< ယောဟန် 5 >
1 ၁ ထို နောက်မှ ယုဒ ပွဲ ခံစဉ်တွင်၊ ယေရှု သည် ယေရုရှလင် မြို့သို့ ကြွ တော်မူ၏။
μετα ταυτα ην εορτη των ιουδαιων και ανεβη ο ιησους εις ιεροσολυμα
2 ၂ ယေရုရှလင် မြို့၌ သိုး တံခါးနားမှာ ဟေဗြဲ ဘာသာစကားအားဖြင့်ဗေသေသဒ အမည် ရှိသော ရေကန် ရှိ၏။ ထိုရေကန်သည် ကနားပြင် ငါး ဆောင်နှင့် ပြည့်စုံ ၏။
εστιν δε εν τοις ιεροσολυμοις επι τη προβατικη κολυμβηθρα η επιλεγομενη εβραιστι βηθεσδα πεντε στοας εχουσα
3 ၃ ထိုကနားပြင်တို့၌ မျက်စိ ကန်း၊ ခြေမစွမ်း ၊ ကိုယ်ပိန်ခြောက် သောသူတို့မှစ၍အနာ ရောဂါစွဲသောသူ များအပေါင်း တို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့်၍ နေကြ၏။
εν ταυταις κατεκειτο πληθος πολυ των ασθενουντων τυφλων χωλων ξηρων εκδεχομενων την του υδατος κινησιν
4 ၄ အကြောင်းမူကား၊ အချိန်တန်လျှင်ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေးဦးစွာဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။
αγγελος γαρ κατα καιρον κατεβαινεν εν τη κολυμβηθρα και εταρασσεν το υδωρ ο ουν πρωτος εμβας μετα την ταραχην του υδατος υγιης εγινετο ω δηποτε κατειχετο νοσηματι
5 ၅ ထိုအခါ သုံးဆယ် ရှစ် နှစ် ပတ်လုံးရောဂါ စွဲသောသူ တစ် ယောက်သည် ရေကန်နားမှာရှိ၏။
ην δε τις ανθρωπος εκει {VAR1: τριακονταοκτω } {VAR2: τριακοντα και οκτω } ετη εχων εν τη ασθενεια
6 ၆ ထိုသူ သည် တုံးလုံး နေသည်ကို ယေရှု မြင် တော်မူ၍ ကြာ လှပြီ ဟုသိ တော်မူလျှင်၊ သင်သည် ကျမ်းမာ ခြင်းသို့ ရောက်လို သလော ဟု မေး တော်မူ၏။
τουτον ιδων ο ιησους κατακειμενον και γνους οτι πολυν ηδη χρονον εχει λεγει αυτω θελεις υγιης γενεσθαι
7 ၇ နာ သောသူ ကလည်း၊ သခင် ၊ ရေ လှုပ်ရှား သောအခါ ရေကန် ထဲသို့ အကျွန်ုပ် ကို သွင်း ထားမည့်သူမ ရှိ ပါ။ အကျွန်ုပ် သွား စဉ် တွင် အခြား သောသူ သည် အကျွန်ုပ် ရှေ့ မှာ ဝင် တတ်ပါသည်ဟု လျှောက် ၏။
απεκριθη αυτω ο ασθενων κυριε ανθρωπον ουκ εχω ινα οταν ταραχθη το υδωρ βαλλη με εις την κολυμβηθραν εν ω δε ερχομαι εγω αλλος προ εμου καταβαινει
8 ၈ ယေရှု ကလည်း ထ လော့။ ကိုယ် အိပ်ရာ ကိုဆောင် ၍ လှမ်းသွားလော့ ဟု မိန့်တော်မူသည်၊
λεγει αυτω ο ιησους εγειραι αρον τον κραββατον σου και περιπατει
9 ၉ ခဏခြင်း တွင်ထိုသူ သည် ပကတိ အဖြစ်သို့ရောက် ၍ ၊ မိမိ အိပ်ရာ ကိုဆောင် လျက် လှမ်းသွား ၏။
και ευθεως εγενετο υγιης ο ανθρωπος και ηρεν τον κραββατον αυτου και περιεπατει ην δε σαββατον εν εκεινη τη ημερα
10 ၁၀ ထို နေ့ သည် ဥပုသ်နေ့ ဖြစ် ၏။ ထိုကြောင့် ယုဒ လူတို့က၊ ဥပုသ်နေ့ ဖြစ် ၏။ အိပ်ရာ ကို မ ဆောင် အပ်ဟု ရောဂါ ကင်းသော သူ အားဆို ကြ၏။
ελεγον ουν οι ιουδαιοι τω τεθεραπευμενω σαββατον εστιν ουκ εξεστιν σοι αραι τον κραββατον
11 ၁၁ သူ ကလည်း၊ အကျွန်ုပ် ကို ကျန်းမာ စေ သောသူ က၊ ကိုယ် အိပ်ရာ ကိုဆောင် ၍ လှမ်းသွားလော့ ဆို သည် ဟု ပြန်ပြော ၏။
απεκριθη αυτοις ο ποιησας με υγιη εκεινος μοι ειπεν αρον τον κραββατον σου και περιπατει
12 ၁၂ ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင် ၍ လှမ်းသွား လော့ဟု သင့် အားဆို သောသူ ကားအဘယ်သူ နည်းဟု မေးမြန်း ကြ၏။
ηρωτησαν ουν αυτον τις εστιν ο ανθρωπος ο ειπων σοι αρον τον κραββατον σου και περιπατει
13 ၁၃ ထိုသူကား၊ အဘယ်သူ ဖြစ် သည်ကို ရောဂါ ကင်းသောသူ သည်မ သိ ။ အကြောင်းမူကား ၊ ထိုအရပ် ၌ လူစုဝေး လျက်ရှိ သည်ဖြစ်၍၊ ယေရှု သည် မထင်မရှား ထွက်ကြွတော်မူ၏။
ο δε ιαθεις ουκ ηδει τις εστιν ο γαρ ιησους εξενευσεν οχλου οντος εν τω τοπω
14 ၁၄ ထိုနောက်မှ ယေရှု သည်ဗိမာန် တော်၌ ထိုသူ ကို တွေ့ တော်မူလျှင် သင်သည် ကျန်းမာ ခြင်းရှိ၏။ သာ၍ဆိုး သောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တစ်ဖန်ဒုစရိုက် ကို မ ပြုနှင့် ဟု မိန့် တော်မူ၏။
μετα ταυτα ευρισκει αυτον ο ιησους εν τω ιερω και ειπεν αυτω ιδε υγιης γεγονας μηκετι αμαρτανε ινα μη χειρον τι σοι γενηται
15 ၁၅ ထိုသူ သည်သွား ၍ မိမိ ကိုကျန်းမာ စေသောသူ သည် ယေရှု ဖြစ် သည်ကို ယုဒ လူတို့အား ကြားပြော လေ၏။
απηλθεν ο ανθρωπος και ανηγγειλεν τοις ιουδαιοις οτι ιησους εστιν ο ποιησας αυτον υγιη
16 ၁၆ ထိုအမှု ကိုဥပုသ်နေ့ ၌ ပြု တော်မူသောကြောင့် ၊ ယုဒ လူတို့သည် ယေရှု ကိုညှဉ်းဆဲ ကြ၏။
και δια τουτο εδιωκον τον ιησουν οι ιουδαιοι και εζητουν αυτον αποκτειναι οτι ταυτα εποιει εν σαββατω
17 ၁၇ ယေရှု ကလည်း ၊ ငါ့ ခမည်းတော် သည် ယခု တိုင်အောင် အလုပ်လုပ် တော်မူသည်ဖြစ်၍၊ ငါ သည်လည်း လုပ် ၏ ဟု ပြန်ပြောတော်မူ ၏။
ο δε ιησους απεκρινατο αυτοις ο πατηρ μου εως αρτι εργαζεται καγω εργαζομαι
18 ၁၈ သို့ဖြစ်၍ ဥပုသ်နေ့ ကို ဖျက် သည်သာမက ၊ ဘုရားသခင် ကို မိမိ အဘ ဟုခေါ် ၍ မိမိကိုဘုရားသခင် နှင့် ပြိုင် နှိုင်းတော်မူသောကြောင့် ၊ ယုဒ လူတို့သည် ကိုယ်တော် ကို သတ် ခြင်းငှာသာ၍ ရှာကြံ ကြ၏။
δια τουτο ουν μαλλον εζητουν αυτον οι ιουδαιοι αποκτειναι οτι ου μονον ελυεν το σαββατον αλλα και πατερα ιδιον ελεγεν τον θεον ισον εαυτον ποιων τω θεω
19 ၁၉ ယေရှု ကလည်း ၊ သင် တို့အား ငါအမှန်အကန် ဆို သည်ကား၊ ခမည်းတော် ပြု တော်မူသောအမှုကို သား တော်သည် မြင်၍သာပြု ၏။ မိမိ အလိုအလျောက်အဘယ် အမှုကိုမျှမပြုနိုင် ၊ ခမည်းတော် ပြု တော်မူသမျှ အတိုင်း သား တော်လည်းပြု ၏။
απεκρινατο ουν ο ιησους και ειπεν αυτοις αμην αμην λεγω υμιν ου δυναται ο υιος ποιειν αφ εαυτου ουδεν εαν μη τι βλεπη τον πατερα ποιουντα α γαρ αν εκεινος ποιη ταυτα και ο υιος ομοιως ποιει
20 ၂၀ ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍ ပြု တော်မူသမျှ တို့ကို သား တော်အားပြ တော်မူ၏။ သင် တို့သည် အံ့ဩဖွယ် ရှိစေခြင်းငှာ ဤမျှမကသာ၍ကြီးစွာ သောအမူအရာ တို့ကို သား တော်အားပြ တော်မူလိမ့်မည်။
ο γαρ πατηρ φιλει τον υιον και παντα δεικνυσιν αυτω α αυτος ποιει και μειζονα τουτων δειξει αυτω εργα ινα υμεις θαυμαζητε
21 ၂၁ မည်းတော် သည် သေ လွန်သောသူ တို့ကို ထမြောက် ရှင်ပြန် စေတော်မူသကဲ့သို့ ၊ ထိုနည်းတူ သား တော်သည်လည်း အလို ရှိသမျှသောသူ တို့ကို ရှင် စေ၏။
ωσπερ γαρ ο πατηρ εγειρει τους νεκρους και ζωοποιει ουτως και ο υιος ους θελει ζωοποιει
22 ၂၂ လူအပေါင်း တို့သည် ခမည်းတော် ကို ရိုသေ သည်နည်းတူ ၊
ουδε γαρ ο πατηρ κρινει ουδενα αλλα την κρισιν πασαν δεδωκεν τω υιω
23 ၂၃ သား တော်ကို ရိုသေ စေမည်အကြောင်း ၊ ခမည်းတော် သည် အဘယ်သူ ကိုမျှ မတရားစီရင် တော်မမူ။ တရား စီရင်ခြင်းအခွင့်ရှိသမျှ ကို သား တော်အား အပ်ပေး တော်မူ၏။ သား တော်ကို မ ရိုသေ သောသူ သည်ကား၊ သား တော်ကိုစေလွှတ် တော်မူသောခမည်းတော် ကို မ ရိုသေ သောသူဖြစ်၏။
ινα παντες τιμωσιν τον υιον καθως τιμωσιν τον πατερα ο μη τιμων τον υιον ου τιμα τον πατερα τον πεμψαντα αυτον
24 ၂၄ ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် ၍ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုယုံကြည် သောသူ သည် ထာဝရ အသက် ကို ရ သည်ဖြစ်၍ အပြစ် စီရင်ခြင်းကိုမ ခံရ ။ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။ (aiōnios )
αμην αμην λεγω υμιν οτι ο τον λογον μου ακουων και πιστευων τω πεμψαντι με εχει ζωην αιωνιον και εις κρισιν ουκ ερχεται αλλα μεταβεβηκεν εκ του θανατου εις την ζωην (aiōnios )
25 ၂၅ ငါ အမှန်အကန် ဆိုသည်ကား ၊ သေ လွန်သောသူ တို့သည် ဘုရားသခင် သား တော်၏ စကား သံကိုကြား ၍ ၊ ကြား သောအားဖြင့်အသက် ရှင်ရမည့်အချိန် ကာလသည် လာ၍ယခုပင် ရောက် လျက်ရှိ၏။
αμην αμην λεγω υμιν οτι ερχεται ωρα και νυν εστιν οτε οι νεκροι ακουσονται της φωνης του υιου του θεου και οι ακουσαντες ζησονται
26 ၂၆ အကြောင်းမူကား ၊ ခမည်းတော် သည် ကိုယ် ၌ အသက် ရှိ တော်မူသည်နည်းတူ ၊ သား တော်သည်မိမိ ၌ အသက် ရှိ ရသောအခွင့်ကို ပေး တော်မူ၏။
ωσπερ γαρ ο πατηρ εχει ζωην εν εαυτω ουτως εδωκεν και τω υιω ζωην εχειν εν εαυτω
27 ၂၇ သားတော်သည် လူ သား ဖြစ် သောကြောင့် တရားစီရင်ခြင်း အခွင့် ကိုလည်း အပ်ပေး တော်မူ၏။
και εξουσιαν εδωκεν αυτω και κρισιν ποιειν οτι υιος ανθρωπου εστιν
28 ၂၈ ဤ အမှုအရာကို အံ့ဩ ခြင်းမ ရှိကြနှင့်။ သင်္ချိုင်း များမှာရှိသောသူ အပေါင်း တို့သည် သား တော်၏ စကား သံကိုကြား ၍ ၊
μη θαυμαζετε τουτο οτι ερχεται ωρα εν η παντες οι εν τοις μνημειοις ακουσονται της φωνης αυτου
29 ၂၉ ထွက်ရမည့်အချိန် ကာလရောက် လတံ့။ ကောင်း သောအကျင့်ကို ကျင့် သောသူ တို့သည် အသက် ရှင်ရာ ထမြောက် ခြင်းသို့ ၎င်း ၊ ဆိုးယုတ် သောအကျင့်ကို ကျင့် သောသူ တို့သည် အပြစ် စီရင်ရာထမြောက် ခြင်းသို့ ၎င်း ထွက် ရကြလတံ့။
και εκπορευσονται οι τα αγαθα ποιησαντες εις αναστασιν ζωης οι δε τα φαυλα πραξαντες εις αναστασιν κρισεως
30 ၃၀ ငါ သည်ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမ ပြု နိုင် ။ ငါသည် ကြား သည်အတိုင်း တရား စီရင်၏၊ ငါ စီရင် ခြင်းသည်လည်း တရားတော် နှင့်ညီညွတ်၏။ အကြောင်းမူကား ၊ ငါ သည် ကိုယ်အလို သို့မ လိုက် ၊ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် ၏အလို သို့လိုက်၏။
ου δυναμαι εγω ποιειν απ εμαυτου ουδεν καθως ακουω κρινω και η κρισις η εμη δικαια εστιν οτι ου ζητω το θελημα το εμον αλλα το θελημα του πεμψαντος με πατρος
31 ၃၁ ငါ သည် ကိုယ် အကြောင်း ကို သက်သေခံ လျှင် ငါ့ သက်သေ မ တည် ။
εαν εγω μαρτυρω περι εμαυτου η μαρτυρια μου ουκ εστιν αληθης
32 ၃၂ ငါ ၏အကြောင်း ကိုသက်သေခံ သော သူတစ်ပါး ရှိ သေး၏။ ထို သူ၏သက်သေ တည် ကြောင်းကို ငါသိ ၏။
αλλος εστιν ο μαρτυρων περι εμου και οιδα οτι αληθης εστιν η μαρτυρια ην μαρτυρει περι εμου
33 ၃၃ သင် တို့သည် ယောဟန် ထံသို့ စေလွှတ် ကြ၏။ သူသည် သမ္မာတရား ဘက်၌ သက်သေခံ ၏။
υμεις απεσταλκατε προς ιωαννην και μεμαρτυρηκεν τη αληθεια
34 ၃၄ သို့သော်လည်း လူ ပေးသောသက်သေ ကိုငါ သည်ပမာဏ မ ပြု။ သင် တို့သည် ကယ်တင် ခြင်းသို့ ရောက်မည်အကြောင်း ဤ စကားကို ငါပြော ၏။
εγω δε ου παρα ανθρωπου την μαρτυριαν λαμβανω αλλα ταυτα λεγω ινα υμεις σωθητε
35 ၃၅ ယောဟန်သည်ညှိ ထွန်း၍ လင်း သောဆီမီး ဖြစ် ၏။ သင် တို့သည် သူ၏ အလင်း ၌ ခဏ သာမွေ့လျော် ခြင်းငှာအလိုရှိ ကြ၏။
εκεινος ην ο λυχνος ο καιομενος και φαινων υμεις δε ηθελησατε αγαλλιασθηναι προς ωραν εν τω φωτι αυτου
36 ၃၆ ယောဟန် ၏သက်သေထက်သာ၍ ကြီးသောသက်သေ သည် ငါ ၌ရှိ ၏။ အကြင်အမှု တို့ကို ငါပြီးစီး စေခြင်းငှာ ခမည်းတော် သည် ငါ့ လက်သို့ အပ်ပေး တော်မူ၍၊ ငါပြု သော ထို အမှု တို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူသည်အကြောင်း ကို သက်သေခံ ကြ၏။
εγω δε εχω την μαρτυριαν μειζω του ιωαννου τα γαρ εργα α εδωκεν μοι ο πατηρ ινα τελειωσω αυτα αυτα τα εργα α εγω ποιω μαρτυρει περι εμου οτι ο πατηρ με απεσταλκεν
37 ၃၇ ခမည်းတော် သည်လည်း ငါ့ ဘက်၌ သက်သေခံ တော်မူ၏။ ခမည်းတော် ၏စကား သံတော်ကို သင်တို့သည် မ ကြား ၊ သဏ္ဌာန် တော်ကိုမ မြင် ၊
και ο πεμψας με πατηρ αυτος μεμαρτυρηκεν περι εμου ουτε φωνην αυτου ακηκοατε πωποτε ουτε ειδος αυτου εωρακατε
38 ၃၈ နှုတ်ကပတ် တော်သည်လည်း သင် တို့၌ မ တည် ။ အကြောင်းမူကား ၊ စေလွှတ် တော်မူသောသူ ကိုသင် တို့ သည် မ ယုံကြည် ဘဲနေကြ၏။
και τον λογον αυτου ουκ εχετε μενοντα εν υμιν οτι ον απεστειλεν εκεινος τουτω υμεις ου πιστευετε
39 ၃၉ ကျမ်းစာအားဖြင့် ထာဝရ အသက် ကိုရ မည်ဟု စိတ်ထင် နှင့် သင်တို့သည် ကျမ်းစာ ကိုစေ့စေ့ ကြည့်ရှုကြ၏။ ထို ကျမ်းစာပင်ငါ ၏သက်သေ ဖြစ် ၏။ (aiōnios )
ερευνατε τας γραφας οτι υμεις δοκειτε εν αυταις ζωην αιωνιον εχειν και εκειναι εισιν αι μαρτυρουσαι περι εμου (aiōnios )
40 ၄၀ သင်တို့သည် အသက် ကိုရ အောင် ငါ့ ထံသို့ လာ ခြင်းငှာအလို မ ရှိကြ၊
και ου θελετε ελθειν προς με ινα ζωην εχητε
41 ၄၁ လူ ပေးသောဘုန်း အသရေကို ငါမခံ ။
δοξαν παρα ανθρωπων ου λαμβανω
42 ၄၂ သို့သော်လည်း ဘုရားသခင် ကို ချစ် ခြင်းမေတ္တာသည် သင်တို့၌ မ ရှိ သည်ကို ငါသိ ၏။
αλλ εγνωκα υμας οτι την αγαπην του θεου ουκ εχετε εν εαυτοις
43 ၄၃ ငါ သည်ခမည်းတော် ၏အခွင့် နှင့် ရောက်လာ သော်လည်းသင်တို့သည်ငါ့ ကို လက် မ ခံကြ။ အခြား သောသူသည် မိမိ အခွင့် နှင့် ရောက်လာ လျှင် ထိုသူ ကို လက်ခံ ကြလိမ့်မည်။
εγω εληλυθα εν τω ονοματι του πατρος μου και ου λαμβανετε με εαν αλλος ελθη εν τω ονοματι τω ιδιω εκεινον ληψεσθε
44 ၄၄ အချင်းချင်း ပေးသော ဘုန်း အသရေကိုသာခံ ၍ ၊ ဘုရားသခင် သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလို မရှိသောသင် တို့သည် အဘယ်သို့ ယုံကြည် နိုင် မည်နည်း။
πως δυνασθε υμεις πιστευσαι δοξαν παρα αλληλων λαμβανοντες και την δοξαν την παρα του μονου θεου ου ζητειτε
45 ၄၅ ခမည်းတော် ရှေ့ ၌ ငါ သည် သင် တို့ကိုအပြစ်တင် မည်ဟု မ ထင် ကြနှင့်။ သင် တို့ကို အပြစ်တင် သောသူတစ်ပါးရှိ သေး၏။ ထိုသူ ကား သင် တို့ကိုးစား သော မောရှေ ပေတည်း။
μη δοκειτε οτι εγω κατηγορησω υμων προς τον πατερα εστιν ο κατηγορων υμων μωσης εις ον υμεις ηλπικατε
46 ၄၆ သင်တို့သည် မောရှေ ၏စကားကို ယုံ လျှင် ငါ့ စကားကို မယုံ ဘဲမနေနိုင်ကြ။ အကြောင်းမူကား ၊ မောရှေ သည် ငါ့ အကြောင်းကို ရေး ထား၏။
ει γαρ επιστευετε μωση επιστευετε αν εμοι περι γαρ εμου εκεινος εγραψεν
47 ၄၇ သူ ရေးထားသောစာ ကို သင် တို့သည်မ ယုံလျှင် ၊ ငါ စကား ကို အဘယ်သို့ ယုံ နိုင်မည်နည်း ဟု ယုဒလူတို့ အား မိန့်တော်မူ၏။
ει δε τοις εκεινου γραμμασιν ου πιστευετε πως τοις εμοις ρημασιν πιστευσετε