< ယောဟန် 4 >
1 ၁ ယေရှု သည် ကိုယ်တိုင် ဗတ္တိဇံ ကို ပေးတော်မ မူ။
When Jesus realized that the Pharisees were aware He was gaining and baptizing more disciples than John
2 ၂ တပည့် တော်တို့သာလျှင် ပေးကြသော်လည်း ၊ ယေရှု သည် ယောဟန် ထက် သာ၍ များသော သူတို့ကို တပည့် တော်ဖြစ်စေ ၍ ၊ ဗတ္တိဇံ ကိုပေးကြောင်း ကို ဖာရိရှဲ တို့သည် ကြား ပြီဟု သခင် ဘုရားသိ တော်မူသောအခါ ၊
(although it was not Jesus who baptized, but His disciples),
3 ၃ ယုဒ ပြည်မှ ထွက်သွား ၍ ဂါလိလဲ ပြည်သို့ တစ်ဖန် ကြွ တော်မူစဉ်တွင်၊
He left Judea and returned to Galilee.
4 ၄ ရှမာရိ ပြည်အလယ်၌ ရှောက်သွား ရ၏။
Now He had to pass through Samaria.
5 ၅ ယာကုပ် သည် မိမိ သား ယောသပ် အား ပေး သောမြေ အကွက်နှင့်အနီး ၊ ရှမာရိ နယ်၊ ရှုခါ အမည် ရှိသောမြို့ သို့ ရောက် တော်မူ၏။
So He came to a town of Samaria called Sychar, near the plot of ground that Jacob had given to his son Joseph.
6 ၆ ထို အရပ်၌ယာကုပ် ၏ ရေတွင်း ရှိ ၏။ ယေရှု သည် ခရီးသွား ၍ ပင်ပန်း သောကြောင့် ရေတွင်း နား မှာ ထိုင် တော်မူ၏။ ထိုအချိန် သည် ခြောက် နာရီအချိန်ဖြစ် ၏။
Since Jacob’s well was there, Jesus, weary from His journey, sat down by the well. It was about the sixth hour.
7 ၇ ရှမာရိ မိန်းမ တစ်ယောက်သည် ရေ ခပ် ခြင်းငှာလာ ၍၊ ယေရှု က၊ ငါ သောက် ဘို့ရေပေး ပါဟု ထိုမိန်းမ အားမိန့် တော်မူ၏။
When a Samaritan woman came to draw water, Jesus said to her, “Give Me a drink.”
8 ၈ အကြောင်းမူကား ၊ တပည့် တော်တို့သည် စားစရာ ကိုဝယ် ခြင်းငှာ မြို့ ထဲသို့ သွား ကြသည် အခိုက် ဖြစ်သတည်း။
(His disciples had gone into the town to buy food.)
9 ၉ ထို မိန်းမ ကလည်း၊ သင် သည်ယုဒ လူဖြစ် လျက်ပင်၊ ရှမာရိ မိန်းမ ဖြစ် သောအကျွန်ုပ် ကိုအဘယ်ကြောင့် သောက် ဘို့တောင်း သနည်းဟုဆို ၏။ ဆိုသည်အကြောင်း ကား၊ ယုဒ လူတို့သည် ရှမာရိ လူတို့နှင့်ပေါင်းဖေါ် ခြင်း မ ရှိ။
“You are a Jew,” said the woman. “How can You ask for a drink from me, a Samaritan woman?” (For Jews do not associate with Samaritans.)
10 ၁၀ ယေရှု ကလည်း၊ ဘုရားသခင် ကျေးဇူး တော်ကို၎င်း ၊ ငါ သောက် ဘို့ရေပေး ပါဟုဆို သောသူ ကား အဘယ်သူ ဖြစ် သည်ကို၎င်း သင်သည်သိ လျှင် ထို သူကိုတောင်း လိမ့်မည်။ ထိုသူသည်လည်း အသက် ရေ ကို ပေး လိမ့်မည် ဟုပြန် ၍ မိန့် တော်မူသော်၊
Jesus answered, “If you knew the gift of God and who is asking you for a drink, you would have asked Him, and He would have given you living water.”
11 ၁၁ မိန်းမ က၊ သခင် ၌ရေ ခပ်စရာမ ရှိ ရေတွင်း လည်း နက် သည် ဖြစ်၍၊ အသက် ရေ ကို အဘယ်သို့ ရ ပါ မည်နည်း။
“Sir,” the woman replied, “You have nothing to draw with and the well is deep. Where then will You get this living water?
12 ၁၂ ဤရေတွင်း ကို ငါ တို့အဘ ယာကုပ် သည် ငါ တို့အား ပေး ၏။ သူ့ ကိုယ်တိုင်မှစ၍ ၊ သားသမီး ၊ တိရိစ္ဆာန် များတို့သည် ဤ တွင်းရေကိုသောက် ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ် သလောဟုဆို ၏။
Are You greater than our father Jacob, who gave us this well and drank from it himself, as did his sons and his livestock?”
13 ၁၃ ယေရှု ကလည်း ၊ ဤ ရေ ကိုသောက် သောသူ သည် နောက် တဖန်ရေငတ် ဦးမည်။
Jesus said to her, “Everyone who drinks this water will be thirsty again.
14 ၁၄ ငါ ပေး သောရေ ကိုသောက် သောသူ မူကား ၊ ရေငတ် ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေး သော ရေ သည် ထိုသူ ၌ထာဝရ အသက် ရှင်ခြင်းအလိုငှာ ထွက် သော စမ်း ရေ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။ (aiōn , aiōnios )
But whoever drinks the water I give him will never thirst. Indeed, the water I give him will become in him a fount of water springing up to eternal life.” (aiōn , aiōnios )
15 ၁၅ မိန်းမ ကလည်း၊ သခင် ၊ ကျွန်ုပ် သည်ရေငတ် ခြင်းနှင့်၎င်း ၊ သည် ကိုလာ ၍ရေ ခပ်ခြင်းနှင့်၎င်း ကင်းလွတ် မည်အကြောင်း ထို ရေ ကိုပေး ပါဟု တောင်း လျှင်၊
The woman said to Him, “Sir, give me this water so that I will not get thirsty and have to keep coming here to draw water.”
16 ၁၆ ယေရှုက၊ သွား လော့။ သင် ၏လင် ကိုခေါ် ၍ သည် ကိုလာ ဦးလော့ ဟု မိန့် တော်မူ၏။
Jesus told her, “Go, call your husband and come back.”
17 ၁၇ မိန်းမ ကလည်း။ အကျွန်ုပ်၌လင် မ ရှိ ဟုဆို လျှင်၊ ယေရှု က၊ လင် မ ရှိ ဟူသော စကား သည်မှန် ၏။
“I have no husband,” the woman replied. Jesus said to her, “You are correct to say that you have no husband.
18 ၁၈ အကြောင်းမူကား ၊ သင်၌လင် ငါး ယောက်ရှိ ဘူးပြီ။ ယခု သင်နှင့်နေ သောသူ သည်သင် ၏လင် မ ဟုတ် ။ ဤ အရာ၌ သင်သည်မှန် သောစကားကိုပြော ပြီ ဟု မိန့် တော်မူ၏။
In fact, you have had five husbands, and the man you now have is not your husband. You have spoken truthfully.”
19 ၁၉ ထိုမိန်းမ ကလည်း၊ သခင် ၊ ကိုယ်တော် သည် ပရောဖက် ဖြစ် သည်ကို အကျွန်ုပ်ရိပ်မိ ပါ၏။
“Sir,” the woman said, “I see that You are a prophet.
20 ၂၀ အကျွန်ုပ် တို့ဘိုးဘေး များသည် ဤ တောင် ပေါ်၌ ကိုးကွယ် လေ့ရှိကြ၏။ ယေရုရှလင် မြို့၌ သာ ကိုးကွယ် ရ မည်ဟု သင် တို့သည်ဆို တတ်ကြ၏ဟု လျှောက် လျှင်၊
Our fathers worshiped on this mountain, but you Jews say that the place where one must worship is in Jerusalem.”
21 ၂၁ ယေရှု က၊ အချင်းမိန်းမ ၊ ငါ့ စကားကိုယုံ လော့။ ဤ တောင် သို့ မ လာ၊ ယေရုရှလင် မြို့သို့ မ သွားဘဲ ခမည်းတော် ကိုကိုးကွယ် ရမည် အချိန် ကာလရောက် ဆဲရှိ၏။
“Believe Me, woman,” Jesus replied, “a time is coming when you will worship the Father neither on this mountain nor in Jerusalem.
22 ၂၂ သင် တို့သည်ကိုယ်မ သိ သောအရာ ကို ကိုးကွယ် ကြ၏။ ငါ တို့သည်ကိုယ်သိ သောအရာ ကို ကိုးကွယ် ကြ ၏။ အကြောင်းမူကား ၊ ယုဒ လူတို့၌ ကယ်တင် ခြင်းအကြောင်းရှိ ၏။
You worship what you do not know; we worship what we do know, for salvation is from the Jews.
23 ၂၃ ကိုးကွယ် သောသူမှန် သမျှတို့သည် ခမည်းတော် ကို နံ ဝိညာဉ်နှင့် ၎င်း၊ သစ္စာ တရားနှင့် ၎င်း၊ ကိုးကွယ် ရမည့်အချိန် ကာလသည်လာ ၍ ယခုပင် ရောက်လျက်ရှိ ၏။ အကြောင်းမူကား ၊ ထိုသို့ ကိုးကွယ် သောသူ တို့ကို ခမည်းတော် သည် အလိုရှိ တော်မူ၏။
But a time is coming and has now come when the true worshipers will worship the Father in spirit and in truth, for the Father is seeking such as these to worship Him.
24 ၂၄ ဘုရားသခင် သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင် ကို ကိုးကွယ် သောသူ တို့သည်၊ နံဝိညာဉ် နှင့် ၎င်း ၊ သစ္စာ နှင့်၎င်း ကိုးကွယ် ရမည် ဟု မိန့် တော်မူ၏။
God is Spirit, and His worshipers must worship Him in spirit and in truth.”
25 ၂၅ မိန်းမ ကလည်း၊ မေရှိ ကြွလာ တော်မူသည်ဟု အကျွန်ုပ်သိ ပါ၏။ ရောက် တော်မူသောအခါ အကျွန်ုပ် တို့ အား အလုံးစုံ တို့ကိုဖော်ပြ တော်မူမည်ဟု လျှောက် ပြန်၏။ မေရှိအနက် ကား၊ ခရစ်တော် ဟု ဆိုလိုသတည်း။
The woman said, “I know that Messiah” (called Christ) “is coming. When He comes, He will explain everything to us.”
26 ၂၆ ယေရှု ကလည်း၊ သင် နှင့်စကားပြော သော ငါ သည် မေရှိပင်ဖြစ် သည် ဟု မိန့် တော်မူ၏။
Jesus answered, “I who speak to you am He.”
27 ၂၇ ထိုအခါ တပည့် တော်တို့သည် ရောက်လာ ၍ ၊ ထို မိန်းမ နှင့် စကား ပြောတော်မူသည်ကို အံ့ဩ ခြင်းရှိကြ၏၊ သို့သော်လည်း ၊ အဘယ် အလို တော်ရှိသနည်း၊ ထိုမိန်းမ နှင့် အဘယ်ကြောင့် စကား ပြောတော်မူသနည်းဟု အဘယ်သူ မျှမလျှောက် ကြ။
Just then His disciples returned and were surprised that He was speaking with a woman. But no one asked Him, “What do You want from her?” or “Why are You talking with her?”
28 ၂၈ ထို မိန်းမ သည်လည်းရေ အိုးကိုထား ခဲ့၍ မြို့ ထဲသို့ သွား ပြီးလျှင်၊
Then the woman left her water jar, went back into the town, and said to the people,
29 ၂၉ အကျွန်ုပ်ပြု ဘူးသမျှ သော အမူအရာတို့ကို ထုတ်ဘော်သောသူ ကိုလာ ၍ကြည့် ကြပါ။ ထိုသူ သည် ခရစ်တော် မှန် လိမ့်မည်လောဟု လူ များတို့အား ပြောဆို သော်၊
“Come, see a man who told me everything I ever did. Could this be the Christ?”
30 ၃၀ သူတို့သည် မြို့ ထဲမှ ထွက် ၍ အထံ တော်သို့ သွား ကြ၏။
So they left the town and made their way toward Jesus.
31 ၃၁ မရောက်မှီတွင်တပည့် တော်တို့က၊ အရှင် ဘုရား၊ အစာကိုသုံးဆောင် တော်မူပါဟုတောင်းပန် ကြလျှင်၊
Meanwhile the disciples urged Him, “Rabbi, eat something.”
32 ၃၂ သင် တို့မ သိ သောစားစရာ သည်ငါ့ ၌ရှိ သည် ဟု မိန့် တော်မူ၏။
But He told them, “I have food to eat that you know nothing about.”
33 ၃၃ ထိုကြောင့် တပည့် တော်တို့က၊ တစ်စုံတစ်ယောက်သောသူသည် စားစရာကို ပို့ ပြီလော ဟု အချင်းချင်း မေးမြန်း ကြလျှင်၊
So the disciples asked one another, “Could someone have brought Him food?”
34 ၃၄ ယေရှု က၊ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ အလို တော်ကိုဆောင် ခြင်း၊ သူ ၏အမှု တော်ကို ပြီးစီး ခြင်းအမှုသည် ငါ့ စားစရာ ဖြစ် ၏။
Jesus explained, “My food is to do the will of Him who sent Me and to finish His work.
35 ၃၅ ယခု မှစ၍လေး လလွန်လျှင်၊ စပါး ရိတ်ရာကာလဖြစ် လိမ့်မည်ဟု သင် တို့ဆို တတ်သည်မ ဟုတ်လော။ ငါဆို သည်ကား၊ စပါး ရိတ်ခြင်း အလိုငှာ လယ်ပြင် တို့သည် ယခုပင် ဝင်းဝင်း ရှိ သည်ကို မျှော် ၍ ကြည့် ကြလော့။
Do you not say, ‘There are still four months until the harvest’? I tell you, lift up your eyes and look at the fields, for they are ripe for harvest.
36 ၃၆ စပါးရိတ် သောသူ သည် အခ ကိုခံရ ၍ ထာဝရ အသက် ရှင်ခြင်းအလိုငှာ အသီးအနှံ ကိုစုသိမ်း ၏။ သို့ဖြစ်လျှင် ပျိုးကြဲ သောသူ နှင့် စပါးရိတ် သောသူ တို့သည် အတူ ဝမ်းမြောက် ကြလိမ့်မည်။ (aiōnios )
Already the reaper draws his wages and gathers a crop for eternal life, so that the sower and the reaper may rejoice together. (aiōnios )
37 ၃၇ တစ်ဦး ကား ပျိုးကြဲ ၏။ တစ်ဦး ကားစပါးရိတ် ၏ဟူသော စကား သည် ဤ အရာ၌ အမှန် ကျသတည်း။
For in this case the saying ‘One sows and another reaps’ is true.
38 ၃၈ သင် တို့သည် လယ်မ လုပ် သောအရပ်၌ စပါးရိတ် စေခြင်းငှာသင် တို့ကိုငါ စေလွှတ် ၏။ အခြား သော သူတို့သည် လယ်လုပ် ကြ၍ ၊ သင် တို့သည် ထိုသူ တို့၏ အလုပ် ထဲသို့ ဝင် ရကြ၏ ဟု မိန့် တော်မူ၏။
I sent you to reap what you have not worked for; others have done the hard work, and now you have taken up their labor.”
39 ၃၉ ရှမာရိမိန်းမ က၊ အကျွန်ုပ်ပြု ဘူးသမျှ သော အမှုအရာတို့ကို သူသည်ထုတ်ဖေါ် ပြီဟု သက်သေခံ သော စကား ကြောင့် ၊ ထို မြို့ ၌နေသော ရှမာရိ လူအများ တို့သည် ယေရှု ကိုယုံကြည် ကြ၏။
Many of the Samaritans from that town believed in Jesus because of the woman’s testimony, “He told me everything I ever did.”
40 ၄၀ ထိုကြောင့် ၊ ရှမာရိ လူတို့သည် အထံ တော်သို့ရောက် လျှင် ၊ မိမိ တို့အရပ်၌ နေ တော်မူမည်ကြောင်း တောင်းပန် ၏။ ထို အရပ်၌ နှစ် ရက် နေ တော်မူ၏။
So when the Samaritans came to Him, they asked Him to stay with them, and He stayed two days.
41 ၄၁ အခြားသောသူအများ တို့သည် နှုတ်ကပတ် စကားတော်ကြောင့် ယုံကြည် ၍၊
And many more believed because of His message.
42 ၄၂ ထို မိန်းမ အား၊ ယခုဖြစ်လျှင် ငါတို့သည် သင် ၏စကား ကြောင့် သာ ယုံကြည် သည်မ ဟုတ်။ စကားတော် ကို ကိုယ်တိုင် ကြားနာ ရ၍၊ ဤသူ သည်လောကီသား တို့ကို ကယ်တင် တော်မူသောသခင်တည်းဟူသောခရစ်တော်အမှန်စင်စစ် ဖြစ် တော်မူကြောင်း ကို သိ သည်ဟု ဆို ကြ၏။
They said to the woman, “We now believe not only because of your words; we have heard for ourselves, and we know that this man truly is the Savior of the world.”
43 ၄၃ နှစ် ရက် လွန် ပြီးလျှင် ၊ ထို အရပ်မှထွက် ၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲ ပြည်သို့ ကြွတော်မူ၏။
After two days, Jesus left for Galilee.
44 ၄၄ အကြောင်းမူကား ၊ ပရောဖက် သည် မိမိ နေရင်းပြည် ၌ အသရေ မ ရှိ ဟု ယေရှု သည် ကိုယ်တိုင် သက်သေခံ တော်မူ၏။
Now He Himself had testified that a prophet has no honor in his own hometown.
45 ၄၅ ဂါလိလဲ ပြည်သို့ ရောက် တော်မူသောအခါ ၊ ဂါလိလဲ လူတို့သည် ကိုယ်တော် ကိုလက်ခံ ကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ယေရုရှလင် မြို့၌ ခံသောပွဲ သို့ သွား တတ်သဖြင့် ၊ ထိုပွဲ အတွင်း တွင် ပြု တော်မူသမျှ တို့ကို မြင် ခဲ့ကြ၏။
Yet when He arrived, the Galileans welcomed Him. They had seen all the great things He had done in Jerusalem at the feast, for they had gone there as well.
46 ၄၆ ရေ ကိုစပျစ်ရည် ဖြစ် စေသောအရပ် ၊ ဂါလိလဲ ပြည်ကာန မြို့သို့ တစ်ဖန် ကြွ တော်မူ၏။ ကပေရနောင် မြို့၌ အမတ် တစ် ယောက်၏သား သည် အနာ ရောဂါစွဲလျက်ရှိ ၏။
So once again He came to Cana in Galilee, where He had turned the water into wine. And there was a royal official whose son lay sick at Capernaum.
47 ၄၇ ယေရှု သည်ယုဒ ပြည်မှ ဂါလိလဲ ပြည်သို့ ရောက် တော်မူသည်ကို ထို အမတ်သည်ကြား လျှင်၊ အထံ တော်သို့ သွား ၍ သေ ခါနီး ဖြစ်သော မိမိ သား ဆီသို့ကြွ ၍ အနာ ရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ၏။
When he heard that Jesus had come from Judea to Galilee, he went and begged Him to come down and heal his son, who was about to die.
48 ၄၈ ယေရှု ကလည်း၊ သင်တို့သည်နိမိတ် လက္ခဏာနှင့် အံ့ဖွယ် သောအမှုတို့ကို မ မြင် ရလျှင် ယုံ ခြင်းမ ရှိကြဟု မိန့် တော်မူသော်၊
Jesus said to him, “Unless you people see signs and wonders, you will never believe.”
49 ၄၉ သခင် ၊ အကျွန်ုပ် သား မ သေ မှီကြွ တော်မူပါဟုအမတ် လျှောက်ပြန်၏။
“Sir,” the official said, “come down before my child dies.”
50 ၅၀ ယေရှု ကလည်း၊ သွား လော့။ သင် ၏သား သည် အသက် ချမ်းသာရပြီ ဟု မိန့် တော်မူ၏။ ထို အမတ် သည် ယေရှု မိန့် တော်မူသော စကား ကို ယုံ ၍သွား လေ၏။
“Go,” said Jesus. “Your son will live.” The man took Jesus at His word and departed.
51 ၅၁ လမ်း၌သွား စဉ်တွင် မိမိ ငယ်သား တို့သည် ခရီးဦးကြို လာ၍၊ ကိုယ်တော် ၏သား တော်သည် အသက် ချမ်းသာရပါပြီဟုကြားလျှောက် ကြ၏။
And while he was still on the way, his servants met him with the news that his boy was alive.
52 ၅၂ အဘယ် အချိန် ၌ သက်သာ ခြင်းသို့ ရောက် သနည်းဟုမေး လျှင်၊ မနေ့ ခုနစ် နာရီ အချိန်၌ ဖျားနာ ပျောက် ပါသည်ဟု လျှောက် ကြ၏။
So he inquired as to the hour when his son had recovered, and they told him, “The fever left him yesterday at the seventh hour.”
53 ၅၃ ထိုအချိန်ကား၊ သင် ၏သား သည် အသက် ချမ်းသာရပြီ ဟု ယေရှု မိန့် တော်မူသောအချိန် ဖြစ် သည်ကို အဘ သိ ၍၊ ကိုယ်တိုင် မှစသော မိမိ ၏အိမ်သူ အိမ်သားအပေါင်း တို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
Then the father realized that this was the very hour in which Jesus had told him, “Your son will live.” And he and all his household believed.
54 ၅၄ ဤ နိမိတ်လက္ခဏာတော်ကား၊ ယေရှု သည် ယုဒ ပြည်မှဂါလိလဲ ပြည်သို့ကြွ သည်နောက် ၊ ပြ တော်မူသော ဒုတိယ နိမိတ် လက္ခဏာဖြစ်သတည်း။
This was now the second sign that Jesus performed after coming from Judea into Galilee.