< ယောဟန် 6 >

1 ထို နောက်မှ ယေရှု သည် တိဗေရိ အိုင် တည်းဟူသောဂါလိလဲ အိုင်ကို ကူး တော်မူ၏။
After this, Jesus crossed to the other side of the Sea of Galilee (that is, the Sea of Tiberias).
2 အနာ ရောဂါစွဲသောသူ တို့၌ ပြ တော်မူသောနိမိတ် လက္ခဏာတို့ကို လူ အစုအဝေးအပေါင်း တို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက် ကြ၏။
A large crowd followed Him because they saw the signs He was performing on the sick.
3 ယေရှု သည်တောင် ပေါ်သို့ တက်ကြွ ၍ တပည့် တော်တို့နှင့်အတူ ထိုင် တော်မူ၏။
Then Jesus went up on the mountain and sat down with His disciples.
4 ထိုအခါ ယုဒ လူတို့၏ပသခါ ပွဲ ခံချိန် ရောက်လုနီး သတည်း ။
Now the Jewish Feast of the Passover was near.
5 ယေရှု သည် မျှော်ကြည့် ၍ လူ အစုအဝေးအပေါင်း တို့သည် အထံ တော်သို့ လာ ကြသည်ကို မြင် တော်မူလျှင် ဖိလိပ္ပု အား ၊ ဤသူ တို့စားစရာ မုန့် ကို အဘယ်မှာ ဝယ် မည်နည်း ဟုမေး တော်မူ၏။
When Jesus looked up and saw a large crowd coming toward Him, He said to Philip, “Where can we buy bread for these people to eat?”
6 ထိုသို့ မေးတော်မူသော်၊ မိမိ အဘယ်သို့ ပြု မည်ကိုသိ တော်မူလျက်ပင်ဖိလိပ္ပု ကိုစုံစမ်း ခြင်းငှာသာ မေး တော်မူ၏။
But He was asking this to test him, for He knew what He was about to do.
7 ဖိလိပ္ပု ကလည်း၊ ဤသူတို့သည် မုန့်တ ဖဲ့စီစေ့ အောင် ဒေနာရိ အပြားနှစ်ရာ အဘိုးထိုက်သောမုန့် မ လောက် ပါဟုလျှောက် ၏။
Philip answered, “Two hundred denarii would not buy enough bread for each of them to have a small piece.”
8 ရှိမုန် ပေတရု ၏ညီ အန္ဒြေ အမည်ရှိသော တပည့် တော်က၊
One of His disciples, Andrew, Simon Peter’s brother, said to Him,
9 မုယော မုန့် ငါး လုံးနှင့် ငါး ကလေးနှစ် ကောင်ပါ သော သူငယ် တစ်ယောက်ရှိ ပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ် ပြောစရာ ရှိ ပါသနည်း ဟုလျှောက်၏။
“Here is a boy with five barley loaves and two small fish. But what difference will these make among so many?”
10 ၁၀ ယေရှု ကလည်း၊ လူ များတို့ကိုလျောင်း ကြစေ ဟု မိန့် တော်မူ၏။ ထိုအရပ် ၌ မြက်ပင် ထူပြော လျက်ရှိ သည် ဖြစ်၍၊ အရေအတွက် အားဖြင့်ငါးထောင် မျှလောက် သော လူ တို့သည် လျောင်း ကြ၏။
“Have the people sit down,” Jesus said. Now there was plenty of grass in that place, so the men sat down, about five thousand of them.
11 ၁၁ ယေရှု သည်မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှ တော်မူ၍၊ တပည့် တော်တို့သည် လျောင်း သောသူ တို့အားဝေငှပြန်၏။ ထိုနည်းတူ ငါး နှစ်ကောင်ကိုလူများလိုချင် သမျှ ဝေငှကြ၏။
Then Jesus took the loaves and the fish, gave thanks, and distributed to those who were seated as much as they wanted.
12 ၁၂ ထိုသူ တို့သည်ဝ ကြပြီးမှကိုယ်တော်က၊ ဘာ မျှ မ ပျောက် စေခြင်းငှာကြွင်းကျန် သောအကျိုးအပဲ့ တို့ကို ကောက်သိမ်း ကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူသည်ဖြစ်၍၊
And when everyone was full, He said to His disciples, “Gather the pieces that are left over, so that nothing will be wasted.”
13 ၁၃ စား သောသူ တို့၌ ကျန်ကြွင်း သော မုယော မုန့် ငါး လုံး၏ အကျိုးအပဲ့ တို့ကို ကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း အပြည့် ရကြ၏။
So they collected them and filled twelve baskets with the pieces of the five barley loaves left over by those who had eaten.
14 ၁၄ ထိုသို့ယေရှုပြ တော်မူသောနိမိတ် လက္ခဏာကို ထိုလူများတို့သည်မြင် လျှင်၊ ဤသူ ကား ဤလောက သို့ ကြွလာ ရသော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။
When the people saw the sign that Jesus had performed, they began to say, “Truly this is the Prophet who is to come into the world.”
15 ၁၅ ထိုသူတို့သည် ကိုယ်တော် ကို ရှင်ဘုရင် အရာ၌ ချီးမြှောက် ခြင်းငှာ လာ ၍ အနိုင် အထက်ပြုကြမည် အကြောင်း ကို ယေရှု သည်သိ တော်မူလျှင်၊ တောင် ပေါ်သို့ တစ်ယောက်တည်း ကြွ တော်မူပြန် ၏။
Then Jesus, realizing that they were about to come and make Him king by force, withdrew again to a mountain by Himself.
16 ၁၆ ည အချိန်ရောက် သောအခါ တပည့် တော်တို့သည် အိုင် သို့ သွား ၍ လှေ ထဲသို့ ဝင်ရောက် ပြီးလျှင် ၊ ကပေရနောင် မြို့သို့ ရောက်အံ့သောငှာအိုင် ကိုကူး ကြ၏။
When evening came, His disciples went down to the sea,
17 ၁၇ ထိုအခါ မှောင်မိုက် ဖြစ်၍ယေရှု သည် သူ တို့ ရှိရာသို့မ ရောက် သေး။
got into a boat, and started across the sea to Capernaum. It was already dark, and Jesus had not yet gone out to them.
18 ၁၈ လေ ပြင်း မုန်တိုင်းလာ ၍ လှိုင်းတံပိုးထ လေ၏။
A strong wind was blowing, and the sea grew agitated.
19 ၁၉ ခရီးတစ်တိုင် ခွဲနှစ်တိုင်လောက် တက်ခတ် ၍ရောက်သောအခါ၊ ယေရှု အိုင် ပေါ်မှာ စက်တော်ဖြန့် ၍ လှေ အနီး သို့ချဉ်း တော်မူသည်ကို သူတို့သည်မြင် ၍ ကြောက်လန့် ခြင်းရှိကြ၏။
When they had rowed about three or four miles, they saw Jesus approaching the boat, walking on the sea—and they were terrified.
20 ၂၀ ကိုယ်တော် ကလည်း ၊ ငါ ပင်ဖြစ် သည်၊ မ ကြောက်လန့် ကြနှင့် ဟု မိန့် တော်မူလျှင်၊ လှေ ထဲသို့ ကိုယ်တော် တိုင် ဝမ်းမြောက် စွာခံယူ ကြ၏။
But Jesus spoke up: “It is I; do not be afraid.”
21 ၂၁ လှေ သည်လည်းရောက် လိုသောရပ် သို့ တခဏခြင်း တွင် ဆိုက် လေ၏။
Then they were willing to take Him into the boat, and at once the boat reached the shore where they were heading.
22 ၂၂ အိုင် တစ်ဘက် ၌နေ သော လူ အစုအဝေးတို့သည်ကား၊
The next day, the crowd that had remained on the other side of the sea realized that only one boat had been there, and that Jesus had not boarded it with His disciples, but they had gone away alone.
23 ၂၃ အထက်ကသခင် ဘုရားသည် ကျေးဇူး တော်ကိုချီးမွမ်းပြီးမှလူများသည်မုန့် ကိုစား ကြရာ အရပ် နှင့်အနီး တိဗေရိ မြို့မှ အခြား သောလှေ ငယ်များလာ သော်လည်း ၊ မနေ့၌တပည့်တော်တို့ဝင်သောလှေ မှတစ်ပါး အဘယ်လှေမျှ မရှိ သည် ကို၎င်း ၊ ယေရှု သည်ထို လှေ ထဲသို့ တပည့် တော်တို့နှင့်အတူ ဝင်တော်မ မူဘဲလျက်၊ တပည့် တော်တို့သာ သွား သည် ကို၎င်း၊ မြင် ကြ၍
However, some boats from Tiberias landed near the place where the people had eaten the bread after the Lord had given thanks.
24 ၂၄ ထို အရပ်၌ ယေရှု မှစသောတပည့် တော်တို့မ ရှိသည်ကိုသိ ကြသဖြင့်၊ နက်ဖြန် နေ့၌ လှေ စီး ၍ ယေရှု ကို ရှာ ခြင်းငှာကပေရနောင် မြို့သို့ သွား ကြ၏။
So when the crowd saw that neither Jesus nor His disciples were there, they got into the boats and went to Capernaum to look for Him.
25 ၂၅ အိုင် တစ်ဘက် ၌တွေ့ လျှင်၊ အရှင် ဘုရား၊ အဘယ် သောအခါဤအရပ် သို့ ကြွလာ တော်မူသနည်းဟု မေးလျှောက် ကြ၏။
When they found Him on the other side of the sea, they asked Him, “Rabbi, when did You get here?”
26 ၂၆ ယေရှု ကလည်း ၊ ငါအမှန်အကန် ဆို သည်ကား၊ သင်တို့သည်နိမိတ် လက္ခဏာတို့ကို မြင် သောကြောင့် ငါ့ ကိုရှာ သည်မ ဟုတ်။
Jesus replied, “Truly, truly, I tell you, it is not because you saw these signs that you are looking for Me, but because you ate the loaves and had your fill.
27 ၂၇ မုန့် ကို စား ၍ ဝ သောကြောင့် သာ ရှာကြ၏။ ပျက်စီး တတ်သောအစာ ကိုရခြင်းငှာမ ကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက် နှင့်အမျှတည် တတ်သောအစာ ကိုရခြင်းငှာကြိုးစားကြလော့။ ထိုသား သည် ခမည်းတော် ဘုရား ၏တံဆိပ် ခတ်ခြင်းကို ခံ သောသူ ဖြစ်သည် ဟု မိန့် တော်မူ၏။ (aiōnios g166)
Do not work for food that perishes, but for food that endures to eternal life, which the Son of Man will give you. For on Him God the Father has placed His seal of approval.” (aiōnios g166)
28 ၂၈ ထိုသူ တို့ကလည်း ဘုရားသခင် ၏ အလိုတော်နှင့်ညီသော အကျင့် ကိုကျင့် ခြင်းငှာ အဘယ်သို့ ပြု ရ ပါမည်နည်းဟု မေးလျှောက် ကြ၏။
Then they inquired, “What must we do to perform the works of God?”
29 ၂၉ ယေရှု ကလည်း ၊ ဘုရားသခင် စေလွှတ် တော်မူသောသူ ကို ယုံကြည် ခြင်းအကျင့် ကား၊ အလိုတော်နှင့် ညီသော အကျင့်တည်း ဟု မိန့် တော်မူ၏။
Jesus replied, “The work of God is this: to believe in the One He has sent.”
30 ၃၀ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင် ၍ ကိုယ်တော် ကိုယုံကြည် မည်အကြောင်း အဘယ် နိမိတ် လက္ခဏာကို ပြ တော်မူသနည်း။ အဘယ် အမှုကို ပြု တော်မူသနည်း။
So they asked Him, “What sign then will You perform, so that we may see it and believe You? What will You do?
31 ၃၁ ကျမ်းစာ၌လာ သည်ကား၊ ထိုသူ တို့ စားစရာ ဘို့ကောင်းကင် မှ မုန့် ကို ပေး တော်မူသည်ဟု လာသည်နှင့်အညီ၊ ငါ တို့ဘိုးဘေး များသည်တော ၌ မန္န ကိုစား ကြသည်ဟု လျှောက် ကြ၏။
Our fathers ate the manna in the wilderness, as it is written: ‘He gave them bread from heaven to eat.’”
32 ၃၂ ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ မောရှ သည် ကောင်းကင် မုန့် ကို သင် တို့အားမ ပေး ၊ ခမည်းတော် သည် မှန် သောကောင်းကင် မုန့် ကို သင် တို့အား ပေး တော်မူ၏။
Jesus said to them, “Truly, truly, I tell you, it was not Moses who gave you the bread from heaven, but it is My Father who gives you the true bread from heaven.
33 ၃၃ ဘုရားသခင် ၏မုန့် မူကား ၊ ကောင်းကင် မှ ဆင်းသက် ၍ လောကီသား တို့အားအသက် ကို ပေး သောမုန့် ပေတည်း ဟုမိန့်တော်မူလျှင်၊
For the bread of God is He who comes down from heaven and gives life to the world.”
34 ၃၄ သခင် ၊ ထို မုန့် ကိုအကျွန်ုပ် တို့အား အစဉ်မပြတ် ပေး တော်မူပါဟု လျှောက် ကြ၏။
“Sir,” they said, “give us this bread at all times.”
35 ၃၅ ယေရှု ကလည်း၊ ငါ သည်အသက် မုန့် ဖြစ် ၏။ ငါ့ ထံသို့ လာ သောသူ သည်နောက်တဖန်အဆာအမွတ် မ ခံရ။ ငါ့ ကို ယုံကြည် သောသူ သည် နောက်တစ်ဖန် ရေငတ် မ ခံရ။
Jesus answered, “I am the bread of life. Whoever comes to Me will never hunger, and whoever believes in Me will never thirst.
36 ၃၆ သို့သော်လည်း သင် တို့သည် ငါ့ ကိုမြင် လျက် ပင် မ ယုံကြည် ကြဟု ငါဆို ခဲ့ပြီ။
But as I stated, you have seen Me and still you do not believe.
37 ၃၇ ခမည်းတော် သည် ငါ့ အား ပေး တော်မူသမျှ သောသူ တို့သည် ငါ ထံသို့ လာ ကြလိမ့်မည်။ ငါ့ ထံသို့ လာ သောသူ ကိုငါသည်အလျင်း မ ပယ် ။
Everyone the Father gives Me will come to Me, and the one who comes to Me I will never drive away.
38 ၃၈ အကြောင်းမူကား ၊ ငါသည် ကိုယ် အလို သို့လိုက် ခြင်းငှာ ကောင်းကင် မှ ဆင်းသက် သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ ၏ အလို တော်သို့လိုက်ခြင်းငှာဆင်းသက်၏။
For I have come down from heaven, not to do My own will, but to do the will of Him who sent Me.
39 ၃၉ ငါ့ ကိုစေလွှတ် တော်မူသောခမည်းတော် ၏ အလို တော်ကား ၊ ငါ့ အားပေး သောသူ တို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမ ပျောက် စေရဘဲ၊ နောက်ဆုံး သောနေ့ ၌ ထိုသူ အပေါင်း တို့ကို ထမြောက် စေခြင်းငှာ ၎င်း၊
And this is the will of Him who sent Me, that I shall lose none of those He has given Me, but raise them up at the last day.
40 ၄၀ သား တော်ကို ကြည့် မြင်၍ ယုံကြည် သောသူရှိသမျှ တို့သည် ထာဝရ အသက် ကိုရ စေခြင်းငှာ ၎င်း အလို တော်ရှိ၏။ ငါ သည်လည်း နောက်ဆုံး သောနေ့ ၌ ထိုသူ တို့ကို ထမြောက် စေမည် ဟု မိန့် တော်မူ၏။ (aiōnios g166)
For it is My Father’s will that everyone who looks to the Son and believes in Him shall have eternal life, and I will raise him up at the last day.” (aiōnios g166)
41 ၄၁ ငါ သည်ကောင်းကင် မှ ဆင်းသက် သောမုန့် ဖြစ် ၏ဟု မိန့် တော်မူသည် ကို ယုဒ လူတို့က၊
At this, the Jews began to grumble about Jesus because He had said, “I am the bread that came down from heaven.”
42 ၄၂ ဤသူ သည် ယောသပ် ၏သား ယေရှု ဖြစ် သည်မ ဟုတ်လော။ သူ ၏မိဘ ကိုငါ တို့သိ သည်မဟုတ်လော။ ငါသည် ကောင်းကင် မှ ဆင်းသက် ၏ဟု သူသည်အဘယ်သို့ ဆို ရသနည်းဟု ကဲ့ရဲ့ ပြစ်တင်လျက် ဆို ကြ၏။
They were asking, “Is this not Jesus, the son of Joseph, whose father and mother we know? How then can He say, ‘I have come down from heaven?’”
43 ၄၃ ယေရှု ကလည်း ၊ ငါ့ကိုအချင်းချင်း ကဲ့ရဲ့ ၍ အပြစ်မ တင်ကြနှင့်။
“Stop grumbling among yourselves,” Jesus replied.
44 ၄၄ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည် သွေးဆောင် တော်မ မူလျှင် ၊ အဘယ်သူ မျှ ငါ့ ထံသို့ မလာ နိုင် ။ လာသောသူ ကိုနောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။
“No one can come to Me unless the Father who sent Me draws him, and I will raise him up at the last day.
45 ၄၅ အနာဂတ္တိ ကျမ်းစာ ၌ လာ သည်ကား၊ ထိုသူအပေါင်း တို့သည် ဘုရားသခင် ဆုံးမ သွန်သင်တော်မူသောသူဖြစ် ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော် ထံ၌ နားထောင် ၍ နည်းခံ သောသူ မှန်သမျှ တို့သည် ငါ့ ထံသို့ လာ ကြ၏။
It is written in the Prophets: ‘And they will all be taught by God.’ Everyone who has heard the Father and learned from Him comes to Me—
46 ၄၆ ထိုသို့ငါဆိုသော၊ ဘုရားသခင့် အထံ တော်က ကြွလာသောသူ မှတစ်ပါး တစုံတစ်ယောက် သော သူ သည် ခမည်းတော် ကိုမြင် ခဲ့ပြီဟု မ ဆိုလို။ ကြွလာသောသူဟူမူကား၊ ခမည်းတော် ကို မြင် ခဲ့ပြီ။
not that anyone has seen the Father except the One who is from God; only He has seen the Father.
47 ၄၇ ငါအမှန်အကန် ဆို သည်ကား၊ ငါ့ကို ယုံကြည် သောသူ သည်ထာဝရ အသက် ကိုရ ၏။ (aiōnios g166)
Truly, truly, I tell you, he who believes has eternal life. (aiōnios g166)
48 ၄၈ ငါ သည်အသက် မုန့် ဖြစ် ၏။
I am the bread of life.
49 ၄၉ သင်တို့ဘိုးဘေး များသည် တော ၌ မန္န ကိုစား လျက် သေ ရကြ၏။
Your fathers ate the manna in the wilderness, yet they died.
50 ၅၀ ကောင်းကင် မှ ဆင်းသက် သောမုန့် ကို စား သောသူ သည်သေ ခြင်းနှင့်ကင်းလွတ် ၏။
This is the bread that comes down from heaven, so that anyone may eat of it and not die.
51 ၅၁ ငါ သည်ကောင်းကင် မှ ဆင်းသက် သောအသက် မုန့် ဖြစ်၏။ ဤ မုန့် ကို စား သောသူ မည်သည်ကား၊ အစဉ်မပြတ် အသက် ရှင်လိမ့်မည်။ ငါ ပေးသောမုန့် ကား၊ လောကီသား တို့၏ အသက် အဘို့ အလိုငှာ စွန့် သောငါ ၏ အသား ပေတည်း ဟုမိန့် တော်မူ၏။ (aiōn g165)
I am the living bread that came down from heaven. If anyone eats of this bread, he will live forever. And this bread, which I will give for the life of the world, is My flesh.” (aiōn g165)
52 ၅၂ ထိုအခါ ယုဒ လူတို့က၊ ဤသူ သည်မိမိ အသား ကို ငါ တို့စားစရာ ဘို့အဘယ်သို့ ပေး နိုင် သနည်းဟု အချင်းချင်း ငြင်းခုံ ကြ၏။
At this, the Jews began to argue among themselves, “How can this man give us His flesh to eat?”
53 ၅၃ ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ လူသား ၏အသား ကိုမ စား ၊ အသွေး ကိုမသောက် လျှင် သင် တို့၌ အသက် မ ရှိ ။
So Jesus said to them, “Truly, truly, I tell you, unless you eat the flesh and drink the blood of the Son of Man, you have no life in you.
54 ၅၄ ငါ ၏အသား ကိုစား ၍ ငါ ၏အသွေး ကိုလည်း သောက် သောသူ သည်ထာဝရ အသက် ကိုရ ၏။ ထိုသူ ကို နောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။ (aiōnios g166)
Whoever eats My flesh and drinks My blood has eternal life, and I will raise him up at the last day. (aiōnios g166)
55 ၅၅ ငါ ၏အသား သည် စားစရာ ကောင်း ၏။ ငါ ၏ အသွေး လည်းသောက် စရာကောင်း ၏။
For My flesh is real food, and My blood is real drink.
56 ၅၆ ငါ ၏အသား အသွေး ကို သောက် စား သောသူ သည်ငါ ၌ တည် ၏။ ထိုသူ ၌ လည်း ငါ တည်၏။
Whoever eats My flesh and drinks My blood remains in Me, and I in him.
57 ၅၇ အသက်ရှင်တော်မူသောခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူ၍၊ ငါ သည်ခမည်းတော် အားဖြင့် အသက် ရှင်သည်နည်းတူ ၊ ငါ့ ကိုစား သောသူ သည်ငါ့ အားဖြင့် အသက် ရှင်လိမ့်မည်။
Just as the living Father sent Me and I live because of the Father, so also the one who feeds on Me will live because of Me.
58 ၅၈ ဤမုန့် ကား၊ ကောင်းကင် မှ ဆင်းသက် သောမုန့် ဖြစ် ၏။ သင်တို့ ဘိုးဘေး များသည် မန္နကိုစား လျက် သေ ရသကဲ့သို့ မ ဟုတ်။ ဤ မုန့် ကိုစား သောသူ သည် အစဉ်မပြတ် အသက် ရှင်လိမ့်မည် ဟု၊ (aiōn g165)
This is the bread that came down from heaven. Unlike your fathers, who ate the manna and died, the one who eats this bread will live forever.” (aiōn g165)
59 ၅၉ ကပေရနောင် မြို့မှာ တရားစရပ် ၌ ဩဝါဒ ပေးစဉ်တွင် မိန့် တော်မူ၏။
Jesus said this while teaching in the synagogue in Capernaum.
60 ၆၀ တပည့် တော်အများ တို့သည် ကြား လျှင်၊ ထို စကား သည် အလွန် ခက်လှ၏။ အဘယ်သူ နာခံ နိုင် မည်နည်းဟု ဆို ကြ၏။
On hearing it, many of His disciples said, “This is a difficult teaching. Who can accept it?”
61 ၆၁ ထိုသို့တပည့် တော်တို့ ကဲ့ရဲ့ ပြစ်တင်သည်ကို ယေရှု သည်အလိုအလျောက် သိ တော်မူလျှင် ၊ ဤ တရား စကားကြောင့် သင် တို့သည် စိတ်ပျက် ကြသလော။
Aware that His disciples were grumbling about this teaching, Jesus asked them, “Does this offend you?
62 ၆၂ လူ သား သည်အရင် နေရာ အရပ်သို့တဖန် ကြွတက် သည်ကိုမြင် ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း။
Then what will happen if you see the Son of Man ascend to where He was before?
63 ၆၃ ဝိညာဉ် သာလျှင်အသက် ရှင်စေ၏။ ကိုယ် ကာယသည်အလျှင်း မ တတ်နိုင် ။ ငါ ပြော သောစကား သည် ဝိညာဉ် ဖြစ်၏။ အသက် လည်း ဖြစ်၏။
The Spirit gives life; the flesh profits nothing. The words I have spoken to you are spirit and they are life.
64 ၆၄ သို့သော်လည်း သင် တို့တွင် မ ယုံကြည် သောသူ တချို့ ရှိ ၏။
However, there are some of you who do not believe.” (For Jesus had known from the beginning which of them did not believe and who would betray Him.)
65 ၆၅ ထိုကြောင့် ငါ၏ခမည်းတော် သည် အခွင့်ပေး တော်မ မူလျှင် ၊ အဘယ်သူ မျှငါ ထံသို့ မလာ နိုင် ဟု အထက် ငါဆို ခဲ့ပြီ ဟု မိန့် တော်မူ၏။ ထိုသို့မိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူ မ ယုံကြည် သည်ကို၎င်း ၊ အဘယ်သူ သည် ကိုယ်တော် ကို အပ်နှံ မည်ကို၎င်း ၊ ယေရှု သည်အစအဦး ၌ သိ တော်မူ၏။
Then Jesus said, “This is why I told you that no one can come to Me unless the Father has granted it to him.”
66 ၆၆ ထိုအခါမှစ၍ တပည့် တော်များ တို့သည် ကိုယ်တော် နှင့် မ ပေါင်းဖော် ဘဲ ဆုတ် သွား ကြ၏။
From that time on many of His disciples turned back and no longer walked with Him.
67 ၆၇ ထိုကြောင့် ယေရှု သည် တကျိပ် နှစ်ပါးသောသူ တို့အား၊ သင် တို့သည်လည်း ထွက်သွား ခြင်းငှာအလိုရှိ ကြသလော ဟုမေး တော်မူလျှင်၊
So Jesus asked the Twelve, “Do you want to leave too?”
68 ၆၈ ရှိမုန် ပေတရု က၊ သခင် ၊ အကျွန်ုပ်တို့သည် အဘယ်သူ ထံသို့ သွား ရမည်နည်း။ ထာဝရ အသက် နှင့် ယှဉ်သော စကား သည်ကိုယ်တော်၌ တည် ပါ၏။ (aiōnios g166)
Simon Peter replied, “Lord, to whom would we go? You have the words of eternal life. (aiōnios g166)
69 ၆၉ ကိုယ်တော် သည် ခရစ်တော်တည်းဟူသောအသက်ရှင်တော်မူသော ဘုရားသခင် ၏သား တော် ဖြစ် တော်မူသည်ကို အကျွန်ုပ် တို့ယုံကြည် သိမှတ် ကြပါသည်ဟုလျှောက် လေ၏။
We believe and know that You are the Holy One of God.”
70 ၇၀ ယေရှု ကလည်း၊ တစ်ကျိပ် နှစ်ပါးသောသင် တို့ကို ငါ ရွေးကောက် သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူ တစ် ယောက်ပါ မည် ဟု မိန့် တော်မူ၏။
Jesus answered them, “Have I not chosen you, the Twelve? Yet one of you is a devil!”
71 ၇၁ ထိုသို့ မိန့် တော်မူသော်၊ တကျိပ် နှစ်ပါးအဝင် ဖြစ်၍ကိုယ်တော် ကိုအပ်နှံ မည်သူ ၊ ရှိမုန် ၏သား ယုဒ ရှကာရုတ် ကိုဆိုလို သတည်း။
He was speaking about Judas, the son of Simon Iscariot. For although Judas was one of the Twelve, he was later to betray Jesus.

< ယောဟန် 6 >