ကိုရခြင်းငှာကြိုးစားကြလော့။ ထိုသား သည် ခမည်းတော် ဘုရား ၏တံဆိပ် ခတ်ခြင်းကို ခံ သောသူ ဖြစ်သည် ဟု မိန့် တော်မူ၏။ (aiōnios )
Don’t work for the food which perishes, but for the food which remains to eternal life, which the Son of Man will give to you. For God the Father has sealed him.” (aiōnios )
28 ၂၈ ထိုသူ တို့ကလည်း ဘုရားသခင် ၏ အလိုတော်နှင့်ညီသော အကျင့် ကိုကျင့် ခြင်းငှာ အဘယ်သို့ ပြု ရ ပါမည်နည်းဟု မေးလျှောက် ကြ၏။
They said therefore to him, “What must we do, that we may work the works of God?”
29 ၂၉ ယေရှု ကလည်း ၊ ဘုရားသခင် စေလွှတ် တော်မူသောသူ ကို ယုံကြည် ခြင်းအကျင့် ကား၊ အလိုတော်နှင့် ညီသော အကျင့်တည်း ဟု မိန့် တော်မူ၏။
Yeshua answered them, “This is the work of God, that you believe in him whom he has sent.”
30 ၃၀ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင် ၍ ကိုယ်တော် ကိုယုံကြည် မည်အကြောင်း အဘယ် နိမိတ် လက္ခဏာကို ပြ တော်မူသနည်း။ အဘယ် အမှုကို ပြု တော်မူသနည်း။
They said therefore to him, “What then do you do for a sign, that we may see and believe you? What work do you do?
31 ၃၁ ကျမ်းစာ၌လာ သည်ကား၊ ထိုသူ တို့ စားစရာ ဘို့ကောင်းကင် မှ မုန့် ကို ပေး တော်မူသည်ဟု လာသည်နှင့်အညီ၊ ငါ တို့ဘိုးဘေး များသည်တော ၌ မန္န ကိုစား ကြသည်ဟု လျှောက် ကြ၏။
Our fathers ate the manna in the wilderness. As it is written, ‘He gave them bread out of heaven to eat.’”
32 ၃၂ ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ မောရှ သည် ကောင်းကင် မုန့် ကို သင် တို့အားမ ပေး ၊ ခမည်းတော် သည် မှန် သောကောင်းကင် မုန့် ကို သင် တို့အား ပေး တော်မူ၏။
Yeshua therefore said to them, “Most certainly, I tell you, it wasn’t Moses who gave you the bread out of heaven, but my Father gives you the true bread out of heaven.
33 ၃၃ ဘုရားသခင် ၏မုန့် မူကား ၊ ကောင်းကင် မှ ဆင်းသက် ၍ လောကီသား တို့အားအသက် ကို ပေး သောမုန့် ပေတည်း ဟုမိန့်တော်မူလျှင်၊
For the bread of God is that which comes down out of heaven and gives life to the world.”
34 ၃၄ သခင် ၊ ထို မုန့် ကိုအကျွန်ုပ် တို့အား အစဉ်မပြတ် ပေး တော်မူပါဟု လျှောက် ကြ၏။
They said therefore to him, “Lord, always give us this bread.”
35 ၃၅ ယေရှု ကလည်း၊ ငါ သည်အသက် မုန့် ဖြစ် ၏။ ငါ့ ထံသို့ လာ သောသူ သည်နောက်တဖန်အဆာအမွတ် မ ခံရ။ ငါ့ ကို ယုံကြည် သောသူ သည် နောက်တစ်ဖန် ရေငတ် မ ခံရ။
Yeshua said to them, “I am the bread of life. Whoever comes to me will not be hungry, and whoever believes in me will never be thirsty.
36 ၃၆ သို့သော်လည်း သင် တို့သည် ငါ့ ကိုမြင် လျက် ပင် မ ယုံကြည် ကြဟု ငါဆို ခဲ့ပြီ။
But I told you that you have seen me, and yet you don’t believe.
37 ၃၇ ခမည်းတော် သည် ငါ့ အား ပေး တော်မူသမျှ သောသူ တို့သည် ငါ ထံသို့ လာ ကြလိမ့်မည်။ ငါ့ ထံသို့ လာ သောသူ ကိုငါသည်အလျင်း မ ပယ် ။
All those whom the Father gives me will come to me. He who comes to me I will in no way throw out.
38 ၃၈ အကြောင်းမူကား ၊ ငါသည် ကိုယ် အလို သို့လိုက် ခြင်းငှာ ကောင်းကင် မှ ဆင်းသက် သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ ၏ အလို တော်သို့လိုက်ခြင်းငှာဆင်းသက်၏။
For I have come down from heaven, not to do my own will, but the will of him who sent me.
39 ၃၉ ငါ့ ကိုစေလွှတ် တော်မူသောခမည်းတော် ၏ အလို တော်ကား ၊ ငါ့ အားပေး သောသူ တို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမ ပျောက် စေရဘဲ၊ နောက်ဆုံး သောနေ့ ၌ ထိုသူ အပေါင်း တို့ကို ထမြောက် စေခြင်းငှာ ၎င်း၊
This is the will of my Father who sent me, that of all he has given to me I should lose nothing, but should raise him up at the last day.
40 ၄၀ သား တော်ကို ကြည့် မြင်၍ ယုံကြည် သောသူရှိသမျှ တို့သည် ထာဝရ အသက် ကိုရ စေခြင်းငှာ ၎င်း အလို တော်ရှိ၏။ ငါ သည်လည်း နောက်ဆုံး သောနေ့ ၌ ထိုသူ တို့ကို ထမြောက် စေမည် ဟု မိန့် တော်မူ၏။ (aiōnios )
This is the will of the one who sent me, that everyone who sees the Son and believes in him should have eternal life; and I will raise him up at the last day.” (aiōnios )
41 ၄၁ ငါ သည်ကောင်းကင် မှ ဆင်းသက် သောမုန့် ဖြစ် ၏ဟု မိန့် တော်မူသည် ကို ယုဒ လူတို့က၊
The Judeans therefore murmured concerning him, because he said, “I am the bread which came down out of heaven.”
42 ၄၂ ဤသူ သည် ယောသပ် ၏သား ယေရှု ဖြစ် သည်မ ဟုတ်လော။ သူ ၏မိဘ ကိုငါ တို့သိ သည်မဟုတ်လော။ ငါသည် ကောင်းကင် မှ ဆင်းသက် ၏ဟု သူသည်အဘယ်သို့ ဆို ရသနည်းဟု ကဲ့ရဲ့ ပြစ်တင်လျက် ဆို ကြ၏။
They said, “Isn’t this Yeshua, the son of Joseph, whose father and mother we know? How then does he say, ‘I have come down out of heaven’?”
43 ၄၃ ယေရှု ကလည်း ၊ ငါ့ကိုအချင်းချင်း ကဲ့ရဲ့ ၍ အပြစ်မ တင်ကြနှင့်။
Therefore Yeshua answered them, “Don’t murmur amongst yourselves.
44 ၄၄ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည် သွေးဆောင် တော်မ မူလျှင် ၊ အဘယ်သူ မျှ ငါ့ ထံသို့ မလာ နိုင် ။ လာသောသူ ကိုနောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။
No one can come to me unless the Father who sent me draws him; and I will raise him up in the last day.
45 ၄၅ အနာဂတ္တိ ကျမ်းစာ ၌ လာ သည်ကား၊ ထိုသူအပေါင်း တို့သည် ဘုရားသခင် ဆုံးမ သွန်သင်တော်မူသောသူဖြစ် ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော် ထံ၌ နားထောင် ၍ နည်းခံ သောသူ မှန်သမျှ တို့သည် ငါ့ ထံသို့ လာ ကြ၏။
It is written in the Prophets, ‘They will all be taught by God.’ Therefore everyone who hears from the Father and has learnt, comes to me.
46 ၄၆ ထိုသို့ငါဆိုသော၊ ဘုရားသခင့် အထံ တော်က ကြွလာသောသူ မှတစ်ပါး တစုံတစ်ယောက် သော သူ သည် ခမည်းတော် ကိုမြင် ခဲ့ပြီဟု မ ဆိုလို။ ကြွလာသောသူဟူမူကား၊ ခမည်းတော် ကို မြင် ခဲ့ပြီ။
Not that anyone has seen the Father, except he who is from God. He has seen the Father.
47 ၄၇ ငါအမှန်အကန် ဆို သည်ကား၊ ငါ့ကို ယုံကြည် သောသူ သည်ထာဝရ အသက် ကိုရ ၏။ (aiōnios )
Most certainly, I tell you, he who believes in me has eternal life. (aiōnios )
48 ၄၈ ငါ သည်အသက် မုန့် ဖြစ် ၏။
I am the bread of life.
49 ၄၉ သင်တို့ဘိုးဘေး များသည် တော ၌ မန္န ကိုစား လျက် သေ ရကြ၏။
Your fathers ate the manna in the wilderness and they died.
50 ၅၀ ကောင်းကင် မှ ဆင်းသက် သောမုန့် ကို စား သောသူ သည်သေ ခြင်းနှင့်ကင်းလွတ် ၏။
This is the bread which comes down out of heaven, that anyone may eat of it and not die.
51 ၅၁ ငါ သည်ကောင်းကင် မှ ဆင်းသက် သောအသက် မုန့် ဖြစ်၏။ ဤ မုန့် ကို စား သောသူ မည်သည်ကား၊ အစဉ်မပြတ် အသက် ရှင်လိမ့်မည်။ ငါ ပေးသောမုန့် ကား၊ လောကီသား တို့၏ အသက် အဘို့ အလိုငှာ စွန့် သောငါ ၏ အသား ပေတည်း ဟုမိန့် တော်မူ၏။ (aiōn )
I am the living bread which came down out of heaven. If anyone eats of this bread, he will live forever. Yes, the bread which I will give for the life of the world is my flesh.” (aiōn )
52 ၅၂ ထိုအခါ ယုဒ လူတို့က၊ ဤသူ သည်မိမိ အသား ကို ငါ တို့စားစရာ ဘို့အဘယ်သို့ ပေး နိုင် သနည်းဟု အချင်းချင်း ငြင်းခုံ ကြ၏။
The Judeans therefore contended with one another, saying, “How can this man give us his flesh to eat?”
53 ၅၃ ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ လူသား ၏အသား ကိုမ စား ၊ အသွေး ကိုမသောက် လျှင် သင် တို့၌ အသက် မ ရှိ ။
Yeshua therefore said to them, “Most certainly I tell you, unless you eat the flesh of the Son of Man and drink his blood, you don’t have life in yourselves.
54 ၅၄ ငါ ၏အသား ကိုစား ၍ ငါ ၏အသွေး ကိုလည်း သောက် သောသူ သည်ထာဝရ အသက် ကိုရ ၏။ ထိုသူ ကို နောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။ (aiōnios )
He who eats my flesh and drinks my blood has eternal life, and I will raise him up at the last day. (aiōnios )
55 ၅၅ ငါ ၏အသား သည် စားစရာ ကောင်း ၏။ ငါ ၏ အသွေး လည်းသောက် စရာကောင်း ၏။
For my flesh is food indeed, and my blood is drink indeed.
56 ၅၆ ငါ ၏အသား အသွေး ကို သောက် စား သောသူ သည်ငါ ၌ တည် ၏။ ထိုသူ ၌ လည်း ငါ တည်၏။
He who eats my flesh and drinks my blood lives in me, and I in him.
57 ၅၇ အသက်ရှင်တော်မူသောခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူ၍၊ ငါ သည်ခမည်းတော် အားဖြင့် အသက် ရှင်သည်နည်းတူ ၊ ငါ့ ကိုစား သောသူ သည်ငါ့ အားဖြင့် အသက် ရှင်လိမ့်မည်။
As the living Father sent me, and I live because of the Father, so he who feeds on me will also live because of me.
58 ၅၈ ဤမုန့် ကား၊ ကောင်းကင် မှ ဆင်းသက် သောမုန့် ဖြစ် ၏။ သင်တို့ ဘိုးဘေး များသည် မန္နကိုစား လျက် သေ ရသကဲ့သို့ မ ဟုတ်။ ဤ မုန့် ကိုစား သောသူ သည် အစဉ်မပြတ် အသက် ရှင်လိမ့်မည် ဟု၊ (aiōn )
This is the bread which came down out of heaven—not as our fathers ate the manna and died. He who eats this bread will live forever.” (aiōn )
59 ၅၉ ကပေရနောင် မြို့မှာ တရားစရပ် ၌ ဩဝါဒ ပေးစဉ်တွင် မိန့် တော်မူ၏။
He said these things in the synagogue, as he taught in Capernaum.
60 ၆၀ တပည့် တော်အများ တို့သည် ကြား လျှင်၊ ထို စကား သည် အလွန် ခက်လှ၏။ အဘယ်သူ နာခံ နိုင် မည်နည်းဟု ဆို ကြ၏။
Therefore many of his disciples, when they heard this, said, “This is a hard saying! Who can listen to it?”
61 ၆၁ ထိုသို့တပည့် တော်တို့ ကဲ့ရဲ့ ပြစ်တင်သည်ကို ယေရှု သည်အလိုအလျောက် သိ တော်မူလျှင် ၊ ဤ တရား စကားကြောင့် သင် တို့သည် စိတ်ပျက် ကြသလော။
But Yeshua knowing in himself that his disciples murmured at this, said to them, “Does this cause you to stumble?
62 ၆၂ လူ သား သည်အရင် နေရာ အရပ်သို့တဖန် ကြွတက် သည်ကိုမြင် ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း။
Then what if you would see the Son of Man ascending to where he was before?
63 ၆၃ ဝိညာဉ် သာလျှင်အသက် ရှင်စေ၏။ ကိုယ် ကာယသည်အလျှင်း မ တတ်နိုင် ။ ငါ ပြော သောစကား သည် ဝိညာဉ် ဖြစ်၏။ အသက် လည်း ဖြစ်၏။
It is the spirit who gives life. The flesh profits nothing. The words that I speak to you are spirit, and are life.
64 ၆၄ သို့သော်လည်း သင် တို့တွင် မ ယုံကြည် သောသူ တချို့ ရှိ ၏။
But there are some of you who don’t believe.” For Yeshua knew from the beginning who they were who didn’t believe, and who it was who would betray him.
65 ၆၅ ထိုကြောင့် ငါ၏ခမည်းတော် သည် အခွင့်ပေး တော်မ မူလျှင် ၊ အဘယ်သူ မျှငါ ထံသို့ မလာ နိုင် ဟု အထက် ငါဆို ခဲ့ပြီ ဟု မိန့် တော်မူ၏။ ထိုသို့မိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူ မ ယုံကြည် သည်ကို၎င်း ၊ အဘယ်သူ သည် ကိုယ်တော် ကို အပ်နှံ မည်ကို၎င်း ၊ ယေရှု သည်အစအဦး ၌ သိ တော်မူ၏။
He said, “For this cause I have said to you that no one can come to me, unless it is given to him by my Father.”
66 ၆၆ ထိုအခါမှစ၍ တပည့် တော်များ တို့သည် ကိုယ်တော် နှင့် မ ပေါင်းဖော် ဘဲ ဆုတ် သွား ကြ၏။
At this, many of his disciples went back and walked no more with him.
67 ၆၇ ထိုကြောင့် ယေရှု သည် တကျိပ် နှစ်ပါးသောသူ တို့အား၊ သင် တို့သည်လည်း ထွက်သွား ခြင်းငှာအလိုရှိ ကြသလော ဟုမေး တော်မူလျှင်၊
Yeshua said therefore to the twelve, “You don’t also want to go away, do you?”
68 ၆၈ ရှိမုန် ပေတရု က၊ သခင် ၊ အကျွန်ုပ်တို့သည် အဘယ်သူ ထံသို့ သွား ရမည်နည်း။ ထာဝရ အသက် နှင့် ယှဉ်သော စကား သည်ကိုယ်တော်၌ တည် ပါ၏။ (aiōnios )
Simon Peter answered him, “Lord, to whom would we go? You have the words of eternal life. (aiōnios )
69 ၆၉ ကိုယ်တော် သည် ခရစ်တော်တည်းဟူသောအသက်ရှင်တော်မူသော ဘုရားသခင် ၏သား တော် ဖြစ် တော်မူသည်ကို အကျွန်ုပ် တို့ယုံကြည် သိမှတ် ကြပါသည်ဟုလျှောက် လေ၏။
We have come to believe and know that you are the Messiah, the Son of the living God.”
70 ၇၀ ယေရှု ကလည်း၊ တစ်ကျိပ် နှစ်ပါးသောသင် တို့ကို ငါ ရွေးကောက် သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူ တစ် ယောက်ပါ မည် ဟု မိန့် တော်မူ၏။
Yeshua answered them, “Didn’t I choose you, the twelve, and one of you is a devil?”
71 ၇၁ ထိုသို့ မိန့် တော်မူသော်၊ တကျိပ် နှစ်ပါးအဝင် ဖြစ်၍ကိုယ်တော် ကိုအပ်နှံ မည်သူ ၊ ရှိမုန် ၏သား ယုဒ ရှကာရုတ် ကိုဆိုလို သတည်း။
Now he spoke of Judah, the son of Simon Iscariot, for it was he who would betray him, being one of the twelve.